CNI News
တိုကျို ဇူလိုင် ၂၉
အိုလံပစ်အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနေသော ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဇူလိုင် ၂၈ ရက်က COVID-19 ကူးစက်ဖြစ်ပွားသူ အသစ် ၃၁၇၇ ဉီး တိုးလာသဖြင့် ဒုတိယအကြိမ် ကူးစက်မှုနှုန်း စံချိန်တင် မြင့်တက်လာကြောင်း ရိုက်တာသတင်း တစ်ပုဒ်ကို ကိုးကားလျက် Channel News Asia က ဖော်ပြသည်။ ယခုကဲ့သို့ ဂျပန်ပြည်တွင်း ကူးစက်မှု ဒုတိယအကြိမ် စံချိန်တင်လိုက်ခြင်းကြောင့် အာဏာပိုင်များက ဆေးရုံများကို ဖိဖိစီးစီး ကြပ်မတ်နေရကြောင်း သိရသည်။