CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ ထိပ်တန်းကစားသမား ၄ ဦးကို ခေါ်ယူဖို့ ရည်မှန်းထားတာကြောင့် အသင်းဟာ နွေရာသီမှာ ကစားသမား အများအပြားကို ထွက်ခွာခွင့်ပေးဖို့ စီစဉ်နေပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ပြည်တွင်းဖလား ၂ ခုစလုံးကနေ ထွက်ခွာခဲ့ပြီးဖြစ်သလို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းနဲ့ အမှတ်ကွာဟနေတာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာသာ ဆုဖလား ရယူနိုင်ဖို့ အခွင့်အရေးရှိနေတာပါ။
နည်းပြ အာတီတာဟာ လာမယ့်နွေရာသီမှာ အသင်းလူစာရင်း အင်အားကို ပိုပြီးတောင့်တင်းအောင် ကစားသမား သစ်တွေ အားဖြည့်ချင်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကလည်း နည်းပြအာတီတာရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက် အသင်းမှာရှိတဲ့ ကစားသမား ၇ ဦးကို ထွက်ခွာခွင့် ပေးသွားမယ်လို့ The Mirror က ဖော်ပြထားတာပါ။
ချယ်လ်ဆီးနဲ့ ဘုန်းမောက်အသင်းတွေကနေ အငှားနဲ့ခေါ်ယူထားတဲ့ စတာလင်နဲ့ နက်တိုတို့ဟာ စာချုပ်ကုန်ဆုံး ချိန်မှာ သူတို့ရဲ့အသင်းတွေထံ ပြန်ရမှာဖြစ်ပါတယ်။
အာဆင်နယ်အသင်းသားတွေကို တွေ့ရစဉ်
စတာလင်ဟာ အာဆင်နယ်အသင်းအတွက် ၁၈ ပွဲ ပါဝင်ကစားအပြီးမှာ ၁ ဂိုးသာ သွင်းယူထားနိုင်ကာ နက်တို ကတော့ ၁ ပွဲသာ ပါဝင်ကစားရသေးတာပါ။
ရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမယ့် ပါတေး၊ ဂျော်ဂျင်ဟိုနဲ့ တီယာနေးတို့ဟာ အာဆင်နယ်အသင်းကနေ အလွတ်နဲ့ထွက်ခွာရမှာ ဖြစ်ပါတယ်။
ဂျော်ဂျင်ဟိုနဲ့ တီယာနေးတို့ဟာ ဇန်နဝါရီက ထွက်ခွာဖို့ နီးစပ်ခဲ့ပေမယ့် အသင်းရဲ့ဒဏ်ရာ အခြေအနေကြောင့် နည်းပြ အာတီတာက သူတို့ကို ဆက်ထိန်းသိမ်းခဲ့တာပါ။
အာဆင်နယ်အသင်းဟာ နောက်ခံလူတွေဖြစ်တဲ့ ဇင်ချန်ကိုနဲ့ ခီဗီရောတို့ကို ရောင်းချသွားမှာ ဖြစ်ပါတယ်။
လန်ဒန်ကလပ်ဟာ နွေရာသီမှာ တိုက်စစ်မှူး၊ ခံစစ်ကွင်းလယ်လူနဲ့ ဂိုးသမားသစ်တစ်ဦး ခေါ်ယူသွားဖို့ လုပ်ဆောင်နေတာပါ။
လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး ဆက်စ်ကိုနဲ့ နယူးကာဆယ်အသင်း တိုက်စစ်မှူးတို့ဟာ အာဆင်နယ်အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ်ရှိနေပြီး ကွင်းလယ်နေရာအတွက် ဆိုစီဒက်အသင်းက ဇူဘီမန်ဒီနဲ့ ဂိုးသမားနေရာအတွက် အက်စ်ပန်ညိုအသင်းက ဂါစီယာတို့ကို ခေါ်ယူမယ့်စာရင်းထဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
Source: Metro