CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂
ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများနှိမ်နင်းရန်အတွက် ထိုင်းအစိုးရက မြန်မာဘက်ကို ပြည်တွင်းထုတ် ကုန် ၁၁ မျိုး တင်သွင်းခွင့်ပိတ်လိုက်ကြောင်း ထိုင်းသံရုံးနှင့် မြန်မာလုပ်ငန်းရှင်များဖြင့် နီးစပ်သူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းအစိုးရသည် မြန်မာဘက်ခြမ်းရှိ မြဝတီနှင့် ရွှေကုက္ကိုလ်တွင် အခြေပြု၍ အွန်လိုင်းငွေလိမ်လည်လုပ်ငန်း (ကျားဖြန့်)နှိမ်နင်းရန်အတွက် တရုတ်အစိုးရ၏ ဖိအားပေးခြင်းကို ခံနေရသည်။
ထို့ကြောင့် ထိုင်းအစိုးရသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဒေသ ၅ နေရာသို့ ပေးနေသော လျှပ်စစ်ဓာတ်အားများ၊ အင်တာနက်လိုင်းများနှင့် လောင်စာဆီများကို ဖြတ်တောက်လိုက်သည်။
မြဝတီကနေ ထိုင်းဘက်ကို စက်သုံးဆီထည့်ရန်သွားနေတဲ့ ကားများကိုတွေ့ရစဉ်
ထို့နောက် ထိုင်းအစိုးရက မြန်မာဘက်သို့ မိုဘိုင်းဖုန်းအသစ်၊ ဘက်ထရီအားလုံး၊ အင်ဗာတာ၊ မီးစက်၊ ဆိုလာပြား၊ မိုဘိုင်းကိရိယာများ၊ CABLE၊ HARDWARE၊ ဆော့ဖ်ဝဲ၊ လိမ်လည်သူများနှင့် သက်ဆိုင်သော ကုန်ပစ္စည်းများ၊ အင်ဂျင်ဝိုင်၊ စက်သုံးဆီ စသည့် ထုတ်ကုန် ၁၁ မျိုးကို တင်သွင်းခွင့် ပိတ်ပင်လိုက်ကြောင်း ထိုင်းသံရုံးနှင့် မြန်မာစီး ပွားရေးလုပ်ငန်းရှင်များဖြင့် နီးစပ်သူများက ပြောသည်။
အဆိုပါ လုပ်ငန်းစဉ်များကြောင့် မြဝတီ၊ တာချီလိတ်တို့တွင် လောင်စာဆီ ပြတ်တောက်မှုများကြောင့် ဒေသတွင်း နေ ပြည်သူများ သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အခက်အခဲကြုံတွေ့လာကြသည်။