CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈
ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အမျိုးသမီးများ စစ်မှုထမ်းရန် အကျုံးဝင်သော်လည်း အမျိုးသမီးပြည်သူ့ စစ်မှုထမ်း များအား ဆင့်ခေါ်ရန် အစီအစဉ်မရှိသေးကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်က အသက်ဝင်ကြောင်း နစက-က အမိန့်ထုတ်ပြန် ကြေညာခဲ့ပြီးနောက် အမျိုးသမီး/အမျိုးသား စစ်မှုထမ်းရန် အကျုံးဝင်သူ စုစုပေါင်း ၇ သန်းနီးပါးရှိသည်။
ထို့နောက် အမျိုးသားများကို ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် ဆင့်ခေါ်လာခဲ့ရာမှာ အပတ်စဉ်(၉)အထိ ရှိပြီးဖြစ်သော်လည်း အမျိုးသမီးများကို ယနေ့အချိန်ထိ စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းမရှိသေးပေ။
သို့သော် လူမှုကွန်ရက်စာမျက်နှာများနှင့် ရပ်ကွက်တွင်း သတင်းများမှာတော့ အမျိုးသမီးများကို စစ်မှုထမ်းရန် ဆင့်ခေါ်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ကျနော့် အနေနဲ့ အတိအလင်း ပြောကြားလိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်း အမျိုးသမီးပြည်သူ့စစ်မှုထမ်းများကို ဆင့်ခေါ်ရန်အစီအစီ မရှိသေးကြောင်း ကျနော့်အနေနဲ့ ပြောကြားလိုပါတယ်”ဟု ပြောသည်။
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းခြင်းများ မသမာမှုများနှင့် ပတ်သက်ပြီး တိုင်ကြားခြင်းများကို တိကျစွာ ဆက်သွယ် သတင်းပေးပို့နိုင်ကြောင်းလည်း ၎င်းက ပြောသည်။