CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၄
ယူနိုက်တက်အသင်းရဲ့ အပယ်ခံဖြစ်နေတဲ့ အန်တိုနီဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့ပြီး ရော်နယ်ဒိုနဲ့ ပြန်တွဲကစားနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ အန်တိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသထားပေမယ့် ဘရာဇီးလ် ကစားသမား ကတော့ ဒီအပြောင်းအရွှေ့ကို ငြင်းပယ်ခဲ့တာပါ။
ယူနိုက်တက်အသင်းမှာ ရော်နယ်ဒိုနဲ့ အတူတွဲ ကစားခဲ့ဖူးတဲ့ အသက် ၂၅ နှစ်အရွယ်ရှိ အန်တိုနီဟာ ဘရာဇီးလ် ကလပ်အသင်းတွေဖြစ်တဲ့ ဘိုတာဖိုဂိုနဲ့ ဆော်ပေါ်လို အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကိုလည်း ပယ်ချထားတာ ဖြစ်ပါတယ်။
သတင်းတွေမှာ အန်တိုနီဟာ စပိန်ကလပ် ဘက်တစ်အသင်းမှာ ကစားဖို့သာ ဆန္ဒရှိနေတယ်လို့ ဖော်ပြထားတာပါ။
အန်တိုနီဟာ ပြီးခဲ့တဲ့ရာသီရဲ့ ဒုတိယရာသီဝက်မှာ ဘက်တစ်အသင်းထံ အငှားသွားရောက် ကစားခဲ့ပြီး ခြေစွမ်း ပြသနိုင်ခဲ့တာကြောင့် ဘက်တစ်အသင်းထံ ပြန်သွားဖို့အတွက် လုပ်ခလစာ လျှော့ယူသွားမယ်လို့လည်း သိရပါ တယ်။
အန်တိုနီကို တွေ့ရစဉ်
ဒါပေမယ့် ဘက်တစ်အသင်းဟာ အန်တိုနီအတွက် ယူနိုက်တက်အသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ ကို ပေးချေနိုင်ဖွယ် ရှိ/မရှိ မသိရသေးပါဘူး။
အန်တိုနီဟာ ဘက်တစ်အသင်းအတွက် ၂၆ ပွဲ ပါဝင်ကစားခဲ့ပြီး ၉ ဂိုးသွင်းယူကာ ၅ ဂိုး ဖန်တီးနိုင်ခဲ့ပြီး အသင်းကို လာလီဂါပြိုင်ပွဲမှာ အဆင့် ၆ နေရာနဲ့ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာပါ။
အန်တိုနီဟာ လက်ရှိအချိန်ထိ ယူနိုက်တက်အသင်းကြီးနဲ့ မပူးပေါင်းသေးဘဲ သီးခြားလေ့ကျင့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဘက်တစ်အသင်းဟာ အန်တိုနီကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် အငှားနဲ့သာ ခေါ်ယူချင်နေတာပါ။
ယူနိုက်တက်အသင်းဟာ အန်တိုနီကို အပြီးသတ် ရောင်းချချင်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ခက်ခဲနေပါတယ်။
အန်တိုနီဟာ အပြောင်းအရွှေ့ မပိတ်မီအချိန်ထိ စောင့်ဆိုင်းဖို့ရှိနေပြီး ယူနိုက်တက်အသင်းနဲ့ ဘက်တစ်အသင်း တို့ဟာ သူ့အတွက် အပြောင်းအရွှေ့ သဘောတူညီမှုရရှိဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: Goal