
- By CNI
- Category: အားကစား
- Hits: 1182
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၇
ပေါ်တူဂီအသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်က ဆွစ်ဇာလန်အသင်းကို ၆ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်တာက နည်းဗျူဟာကြောင့်လို့ ပြောလိုက်ပါတယ်။
ဖာနန်ဒိုဆန်းတို့စ်က “ ရော်နယ်ဒိုကို ပွဲထွက် လူစာရင်းကနေ ချန်တာနဲ့ ပတ်သက်ပြီး ကျနော်ရှင်းပြပြီးပါပြီ။ ထပ်ပြီး ရှင်းမပြနိုင်တော့ပါဘူး။ ကစားသမားတွေက မတူညီကြပါဘူး။ ဒါက ပွဲရဲ့ ဗျူဟာပါ။ ဒါလော့ဒ်နဲ့ ရာဖဲလ် တို့ကိုလည်း ကျနော် အသုံးပြုခဲ့တယ်။ ဒါပေမယ့် ကန်ဆယ်လိုဟာ တကယ်ကို ကောင်းမွန်တဲ့ ကစားသမားပါ။ ဆွစ်ဇာလန်နဲ့ပွဲအတွက် လိုအပ်မယ်ထင်လို့ ကျနော်ဒီလိုလုပ်ခဲ့တာပါ”လို့ ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံ ချိန်မှာ ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ တောင်ကိုရီးယားနဲ့ပွဲမှာ လူစားလဲ ခံရတုန်းက ပြုမူခဲ့တဲ့ အပြုအမူကြောင့် ဆွစ်ဇာလန်နဲ့ပွဲကို အရန်ခုံကနေ စတင်ရတာလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နည်းပြက နည်းဗျူဟာ အရလို့ ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ရော်နယ်ဒို နေရာအစား အသုံးပြုခဲ့တဲ့ ဂွန်ကာလိုရာမို့စ်ဟာ ပေါ်တူဂီအတွက် ဟတ်ထရစ် ဂိုးသွင်းယူသွားခဲ့ တာပါ။ အဲ့ဒါကြောင့် ဂွန်ကာလိုရာမို့စ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံး ဟတ်ထရစ် ဂိုးသွင်းယူသူအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။
ရော်နယ်ဒိုကိုတွေ့ရစဉ် (Getty Images)
ဖာနန်ဒိုဆန်းတို့စ်က “ ကျနော်နဲ့ ရော်နယ်ဒိုကြားမှာ ပြဿနာမရှိပါဘူး။ သူဟာ ကျနော်တို့ရဲ့ အသင်းခေါင်းဆောင် ပါ။ သူနဲ့ ကျနော်ဟာ နှစ်ပေါင်းများစွာကြာ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။ ကစားသမားတွေလည်း ဆုံးဖြတ် ချက် ချကြပါတယ်။ ဒီလိုအရာတွေက ကျနော်တို့ကို မထိခိုက်ပါဘူး။ ကျနော် ဒါကို ရှင်းပြပြီးသားပါ။ လုံးဝလည်း ပြေလည်ပြီးသားပါ၊ သူက အသင်းခေါင်းဆောင် တစ်ဦးရဲ့ စံနမူနာကို ပြသခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ ပရိသတ်တွေ အများအပြားက ရော်နယ်ဒိုရဲ့ နာမည်ကို အော်ဟစ်ခဲ့ကြပြီး ဒုတိယပိုင်းမှာ လူစားလဲ အသုံးပြု ဖို့ နည်းပြကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ရော်နယ်ဒိုဟာ ပွဲချိန် ၇၄ မိနစ် အရောက်မှာ ဂွန်ကာလိုရာမို့စ် နေရာ လူစားလဲ ဝင်ရောက်ကစားခဲ့တာပါ။
ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ မော်ရိုကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 923
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၆
နေမာဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာရခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဒီ ပြိုင်ပွဲမှာ ထပ်ပြီး ပါဝင်မကစား နိုင်တော့မှာကို ကြောက်ခဲ့မိတယ်လို့ ပြောလိုက်ပါတယ်။
နေမာက “မတူညီတဲ့အရာတွေ သန်းပေါင်းများစွာကို တွေးမိခဲ့ပြီး ဒီ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထပ်ပြီးပါဝင်မကစား နိုင်မှာကို ကြောက်ခဲ့မိပါတယ်။ဒါပေမယ့် ကျနော့်ရဲ့အသင်းဖော်တွေ၊ မိသားစုတွေဆီက အားပေးမှုတွေကို ရရှိခဲ့ ပါတယ်။မတွေ့နိုင်တော့ဘူးလို့ထင်တဲ့ ခွန်အားတွေကိုလည်း ရှာဖွေဖို့ ကြိုးစားခဲ့ပါတယ်။ အားပေးစကားတွေကို ဖတ်လိုက်ရချိန်မှာတော့ ပြန်လည်ကောင်းမွန်လာဖို့အတွက် အထောက်အကူဖြစ်စေခဲ့ပါတယ်” လို့ ပြောခဲ့တာပါ။
နေမာဟာ ဆားဘီးယားနဲ့ပွဲမှာ ရခဲ့တဲ့ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးတခုလုံးကို လွဲချော်သွားနိုင်တဲ့အထိ စိုးရိမ်မှုတွေရှိခဲ့တာပါ။ပီအက်စ်ဂျီတိုက်စစ်မှူးဟာ နောက်ဆုံးအုပ်စု ၂ ပွဲမှာ မပါဝင်နိုင်ခဲ့ပေမယ့် တောင်ကိုရီးယား ကို အနိုင်ရခဲ့တဲ့ ၁၆ သင်းအဆင့်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။နေမာဟာ ဒီပွဲမှာ ဘရာဇီးလ်အတွက် ပင်နယ်တီကနေ သွင်းဂိုး ၁ ဂိုးသွင်းယူပေးခဲ့တာပါ။ဒီဂိုးကြောင့် နေမာဟာ ဘရာဇီးလ်ကစားသမားဘဝ သွင်းဂိုး ၇၆ ဂိုးအထိ ရှိလာခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် နေမာဟာ ပီလီရဲ့ဘရာဇီးလ်သွင်းဂိုးအများဆုံးစံချိန်ကို ကျော်ဖြတ်နိုင်ဖို့ သွင်းဂိုး ၂ ဂိုးသာ လိုအပ် တော့တာပါ။နေမာက ပီလီနဲ့ပတ်သက်ပြီး “ကျနော်ကတော့ သူအမြန်ဆုံးကောင်းမွန်လာဖို့ ဆန္ဒပြုပါတယ်။ မကြာခင်မှာ သူပိုပြီး ကျန်းမာလာမယ်ဆိုတာ အသေအချာပါပဲ”လို့ ပြောခဲ့ပါတယ်။
အသက် ၃၀ အရွယ်ရှိ နေမာဟာ အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်လက်ရွေးစင်အသင်းနဲ့အတူ ဆုဖလား ကိုင် မြှောက်ခွင့်ရဖို့ မျှော်လင့်နေတာပါ။နေမာရဲ့ ဘရာဇီးလ်အသင်းဟာ ကွာတားဖိုင်နယ်မှာ ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲကို ဒီဇင်ဘာလ ၉ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 931
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၆
တောင်ကိုရီးယားအသင်းဟာ ကမ္ဘာ့ဖလား ၁၆ သင်း အဆင့်ကနေ ထွက်ခွာရပြီးနောက် နည်းပြ ပေါ်လိုဘန်တိုဟာ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ပေါ်လိုဘန်တိုက “ကျနော်တို့ အနာဂတ်အတွက် စဉ်းစားဖို့ လိုအပ်ပါတယ်။ ဒါက တောင်ကိုရီးယား လက်ရွေးစင် အသင်းနဲ့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျနော် ကစားသမားတွေနဲ့ တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်ကို ကြေညာ ထားပါတယ်။ ဒီဆုံးဖြတ်ချက်ကို စက်တင်ဘာလကတည်းက ကျနော် ချမှတ်ထားတာပါ။ အခုအချိန်မှာတော့ အတည်ပြုခဲ့တာဖြစ်ပြီး သူတို့လုပ်ဆောင်ခဲ့တာတွေကို ကျေးဇူးတင်ပါတယ်။ ကျနော် အကောင်းဆုံးတွေ ပေးခဲ့ပြီး သူတို့ရဲ့ နည်းပြ ဖြစ်ခွင့်ရတဲ့အတွက် ကျေနပ်ပြီး ဂုဏ်ယူတယ်”လို့ ပြောပါတယ်။
တောင်ကိုရီးယားအသင်းဟာ ဘရာဇီးလ်အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆ သင်း အဆင့်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
အသက် ၅၃ နှစ်အရွယ်ရှိ ပေါ်တူဂီလူမျိုးနည်းပြဟာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လမှာ တောင်ကိုရီးယားအသင်းရဲ့ နည်းပြ သစ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတာပါ။ ပေါ်လိုဘန်တိုဟာ တောင်ကိုရီးယားအသင်းကို ၂၀၁၀ နောက်ပိုင်း ပထမဆုံး အကြိမ် ကမ္ဘာ့ဖလား ၁၆ သင်း အဆင့် ရောက်ရှိနိုင်အောင် ကိုင်တွယ်ပေးခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယား အသင်းကစားသမားများနဲ့ နည်းပြ ပေါ်လိုဘန်တိုကို တွေ့ရစဉ် (Sportstar)
ပေါ်လိုဘန်တို လက်ထက်မှာ တောင်ကိုရီးယားအသင်းဟာ ၂၀၁၉ အာရှဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ ရောက်ရှိခဲ့တာပါ။ ပေါ်လိုဘန်တိုဟာ တောင်ကိုရီးယားအသင်းကို ပွဲပေါင်း ၅၇ ပွဲ ကိုင်တွယ်ခဲ့တာမှာ ၃၅ ပွဲ အနိုင်ရပြီး ၁၃ ပွဲ သရေကျခဲ့ပါတယ်။
ဒီနောက် ၉ ပွဲ ရှုံးနိမ့်ခဲ့ပြီး အနိုင် ၆၁.၄၀ ရာခိုင်နှုန်းအထိ ရှိခဲ့တာ ဖြစ်ပါတယ်။
အသက် ၅၃ နှစ်အရွယ်ရှိ နည်းပြဟာ စပို့တင်းလစ္စဘွန်း၊ ပေါ်တူဂီ၊ ခရူဇီယိုနဲ့ အိုလံပီယာကို့စ် အသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့တာပါ။
တောင်ကိုရီးယား အသင်းဟာ လာမယ့် ၂၀၂၃ အာရှဖလားပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှု ပြုလုပ်ရမှာဖြစ်လို့ နည်းပြသစ်ကို မကြာခင်မှာ ခန့်အပ်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 1037
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၆
ကမ္ဘာ့ဖလားက ထွက်ခဲ့ရလို့ စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ပုံစံနဲ့ ပြန်လာမယ်လို့ ဂျပန်အသင်းနည်းပြ မိုရီယာဆုက ပြောလိုက်ပါတယ်။
မိုရီယာဆုက “မိနစ် ၁၂၀ အထိကစားခဲ့ကြတဲ့ ကစားသမားတွေနဲ့ ပင်နယ်တီကန်သွင်းတဲ့သူတွေက သတ္တိရှိကြ ပါတယ်။သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးချင်ပြီး ဒီလိုကြီးမားတဲ့ဖိအား အောက်မှာကြိုးစားခဲ့ကြတာပါ။ ကျနော်တို့ အနိုင်ရခဲ့ချင်ပေမယ့် ရလဒ်က ကံမကောင်းခဲ့ပါဘူး။နောက်ဆုံး ၈ သင်း မတက်ရောက်နိုင်ခဲ့ပေမယ့် ကစားသမားတွေက ဂျပန်ဘောလုံးမျိုးဆက်သစ်ကို ပြသနိုင်ခဲ့ပါတယ်။ ကျနော်တို့ရဲ့စွမ်းဆောင်ရည်ကို ယုံကြည်မှု ရှိပြီး အမှီလိုက်နိုင်ရုံတင်မကဘဲ ကျော်တက်ဖို့အထိ ရည်ရွယ်ထားရင်တော့ ဂျပန်ဘောလုံးအတွက် ခြားနားတဲ့ အနာဂတ်တွေရှိမယ်ဆိုတာ ကျနော်ထင်ပါတယ်” လို့ ပြောခဲ့တာပါ။
ဂျပန်အသင်းဟာ ခရိုအေးရှားအသင်းနဲ့ ကစားခဲ့တဲ့ ၁၆ သင်းအဆင့်ပွဲစဉ်မှာ မာအီဒါရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ပါရီဆစ်က ချေပဂိုးသွင်းခဲ့လို့ အချိန်ပို၊ ပင်နယ်တီအထိ ဆက်သွားခဲ့ရတာဖြစ်ပါတယ်။ပင်နယ်တီမှာ ဂျပန်အသင်း ရဲ့ ကန်သွင်းမှု ၃ ကြိမ်ကို ခရိုအေးရှားဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့ ခရိုအေးရှားအသင်း အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာပါ။
ဂျပန်အသင်းအတွက်တော့ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်တွေ အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ဂျပန်အသင်းခေါင်းဆောင် ယိုရှီဒါက “ကျနော်တို့ ၄ နှစ်ကြာတဲ့ အချိန်တိုင်းမှာ ဒီအတားအဆီးကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် လိုချင်တဲ့ရလဒ်ကို မရခဲ့ပါဘူး။ တကယ်ကို ခက်ခဲခဲ့ပါတယ်” လို့ ပြောခဲ့တာပါ။
ဂျပန်အသင်းတောင်ပံကစားသမား ဒိုအန်က “ ပင်နယ်တီရလဒ်က ဘယ်သူ့ကိုမှ အပြစ်တင်လို့မရပါဘူး။မိနစ် ၁၂၀ အတွင်းမှာ ပွဲကို အပြီးသတ်အောင်မလုပ်နိုင်ခဲ့တာကသာ ပြဿနာပါ”လို့ ပြောခဲ့တာဖြစ်ပါတယ်။ဂျပန်အသင်းဟာ အခုအကြိမ်ပါအဝင် ၁၆ သင်းအဆင့်ကို ၄ ကြိမ်တက်နိုင်ခဲ့ပေမယ့် ၄ ကြိမ်စလုံး လှည့်ပြန်ခဲ့ရတာပါ။
ခရိုအေးရှားအသင်းကတော့ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ ဘရာဇီးလ်အသင်းနဲ့ ကွာတားဖိုင်နယ်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:CNA

- By CNI
- Category: အားကစား
- Hits: 1079
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၆
ဘရာဇီးလ်ကြယ်ပွင့် ဗီနီစီးယက်စ်က တောင်ကိုရီးယားအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲဟာ ဂန္တဝင်ကစား သမား ပီလီအတွက် ရည်ညွှန်းတယ်လို့ ပြောလိုက်ပါတယ်။
ဗီနီစီးယက်စ်က “ ပီလီကို ကြီးမားတဲ့ ပွေ့ဖက်မှု ပေးချင်ပါတယ်။ ဒီနိုင်ပွဲက သူ့အတွက်ပါပဲ။ ပီလီအနေနဲ့ အခု အခြေအနေကနေ လွတ်မြောက်ပြီး အားလုံး အဆင်ပြေနိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်။ ကျနော်တို့က သူ့အတွက် ချန်ပီယံဖြစ်အောင် လုပ်မှာပါ”လို့ တောင်ကိုရီးယားနဲ့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
ပီလီဟာ ကျန်းမာရေး အခြေအနေတွေကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဆေးရုံကို ပို့ဆောင်ခံခဲ့ရပြီး နောက်ပိုင်း မှာ အသက်ဆုံးရှုံးနိုင်တဲ့ ပြုစုစောင့်ရှောက်ရေးနေရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
ပီလီနဲ့ သူ့မိသားစုကတော့ ဒီသတင်းတွေကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ပီလီဟာ ဆေးရုံကနေ ဘရာဇီးလ်အသင်းရဲ့ ၁၆ သင်းအဆင့်ပွဲကို ကြည့်နေခဲ့တယ်လို့ တွစ်တာမှာ ဖော်ပြထားပါတယ်။
ပီလီရဲ့ ရုပ်ပုံကို ဘရာဇီးလ် ပရိသတ်များ ကိုင်ဆောင်ထားကြစဉ် (Eurosport)
ဘရာဇီးလ် ကစားသမားတွေဟာ ပီလီနဲ့ တသားတည်းရှိကြောင်း ပြသတဲ့အနေနဲ့ ပွဲအပြီးမှာ ပီလီရဲ့ပုံနဲ့ စာသားပါ စာတန်းကို ကိုင်ဆောင်ခဲ့ကြတာပါ။ ပီလီ ကိုယ်တိုင်ကလည်း ဘရာဇီးလ်အသင်း ၆ ကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံဆု ကိုင်မြှောက်နိုင်တာကို ကြည့်ရှုချင်တယ်လို့ မကြာသေးခင်က ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားအသင်းကို အနိုင်ရတဲ့ပွဲမှာ ဘရာဇီးလ်အတွက် ဂိုးတွေကို ဗီနီစီးယက်စ်၊ နေမာ၊ ပါကွေတာနဲ့ ရစ်ချာလီဆန်တို့က သွင်းယူခဲ့တာပါ။
ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် တောင်ကိုရီးယားနဲ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့တဲ့ နေမာဟာ ဒီပွဲမှာ ဂိုးသွင်း ယူနိုင်တာကြောင့် ဘရာဇီးလ်အတွက် သွင်းဂိုး ၇၆ ဂိုးအထိ ရှိသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် နေမာဟာ ဘရာဇီးလ် ဂိုးသွင်း အများဆုံးကစားသမား ပီလီရဲ့ စံချိန်နဲ့ တူညီဖို့ ၁ ဂိုးသာ လိုအပ်တော့တာပါ။
ပီလီက ၇၇ ဂိုးသွင်းယူပြီး စံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းဟာ ကွာတားဖိုင်နယ်မှာတော့ ပြီးခဲ့တဲ့ ၂၀၁၈ ပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 1232
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅
အာဆင်ဝင်းဂါးက ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် မတိုင်ခင်မှာ ဆန္ဒပြမှုပြုလုပ်ခဲ့ပြီး ကွင်းအတွင်း စွမ်းဆောင်ရည်တွေကို ထိခိုက်စေခဲ့တဲ့ နိုင်ငံအသင်းတွေကို ဝေဖန်မှု ပြုလုပ်သွားခဲ့ပါတယ်။
အာဆင်ဝင်းဂါးက “ ကောင်းမွန်စွာ စွမ်းဆောင်နိုင်တဲ့ အသင်းတွေက စိတ်ပိုင်းဆိုင်ရာမှာ အဆင်သင့် ဖြစ်ခဲ့ကြပါ တယ်။ သူတို့က ပြိုင်ပွဲအပေါ်မှာပဲ အာရုံစိုက်ခဲ့ပြီး နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆန္ဒပြမှုတွေ မလုပ်ဘူး”လို့ ပြောခဲ့ တာပါ။
ဖီဖာရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲအဖြစ် ဆောင်ရွက်နေတဲ့ အာဆင်ဝင်းဂါးက တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
One Love စာသားပါ လက်ပတ် ဝတ်ဆင်တဲ့ ကစားသမားတွေကို အကန့်အသတ်မရှိ ပိတ်ပင် အရေးယူမယ်လို့ ဖီဖာက ကြေညာပြီးနောက်မှာ ဂျာမနီကစားသမားတွေဟာ ဂျပန်အသင်းနဲ့ ပွဲမစခင် ပါးစပ်ကို လက်နဲ့အုပ်ပြီး အသင်းလိုက်ဓါတ်ပုံ ရိုက်ခဲ့ကြတာပါ။
One Love လက်ပတ်ကိုတွေ့ရစဉ်(talkSPORT)
ဂျာမနီကစားသမားတွေဟာ အဆိုပါပွဲမှာ ဂျပန်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဩစတြေးလျကစား သမားတွေကလည်း ပြိုင်ပွဲကို ဆန္ဒပြတဲ့ ဗွီဒီယိုကို ထုတ်ပြန်ခဲ့ပြီးနောက် ကစားခဲ့တဲ့ အဖွင့်ပွဲမှာ ပြင်သစ်ကို ၄ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
သူတို့တွေဟာ အိမ်ရှင်ကာတာရဲ့ လူ့အခွင့်အရေး မှတ်တမ်း၊ ရွှေ့ပြောင်း အလုပ်သမားတွေအပေါ် ဆက်ဆံပုံတွေနဲ့ ကာတာရဲ့ တင်းကျပ်တဲ့ LGBTQ+ ဥပဒေတွေအပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ဆန္ဒပြမှုတွေ ပြုလုပ်ဖို့ စီစဉ်ခဲ့တဲ့ ဒိန်းမတ်အသင်းနဲ့ ဂျာမနီအသင်းတို့ အုပ်စုကနေ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။
ကာတာကမ္ဘာ့ဖလား အကြီးအကဲ အယ်လ်သဝါဒီက One Love လက်ပတ်ဟာ စိတ်ဝမ်းကွဲစေတဲ့ မက်ဆေ့ချ် စာ သားကို ပေးပို့တယ်ဆိုပြီး ပြောကြားခဲ့တာလည်း ရှိပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနေပြီး ကွာတား ဖိုင်နယ် အဆင့်ထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 1245
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅
ဆွစ်ဇာလန်အနေနဲ့ ကွာတားဖိုင်နယ် ရောက်ဖို့အတွက် လိုအပ်တဲ့ အရာတွေ အားလုံးရှိတယ်လို့ ယုံကြည်ရပေမယ့် ပေါ်တူဂီကို အနိုင်ရဖို့ အတွက်ဆိုရင်တော့ အထူးစွမ်းဆောင်နိုင်ဖို့ လိုတယ်လို့ ရှာကွီရီက ပြောလိုက်ပါတယ်။
ရှာကွီရီက “ ကျနော့်အတွက်တော့ ဒီပွဲဟာ အလွန်ခြားနားပါတယ်။ ဒီပွဲက ခြေစမ်းပွဲလည်း မဟုတ်သလို၊ နေးရှင်း လိဂ်လည်း မဟုတ်ပါဘူး။ ဖိအားတွေက အလွန်မြင့်မားတာကြောင့် ဒါကို ဘယ်လိုကိုင်တွယ် ရမလဲဆိုတာ အရေး ကြီးပါတယ်။ ကျနော်တို့ အထူးစွမ်းဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ပေါ်တူဂီဟာ အသင်းကောင်းဖြစ်သလို ဒီပွဲမှာ လည်း သူတို့က ရေပန်းစားပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ အရည်အသွေးကို သိတာကြောင့် အထူးစွမ်းဆောင် ရည်ပြဖို့ ကြိုးစားသွားမယ်”လို့ ပြောခဲ့တာပါ။
ပေါ်တူဂီနဲ့ ဆွစ်ဇာလန်တို့ဟာ ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ တွေ့ဆုံခဲ့ပြီး လစ္စဘွန်းမှာ တွေ့ခဲ့တုန်းက ပေါ်တူဂီက ၄ ဂိုး- ဂိုး မရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး ဆွစ်ဇာလန်အသင်းကွင်းမှာ ပြန်ကစားချိန် ဆွစ်ဇာလန်က ၁ ဂိုး- ဂိုးမရှိနဲ့ ပြန်လည် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်စဉ်မှာတွေ့ရတဲ့ ရော်နယ်ဒို(Global Times)
ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုတွင်းမှာ ပထမရခဲ့ပြီး ဆွစ်ဇာလန်က ဒုတိယရခဲ့တာကြောင့် ၁၆ သင်း အဆင့်မှာ ထိပ်တိုက်တွေ့ဆုံကြမှာပါ။
ရှာကွီရီက “ အဓိကကတော့ တသင်းလုံး အထူးစွမ်းဆောင်ရည် ရှိဖို့ပါ။ ကျနော်တို့က ဆွစ်ဇာလန်တွေဖြစ်ပြီး၊ ကျနော်တို့မှာ ခရစ္စတီယာနိုတွေ မရှိပါဘူး။ ကျနော်တို့ဟာ အသင်းတသင်း အနေနဲ့ အမြဲတမ်း အောင်မြင်အောင် လုပ်ဆောင်နေပြီး ဒီပွဲမှာလည်း အတူတူပါပဲ။ ကျနော်တို့ဟာ အမြဲတမ်းအတူ တူရှိနေရပါမယ်။ ကျနော်တို့ အားလုံး သာ စွမ်းဆောင်ရည်ကို အမြင့်ဆုံး လုပ်ပြနိုင်ခဲ့ရင် အခွင့်အရေး ရှိမယ်ဆိုတာ အသေအချာပါပဲ။ ကျနော်တို့ နောက် တဆင့် တက်အောင် လုပ်ဆောင်သွားမှာပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ရှာကွီရီဟာ ပြီးခဲ့တဲ့ ဆားဘီးယားနဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ပြီးနောက် ကမ္ဘာ့ဖလား ၃ ကြိမ်ဆက် ဂိုးသွင်းယူနိုင်တဲ့ စံချိန်မှတ်တမ်း တစ်ခုကို ရယူနိုင်ခဲ့တာပါ။ အသက် ၃၁ နှစ်အရွယ်ရှိ ရှာကွီရီဟာ ဆွစ်ဇာလန်အတွက် ၁၁၁ ပွဲ ပါဝင် ကစားထားပြီး ၂၇ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 955
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက ကမ္ဘာ့ဖလားချန်ပီယံဆုကို ရချင်တယ်ဆိုရင်တော့ ကမ္ဘာ့ အကောင်းဆုံးအသင်းတွေနဲ့ ကစားရမှာပဲလို့ ပြင်သစ်နဲ့ တွေ့ဆုံရမယ့်အပေါ် ပြောလိုက်ပါတယ်။
ဟာရီကိန်းက “စနေနေ့ပွဲက တကယ်ကို ခက်ခဲမယ့်ပွဲပါ။ ပြင်သစ်ဟာ အသင်းကြီးဖြစ်ပြီး လက်ရှိချန်ပီယံလည်း ဖြစ်ပါတယ်။ ဒါဟာ တကယ်ကို ခက်ခဲမယ့်ပွဲဆိုတာ ကျနော်တို့ သိပါတယ်။ ဒီလိုညမျိုးကို ကျနော်သဘောကျ ပါတယ်။အခု ကျနော်တို့ ပြန်ကောင်းလာဖို့ လုပ်ရမယ်။ပြီးရင်တော့ တကယ်ကို အရေးကြီးတဲ့ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်ရပါမယ်။ကမ္ဘာ့ဖလားရချင်ရင် ကမ္ဘာ့အကောင်းဆုံးအသင်းတွေနဲ့ ကစားရမှာပါပဲ။ ပြင်သစ် ကတော့ အဲဒီနေရာမှာသေချာပေါက်ရှိပါတယ်” လို့ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် ဆီနီဂေါအသင်းနဲ့ ကစားခဲ့တာမှာ ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။အင်္ဂလန်အတွက် ဂိုးတွေကို ဟန်ဒါဆန်၊ ဟာရီကိန်းနဲ့ ဆာကာတို့က ၁ ဂိုးစီသွင်းယူခဲ့တာပါ။၂၀၁၈ ပြိုင်ပွဲတုန်းက ရွှေဖိနပ်ရခဲ့တဲ့ ဟာရီကိန်းအတွက်တော့ ဒီဂိုးဟာ အခုနှစ်ပြိုင်ပွဲမှာ ပထမဆုံးသွင်းယူတဲ့ဂိုးလည်း ဖြစ်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ဒီ နိုင်ပွဲကြောင့် ကွာတားဖိုင်နယ်မှာ လက်ရှိချန်ပီယံ ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။
အဲဒါကြောင့် အင်္ဂလန်အသင်းအတွက်တော့ ဒီပွဲဟာ ကြီးမားတဲ့စမ်းသပ်မှုနဲ့ ရင်ဆိုင်ရမှာပါ။ အင်္ဂလန်အသင်းဟာ လက်ရှိကမ္ဘာ့ဖလား ၄ ပွဲ ကစားအပြီးမှာ သွင်းဂိုး ၁၂ ဂိုးအထိ ရယူထားနိုင်ပြီး နောက်ဆုံး ၃ ပွဲဆက်တိုက်မှာ ပေးဂိုး မပေးခဲ့ရပါဘူး။
အင်္ဂလန်ကြယ်ပွင့် ဖိုဒန်က “ပြင်သစ်က လက်ရှိအချိန်ထိ ဒီပြိုင်ပွဲရဲ့ အတောင့်တင်းဆုံးအသင်းပါ။ကျနော်တို့ဟာ ပွဲကြီးပွဲကောင်းတွေပဲ ကစားချင်ကြတာပါ။ ပြင်သစ်ထက် ပိုကြီးမားတဲ့ ပွဲဆိုတာမရှိပါဘူး။ကျနော်တို့ အကောင်းဆုံးပုံစံနဲ့ ကစားပြီး အခွင့်အရေးတွေဖန်တီးမယ်၊ပြီးရင် ဂိုးသွင်းမယ်။ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်လာမှာပါ” လို့ ပြောခဲ့တာပါ။
ပြင်သစ်အသင်းဟာ ဒီပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်သလို အင်္ဂလန်အသင်းကလည်း ပြီးခဲ့တဲ့ပြိုင်ပွဲမှာ ဆီမီး ဖိုင်နယ်အဆင့်ထိ တက်ရောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
Source:Metro

- By CNI
- Category: အားကစား
- Hits: 977
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅
ပြင်သစ်တိုက်စစ်မှူး ဘတ်ပီက သူဟာ ကမ္ဘာ့ဖလားကို အစွဲအလန်းကြီးနေပြီး ၂ ကြိမ်ဆက်တိုက် ကိုင်မြှောက်နိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောလိုက်ပါတယ်။
ဘတ်ပီက “ကမ္ဘာ့ဖလားပြိုင်ပွဲကို အစွဲအလန်းကြီးနေပြီး ဒါက ကျနော့် အိမ်မက်တွေထဲက ပြိုင်ဆိုင်မှုပါပဲ။ ကျနော် ကစားရတာ ကံကောင်းပါတယ်။ ဒီပြိုင်ပွဲမှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ကျနော့်ရဲ့ ရာသီကို တည် ဆောက် ခဲ့ပါတယ်။ အခု ကျနော်တို့ ကောင်းမွန်စွာ သွားနေပေမယ့် ကျနော်ချမှတ်ထားတဲ့ ပန်းတိုင်ရောက်ဖို့တော့ ဝေးနေပါသေးတယ်။ ကျနော်လိုချင်တဲ့အရာက ဆုဖလား ရဖို့ပါပဲ”လို့ ပြောခဲ့တာပါ။
၂၀၁၈ ပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့အတူ ချန်ပီယံဆုဖလား ကိုင်မြှောက်ခွင့်ရထားတဲ့ ဘတ်ပီဟာ ပိုလန်အသင်းနဲ့ ကစားခဲ့တဲ့ ၁၆ သင်း အဆင့်ပွဲစဉ်မှာ ပြင်သစ်အတွက် ၂ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ ဒီပွဲမှာ ပိုလန်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်။
ဘတ်ပီဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် ကမ္ဘာ့ဖလား ၂ ကြိမ် ကစားအပြီးမှာ သွင်းဂိုး ၉ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘတ်ပီနဲ့ ဂီရော့ဒ်ကိုတွေ့ရစဉ် (SI)
အဲ့ဒါကြောင့် ဘတ်ပီဟာ မက်ဆီရဲ့ ကမ္ဘာ့ဖလားသွင်းဂိုး အရေအတွက်နဲ့ တူညီခဲ့ပြီး ရော်နယ်ဒိုထက် ၁ ဂိုး အသာ ရသွားခဲ့တာပါ။
ဒါ့အပြင် ဘတ်ပီဟာ အသက် ၂၄ နှစ် မတိုင်ခင်မှာ ကမ္ဘာ့ဖလား သွင်းဂိုး အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘတ်ပီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၅ ဂိုး ရယူထားပြီး ဂိုးသွင်း အများဆုံး ကစားသမားစာရင်းကို ဦးဆောင်နေတာပါ။
အသက် ၂၃ နှစ် အရွယ်သာရှိသေးတဲ့ ဘတ်ပီဟာ ပြင်သစ်လက်ရွေးစင်အတွက် ၆၃ ပွဲ ကစားအပြီးမှာ ၃၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပိုလန်နဲ့ပွဲမှာ ၁ ဂိုး သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဂီရော့ဒ်ကလည်း ပြင်သစ်အသင်း ရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ဂီရော့ဒ်ဟာ ၅၂ ဂိုးနဲ့ အွန်နရီရဲ့ စံချိန်ကို ၁ ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပိုလန်အသင်းကို အနိုင်ရခဲ့တဲ့ ပြင်သစ်အသင်းဟာ ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 980
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃
တောင်ကိုရီးယားရဲ့ ဘောလုံးကြယ်ပွင့် ချိုဂဲလ်ဆောင်ဟာ အိမ်ထောင်ပြုဖို့ ကမ်းလှမ်းခံရတာ များလာပြီး အာရုံစူးစိုက်မှု ခံရလွန်းတာကြောင့် ဖုန်းပါပိတ်ခဲ့ရတယ်လို့ The Athletic က ဖော်ပြထားပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ရုပ်ရည်နဲ့ ဂိုးသွင်းစွမ်းရည် ကောင်းမွန်မှုတွေကြောင့် နာမည် ကျော်ကြား လာခဲ့ပါတယ်။
ဂါနာအသင်းနဲ့ ကစားတဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ တောင်ကိုရီးယား အသင်းအတွက် ၂ ဂိုး သွင်းယူပြီးနောက် ချိုဂဲလ်ဆောင်ရဲ့ အင်စတာဂရမ် ဖော်လိုဝါဟာ အများအပြား တိုးလာခဲ့ပါတယ်။ ဒီပွဲမတိုင်ခင် အချိန်အထိ ဖော်လိုဝါ ၂၀,၀၀၀ ရှိတာကနေ ၁.၆ သန်းအထိ တိုးလာခဲ့တာ ဖြစ်တယ်လို့ သိရတာပါ။
ဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ ချိုဂဲလ်ဆောင်(Reuters)
အရန်ခုံတန်းပေါ်မှာ ထိုင်နေတဲ့ သူ့ရဲ့ ဗွီဒီယိုကို ကြည့်ရှုသူကလည်း ၇.၃ သန်းကျော်အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။ ချိုဂဲလ်ဆောင်ဟာ အခုအချိန်မှာတော့ အာရုံစူးစိုက်မှု အများအပြားခံရလို့ ဖုန်းပါ ပိတ်ပစ်ခဲ့ရတာပါ။
သတင်းထောက် ဆိုလ်ဂျူဟွမ်က “ သူအနားယူရမှာပါ။ သူ့ဖုန်းက တစ်ညလုံးကို လာနေတာပါ။ အဲ့ဒါက သူ့ကို နိုးစေပါတယ်။ သူက ဘောလုံးကို အာရုံစိုက်ဖို့ ကြိုးစားနေပေမယ့် မက်ဆေ့ချ်တွေက အချိန်တိုင်းကို လာနေ တာ”လို့ တခြားသော သတင်းထောက်တွေကို ပြန်လည် ပြောပြခဲ့ပါတယ်။
ချိုဂဲလ်ဆောင်ကို ၁၉၉၈ က အန်ဆန်းမှာ မွေးဖွားခဲ့တာဖြစ်ပြီး သူ့ရဲ့ မိဘတွေဟာ အားကစားသမားတွေဖြစ်ကြ တယ်လို့ သိရပေမယ့် နာမည်နဲ့ အချက်အလက်တွေကိုတော့ သိရခြင်း မရှိပါဘူး။
သူဟာ ကွင်းလယ်ခံစစ် ကစားသမားအဖြစ် အန်ယန်း လူငယ်အကယ်ဒမီမှာ စတင်ကစားခဲ့တာ ဖြစ်ပါတယ်။ ချိုဂဲလ်ဆောင်ဟာ လက်ရှိအချိန်မှာတော့ ဂျောင်ဘွတ်ဟွန်ဒိုင်းအသင်းမှာ ကစားနေပြီး ခြေစွမ်းပြသနေတာပါ။
ဒါကြောင့် ချိုဂဲလ်ဆောင်ဟာ တောင်ကိုရီးယား လက်ရွေးစင်အတွက် ၂၀၂၁ မှာ စတင် ရွေးချယ်ခံခဲ့ရပြီး ၁၉ ပွဲ ပါဝင် ကစားထားကာ ၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Daily Mail