
- By CNI
- Category: အားကစား
- Hits: 1192
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂
ဘရာဇီးလ် ဂန္တဝင်တိုက်စစ်မှူး ရော်နယ်ဒိုက ဘရာဇီးလ်အသင်းနည်းပြ ရာထူးအတွက် ဂွာဒီယိုလာကို ခန့်အပ် ချင်ပေမယ့် သူက မန်စီးတီးမှာ ဆက်ပြီးနေဖို့ကို ရွေးချယ်သွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ရော်နယ်ဒိုက “ ဂွာဒီယိုလာကို ကျနော်တို့ စိတ်ဝင်စားခဲ့ပါတယ်။ ဂွာဒီယိုလာရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ပေမယ့် မန်စီးတီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ကိုပဲ လိုလားခဲ့ပါတယ်။ ဘရာဇီးလ်ဘောလုံး အဖွဲ့ချုပ် က သဘောတူညီမှု ရယူနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ သူက ကမ္ဘာ့လုပ်ခလစာ အများဆုံး နည်းပြပါ”လို့ ကတ်တလန် မီဒီယာကို ပြောခဲ့တာပါ။
ဘရာဇီးလ်အသင်းဟာ အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာပါ။ ဘရာဇီးလ်အသင်း ကမ္ဘာ့ဖလားကနေ ထွက်ခဲ့ရပြီးနောက် နည်းပြ ဖြစ်သူ တိုင်ထီကလည်း ရာထူးကနေ ထွက်ခွာခဲ့ပါတယ်။
မန်စီးတီးနည်းပြ ဂွာဒီယိုလာကိုတွေ့ရစဉ် (Goal)
အဲ့ဒါကြောင့် ဘရာဇီးလ်အသင်းဟာ နည်းပြသစ် ရှာဖွေမှု ပြုလုပ်နေပြီး ဂွာဒီယိုလာကို နည်းပြအဖြစ် ခန့်အပ်ဖို့ အရင်ကတည်းက စဉ်းစားခဲ့တာပါ။
ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ မန်စီးတီးအသင်းမှာ ၂၀၂၅ အထိ ရှိမယ့် ၂ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဘရာဇီးလ်အသင်းဟာ နည်းပြရာထူး လစ်လပ်နေခဲ့ပေမယ့် ဂွာဒီယိုလာကို ခန့်အပ်ဖို့ မလွယ်ကူတော့ပါဘူး။
တိုင်ထီဟာ ဘရာဇီးလ်အသင်းကို ၂၀၁၆ ကတည်းက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပွဲပေါင်း ၈၁ ပွဲ ကိုင်တွယ် ထားခဲ့တာမှာ ပွဲ ၆၀ အနိုင်ရပြီး ၁၅ ပွဲသရေနဲ့ ၆ ပွဲရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
တိုင်ထီဟာ ဘရာဇီးလ်အသင်းနဲ့အတူ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ၂၀၂၁ ပြိုင်ပွဲမှာတော့ အာဂျင်တီးနားကို အရေးနိမ့်ကာ ဒုတိယနဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 1123
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂
ရော်နယ်ဒိုဟာ မော်ရိုကိုအသင်းကို အရေးနိမ့်ပြီး ပေါ်တူဂီအသင်း ကမ္ဘာ့ဖလားကနေ ထွက်ခဲ့ရပြီးနောက် အိပ်မက်တွေပြီးဆုံးသွားပြီလို့ ပြောလိုက်ပါတယ်။
ရော်နယ်ဒိုက “ပေါ်တူဂီနဲ့ ကမ္ဘာ့ဖလားကို ရယူနိုင်ဖို့က ကျနော့်ဘဝရဲ့ အကြီးမားဆုံးနဲ့ ရည်မှန်းချက်အရှိဆုံး အိပ်မက်ပါ။ကံကောင်းစွာနဲ့ပဲ ကျနော်ဟာ ပေါ်တူဂီအပါအဝင် နိုင်ငံတကာအတိုင်းအတာနဲ့ ဆုဖလားအများကြီးကို ရယူနိုင်ခဲ့ပါတယ်။ဒါပေမယ့် ကမ္ဘာ့အကြီးမားဆုံးပြိုင်ပွဲကြီးမှာ ကျနော်တို့ရဲ့ နိုင်ငံနာမည်ကို ကျန်ရှိအောင်လုပ်ဖို့က ကျနော့်ရဲ့ အကြီးမားဆုံးအိပ်မက်ပါပဲ။ဒီလိုအရာတွေ၊ အိပ်မက်တွေအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။ဒီတိုက်ပွဲကို ဘယ်တော့မှမျက်နှာမလွှဲခဲ့သလို၊ အရှုံးပေးခဲ့ခြင်းလည်း မရှိပါဘူး။ဝမ်းနည်းစရာက ကျနော့်ရဲ့ အိပ်မက်တွေ ပြီးဆုံးသွားတာပါပဲ” လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။
ပေါ်တူဂီအသင်းဟာ မော်ရိုကိုအသင်းကို ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ဒီပွဲစဉ်ရဲ့ ဒုတိယပိုင်းရောက်မှသာ လူစားလဲဝင်ခွင့် ရခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ကွင်းထဲကနေ ငိုကြွေးပြီး ထွက်ခွာသွားခဲ့တာပါ။အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒို အတွက် တော့ ဒီကမ္ဘာ့ဖလားဟာ နောက်ဆုံးကမ္ဘာ့ဖလားဖြစ်နိုင်တာကြောင့် အိပ်မက်တွေပြီးဆုံးသွားပြီလို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုက “လူတွေထင်မြင်နေသလို ကျနော်ဟာ ပေါ်တူဂီအတွက် ခံယူချက်နဲ့ ပေးဆပ်မှုက ခဏလေး အချိန်အတွင်းမှာတောင် မပြောင်းလဲသွားပါဘူး။ကျနော်ဟာ အားလုံးရဲ့ရည်မှန်းချက်တွေအတွက် အမြဲတမ်းတို က်ပွဲဝင်နေတဲ့သူပါ။
လက်ရွေးစင်အသင်းဖော်တွေနဲ့ နိုင်ငံအသင်းကို ဘယ်တော့မှ ထားပြီးသွားမယ့်သူ မဟုတ်ပါဘူး။ အခုအချိန်မှာတော့ ပြောစရာအများကြီးမရှိတော့ပါဘူး။ကျေးဇူးတင်ပါတယ် ပေါ်တူဂီ၊ ကျေးဇူးတင်ပါတယ် ကာတာ” လို့ ရေးသားခဲ့တာပါ။
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ ယူရိုဖလား၊ နေရှင်းလိဂ်တို့ကို ရယူထားပြီး ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝက ပြီးပြည့်စုံသွားမှာ ဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းထားတာကြောင့် အသင်းသစ်ရှာဖွေရမှာဖြစ်ပြီး ဆော်ဒီကလပ် အယ်လ်နာဆာအသင်းက ၁ နှစ်လုပ်ခ ယူရိုသန်း ၂၀၀ နဲ့ ၂ နှစ်စာချုပ်ချုပ်ဖို့ ကမ်းလှမ်းထားတာပါ။
ရော်နယ်ဒိုဟာ ဆော်ဒီကလပ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရထားတယ်လို့ သတင်းတွေထွက်နေပေမယ့် ကစားသမားကတော့ ဒီသတင်းတွေဟာ မမှန်ကန်ဘူးလို့ ပြောထားတာဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 793
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂
ထိုင်းအသင်းကို ခြေစမ်းပွဲမှာ ဂိုးပြတ်အရေးနိမ့်ပြီးနောက် မြန်မာအသင်းကို ၁၀ ရက်အတွင်း အကောင်းဆုံး ဖြစ်အောင်ပြင်ဆင်မယ်လို့ အန်တွမ်နီဟေးက ပြောလိုက်ပါတယ်။
အန်တွမ်နီဟေးက “ထိုင်းနဲ့ပွဲမှာ ကစားသမားတွေရဲ့ စွမ်းဆောင်မှုက အားရစရာမဖြစ်ခဲ့ပါဘူး။ကျနော်တို့ အဆင့် သတ်မှတ်ချက်တွေမြင့်တက်လာဖို့ဆိုတာထက် အာဆီယံချန်ပီယံရှစ်အတွက် အဓိကပြင်ဆင်နေတာပါ။ မလေးရှားနဲ့ပွဲအတွက် ကျနော်တို့ ပြင်ဆင်ရမှာက အများကြီးရှိပါတယ်။ကျန်ရှိနေတဲ့ ၁၀ ရက်အတွင်းမှာတော့ ဒီပွဲကလို ကစားပုံမျိုးမဖြစ်အောင် ပြင်ဆင်ရမှာပါ။ဒီပွဲအပြီးမှာ အပြီးသတ်ကစားသမားတွေ ရွေးဖို့ ရှိနေပြီး အသင်း ကို ပိုပြီးကောင်းအောင် ၁၀ ရက်အတွင်း စနစ်တကျပြင်ဆင်သွားရမယ်”လို့ ပြောခဲ့တာပါ။
မြန်မာအသင်းဟာ ဒီဇင်ဘာ ၁၁ ရက်က ထိုင်းအသင်းနဲ့ ခြေစမ်းပွဲကစားခဲ့ရာမှာ ၆ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။မြန်မာအသင်းအတွက် ဒီပွဲမှာ ပြည်ပလိဂ်မှာကစားနေတဲ့ မောင်မောင်လွင်၊ ဟိန်းထက်အောင်၊ ဟိန်းဖြိုးဝင်းတို့ ပါဝင်ကစားသွားခဲ့ပေမယ့် ထိုင်းအသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။ ထိုင်း အသင်းအတွက် ဂိုးတွေကို တီရာဆဲလ်ဒန်ဒါက ၂ ဂိုး၊ ဘော်ဒန်ဖလာနဲ့ ဆာရက်ယိုရန်တို့က ၁ ဂိုးစီ သွင်းယူခဲ့ကြ ပြီး မြန်မာကစားသမားတွေဖြစ်တဲ့ နန္ဒကျော်နဲ့ ငြိမ်းချမ်းတို့က ကိုယ့်ဂိုးကိုယ် ၁ ဂိုးစီ သွင်းယူခဲ့ကြတာ ဖြစ်ပါ တယ်။
မြန်မာအသင်းဟာ ထိုင်းအသင်းနဲ့ ခြေစမ်းပွဲမကစားခင် ထိုင်းကလပ်တွေဖြစ်တဲ့ ချောင်ဘူရီ၊ ဆာမတ်ပရာခန်တို့နဲ့ ခြေစမ်းပွဲတွေကစားခဲ့ပြီး ၂ ပွဲစလုံး အနိုင်ရရှိခဲ့တာပါ။မြန်မာအသင်းဟာ လာမယ့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အုပ်စု B မှာ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ လာအိုတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။ မြန်မာ အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဒီဇင်ဘာလ ၂၁ ရက်မှာ မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
၂၀၂၂ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို ဒီဇင်ဘာ ၂၀ ရက်ကနေ ၂၀၂၃ ဇန်နဝါရီ ၁၆ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

- By CNI News
- Category: အားကစား
- Hits: 1137

- By CNI News
- Category: အားကစား
- Hits: 1299

- By CNI
- Category: အားကစား
- Hits: 1258
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀
ခရိုအေးရှား အသင်းနည်းပြ ဒါလစ်က ကာတာကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်ကို ရောက်တာက သူတို့အတွက် အဆုံးသတ်မဟုတ်ပဲ ဗိုလ်လုပွဲအထိ တက်နိုင်အောင်လုပ်ဖို့ အသင်းသားတွေကို တိုက်တွန်း လိုက်ပါတယ်။
ဒါလစ်က “ဒါက ကျနော်တို့ အားလုံးအတွက် အောင်ပွဲဖြစ်ပြီး၊ လူတိုင်းက အကောင်းဆုံး ပေးခဲ့ပါတယ်။ အရန် ခုံမှာရှိတဲ့ သူတွေကလည်း အကောင်းဆုံး လုပ်ဆောင်ခဲ့ကြပါတယ်။ ပြိုင်ပွဲရဲ့ ရေပန်းအစားဆုံး အသင်းကို ထွက်ခွာအောင် လုပ်နိုင်ခဲ့လို့ အလွန်ဂုဏ်ယူပါတယ်။ ဒါက ကျနော်တို့အတွက် အဆုံးသတ် မဟုတ်ပါဘူး။ ဆက် သွားရမှာပါ”လို့ ပြောခဲ့တာပါ။
ခရိုအေးရှားအသင်းဟာ ၁၆ သင်းအဆင့်မှာ ဂျပန်နဲ့ ကွာတားဖိုင်နယ်မှာ ဘရာဇီးလ်အသင်းတို့ကို ပင်နယ်တီ အဆုံး အဖြတ်မှာ အနိုင်ယူပြီး ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ခရိုအေးရှားအသင်း အောင်ပွဲခံနေကြစဉ် (SI)
ခရိုအေးရှားအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့တာကြောင့် အခုတစ်ကြိမ် မှာလည်း ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ဖို့ နည်းပြ ဒါလစ်က မျှော်လင့်နေတာပါ။ ခရိုအေးရှားအသင်းဟာ ဒါလစ်ရဲ့ လက်အောက်မှာ ကမ္ဘာ့ဖလား ၂ ကြိမ်ဆက် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါလစ်က “ ဂိုးပေးလိုက်ရပြီးချိန်မှာ အရှုံးမပေးဘူး ဆိုတာကို ကျနော်တို့ ပြသခဲ့ပါတယ်။ ကျနော်တို့ဟာ နိုင်ငံငယ် လေး ဖြစ်ပေမယ့် ရေပန်းအစားဆုံး အသင်းကို အနိုင်ရခဲ့တာပါ။ ကျနော့် ကစားသမားတွေဟာ သူရဲကောင်းတွေပါ။ ဒါကို ခရိုအေးရှားတွေပဲ လုပ်နိုင်တာ”လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ ခရိုအေးရှားအသင်းဟာ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ဗိုလ်စွဲဖို့ ရေပန်းစား နေတဲ့ အာဂျင်တီးနားအသင်းနဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 847
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀
ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ရော်နယ်ဒိုကို အသင်းမှာပဲ ဆက်ပြီးနေစေချင်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ အသင်းကနေ ထွက်ခွာဖို့ မပြောခဲ့ဖူးဘူးလို့ ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော် သူ့ကို ပထမဆုံးအချိန်ထဲကနေ အခုအချိန်ပြီး ဆက်ပြီးနေစေချင်ခဲ့တာပါ။ သူ ထွက်သွားချင်တယ်ဆိုတာတော့ ရှင်းပါတယ်။ကစားသမားတယောက်က အသင်းမှာ မရှိချင်တော့တဲ့အချိန် မှာတော့ သေချာပေါက်သွားရမှာ။အင်တာဗျူးမှာတော့ သူထွက်သွားချင်တယ်လို့ ပြောခဲ့ပါတယ်။ကလပ်က ဒါကို လက်မခံနိုင်ဘူးလို့ထင်ပါတယ်။အကျိုးဆက်တွေရှိမှာဖြစ်ပြီး သူထွက်ချင်တယ်လို့ အရင်က တခါမှ မပြောဖူးပါ ဘူး”လို့ ပြောခဲ့တာပါ။
အဲရစ်တန်ဟတ်ဟာ စပိန်မှာ ခြေစမ်းပွဲကစားဖို့ ရောက်နေချိန်အတွင်း ဗြိတိန်မီဒီယာတခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အခုလိုပြောသွားခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ပီယာစ်မော်ဂန်နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ အသင်းကို ဝေဖန်ခဲ့သလို နည်းပြ အဲရစ်တန်ဟတ်ကိုလည်း မလေးစားနိုင်ဘူးလို့ပြောခဲ့တာပါ။
ဒီ အင်တာဗျူးအပြည့်အစုံထွက်ပေါ်လာပြီးအချိန်မှာ ယူနိုက်တက်အသင်းနဲ့ ရော်နယ်ဒိုနဲ့ စာချုပ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အဲရစ်တန်ဟတ်က “သူဟာ နွေရာသီတုန်းက ဒီမှာ နေချင်တယ်ဆိုပြီး ကျနော့်ကို ပြောခဲ့ပါသေးတယ်။ အင်တာဗျူး မဖြေခင်အချိန်အထိတော့ ဘာအသံမှကို မကြားရပါဘူး။သူဟာ အလွန် ကောင်းမွန်တဲ့ကစားသမားဖြစ်လို့ ကျနော်တို့ ပရောဂျက်ရဲ့ တစိတ်တပိုင်းဖြစ်စေချင်ခဲ့ပါတယ်။သူ့မှာ ကြီးကျယ်ခမ်းနားတဲ့ သမိုင်းကြောင်းတွေ ရှိပေမယ့် အဲဒါက အတိတ်မှာကျန်ခဲ့ပြီး ကျနော်တို့ အနာဂတ်ကို ကြည့်ရမှာပါ” လို့ ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ အခုနှစ် ရာသီအတွင်းမှာ ယူနိုက်တက်အတွက် ၁၆ ပွဲ ပါဝင်ကစားခဲ့ပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပွဲထွက်ကစားခွင့်ရဖို့ ခက်ခဲနေတဲ့အခြေအနေကို စိတ်ပျက်နေခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ တနှစ်လုပ်ခ ယူရိုသန်း ၂၀၀ နဲ့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကို ဇန်နဝါရီ ၁ ရက်မှာ ပြောင်းရွှေ့ကစားမယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။
ပေါ်တူဂီအသင်းခေါင်းဆောင်ကတော့ ဒီသတင်းတွေကို ငြင်းဆန်ထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှသာ အနာဂတ် ကို ဆုံးဖြတ်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 1422
CNI International News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀
နယ်သာလန်အသင်းကို အနိုင်ရပြီး ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ပြီးနောက် အာဂျင်တီးနား အသင်း ခေါင်းဆောင် မက်ဆီက ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဂန္တဝင်ကြီး မာရာဒိုနာက သူတို့ကို စောင့်ကြည့်နေတယ်လို့ ပြောသွားခဲ့ပါတယ်။
မက်ဆီက “ဒီယေဂိုက ကျနော်တို့ကို ကောင်းကင်ဘုံကနေ စောင့်ကြည့်နေပါတယ်။ သူက ကျနော်တို့ကို တွန်းအားပေးနေပြီး ဒါကို အဆုံးထိ ဆက်ရှိနေဖို့ မျှော်လင့်တယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
မက်ဆီဟာ အာဂျင်တီးနားအသင်းက နယ်သာလန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ ကွာတား ဖိုင်နယ်ပွဲမှာ အသင်းအတွက် ၁ ဂိုးသွင်းပြီး ၁ ဂိုး ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ အာဂျင်တီးနားအသင်းက ၂ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးကာနီးတွေမှာ ပေးခဲ့ရတဲ့ ဂိုးတွေကြောင့် အချိန်ပို၊ ပင်နယ်တီအထိ ဆက်သွားခဲ့ရတာပါ။ ပင်နယ်တီ အဆုံးအဖြတ်မှာ အာဂျင်တီးနားက ၄ ဂိုးဝင်ပြီး နယ်သာလန်အသင်းက ၃ ဂိုးသာ ဝင်ခဲ့လို့ အာဂျင်တီးနားအသင်း ဆီမီးဖိုင်နယ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းသားများ အောင်ပွဲခံနေကြစဉ် (Sky Sport)
မက်ဆီက “ လောတရို ဂိုးသွင်းပြီးချိန်မှာ ကျနော်တို့ နောက်တဆင့် တက်နိုင်ခဲ့လို့ အလွန်ပျော်ရွှင်ခဲ့ ရပါတယ်။ ဒီပွဲ ဟာ အလွန်ခက်ခဲခဲ့ပါတယ်။ ပွဲအစကတည်းက ခက်ခဲခဲ့တာဖြစ်ပြီး ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာ ကျနော်တို့ သိပြီး သားပါ။ သရေရလဒ် ထွက်ပေါ်ခဲ့လို့ စိတ်ပျက်ခဲ့ပေမယ့် ကျနော်တို့ လိုချင်တဲ့ ဆီမီးဖိုင်နယ်ကိုတော့ အရောက် လှမ်းနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
အာဂျင်တီးနားအသင်းဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတသင်းဖြစ်ပြီး မက်ဆီရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားမှာ ကစားသမားတွေကလည်း ဆုဖလားရယူပေးဖို့ စိတ်အားထက်သန်နေကြတာ ဖြစ်ပါတယ်။
မက်ဆီကလည်း လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် ခြေစွမ်းပြသနေပြီး ၄ ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားတာပါ။
အာဂျင်တီးနားအသင်းဟာ ဆီမီးဖိုင်နယ်မှာ ခရိုအေးရှားအသင်းနဲ့ ကစားရမှာဖြစ်ပြီး နောက်ခံလူတွေဖြစ်တဲ့ အကူနာနဲ့ မွန်တီရယ်လ်တို့ဟာ အဝါကတ် ၂ ကြိမ် ပြသခံထားရတာကြောင့် ဒီပွဲကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
ဆီမီးဖိုင်နယ် ပွဲစဉ်တွေကို ဒီဇင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 1000
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀
နေမာက ဘရာဇီးလ်အသင်းဟာ ခရိုအေးရှားအသင်းကို အရေးနိမ့်ပြီး ကမ္ဘာ့ဖလားကနေ ထွက်ခွာရပြီးနောက် လက်ရွေးစင်အသင်းကနေ အနားယူနိုင်တယ်လို့ ပြောလိုက်ပါတယ်။
နေမာက “ ကျနော် နိုင်ငံလက်ရွေးစင်အတွက် တံခါးကို မပိတ်ထားပါဘူး။ ဒါပေမယ့် ပြန်လာမယ်လို့လည်း ၁၀၀ ရာခိုင်နှုန်းပြည့် အာမခံချက် မပေးနိုင်ပါဘူး။ ကျနော်နဲ့ နိုင်ငံအသင်းအတွက် ဘယ်အရာက မှန်ကန်လဲဆိုတာကို အနည်းငယ် ထပ်စဉ်းစားဖို့ လိုအပ်ပါတယ်”လို့ ပြောခဲ့တာပါ။
ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဖြစ် ကစားခဲ့တဲ့ ခရိုအေးရှား အသင်းနဲ့ပွဲမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ကွာတားဖိုင်နယ်ကနေ ၂ ကြိမ်ဆက် ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ နေမာဟာ ဒီပွဲရဲ့ အချိန်ပိုမှာ ဘရာဇီးလ်အတွက် ဦးဆောင် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ခရိုအေးရှား အသင်းဘက်က ပွဲပြီးကာနီးမှာ ချေပဂိုး သွင်းယူခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာပါ။
ပင်နယ်တီမှာ ခရိုအေးရှား အသင်းဘက်က ၄ ဂိုးစလုံး ဝင်ခဲ့ပြီး ဘရာဇီးလ်အသင်းဘက်က ရိုဒရီဂိုနဲ့ မာကွင်ဟိုစ်တို့ ဂိုး မဝင်ခဲ့တာကြောင့် ခရိုအေးရှားအသင်း အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းနဲ့ ခရိုအေးရှားအသင်း ယှဉ်ပြိုင်နေစဉ် (Marca)
နေမာကတော့ ဒီပြိုင်ပွဲမှာ ဆုဖလားရယူနိုင်ဖို့ အများကြီး မျှော်လင့်ထားခဲ့ပေမယ့် ဖြစ်မလာတာကြောင့် ပွဲအပြီးမှာ ငိုကြွေးနေခဲ့တာပါ။ နေမာဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် ဘရာဇီးလ်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစား သမားဖြစ်တဲ့ ပီလီရဲ့ ဂိုးသွင်းစံချိန် ၇၇ ဂိုးနဲ့အရေအတွက် တူညီသွားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူးဟာ ဒီပြိုင်ပွဲ မစတင်ကတည်းက ဒီကမ္ဘာ့ဖလားဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်လာနိုင်တယ်လို့ ပြောထားခဲ့တာပါ။
နေမာဟာ အုပ်စုအဖွင့်ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့ပေမယ့် အသင်းအတွက် ပြန်ကစားနိုင်ဖို့အတွက် ဒဏ်ရာ ကနေ သက်သာအောင် ကြိုးစားလုပ်ဆောင်ခဲ့လို့ တောင်ကိုရီးယားနဲ့ ၁၆ သင်း အဆင့်ပွဲစဉ်မှာ ပြန်လည် ပါဝင် နိုင်ခဲ့တာ ဖြစ်ပါတယ်။
နေမာဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ ဘရာဇီးလ်ကို အနိုင်ရခဲ့တဲ့ ခရိုအေးရှားအသင်းကတော့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲအဖြစ် အာဂျင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 1166
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉
မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက တောင်ကိုရီးယားအသင်း ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲကို ဒီတပတ်ထဲမှာ ထုတ်လွှင့် ပြသခဲ့ပါတယ်။
ဘရာဇီးလ်အသင်းက တောင်ကိုရီးယားအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲကို ၂ ရက်အကြာ ဗုဒ္ဓဟူးနေ့ကမှ ပြည်တွင်းရှိ ပရိသတ်တွေဟာ ကြည့်ရှုနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီပွဲဟာ ၁၆ သင်းအဆင့် ရှုံးထွက် ပွဲစဉ်ဖြစ်ပါတယ်။
တောင်ကိုရီးယား နိုင်ငံသားတွေ ကစားတဲ့ ဘယ်လိုပွဲမျိုးကိုမဆို နိုင်ငံအတွင်း ပြသလေ့ မရှိတာကြောင့် အခုလို ပြသတာဟာ ထူးဆန်းနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
KCTV ရုပ်သံချန်နယ်ဟာ နိုင်ငံတကာ အားကစားပွဲတွေကို ထုတ်လွှင့်လေ့ရှိပြီး၊ ဒါဟာ ကမ္ဘာ့တဝှမ်းမှာ ဖြစ်ပျက်နေ တဲ့ အရာတွေကို စောင့်ကြည့်နိုင်တဲ့ နိုင်ငံသားတွေအတွက် ရှားပါးတဲ့ အချိန်ဖြစ်ခဲ့တာပါ။
ဘရာဇီးလ်က တောင်ကိုရီးယားဘက်ကို ဂိုးသွင်းနေစဉ် (Reuters)
အဆိုပါ ရုပ်သံဟာ အခုနှစ် ကမ္ဘာ့ဖလားပွဲစဉ် အများအပြားကို ပြသခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့ မတိုင်ခင်အထိ တောင်ကိုရီးယား အသင်းရဲ့ ပွဲစဉ်တွေကို ပြသလေ့ မရှိပါဘူး။
“ပြသခဲ့တဲ့ တောင်ကိုရီးယားပွဲဟာ ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရတဲ့ ပွဲဖြစ်တာကြောင့် ဒါဟာ မတော်တဆ ဖြစ်တာတော့ မဟုတ်ဘူးဆိုတာ သိသာပါတယ်”လို့ ဝီလျှံ ဆိုသူက NK News ကို ပြောပါတယ်။
ဒီရုပ်သံလိုင်းဟာ ၂၀၁၄ နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အပါအဝင် ဂျပန်နဲ့ တောင်ကိုရီးယား ကစားတဲ့ ပွဲစဉ် အများ အပြားကို အခုအချိန်ထိ ပြသခြင်း မရှိတာပါ။
တနင်္လာနေ့က ကစားတဲ့ပွဲကို ပြသချိန်မှာ နိုင်ငံတော်က ဆင်ဆာ ဖြတ်တောက်ထားခြင်း မရှိတဲ့အတွက် မြောက်ကိုရီးယားနိုင်ငံက ကြည့်ရှုသူတွေဟာ ကိုကာကိုလာနဲ့ အခြား အနောက်တိုင်းသုံး လူသုံးကုန် အမှတ် တံဆိပ်တွေ ပါဝင်တဲ့ ကြော်ငြာတွေကိုလည်း မြင်တွေ့နိုင်တာပါ။
တောင်ကိုရီးယား အသင်းဟာ အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းကို အရေးနိမ့်ပြီး ၁၆ သင်း အဆင့် ကနေ ထွက်ခွာခဲ့ရပေမယ့် မြောက်ကိုရီးယားကတော့ ၂၀၁၀ နောက်ပိုင်း ခြေစစ်ပွဲမအောင်လို့ ယှဉ်ပြိုင်ခွင့် မရခဲ့ ပါဘူး။
Source: Daily Mail