CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၂၆

ရီးရယ်လ်အသင်း တိုက်စစ်မှူးဘတ်ပီဟာ စပို့တင်းလစ္စဘွန်းအသင်း တိုက်စစ်မှူး ယိုကီရက်စ်နဲ့ လီဗာပူးလ်အသင်း တောင်ပံကစားသမား ဆာလက်တို့ကို သွင်းဂိုးအသာရပြီး ဥရောပရွှေဖိနပ်ဆုကို သူ့ရဲ့ကစားသမားဘဝမှာ ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နွေရာသီက PSG အသင်းကနေ အလွတ်နဲ့ရောက်ရှိလာခဲ့တဲ့ ဘတ်ပီဟာ ရီးရယ်လ်အသင်း ကစားသမား ဘဝ ပွဲဦးထွက်ရာသီမှာ ပြိုင်ပွဲစုံ ၅၅ ပွဲ ပါဝင်ကစားပြီး ၄၂ ဂိုး သွင်းယူနိုင်ခဲ့တာပါ။

ဘတ်ပီဟာ ဒီသွင်းဂိုးတွေထဲမှာ လာလီဂါသွင်းဂိုး ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် လာလီဂါပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံး ရွှေဖိနပ်ဆု ရယူနိုင်ခဲ့သလို ဥရောပထိပ်တန်းလိဂ်တွေမှာ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကိုပါ ရယူနိုင်ခဲ့ တာဖြစ်ပါတယ်။ 

စပို့တင်းလစ္စဘွန်းအသင်း တိုက်စစ်မှူး ယိုကီရက်စ်ဟာ လိဂ်ပြိုင်ပွဲမှာ ၃၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ဥရောပ ထိပ်တန်းလိဂ် ၅ လိဂ် အပြင်ဘက်က လိဂ်တွေရဲ့ သွင်းဂိုးတွေကို ၁.၅ နဲ့သာ မြှောက်ခဲ့တာကြောင့် နစ်နာခဲ့ရတာ ပါ။ 

ဘတ်ပီကို တွေ့ရစဉ်

ဥရောပထိပ်တန်း ၅ လိဂ်မှာ ကစားနေတဲ့ ကစားသမားတွေရဲ့ သွင်းဂိုးတွေကို ၂ နဲ့ မြှောက်တာကြောင့် ဘတ်ပီဟာ ၆၂ မှတ်နဲ့ ထိပ်ဆုံးနေရာ ရပ်တည်ခဲ့ပြီး ယိုကီရက်စ်က ၅၈.၅ နဲ့ ဒုတိယ၊ ဆာလက်က ၅၈ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။

ဘတ်ပီဟာ ရီးရယ်လ်အသင်းကို ပြောင်းရွှေ့ပြီးနောက် ရာသီအစပိုင်းမှာ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်မှုမရှိသလို သွင်းဂိုးနည်းပါးမှုတွေကြောင့် ဝေဖန်မှုတွေခံခဲ့ရတာပါ။ 

ဒါပေမယ့် ဘတ်ပီဟာ သူ့ကိုဝေဖန်တဲ့သူတွေ မှားယွင်းကြောင်း သက်သေပြပြီး ဥရောပရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ တာဖြစ်ပါတယ်။ 

ဘတ်ပီဟာ ဥရောပရွှေဖိနပ်ဆု၊ ကမ္ဘာ့ဖလားပြိုင်ပွဲ ရွှေဖိနပ်ဆုနဲ့ ချန်ပီယံလိဂ် ရွှေဖိနပ်ဆုတို့ကို ရယူနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်တာပါ။ 

ဘတ်ပီဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်ကစားဖို့ ပြင်ဆင်မယ့် ပြင်သစ်အသင်းနဲ့ ပူးပေါင်းမှာဖြစ်ပြီး ပြင်သစ်အသင်းဟာ စပိန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Goal