
- By CNI
- Category: အားကစား
- Hits: 888
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇
အန်သိုနီဂျိုရွှာနဲ့ ပွဲကိုဖြစ်မြောက်ဖို့ သူသတ်မှတ်ထားတဲ့ရက် ကုန်ဆုံးသွားပြီ ဖြစ်တာကြောင့် ဒီဇင်ဘာလမှာ ထိုးသတ်မယ့်ပွဲ မဖြစ်မြောက်တော့ဘူးလို့ တိုင်ဆန်ဗျူရီက ပြောလိုက်ပါတယ်။
တိုင်ဆန်ဗျူရီက “ဒါက တရားဝင်ပါ။ D-day က ပြီးဆုံးသွားပါပြီ။ တနင်္လာနေ့ ၅ နာရီကျော်သွားပြီ ဖြစ်ပေမယ့် အခုအချိန်ထိ စာချုပ်မှာ လက်မှတ် မထိုးရသေးပါဘူး။ ဂျိုရွှာအတွက် ဒီပွဲက တရားဝင် ပြီးသွားပါပြီ။ ဒီပွဲကို မေ့ လိုက်ပါတော့။ မင်းအနေနဲ့ ငါ့ကို ထိုးသတ်ချင်စိတ် မရှိဘူးဆိုတာ အမြဲတမ်းသိပါတယ်။ အခု မင်းဘယ်လိုပဲ ပြောပြော ငါဂရုစိုက်မှာ မဟုတ်ဘူး။ မင်းရဲ့ ကစားသမားဘဝနဲ့ မင်းရဲ့ ဘဝမှာ ကံကောင်းမှုတွေ ရပါစေ။ အခု ပြီးဆုံးသွားပါပြီ”လို့ အင်စတာဂရမ်မှာ ပြောခဲ့တာပါ။
WBC ချန်ပီယံ တိုင်ဆန်ဗျူရီဟာ သူတို့ ထိုးသတ်မယ့် ပွဲအတွက် တနင်္လာနေ့ နောက်ဆုံး လက်မှတ်ထိုးဖို့ အန်သိုနီဂျိုရွှာကို ပြောခဲ့တာ ဖြစ်ပါတယ်။
တိုင်ဆန်ဗျူရီနဲ့ မန်နူရယ်လ်ချား
အန်သိုနီဂျိုရွှာရဲ့ ပွဲစီစဉ်သူ အက်ဒီဟန်းက သူတို့ဟာ စာချုပ်ထဲမှာ လက်မှတ်ထိုးဖို့ အခွင့်အရေး မရှိဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။ တိုင်ဆန်ဗျူရီဟာ အန်သိုနီဂျိုရွှာနဲ့ ပွဲမဖြစ်ခဲ့ပေမယ့် နောက်ထပ် ထိုးသတ်မယ့် ပြိုင်ဘက်ကို အတည်ပြု ကြေညာသွားခဲ့ပါတယ်။
ဗြိတိန်ဟဲဗီးဝိတ် ချန်ပီယံဟာ မန်နူရယ်လ်ချားနဲ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိ မန်နူရယ်လ်ချားဟာ တိုင်ဆန်ဗျူရီရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့ပြီး ထိုးသတ်သွားဖို့ အဆင်သင့်ပဲလို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။
ဂျာမန် ဟဲဗီးဝိတ်သမားဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲပေါင်း ၃၇ ပွဲ ထိုးသတ်ထားခဲ့တာမှာ ၃၃ ပွဲ အနိုင်ရခဲ့ပြီး ၄ ပွဲ အရေးနိမ့်ထားတာ ဖြစ်ပါတယ်။
မန်နူရယ်လ်ချားဟာ အခုနှစ် မေလထဲမှာ မီလာဆစ်နဲ့ နောက်ဆုံးပွဲ ထိုးသတ်ထားပြီး အနိုင်ရရှိထားတာပါ။ တိုင်ဆန်ဗျူရီဟာ ဧပြီလက ထိုးသတ်ခဲ့တဲ့ ဒီလီယန်ဝှိုက်နဲ့ ပွဲအပြီးမှာ လက်ဝှေ့သမားဘဝက အနားယူကြောင်း ကြေညာခဲ့ပေမယ့် ဆုံးဖြတ်ချက်ပြန်ပြင်ပြီး လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်လည်ဝင်ရောက်မှာ ဖြစ်ပါတယ်။
Source: BBC/The Sun

- By CNI
- Category: အားကစား
- Hits: 1196
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇
မာလီအသင်းဟာ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ၎င်းတို့ ကစားသမား ၂ ဦးအချင်းချင်း ခိုက်ရန် ဖြစ်ပွားနေတဲ့ ဗွီဒီယိုဖိုင်ကို နိုင်ငံတကာဘတ်စကတ်ဘောအဖွဲ့ချုပ် (FIBA) က စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
မာလီအသင်းက ဆားဘီးယားအသင်းကို ၆၈ မှတ် - ၈၁ မှတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဒီအဖြစ် အပျက် ဖြစ်ပျက်ခဲ့တာပါ။မာလီအသင်းဟာ ဒီပွဲအပါအဝင် အုပ်စုတွင်း ပွဲစဉ် ၄ ပွဲကစားထားခဲ့တာမှာ ၄ ပွဲစလုံး အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ဆားဘီးယားအသင်းက ဆာဆာကာဒိုက အင်တာဗျူးဖြေချိန်မှာ မာလီကစားသမား ၂ ဦးဖြစ်တဲ့ ကိုရိုမာနဲ့ အယ်လစ်ဇဘတ်တို့ဟာ ခိုက်ရန်ဖြစ်ပွားခဲ့ကြတာပါ။
မာလီအသင်းဖော်တွေက သူတို့ ၂ ဦးကို ဝိုင်းဝန်းထိန်းချုပ်ခြင်း မပြုလုပ်ခင် ကိုရိုမာက အယ်လစ်ဇဘတ် ကို လက်သီးနဲ့ ထိုးခဲ့တာကိုလည်း တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ “ဆားဘီးယားနဲ့ မာလီတို့ပွဲအပြီးမှာ မာလီကစားသမားတွေ ခိုက်ရန်ဖြစ်ပွားတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို စတင်လုပ်ဆောင် နေပြီ ဖြစ်ပါတယ်။စုံစမ်းစစ်ဆေးမှုပြီးတာနဲ့ စည်းကမ်းပိုင်းဆိုင်ရာ အစီအမံတွေကို ဆုံးဖြတ်သွားမယ်” လို့ နိုင်ငံတကာ ဘတ်စကတ်ဘောအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
မာလီကစားသမားနှစ်ဦး ခိုက်ရန်ဖြစ်ပွားခဲ့စဉ်(ဓါတ်ပုံ-1News)
မာလီဟာ ဒီပြိုင်ပွဲရဲ့ အုပ်စု B မှာ ၄ ပွဲကစားထားအပြီး ရမှတ် ၄ မှတ်နဲ့ အုပ်စုတွင်း နောက်ဆုံးနေရာမှာ ရပ်တည်နေကာ နောက်ဆုံးပွဲစဉ်အဖြစ် ကနေဒါအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။မာလီအသင်းဟာ အာဖရိကချန်ပီယံ နိုင်ဂျီးရီးယားအသင်း နုတ်ထွက်ခဲ့တာကြောင့် ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပြီး နိုင်ဂျီးရီးယားအသင်းဟာ နိုင်ငံအတွင်း အားကစားစီမံခန့်ခွဲမှုဆိုင်ရာ အခက်အခဲတွေကြောင့် နုတ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။
ပွာတိုရီကိုအသင်းဟာ စက်တင်ဘာ ၂၇ ရက်က ကစားခဲ့တဲ့ပွဲစဉ်မှာ တောင်ကိုရီးယားအသင်းကို ၉၂ မှတ် - ၇၃ မှတ်နဲ့ အနိုင်ရပြီး ရှုံးထွက်အဆင့်ကို တက်ရောက်ခွင့်ရရှိတဲ့ နောက်ဆုံးအသင်း ဖြစ်လာခဲ့တာပါ။ ဒီပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ကို အုပ်စု A က အမေရိကန်၊ တရုတ်၊ ဘယ်လ်ဂျီယံနဲ့ ပွာတိုရီကို၊ အုပ်စု B က ကနေဒါ၊ ပြင်သစ်၊ သြစတြေးလျနဲ့ ဆားဘီးယားတို့ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အမျိုးသမီးကမ္ဘာ့ဖလား ဘတ်စကတ်ဘောပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို စက်တင်ဘာ ၂၉ ရက်၊ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ၃၀ ရက်နဲ့ ဗိုလ်လုပွဲကို အောက်တိုဘာ ၁ ရက်နေ့တွေမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source:ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 972
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇
ဂျာမနီနဲ့ပွဲမှာ ကြီးမှားတဲ့ အမှားကို ပြုလုပ်ခဲ့ပြီးနောက် မက်ဂွဲယားအနေနဲ့ လက်ရှိ အခြေအနေတွေကို ကိုင်တွယ် ဖြေရှင်းဖို့အတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့ လိုတယ်လို့ ရီယိုဖာဒီနန်က တိုက်တွန်းလိုက်ပါတယ်။
ရီယိုဖာဒီနန်က “မက်ဂွဲယားအတွက် အမှားတိုင်းကို အပြစ်ပေးပြီး စိစစ်နေတယ်လို့ ကျနော်ခံစားရပါတယ်။ မက်ဂွဲယား အနေနဲ့ ဒါကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် စိတ်ဓါတ် ကြံ့ခိုင်ဖို့ လိုပါတယ်”လို့ တွစ်တာမှာ ရေးသားခဲ့တာပါ။
ယူနိုက်တက်အသင်း ခေါင်းဆောင်ဟာ ဒီရာသီ နည်းပြ အဲရစ်တန်ဟတ်ရဲ့ လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့် မရပေ မယ့် အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ ယုံကြည်မှုပေးပြီး ပွဲထွက်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် မက်ဂွဲယားဟာ အီတလီ၊ ဂျာမနီတို့နဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ် ၂ ပွဲစလုံး ပွဲစကတည်းက ပါဝင်ခွင့်ရခဲ့ တာပါ။ ဒါပေမယ့် မက်ဂွဲယားဟာ ဂျာမနီအသင်းနဲ့ တစ်ဖက် ၃ ဂိုးစီ သရေကျခဲ့တဲ့ ဒီပွဲစဉ်ရဲ့ ဒုတိယပိုင်းအစမှာ အမှားအယွင်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
-ဂျာမနီအသင်း ပြိုင်ဖက် ကစားသမားကို မက်ဂွဲယားတားဆီးနေစဉ် (GETTY IMAGES)
မက်ဂွဲယားဟာ မူဆလီယာကို လူပေးမှားခဲ့တာဖြစ်ပြီး အဆိုပါ ကစားသမားဟာ ဂိုးဧရိယာအတွင်း ဘောလုံးယူ ဆောင် လာချိန်မှာ ယူနိုက်တက် နောက်ခံလူက ပြစ်ဒဏ်ကျူးလွန်ခဲ့တာပါ။
အဲ့ဒါကြောင့် ကွင်းလယ်ဒိုင်လူကြီးက ဒီအဖြစ်အပျက်ကို VAR နဲ့ ပြန်ကြည့်ရှုခဲ့ပြီးနောက် ပင်နယ်တီ သတ်မှတ်ပေး ခဲ့ကာ ဂန်ဒိုဂန်က ဂျာမနီအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဟာဗတ်စ် သွင်းယူခဲ့တဲ့ ဒုတိယဂိုးမှာ ဖိအားပေး မကာကွယ်ဘဲ ရပ်နေခဲ့လို့ ထပ်မံ ဝေဖန်ခံခဲ့ရတာပါ။
အဲ့ဒါကြောင့် အင်္ဂလန်အသင်း ပရိသတ်တွေဟာ မက်ဂွဲယားကို ဆက်ပြီးပွဲထွက်ခွင့် ပေးနေတဲ့အပေါ် မေးခွန်းထုတ် မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။
မက်ဂွဲယားအနေနဲ့ လက်ရှိ အခြေအနေအတိုင်း ကလပ်အသင်းမှာပါ ကစားခွင့် ပျောက်ဆုံးနေမယ်ဆိုရင် ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ပုံမှန်ပွဲထွက်ခွင့် ဆုံးရှုံးရဖွယ် ရှိနေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေကြတာပါ။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မက်ဂွဲယား အနေနဲ့ အရန်လူစာရင်းမှာသာ ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 1136
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇
လာမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ သံတမန်အဖြစ် ဆောင်ရွက်မယ့် ဒေးဗစ်ဘက်ခမ်းရဲ့ ဆုံးဖြတ်ချက်ဟာ ကြီးမားတဲ့အမှားဖြစ်တယ်လို့ ကန်တိုနာက ဝေဖန်လိုက်ပါတယ်။
ကန်တိုနာက “ကစားသမားဟောင်းတစ်ယောက်က ဒီလိုမျိုးလုပ်ဖို့ အခကြေးငွေရခဲ့တယ်။အဲဒီမှာ ဘာဖြစ်သွားခဲ့လဲဆိုတာ သူတို့မသိတာလည်း ဖြစ်နိုင်ပါတယ်။သူတို့သိတယ်ဆိုရင်တော့ ဒါဟာအမှားလို့ ကျနော်ထင်ပါတယ်။
ကြီးမားတဲ့အမှားကို သူတို့ပြုလုပ်ခဲ့တာပါ။ကမ္ဘာ့ဖလားကို သပိတ်မှောက်တယ်လို့ ပြောတဲ့ ကစားသမားတစ်ယောက်ရှိရင် ကျနော်က ဘရာဗိုလို့ ပြောမှာပါ။ကစားသမားတွေက ကမ္ဘာ့ ဖလားကို သပိတ်မမှောက်ချင်ဘူးလို့ပြောရင် ကျနော်တို့ စိတ်ပျက်လို့ ရမှာမဟုတ်ပါဘူး။ဒါပေမယ့် နာမည်ကြီးသမားတွေ၊ နိုင်ငံရေးသမားတွေ၊ သမ္မတတွေ၊ဥက္ကဋ္ဌ၊အဖွဲ့ချုပ်တွေနဲ့ ဝန်ကြီးတွေက သပိတ် မှောက်ဖို့ အခွင့်အာဏာရှိပါတယ်”လို့ The Athletic ကို ပြောခဲ့တာပါ။
ဒေးဗစ်ဘက်ခမ်းရဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ ကန်တိုနာဟာ အစောပိုင်းကတည်းက ကာတာမှာ ကျင်းပမယ့် ဒီပြိုင်ပွဲကို ကြည့်မှာမဟုတ်ဘူးလို့ ကတိပြုထားတာဖြစ်ပါတယ်။ကန်တိုနာဟာ ကာတာ နိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေကို မကျေမနပ်ဖြစ်နေသူပါ။ကာတာနိုင်ငံဟာ သူတို့ရဲ့ပုံရိပ်ကို အားကစားနဲ့ ဆေးကြောဖို့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲကို အသုံးချနေတယ်လို့ စွပ်စွဲခံထားရပြီး ဒေးဗစ်ဘက်ခမ်းကိုလည်း ဒေသတွင်း ခရီးသွားနဲ့ ယဉ်ကျေးမှုကဏ္ဍကို မြှင့်တင်ဖို့ ပေါင် ၁၀ သန်းပေး ချေခဲ့တာဖြစ်ပါတယ်။
ဒေးဗစ်ဘက်ခမ်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ မျက်နှာစာဖြစ်လာမယ့် သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မကြာသေးခင်က ကြီးကြီးမားမား ဝေဖန်မှုတွေ ခံခဲ့ရပါသေးတယ်။အဲဒါကြောင့် ကန်တိုနာက ဒေးဗစ်ဘက်ခမ်းအနေနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားဖို့နဲ့ ကာတာမှာ ဖြစ်ခဲ့တာတွေကို သူသိပုံမရဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။ဒေးဗစ်ဘက်ခမ်းဟာ ကာတာနိုင်ငံကို ချီးကျူးမှုအများအပြား ပြုလုပ်ခဲ့ပြီး လူ့အခွင့်အရေးမှတ်တမ်းတွေကို လျစ်လျူရှုခဲ့လို့ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ဇွန်လအတွင်းမှာ ဝေဖန်မှုပြုလုပ်ခြင်းကို ခံခဲ့ရပါတယ်။
ဒေးဗစ်ဘက်ခမ်းဟာ သြဂုတ်လက ကာတာနိုင်ငံကို ကြော်ငြာတဲ့ ရုပ်သံဗွီဒီယိုရိုက်ကူးထားမှုလည်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ဒေးဗစ်ဘက်ခမ်းနဲ့ ကာတာနိုင်ငံရဲ့ ဆက်ဆံရေးဟာ ပီအက်စ်ဂျီအသင်း မှာ ကစားခဲ့တဲ့အချိန်ကတည်းက ရှိခဲ့တာပါ။ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီနဲ့ ဒေးဗစ်ဘက်ခမ်း တို့ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတွေကြောင့် သံတမန်သဘောတူညီချက် ထွက်ပေါ်လာတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အင်္ဂလန်ကစားသမားဟောင်း ဘက်ခမ်းဟာ ကာတာနိုင်ငံကို မကြာခဏလာရောက်လည်ပတ်သူ ဖြစ်တယ်လို့ သိရပါတယ်။ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ၂၀၁၀ ကတည်းက ကာတာ နိုင်ငံမှာ သေဆုံးတဲ့ ရွှေ့ပြောင်းအလုပ်သမားဦးရေ အနည်းဆုံး ၆,၇၅၀ ရှိတယ်လို့ ဂါးဒီးယန်း သတင်းဌာန က ပြီးခဲ့တဲ့နှစ်က ဖော်ပြခဲ့တာဖြစ်ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 1044
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆
ဂျီးဆပ်စ်ကို အာဆင်နယ်အသင်း ခေါ်ယူမှုဟာ မန်စီးတီးက ဟာလန်းကို ခေါ်ယူမှုထက် ပိုပြီးကောင်းတယ်လို့ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အဘွန်လဟော်က ပြောလိုက်ပါတယ်။
အဘွန်လဟော်က “ ကျနော့်အတွက် အကောင်းဆုံးခေါ်ယူမှုက ဂါဘရီရယ်လ် ဂျီးဆပ်စ်ပါ။ ဟာလန်းက ထူးချွန်ပေမယ့် မန်စီးတီးအသင်းဟာ သူမပါရင်တောင် အမြဲတမ်း ကောင်းမွန်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဟာလန်း မပါ ဘဲနဲ့ အလွန်ကောင်းမွန်တဲ့ ဂိုးတွေလည်း သွင်းနိုင်ပါတယ်။ ဂျီးဆပ်စ်ကတော့ အာဆင်နယ်ကို အခြားအရာတစ်ခု အဖြစ် ပြောင်းလဲလိုက်ပါတယ်။ အာဆင်နယ်က ပြိုင်ဘက် နောက်တန်းကို ဖိအားပေးတဲ့ အချိန်မှာ လုပ်အားနှုန်း ကောင်းတဲ့သူကို ရသွားခဲ့တာ”လို့ Talk Sport ကို ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပြောင်းအရွှေ့က မန်စီးတီးကနေ ပေါင် ၄၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဂျီးဆပ်စ်ဟာ ပရီးမီးယားလိဂ် ၇ ပွဲ ကစားအပြီးမှာ အာဆင်နယ်အသင်းကို အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရောက်ရှိအောင် ကူညီပေးထားတာ ဖြစ်ပါတယ်။
ဂျီးဆပ်စ်နဲ့ဟာလန်းကိုတွေ့ရစဉ် (Football365)
အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ အာဆင်နယ်အသင်းအတွက် ၄ ဂိုး သွင်းယူထားပြီး ၃ ဂိုး ဖန်တီးထား တာပါ။ ဟာလန်းကလည်း ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကမှ ဒေ့ါမွန်ကနေ ပေါင် ၅၁ သန်းနဲ့ မန်စီးတီးအသင်းထံ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ လီဗာပူးလ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်ကလွဲပြီး အဲ့ဒီနောက်ပိုင်း ကစားခဲ့တဲ့ ပွဲတွေမှာ မန်စီးတီးအသင်းကို ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးထားတာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရှိနေတဲ့ မန်စီးတီးအတွက် ဟာလန်းဟာ လိဂ်ပြိုင်ပွဲမှာ ၁၁ ဂိုး သွင်းယူထားပြီး ၁ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၃ ဂိုး သွင်းယူထားတာကြောင့် ဟာလန်း ဟာ မန်စီးတီးအတွက် ၁၀ ပွဲ ကစားအပြီးမှာ ၁၄ ဂိုးအထိ ရယူထားတာပါ။
ဒါပေမယ့် အဘွန်လဟော်က ဂျီးဆပ်စ်ကိုသာ အကောင်းဆုံး ခေါ်ယူမှုလို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဂျီးဆပ်စ် ဟာ ဘရာဇီးလ်အသင်းရဲ့ နောက်ဆုံးလူစာရင်းမှာ ချန်လှပ်ခံခဲ့ရပေမယ့် ကမ္ဘာ့ဖလားဝင်ခွင့် လူစာရင်းမှာ ပါဝင်နိုင် ဖို့ အရာအားလုံး လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 1058
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆
ဂျာမနီကစားသမားတွေအနေနဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့မယ်ဆိုရင် တစ်ဦး ချင်းစီကို ယူရို ၄ သိန်းရရှိမှာ ဖြစ်ပါတယ်။
ဂျာမနီဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင်အသင်းနဲ့ ပြိုင်ပွဲအတွက် အပိုဆုကြေးတွေကို သဘောတူညီမှု ရရှိပြီးနောက် စက်တင်ဘာလ ၂၅ ရက်က ပြောခဲ့တာပါ။ ဂျာမနီဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင် အသင်းရဲ့ ကိုယ်စားလှယ်တွေဖြစ်တဲ့ နူအာ၊ မူလာ၊ ကင်မစ်ချ်၊ ဂန်ဒိုဂန်တို့နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ် ခဲ့တာဖြစ်ပါတယ်။
“ကျနော်တို့ အပြင်းအထန်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။တစ်နေ့တာရဲ့ အဆုံးမှာတော့ လူတိုင်း အတွက် လက်ခံနိုင်လောက်တဲ့ အဖြေတစ်ခုကို ကျနော်တို့ ရှာတွေ့ခဲ့ပါတယ်”လို့ ဂျာမန်ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ နူအန်ဒေ့ါဖ်က ပြောခဲ့တာပါ။
ဂျာမနီအသင်း အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ချန်ပီယံဖြစ်ခဲ့ရင် ယူရို ၃ သိန်း ၅ သောင်းပေးဖို့ သတ်မှတ်ခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ အပိုဆုကြေးတိုးမြှင့်လာခဲ့တာ ဖြစ်ပါတယ်။၂၀၁၄ က ဘရာဇီးလ်မှာ ကျင်းပခဲ့တဲ့ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တုန်းက ဂျာမနီကစားသမားတွေ ဟာ တစ်ဦးချင်းစီကို ဆုကြေး ယူရို ၃ သိန်းရရှိခဲ့တာပါ။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုကနေ နောက်တစ်ဆင့်တက်နိုင်ခဲ့မယ်ဆိုရင် ကစားသမားတွေဟာ တစ်ဦးချင်းစီကို ယူရို ၅ သောင်း ရရှိမှာဖြစ်ပြီး နောက်ဆုံး ၈ သင်းအဆင့်ကို ရောက်ရှိခဲ့ရင် ယူရို ၁ သိန်းစီ ရရှိမှာ ဖြစ်ပါတယ်။ဂျာမနီအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ပြိုင်ပွဲက ရလဒ်ဆိုးတွေကို ချေဖျက်နိုင်ဖို့ စိတ်ဆန္ဒ ပြင်းထန်နေကြတာပါ။ဂျာမနီအသင်းဟာ အခုနှစ်ပြိုင်ပွဲရဲ့အုပ်စုအဆင့်မှာ စပိန်၊ ကော်စတာရီကာ၊ ဂျပန် တို့နဲ့ ကျရောက်နေတာ ဖြစ်ပါတယ်။
ဂျာမနီအသင်းအနေနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်နိုင်ခဲ့ရင် ယူရို ၁ သိန်း ၅ သောင်း၊ တတိယ ဆုရမယ် ဆိုရင် ယူရို ၂ သိန်း ရရှိမှာပါ။ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ရင်တော့ အပိုဆုကြေး ယူရို ၂ သိန်း ၅ သောင်း ရရှိမှာ ဖြစ်ပါတယ်။နိုဝင်ဘာလ ၂၀ ရက်မှာ စတင်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်းဟာ အဖွင့်ပွဲစဉ် အဖြစ် ဂျပန်အသင်းနဲ့ နိုဝင်ဘာလ ၂၃ ရက်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 751
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆
ပြင်သစ်နည်းပြ ဒက်ချမ့်ပ်စ်က ဘတ်ပီဟာ ဒိန်းမတ်နဲ့ပွဲမှာ စွမ်းဆောင်ရည် ကောင်းကောင်း ပြသနိုင်ခြင်း မရှိခဲ့ပေမယ့် သူနဲ့ ပတ်သက်ပြီး စိုးရိမ်မှုမရှိဘူးလို့ ပြောလိုက်ပါတယ်။
ဒက်ချမ့်ပ်စ်က “ဘတ်ပီဟာ ကောင်းမွန်တဲ့အရာတွေ အများကြီး လုပ်ခဲ့ပြီးဖြစ်သလို အခုလည်း ဆက်ပြီးလုပ်ဆောင် နေတာပါ။ သူဟာ ၃ ရက်အတွင်း မိနစ် ၉၀ ပြည့် ပွဲ ၂ ပွဲကို ကစားခဲ့ရတဲ့ ကစားသမား အနည်းငယ်ထဲက တစ်ဦးပါ။ သူဟာ အရာအားလုံးကို မလုပ်နိုင်ပါဘူး။ ဒါပေမယ့် သူနဲ့ ပတ်သက်ပြီး ကျနော် မစိုးရိမ်ပါဘူး”လို့ ပွဲ အပြီးမှာ ပြောခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ နေးရှင်းလိဂ် အုပ်စု နောက်ဆုံးပွဲစဉ်မှာ ဒိန်းမတ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ် ပါတယ်။ အုပ်စုတွင်းက ပွဲစဉ်တစ်ပွဲဖြစ်တဲ့ သြစတြီးယားနဲ့ ခရိုအေးရှားအသင်းတို့ ပွဲစဉ်မှာ သြစတြီးယားအသင်း အရေးနိမ့်ခဲ့တာကြောင့် ပြင်သစ်အသင်းဟာ လိဂ် B ကို တန်းဆင်းရမယ့် အရေးကို ရှောင်ရှားနိုင်ခဲ့တာပါ။
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်ပ်စ် (FotMob)
ပြင်သစ်အသင်းဟာ ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် အခုတစ်ကြိမ် ပြိုင်ပွဲမှာတော့ ၆ ပွဲကစား အပြီး ၁ ပွဲသာ အနိုင်ရရှိကာ ရမှတ် ၅ မှတ်နဲ့ အုပ်စုတွင်း တတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ တိုက်စစ်မှူးဟာ ဒိန်းမတ်နဲ့ပွဲမှာ ဂိုးမသွင်းယူ နိုင်ခဲ့ပေမယ့် ပွဲချိန်အတွင်း ဂိုးကန်သွင်းမှု ၅ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
ဘတ်ပီဟာ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ သြစတြီးယားကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပြင်သစ်အတွက် ခြေစွမ်း ပြသခဲ့ပြီး ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဘတ်ပီဟာဆိုရင် ဒီပွဲအပြီးမှာ ပီအက်စ်ဂျီအသင်းနဲ့ သွားရောက်ပူးပေါင်းကာ လီဂူးဝမ်းပွဲစဉ်အဖြစ် စနေနေ့မှာ နိုက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
အသက် ၂၃ နှစ်အရွယ်ရှိ ဘတ်ပီဟာ ပြင်သစ် လက်ရွေးစင်အတွက် ၅၉ ပွဲ ပါဝင်ကစားထားပြီး ၂၈ ဂိုး သွင်းယူကာ ကမ္ဘာ့ဖလားနဲ့ နေးရှင်းလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 913
CNI International News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆
လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းရလဒ်တွေမကောင်းဘူးဆိုရင် ထုတ်ပယ်ခံရမှာ သိတယ် လို့ နည်းပြဖြစ်သူ ဆောက်ဂိတ်က ဝန်ခံလိုက်ပါတယ်။
ဆောက်ဂိတ်က “ကျနော်ဟာ အခုအချိန်မှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်ကောင်း တွေကို ရယူနိုင်ဖို့ အာရုံစိုက်နေပါတယ်။ဒါပေမယ့် ကမ္ဘာ့ဖလားမှာ ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး နောက်ဆုံးမှာ အကဲဖြတ်ခံရမယ်ဆိုတာကို ကျနော်သိပါတယ်။စာချုပ်က ဘောလုံးလောကနဲ့ မသက် ဆိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုရင် ခင်ဗျားမှာ ၃ နှစ် ၊ ၄ နှစ်၊ ၅ နှစ်ဆိုတဲ့ စာချုပ်ရှိပေမယ့် ရလဒ်မကောင်းဘူး ဆိုရင် သီးခြားလမ်းကိုလျှောက်ဖို့ အချိန်တန်ပြီဆိုတာ ခင်ဗျားလက်ခံရပါမယ်။ကျနော်လည်း မခြားနား ပါဘူး။ချုပ်ဆိုထားတဲ့ စာချုပ်က အကာအကွယ်ပေးရလောက်အောင်အထိ တွေးဖို့ ကျနော့် မာနမကြီး ပါဘူး” လို့ ပြောခဲ့တာပါ။
အင်္ဂလန်ဟာ ယှဉ်ပြိုင်ကစားခဲ့ပြီးတဲ့ နေးရှင်းလိဂ် ၅ ပွဲမှာ နိုင်ပွဲပျောက်ဆုံးပြီး လိဂ် A ကနေ လိဂ် B ကို တန်းဆင်းသွားခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် ဆောက်ဂိတ်အပေါ် ဖိအားတွေကျရောက်နေပြီး ပရိသတ် တချို့က အီတလီအသင်းကို အရေးနိမ့်တဲ့ပွဲအပြီးမှာ ရာထူးက ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေ ရှိခဲ့တာပါ။ ဆောက်ဂိတ်နဲ့ အင်္ဂလန်အသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ၂၀၂၄ ဒီဇင်ဘာလအထိ သက်တမ်းရှိနေ တာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ စက်တင်ဘာ ၂၇ ရက်မနက်ပိုင်းမှာ ဂျာမနီအသင်းနဲ့ နေးရှင်းလိဂ် အုပ်စုနောက်ဆုံး ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး လက်ရှိအချိန်ထိ ကစားကွက်ကနေ ဂိုးမသွင်းနိုင်တာ မိနစ်ပေါင်း ၄၅၀ မိနစ် အထိ ရှိသွားခဲ့ပြီလည်း ဖြစ်တာပါ။ဒါ့အပြင် ဂျာမနီအသင်းကို အနိုင်မရခဲ့ဘူးဆိုရင် အင်္ဂလန်အသင်းဟာ ပြိုင်ပွဲအသွင်မှာ ပထမဆုံးအကြိမ် ၆ ပွဲစလုံးနိုင်ပွဲမရတဲ့ မှတ်တမ်းဆိုးတစ်ခုကိုလည်း ရရှိမှာပါ။
အင်္ဂလန်အသင်းတောင်ပံကစားသမား စတာလင်ကတော့ ဒီပွဲတွေမှာ ရလဒ်တွေဆိုးနေပေမယ့် ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ရလဒ်ကောင်းရမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ “ဒါက ခက်ခဲတဲ့ကာလ ဖြစ်နေ ပေမယ့် ဆောင်းရာသီမှာ ကောင်းမွန်တဲ့ အခွင့်အရေးမရဘူးလို့ ကျနော်တို့ တွေးနေမှာ မဟုတ်ပါဘူး။ ဒါက ကျနော်တို့အဖွဲ့ရဲ့ယုံကြည်မှုပါ။အခုအချိန်မှာ ရလဒ်မကောင်းပေမယ့် ကမ္ဘာ့ဖလားမှာ ရလဒ်ကောင်း တွေရမယ်လို့ ကျနော်တို့ အခိုင်အမာကို ယုံကြည်ပါတယ်။ထိတ်လန့်နေစရာမလိုဘူး” လို့ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ဆောက်ဂိတ်ရဲ့လက်ထက်မှာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက် နိုင်ခဲ့သလို၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါ တယ်။
Source:Mirror

- By CNI News
- Category: အားကစား
- Hits: 911
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၄
ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပရိသတ်လက်ထဲက ဖုန်းကို ရိုက်ချခဲ့တဲ့ ဗွီဒီယိုဖိုင်ကြောင့် အက်ဖ်အေရဲ့ စွဲချက်တင်ခြင်းကို ခံလိုက်ရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက အဲဗာတန်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ရော်နယ်ဒိုဟာ ကွင်းထဲက ထွက်လာချိန် ဥမင်လှိုဏ်ခေါင်းမှာ ပရိသတ်တစ်ဦးရဲ့ ဖုန်းကို ရိုက်ချခဲ့တာပါ။
ဒီအဖြစ်အပျက် ဗွီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံခဲ့ပြီး မှတ်ချက်တွေ အမျိုးမျိုး ရေးသားခဲ့ကြတာ ဖြစ်ပါ တယ်။ အသက် ၃၇ နှစ် အရွယ်ရှိ ရော်နယ်ဒိုဟာ ဒါနဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ ပြန်လည် တောင်းပန်မှု ပြုလုပ်ခဲ့ ပါတယ်။
ရော်နယ်ဒိုက “ကျနော်တို့ ကြုံတွေ့ရတဲ့ ခက်ခဲသော အခိုက်အတန့်တွေထဲမှာ စိတ်ခံစားမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ဘယ်တုန်းကမှ မလွယ်ကူခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ဟာ အမြဲတမ်း လေးစားမှု၊ စိတ်ရှည်မှုတွေနဲ့အတူ လှပတဲ့ ပွဲတွေကို နှစ်သက်တဲ့ လူငယ်တိုင်းအတွက် စံနမူနာဖြစ်ဖို့ လိုအပ်ပါတယ်။ ကျနော့်ရဲ့ ပေါက်ကွဲမှုအတွက် တောင်းပန်ချင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အိုးထရက်ဖို့ဒ်မှာ ပွဲလာရောက်ကြည့်ရှုဖို့ အဆိုပါ ပရိသတ်ကို ဖိတ်ခေါ် ချင်ပါတယ်”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
ရော်နယ်ဒို ပရိသတ်တစ်ဦးရဲ့ ဖုန်းကို ရိုက်ချလိုက်ခြင်း(MARCA)
ဒီအဖြစ်အပျက်ကြောင့် ပြီးခဲ့တဲ့ သြဂုတ်လက ရဲတပ်ဖွဲ့ဟာ ရော်နယ်ဒိုကို သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အခုအချိန်မှာ ဒီအပြုအမူဟာ မလုပ်သင့်တဲ့ လုပ်ရပ်ဆိုပြီး အက်ဖ်အေက ရော်နယ်ဒိုကို စွဲချက်တင်လာခဲ့တာ ဖြစ်ပါ တယ်။
ယူနိုက်တက်အသင်းကတော့ ဒီစွဲချက်အပေါ် တုံ့ပြန်ခဲ့ပြီး ရော်နယ်ဒိုဘက်က ရပ်တည်သွားမယ်လို့ ပြောထားတာ ပါ။ ရော်နယ်ဒို အနေနဲ့ အက်ဖ်အေရဲ့ စွဲချက်မှာ အပြစ်ရှိကြောင်း တွေ့ရမယ်ဆိုရင် သတိပေးခြင်း၊ ဒဏ်ကြေးငွေ ဒါမှမဟုတ် ပွဲပယ်ပြစ်ဒဏ် ကျခံရနိုင်ဖွယ် ရှိပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ဒီပွဲကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ထိခိုက်သွားခဲ့ပါတယ်။ အသင်းဟာ ရာသီကုန်ချိန်မှာ အဆင့် ၆ နေရာနဲ့သာ အဆုံးသတ်ပြီး အခု ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 1605
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၅
အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိတယ်လို့ နည်းပြဟောင်း အာဆင်ဝင်းဂါးက ပြောပါတယ်။
အာဆင်ဝင်းဂါးက “ ဒီရာသီမှာ ကြီးကြီးမားမား လွှမ်းမိုးထားတဲ့ အသင်းမရှိသေးတာကြောင့် အာဆင်နယ်အသင်း အနေနဲ့ အခွင့်အရေးကောင်းတွေရှိတယ်လို့ ပြောချင်ပါတယ်။ အသင်းအနေနဲ့ ဒါကိုလုပ်နိုင်ဖို့ အခွင့်အရေး ကောင်း တစ်ခုလို့ ကျနော်ယုံကြည်ပါတယ်။ ရာသီအလယ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲရှိလို့ ကစားသမားတစ်ဦးချင်းစီနဲ့ အသင်း အတွက် ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိမလဲဆိုတာ ခင်ဗျားတို့လည်း မသိနိုင်ပါဘူး။ အားလုံး ခြုံပြီးပြော ရရင် ဒီရာသီမှာ အာဆင်နယ်အတွက် အခွင့်အရေးကောင်းတွေ ရှိပါတယ်”လို့ Sky Sports ကို ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြသနေပြီး ၇ ပွဲ ကစားအပြီးမှာ ရှုံးပွဲ ၁ ပွဲသာ ရှိကာ ၆ ပွဲစလုံး အနိုင်ရရှိထားတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် အာဆင်နယ်အသင်းဟာ မန်စီးတီး၊ စပါးအသင်းတို့ရဲ့ အထက် ၁ မှတ်အသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၂၀၀၃-၀၄ ရာသီက နောက်ဆုံး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းသားများ အောင်ပွဲခံနေစဉ်(Eurosport)
အဲ့ဒီနောက်ပိုင်းမှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အောင်မြင်မှုနဲ့ ဝေးကွာခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ပါ ဆုံးရှုံးလာခဲ့တာပါ။
ဒီရာသီမှာတော့ နည်းပြ အာတီတာဟာ အာဆင်နယ်အသင်းကို ဝေးကွာနေတဲ့ အောင်မြင်မှုတွေ ပြန်လည်ရယူ နိုင်ဖို့ ကစားသမားသစ်တွေ ဖြည့်တင်းပြီး ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း လန်ဒန်ကလပ်ဟာ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ နိုင်ငံတကာ ပွဲစဉ်တွေအပြီး အောက်တိုဘာလ ၁ ရက်မှာ မြောက်လန်ဒန်ဒါဘီ ပွဲစဉ် အဖြစ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီပွဲအပြီးမှာ ယူရိုပါလိဂ်အုပ်စု ပွဲစဉ်အဖြစ် ဘိုဒိုဂီလင့်မ်၊ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းတို့နဲ့ ပွဲကြီးပွဲကောင်းတွေ ဆက်တိုက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: eusport