- By CNI
- Category: အားကစား
- Hits: 857
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ဂျီရိုနာကို အရေးနိမ့်တဲ့ပွဲမှာ အသင်းရဲ့အဆင့်က အလွန်နိမ့်ခဲ့တယ် လို့ ပြောလိုက်ပြီး ကစားသမားတွေကို ဝေဖန်လိုက်ပါတယ်။
အန်ဆယ်လော့တီက “ကျနော်တို့ရဲ့ အဆင့်က အလွန်နိမ့်ခဲ့ပါတယ်။အသင်းဟာ လုံးဝမကစားနိုင်ခဲ့လို့ ကျနော်တို့ တောင်းပန်ပါတယ်။ကျနော်တို့ ခံစစ်ပိုင်းက တကယ်ကို ညံ့ဖျင်းခဲ့ပြီး ဒါက ရှုံးနိမ့်ရတဲ့ အဓိကအချက်ပါပဲ။ ကျနော် တို့ဟာ စိုးရိမ်မှုတွေရှိနေကြပြီး တစ်ဦးချင်းစီ ကစားတာကိုပဲ အားကိုးနေကြတယ်”လို့ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဂျီရိုနာအသင်းနဲ့ ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ ၄ ဂိုး- ၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဂျီရိုနာအသင်းအတွက် ၄ ဂိုးစလုံးကို မေဂျာလိဂ်ကလပ် နယူးယောခ့်စီးတီးကနေ အငှားလာရောက် ကစား နေတဲ့ ကတ်စတယ်လန်နိုစ်က သွင်းယူခဲ့တာဖြစ်ပြီး ရီးရယ်လ်အတွက် ၂ ဂိုးကိုတော့ ဗီနီစီးယက်စ်နဲ့ ဗတ်စကွက် တို့က သွင်းယူခဲ့တာပါ။ဒီပွဲမှာ ရီးရယ်လ်ဘက်ကို ၄ ဂိုးစလုံးသွင်းယူခဲ့တဲ့ ကတ်စတယ်လန်နိုစ်ဟာ နှစ်ပေါင်း ၇၅ နှစ်အကြာမှ လာလီဂါပြိုင်ပွဲမှာ ရီးရယ်လ်ဘက်ကို တစ်ပွဲတည်း ၄ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ မန်စီးတီးအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မတိုင်ခင်မှာ ရလဒ်ဆိုးကြီး တစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။အန်ဆယ်လော့တီက မနှစ်ကရာသီ စပိန်ဒုတိယတန်းမှာ ကစားခဲ့ရတဲ့ ဂျီရိုနာကို အရေးနိမ့်ခဲ့တဲ့အပေါ် ပရိသတ်တွေစိတ်ပျက်နေတာကို လက်ခံခဲ့ပါတယ်။

အန်ဆယ်လော့တီက “ပရိသတ်တွေဟာ ကျနော်တို့လိုပဲ နာကျင်ပြီး ဒေါသထွက်နေကြပါလိမ့်မယ်။ ဒါပေမယ့် လည်း ကျနော်တို့မှာ ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ရှိနေတာကို သတိရဖို့ လိုအပ် ပါတယ်”လို့ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းရဲ့ ဒီရှုံးပွဲကြောင့် ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါပြိုင်ပွဲမှာ ၁ ပွဲလျော့နဲ့ ရမှတ် ၁၁ မှတ် ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ဧပြီ ၂၉ ရက်မှာ လာလီဂါပွဲစဉ်အဖြစ် အယ်လ်မာရီးယားအသင်းကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 1031
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆
အခုနှစ်ရာသီ ပရီးမီးယားလိဂ် ဆုဖလားအတွက် အဆုံးအဖြတ် ဖြစ်မယ့်ပွဲမှာ မန်စီးတီးအသင်းကို ကြောက်ရွံ့မှုနဲ့ ချဉ်းကပ်မယ်ဆိုရင် အာဆင်နယ်အသင်းရဲ့ ကစားသမားတွေကို သတ်ပစ်မယ်လို့ နည်းပြ အာတီတာက သတိပေး လိုက်ပါတယ်။
အာတီတာက “မန်စီးတီးကို မကြောက်ရွံ့ပါဘူး။ ဒီလိုသာဖြစ်ရင် ကစားသမားတွေကို ကျနော် သတ်ပစ်မှာပါ။ ဒီလို ဖြစ်မှာကို ကျနော်လုံးဝကို မလိုချင်ပါဘူး။ ဒါက ခက်ခဲတဲ့ ညတစ်ည ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အခွင့်အရေးက ကျနော်တို့အတွက် မယုံနိုင်လောက်အောင်ပါပဲ။ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရချင်ရင် မန်စီးတီးအိမ်ကွင်းဆီ သွားပြီး အနိုင်ယူရမှာပါ။ ခင်ဗျားတို့ အနေနဲ့ ချန်ပီယံဆုကို ရချင်ရင်တော့ ဒီပွဲတွေကို အနိုင်ရအောင် ယူရမှာပါ။ ဒါက ရိုးရှင်းပါတယ်”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ မန်စီးတီးအသင်းထက် ၅ မှတ်အသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကို ဦးဆောင်နေတာ ဖြစ်ပေမယ့် မန်စီးတီးအသင်းဟာ လက်ကျန်ပွဲ ၂ ပွဲကစားဖို့ ကျန်ရှိနေသေးပါတယ်။
အဲဒါကြောင့် အာဆင်နယ် အသင်းအနေနဲ့ ဒီပွဲမှာ အနိုင်ရလဒ် ရယူနိုင်မှသာ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား အတွက် မျှော်လင့်ချက်တွေကို ဆက်ပြီး ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။
မန်စီးတီးအတွက်ကလည်း ဒီရာသီမှာ ဆုဖလား ၃ လုံး ရယူနိုင်မယ့် အိပ်မက်ကို ဆက်လက် ရှင်သန်နိုင်ဖို့အတွက် ဒီပွဲမှာ ရလဒ်ကောင်း ရယူနိုင်ဖို့ လိုအပ်နေတာပါ။

မန်စီးတီးနဲ့ အာဆင်နယ် အသင်းကစားသမား ၂ ဦးကိုတွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၃ ပွဲဆက် သရေကျခဲ့တာကြောင့် ရမှတ်တွေ ဆုံးရှုံးခဲ့ရတာ ဖြစ်ပြီး မန်စီးတီးအသင်းကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၁၁ ပွဲအထိ နိုင်ပွဲရယူထားတာ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းနည်းပြ အာတီတာက ဒီပွဲဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
အာတီတာက “ဒီပွဲမှာ ကျနော်တို့ အနိုင်ရခဲ့ရင် အမှတ်ပေးဖလားကို မရသေးပါဘူး။ ရာခိုင်နှုန်း အပြောင်းအလဲ တော့ ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။ အီးတီဟတ်ကွင်းကို သွားရမှာ ခက်ခဲမယ်ဆိုတာကို သိပေမယ့် ဒီပွဲက ဒီရာသီကို အဆုံးအဖြတ် ပေးမှာလားဆိုရင်တော့ မဟုတ်ပါဘူး။ ကျနော်တို့ဟာ ဆောက်သမ်တန်နဲ့ ပွဲစဉ်က တုံ့ပြန် မှုမျိုးတွေကို မန်စီးတီးနဲ့ ပွဲမှာ ထပ်ပြီးပြသသွားမယ်”လို့ ပြောခဲ့တာပါ။
မန်စီးတီးနဲ့ အာဆင်နယ် အသင်းတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားမှာ ၂ ကြိမ် တွေ့ဆုံထားပြီး ၂ ကြိမ်စလုံး မန်စီးတီးအသင်းက အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 798
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၅
ဂျုဗင်တပ်စ်နဲ့ အင်တာမီလန်အသင်းတို့ ကစားခဲ့တဲ့ ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ လူကာကူအပေါ် လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပြီးနောက် ဂျူဗင်တပ်စ် ပရိသတ် ၁၇၁ ဦးကို အီတလီရဲ့တပ်ဖွဲ့က ပွဲကြည့်ခွင့် ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ပိတ်ပင်ခံခဲ့ရတဲ့ ဂျူဗင်တပ်စ်ပရိသတ် ၁၇၁ ဦးဟာ အားကစားကွင်းအတွင်း ဝင်ရောက်ခွင့်ရမှာ မဟုတ်သလို အားကစားကွင်း အတွင်းထဲမှာ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ခဲ့တဲ့အတွက် ဒဏ်ကြေးငွေလည်း ချမှတ်ခံခဲ့ရပါတယ်။
လက်ရှိအချိန်မှာ လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်ခဲ့တဲ့ နောက်ထပ် သူတွေကိုလည်း ဖော်ထုတ်နိုင်ဖို့ စုံစမ်းစစ်ဆေး မှုတွေ လုပ်ဆောင်နေတယ်လို့ သိရတာပါ။
လူကာကူဟာ ဒီပွဲမှာ အင်တာမီလန် အသင်းအတွက် ပင်နယ်တီကနေ အဖိုးတန် ချေပဂိုး သွင်းယူပြီး ၁ ဂိုးစီ သရေ ရလဒ် ထွက်ပေါ်အောင် စွမ်းဆောင်ခဲ့ပြီးနောက် ဂျူဗင်တပ်စ် ပရိသတ်တွေဟာ မျောက်အော်သံတွေ ပြုလုပ်ကာ လူမျိုးရေး ခွဲခြားခဲ့ပါတယ်။
လူကာကူရဲ့ ဂိုးသွင်းပြီး အောင်ပွဲခံခဲ့တဲ့ ပုံစံကိုလည်း ကွင်းလယ်ဒိုင်လူကြီးက အဝါကတ်ပြသကာ နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခဲ့ပါတယ်။

အင်တာမီလန်နဲ့ ဂျူဗင်တပ်စ် ယှဉ်ပြိုင်နေစဉ်
အင်တာမီလန်အသင်းဟာ လူကာကူရဲ့ ပွဲပယ်ကို အယူခံဝင်ခဲ့ပေမယ့် အီတလီ အားကစားခုံရုံးက ဒီပြစ်ဒဏ်ကို ထိန်းသိမ်းထားခဲ့ပါတယ်။
ဒါပေမယ့် အီတလီဘောလုံးအဖွဲ့ချုပ် အကြီးအကဲ ဂရာဗီနာက လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်တဲ့ အတိုင်းအတာ အဖြစ် ဒီဆုံးဖြတ်ချက်ကို ကြားဝင်စွက်ဖက်ပေးခဲ့လို့ ပွဲပယ်ပြစ်ဒဏ်ကနေ ပယ်ဖျက်ခံခဲ့ရပါတယ်။
အဲဒါကြောင့် လူကာကူဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ဒုတိယအကျော့ ပွဲစဉ်ကို ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပါတယ်။
လူကာကူက “ဂရာဗီနာရဲ့ ဝင်စွက်ဖက်မှုကြောင့် တရားမျှတမှုက ပြီးဆုံးသွားပြီဆိုတာ ကျနော် ယုံကြည်ပါတယ်။ ဒါက အားကစားလောက တစ်ခုလုံးနဲ့ ပြင်ပကို ကြီးမားတဲ့ သတင်းစကား ပေးပို့လိုက်တာပါပဲ။ ဒါဟာ လူမျိုးရေး ခွဲခြားမှုကို တိုက်ဖျက်လိုတဲ့ ဆန္ဒရှိနေတယ်ဆိုတာကို ပြသပါတယ်”လို့ ပြောခဲ့ပါတယ်။
အီတလီဘောလုံး အဖွဲ့ချုပ်ကတော့ လူမျိုးရေးခွဲခြားမှု ပုံစံအားလုံးကို တိုက်ဖျက်တာဟာ အားကစားစနစ်ရဲ့ အခြေခံမူတွေထဲက တစ်ခုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 1049
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆
ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံက အားကစားသမားတွေ ပါဝင်တဲ့ ပြိုင်ပွဲတွေမှာ ယူကရိန်း နိုင်ငံအသင်းတွေ ပါဝင်တာ ကို နိုင်ငံရဲ့ အစိုးရက ပိတ်ပင်ထားပေမယ့် ယူကရိန်းဘောလုံးအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ဆက်ပြီး ပါဝင် ကစားမယ်လို့ အတည်ပြုခဲ့ပါတယ်။
ဒီပိတ်ပင်မှုဟာ အိုလံပစ်၊ အိုလံပစ် မဟုတ်တဲ့ ပြိုင်ပွဲနဲ့ မသန်စွမ်း ပြိုင်ပွဲတွေမှာပါ သက်ရောက်မှု ရှိခဲ့ပါတယ်။
ကျင်းပနေတဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေမှာ ဘယ်လာရုစ်အသင်း ပါဝင်နေပေမယ့် ဒီခြေစစ်ပွဲမှာ ယူကရိန်းကို ပါဝင်ခွင့်ပေးတဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံရဲ့ အားကစားဝန်ကြီးဌာနက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ယူကရိန်းအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေကို ဆက်ပြီး ယှဉ်ပြိုင် ကစားခွင့်ရခဲ့တာပါ။
ယူကရိန်းအသင်းဟာ ဒီခြေစစ်ပွဲရဲ့ အုပ်စု C မှာ အင်္ဂလန်၊ အီတလီ၊ မြောက်မက်ဆီဒိုးနီးယား၊ မော်လ်တာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး ဘယ်လာရုစ်ကတော့ အုပ်စု I မှာ ဆွစ်ဇာလန်၊ ရိုမေးနီးယား၊ ကိုဆိုဗို၊ အန်ဒိုရာ၊ အစ္စရေးတို့နဲ့ ကျရောက်နေတာ ဖြစ်ပါတယ်။

ယူကရိန်းနဲ့ အင်္ဂလန်အသင်းကိုတွေ့ရစဉ်
ယူကရိန်းအသင်းဟာ ခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် အင်္ဂလန်အသင်းနဲ့ ကစားထားခဲ့တာမှာ ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့် ခဲ့တာပါ။
ယူကရိန်းအသင်းဟာ အုပ်စုဒုတိယ ပွဲစဉ်အဖြစ် ဇွန်လ ၁၆ ရက်မှာ မြောက်မက်ဆီဒိုးနီးယားနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ရုရှားကိုတော့ ယူအီးအက်ဖ်အေက သူတို့ လက်အောက်မှာ ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာပါ။
ရုရှားအသင်းဟာ ယူအီးအက်ဖ်အေအပြင် ဖီဖာရဲ့ ပိတ်ပင်မှုကိုလည်း ခံခဲ့ရလို့ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ပွဲမှာ ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။
ရုရှားအသင်းဟာ နိုင်ငံတကာ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရပေမယ့် ခြေစမ်းပွဲတွေတော့ ကစားခွင့် ရရှိထားပြီး မတ်လက အိမ်ကွင်းမှာ အီရတ်အသင်းနဲ့ နောက်ဆုံး ကစားခဲ့တာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 968
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၅
ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် တစ်ယောက် အကာအကွယ်ပါတဲ့ ဖိနပ် ဝတ်ဆင်ထား တဲ့ပုံကို ဇနီးဖြစ်သူက ပြသခဲ့ပြီးနောက် စပါးအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာဘူးလို့ သိရပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ဘရိုက်တန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ဆီမီး ဖိုင်နယ် ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါပေမယ့် ဘရူနိုဖာနန်ဒက်စ်ဟာ တိုက်စစ်မှူး ဝက်ဂ်ဟော့စ်နဲ့ လူစားမလဲခင် ပွဲချိန် ၁၀၁ မိနစ်အထိ ကွင်းထဲမှာ ရှိနေခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ရဲ့ ဇနီးဖြစ်သူ အန်နာပင်ဟိုဟာ အင်စတာဂရမ်မှာ ယူနိုက်တက် ကွင်းလယ် ကစားသမားရဲ့ ပုံကို တင်လိုက်ပြီးနောက် အသင်း ပရိသတ်တွေအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ရပါတယ်။
အန်နာပင်ဟို တင်ထားတဲ့ပုံမှာ ဘရူနိုဖာနန်ဒက်စ်ဟာ ဆိုဖာပေါ်မှာ ထိုင်နေပြီး သူ့ရဲ့ ညာဘက် ခြေထောက်ကို ကူရှင်ပေါ်မှာ ထင်ထားတာ တွေ့ရပါတယ်။
ဒါအပြင် သူ့ဘေးမှာရှိတဲ့ ကြမ်းပြင်ပေါ်မှာ အကာအကွယ်ပါတဲ့ ဖိနပ်တစ်ရံနဲ့ ချိုင်းထောက်တစ်စုံပါ ပါဝင်နေ ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ပွဲအပြီး ဝင်ဘာလေကွင်းက ထွက်ခွာချိန်မှာ ထော့နဲ့ထော့နဲ့ ဖြစ်နေတာကို မြင်တွေ့ခဲ့ ရကတည်းက ပရိသတ်တွေရဲ့ စိုးရိမ်မှုတွေ မြင့်တက်နေခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်နဲ့ ဝက်ဂ်ဟော့စ် လူစားလဲနေကြစဉ်
ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကို စပို့တင်းလစ္စဘွန်းကနေ ရောက်ရှိလာပြီးကတည်းက အသင်း အတွက် အရေးပါတဲ့ ကစားသမားအဖြစ် ခြေစွမ်းပြသနေပါတယ်။
ပေါ်တူဂီ ကစားသမားဟာ ဒီရာသီမှာ အသင်းခေါင်းဆောင်အဖြစ် ယူနိုက်တက်အသင်းရဲ့ ပွဲအများအပြားကို ဦးဆောင်ခဲ့ပြီး သူမပါဝင်နိုင်တဲ့ ပွဲတွေမှာ အသင်းရဲ့ ရလဒ်ပိုင်းဟာ အနည်းငယ် ဆိုးနေခဲ့တာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဆီဗီလာနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်ဟာ ပွဲပယ်ကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။
ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ ဆီဗီလာအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရပါ တယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီမှာ ယူနိုက်တက် အသင်းအတွက် ၁၀ ဂိုး သွင်းယူထားပြီး ၁၃ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။
လက်ရှိ ယူနိုက်တက်အသင်းမှာ အဓိက နောက်ခံလူတွေဖြစ်တဲ့ လီဆန်ဒရို မာတီးနတ်ဇ်နဲ့ ဗာရန်းတို့ ဒဏ်ရာ ကြောင့် အနားယူနေရပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၄ နေရာမှာရှိနေတဲ့ ယူနိုက်တက်အသင်းဟာ အဆင့် ၅ နေရာက စပါးအသင်းကို ၆ မှတ်ဖြတ်ထားပြီး ဧပြီလ ၂၈ ရက်မှာ ဒီနှစ်သင်း ထိပ်တိုက် တွေ့ဆုံကြရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 1486
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၅
အယ်လ်နာဆာအသင်းဟာ အယ်လ်ဝါဒါအသင်းကို အရေးနိမ့်ပြီး ဆော်ဒီဘုရင့်ဖလား ဆီမီးဖိုင်နယ်ကနေ ထွက်ခွာ ခဲ့ရပြီးနောက် အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဒေါသထွက် ပေါက်ကွဲနေခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အယ်လ်ဝါဒါအသင်းနဲ့ ဆော်ဒီပရိုလိဂ်မှာ ကစားခဲ့တုန်းက ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ၄ ဂိုးစလုံးကို ရော်နယ်ဒို တစ်ဦးတည်းက သွင်းယူခဲ့တာပါ။
ဒါပေမယ့် ဘုရင့်ဖလား ဆီမီးဖိုင်နယ်မှာတော့ အယ်လ်နာဆာ အသင်းဟာ အယ်လ်ဝါဒါအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ အယ်လ်ဝါဒါ ကစားသမား အယ်လ်ဟာဖစ်ဟာ ပွဲချိန် ၅၃ မိနစ်မှာ နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ် ခံခဲ့ရပေမယ့် အယ်လ်နာဆာ အသင်းဟာ သွင်းဂိုး မသွင်းနိုင်ခဲ့လို့ ဆုဖလားရမယ့် မျှော်လင့်ချက် အဆုံးသတ်ခဲ့ရတာပါ။
ရော်နယ်ဒိုဟာ ဒီပွဲမှာ ဂိုးရနိုင်မယ့် အခွင့်အရေး အများအပြားကို လွဲချော်ခဲ့ပြီး မိနစ် ၈၀ ကျော်မှာရတဲ့ ဂိုး ဧရိယာအတွင်းက ကန်သွင်းချက်ကလည်း တိုင်ထိထွက်ခဲ့လို့ အယ်လ်နာဆာအသင်း ဂိုးရနိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။
ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ဒီပွဲရဲ့ ပထမပိုင်းအပြီးမှာ အသင်း အရေးနိမ့်နေတဲ့အပေါ် စိတ်ပျက်နေပြီး အသင်းရဲ့ အရန်ခုံတန်းဘက်ကို ဒေါသထွက် ပေါက်ကွဲ အော်ဟစ်ကာ ဥမင်ထဲကို ဝင်ရောက်သွားခဲ့ပါတယ်။

ရော်နယ်ဒိုကိုတွေ့ရစဉ်
အယ်လ်နာဆာအသင်းဟာ ဆော်ဒီ ဘုရင့်ဖလား မတိုင်ခင်က ဆော်ဒီစူပါဖလားကနေ ထွက်ခွာခဲ့ရတာကြောင့် ဖလားပြိုင်ပွဲတွေမှာ ဆုဖလားရယူနိုင်မယ့် မျှော်လင့်ချက်တွေ အဆုံးသတ်သွားခဲ့ရပါတယ်။
ဒီရာသီမှာ အယ်လ်နာဆာအသင်းဟာ မျှော်လင့်စရာ တစ်လုံးတည်းသော ဆုဖလားကတော့ ဆော်ဒီပရိုလိဂ် အမှတ်ပေး ဖလားဖြစ်ပြီး လက်ရှိအချိန်မှာ အယ်လ်အစ်တီဟတ်အသင်းက ၃ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။
ဇန်နဝါရီက ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံ ရောက်ရှိလာခဲ့တဲ့ ရော်နယ်ဒိုဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၄ ပွဲကစားအပြီးမှာ ၁၁ ဂိုး သွင်းယူထားပေမယ့် နောက်ဆုံး ၃ ပွဲဆက် ဂိုးပေါက် ပျောက်ဆုံးနေပါတယ်။
အယ်လ်နာဆာ အသင်းဟာ ဧပြီလ ၂၈ ရက်မှာ ဆော်ဒီပရိုလိဂ် ပွဲစဉ်အဖြစ် အယ်လ်ရက်ဒ်အသင်းနဲ့ အိမ်ကွင်း ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 1146
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄
ချယ်လ်ဆီးအသင်းကနေ အင်တာမီလန်အသင်းထံ အငှားနဲ့ လာရောက်ကစားနေတဲ့ တိုက်စစ်မှူး လူကာကူက အီတလီ ကလပ်မှာပဲ ဆက်ပြီး ရှိချင်တယ်လို့ ပြောလိုက်ပါတယ်။
လူကာကူက “ကျနော့်မှာ ပရိသတ်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး အင်တာမီလန်အတွက် အရာအားလုံး ပေးစွမ်းနိုင်ဖို့ အမြဲတမ်း ကြိုးစားခဲ့ပါတယ်။ သူတို့ဟာ ကျနော့်ကို လွန်ခဲ့တဲ့ ၂ နှစ်က အောင်ပွဲခံဖို့ အခွင့်အရေး ပေးခဲ့ပါတယ်။ ကျနော် အင်တာမီလန်မှာ ဆက်ပြီး ရှိချင်ပါတယ်။ ဒါပေမယ့် တခြားလူတွေက စကားပြောတဲ့ အတွက် အဲဒါတွေကို အာရုံစိုက်ဖို့ လိုပါတယ်။ ကျနော့်ရဲ့ ရည်မှန်းချက်က အင်တာမီလန်အတွက် အကောင်းဆုံး ပေးဆပ်ဖို့ပါ”လို့ ပြောခဲ့တာပါ။
အသက် ၂၉ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ၂၀၂၁ ခုနှစ်က ပေါင် ၉၇.၅ သန်းနဲ့ အင်တာမီလန်ကနေ ချယ်လ်ဆီး အသင်းထံ ပြောင်းရွှေ့လာခဲ့ပေမယ့် ပထမရာသီမှာတင် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
အဲဒါကြောင့် လူကာကူဟာ ပြီးခဲ့တဲ့ နွေရာသီက အင်တာမီလန် အသင်းထံ အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပေမယ့် အီတလီကလပ်မှာလည်း ဒဏ်ရာတွေနဲ့အတူ ခက်ခဲတဲ့ရာသီကို ဖြတ်သန်းခဲ့ရတာပါ။

ချယ်လ်ဆီး အသင်းမှာ ကစားခဲ့တုန်းက လူကာကူကိုတွေ့ရစဉ်
အဲဒါကြောင့် အင်တာမီလန်အသင်းဟာ လူကာကူကို အပြီးသတ် ခေါ်ယူဖွယ်မရှိဘဲ စာချုပ်ကုန်ဆုံးချိန်မှာ ကစား သမားဟာ ချယ်လ်ဆီးအသင်းထံ ပြန်သွားလိမ့်မယ်လို့ အသင်းစီအီးအို မာရော့တာက ပြောခဲ့ပါတယ်။
ဒါပေမယ့် လူကာကူကတော့ အငှားစာချုပ် ကုန်ဆုံးချိန်မှာလည်း အင်တာမီလန် အသင်းမှာပဲ ဆက်ပြီး ရှိချင်တယ် လို့ အခိုင်အမာ ပြောခဲ့တာပါ။
ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူးဟာ အခုနောက်ပိုင်းပွဲတွေမှာ အင်တာမီလန် အသင်းအတွက် ခြေစွမ်းပြသနေပြီး နောက်ဆုံးကစားခဲ့တဲ့ အမ်ပိုလီနဲ့ပွဲမှာ ၂ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးခဲ့တာ ဖြစ်ပါတယ်။
လူကာကူဟာ ဒီရာသီမှာ အင်တာမီလန် အသင်းအတွက် ၂၆ ပွဲ ကစားထားပြီး ၉ ဂိုး သွင်းယူထားပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 957
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄
အသလက်တီကို မက်ဒရစ်အသင်းဥက္ကဋ္ဌ ကာရီဇိုက မက်ဆီနဲ့ ရော်နယ်ဒိုတို့နှစ်ဦး လာလီဂါကို ပြန်လာခဲ့မယ်ဆိုရင် အလွန်ကောင်းမယ်လို့ ပြောလိုက်ပါတယ်။
ကာရီဇိုက “မက်ဆီနဲ့ ရော်နယ်ဒိုတို့ လာလီဂါ ပြန်လာခဲ့မယ်ဆိုရင် အလွန်ကောင်းမယ်လို့ ကျနော်ထင်ပါတယ်။ နှစ်ဦးစလုံးက အခုအချိန်ထိ ကစားနေတုန်းဖြစ်ပြီး သူတို့သာ ပြန်လာခဲ့ရင် အလွန်ကောင်းမယ်လို့” တင်းနစ်ပွဲ တစ်ပွဲမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ဘောလွန်းဒီအောဆုကို ၇ ကြိမ် ရရှိထားတဲ့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရရှိသေးတာကြောင့် စာချုပ်ကုန်ဆုံးမယ့် အခုရာသီအကုန်မှာ ဘာစီလိုနာအသင်းထံ ပြန်လာနိုင်တယ်လို့ သတင်း တွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။
ဘောလွန်းဒီအောဆု ၅ ကြိမ် ရရှိထားတဲ့ ရော်နယ်ဒိုကတော့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာ လုပ်ခ လစာ အများအပြား ရရှိနေတာကြောင့် လာလီဂါကို ပြန်လာနိုင်ဖို့ အခွင့်အရေး နည်းပါးပုံရတာပါ။
ဒါပေမယ့် ကာရီဇိုကတော့ အချိန်တိုင်းရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားနှစ်ဦးဟာ အမြင့်ဆုံးအဆင့်မှာ ကစားဖို့ အချိန်တွေ ကျန်ရှိနေသေးတယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ မက်ဆီကို တွေ့ရစဉ်
မက်ဆီနဲ့ ရော်နယ်ဒိုတို့ လာလီဂါမှာ ကစားချိန်က ဒီလိဂ်ဟာ ကမ္ဘာပေါ်မှာ လူစိတ်ဝင်စားမှု အများဆုံးဖြစ်ခဲ့ပေမယ့် သူတို့နှစ်ဦး မရှိတော့တဲ့ အချိန်မှာ စိတ်ဝင်စားမှု ကျဆင်းလာခဲ့တာပါ။ သူတို့နှစ်ဦးဟာ ဘာစီလိုနာနဲ့ ရီးရယ်လ် အသင်းတွေအတွက် လာလီဂါနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းကတော့ လက်ရှိအချိန်မှာ မက်ဆီကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားနေပြီး ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှုတွေ ရှိခဲ့ပေမယ့် သဘောတူညီမှု မရရှိသေးပါဘူး။
မက်ဆီကတော့ ပီအက်စ်ဂျီအသင်းနဲ့ အခုနှစ်ရာသီ လီဂူးဝမ်းဖလား ရယူနိုင်ဖို့ကိုသာ အာရုံစိုက်ထားပြီး စာချုပ် ကုန်ဆုံးမယ့် ရာသီအကုန်မှသာ အနာဂတ်ကို ထုတ်ပြောဖို့ ရှိနေပါတယ်။
အာဂျင်တီးနား အသင်းခေါင်းဆောင်ကို ခေါ်ယူဖို့ အသင်းဟောင်း ဘာစီလိုနာ အသင်းအပြင် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီနဲ့ ဆော်ဒီကလပ် အသင်းတွေကလည်း စိတ်ဝင်စားမှုရှိနေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 925
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄
စပါးအသင်းခေါင်းဆောင် ဟူဂိုလိုရစ်က နယူးကာဆယ်အသင်းကို ဂိုးပြတ်အရေးနိမ့်ပြီးနောက် အသင်းအနေနဲ့ ပရိသတ်တွေကို တောင်းပန်သင့်တယ်လို့ ပြောခဲ့ပါတယ်။
ဟူဂိုလိုရစ်က “အလွန်ရှက်ဖို့ကောင်းပါတယ်။ကျနော်တို့ ပရိသတ်တွေကို တောင်းပန်သင့်ပါတယ်။ကျနော်တို့ ဒီနေ့ မှာ မျက်နှာကောင်းကောင်းမပြနိုင်ပါဘူး။နယူးကာဆယ်ရဲ့ စွမ်းဆောင်ရည်ကို မယှဉ်ပြိုင်နိုင်ခဲ့တာပါ။ ကျနော် တို့ဟာ ဘက်ပေါင်းစုံမှာနောက်ကျခဲ့ပြီး ပထမပိုင်းတစ်ပိုင်းလုံးကို အလွဲလွဲအချော်ချော်ဖြစ်ခဲ့ပါတယ်။ဒါဟာ တကယ်ကို နာကျင်ခဲ့ရပြီး ကျနော်တို့ဟာ တိုက်ပွဲဝင်လိုစိတ် မရှိခဲ့ပါဘူး။နယူးကာဆယ်နဲ့ စပါးအသင်းတို့ကြားမှာ အဆင့်ကွာခြားမှုရှိခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
နယူးကာဆယ်အသင်းကို ၆ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲမှာ စပါးအသင်းဟာ ပွဲချိန် ၂၁ မိနစ်မှာတင် ၅ ဂိုး ခွင့်ပြုခဲ့ရတာပါ။မာဖီနဲ့ အိုင်ဆက်ခ်တို့က ၂ ဂိုးစီသွင်းယူခဲ့ပြီး ဂျိုလင်တန်က ၁ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းအစမှာ ဟာရီကိန်းက စပါးအတွက် ချေပဂိုးပြန်သွင်းခဲ့ပေမယ့် လူစားဝင်လာတဲ့ ဝီလ်ဆင်က နယူး ကာဆယ်အတွက် နောက်ထပ်သွင်းဂိုးထပ်သွင်းခဲ့လို့ စပါးအသင်းဟာ ဂိုးပြတ်ရှုံးပွဲကြုံတွေခဲ့ရတာပါ။

တင်ပါးကြွက်သားဒဏ်ရာကြောင့် ဒုတိယပိုင်းအစမှာ လူစားလဲခဲ့ရတဲ့ ဟူဂိုလိုရစ်က စပါးအသင်းအနေနဲ့ ဒီပွဲမှာ သူတို့ပြသခဲ့တဲ့အရာတွေအတွက် တောင်းပန်ဖို့ လိုအပ်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။စပါးအသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေရရှိဖို့ ရုန်းကန်နေရပြီး နည်းပြ ကွန်တီကို ထုတ်ပယ်ကာ စတယ်လီနီကို ယာယီနည်းပြအဖြစ် ရာသီအကုန်ထိ ခန့်အပ်ထားပေမယ့် ရလဒ်တွေဟာ ဆိုးရွားနေတာပါ။
စပါးအသင်းဟာ ပြီးခဲ့တဲ့အပတ်ကလည်း ဘုန်းမောက်အသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၁ ပွဲသာအနိုင်ရခဲ့တာ ဖြစ်ပါတယ်။စပါးအသင်းဟာ နယူးကာဆယ်အသင်းကို အရေးနိမ့်ပြီးနောက် အဆင့် ၄ နေရာက ယူနိုက်တက် အသင်းထက် ၂ ပွဲပိုကစားထားပြီး ရမှတ် ၆ မှတ်အကွာနဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေတာပါ။
စပါးအသင်းဟာ လာမယ့်ကြားရက်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲအပြီးမှာ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ ပွဲကြပ်တွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 1151
CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄
ယူနိုက်တက်ဂိုးသမား ဒီဂီယာက မန်စီးတီးအသင်းကို အနိုင်ယူနိုင်တယ်ဆိုတာ ပြသထားပြီးသားလို့ အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာ မန်စီးတီးအသင်းနဲ့ တွေ့ဆုံရမယ့်အပေါ် ပြောလိုက်ပါတယ်။
ဒီဂီယာက “ဗိုလ်လုပွဲမှာ ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပွဲကြီး ပွဲကောင်းဖြစ်လာမယ်ဆိုတာ အသေအချာပါပဲ။ဒါပေမယ့် ကျနော်တို့က သူတို့ကို အနိုင်ယူနိုင်တယ်ဆိုတာကို ပြသထားပြီးသားပါ။အခုအချိန်မှာ ကျနော်တို့ဟာ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်အောင် အရင်ဆုံးလုပ်ဆောင်ပြီး ဗိုလ်လုပွဲမှာ အရာအားလုံးကို ပေးသွားမယ်” လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ကစားခဲ့တာမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲချိန်အတွင်းရော အချိန်ပိုမှာပါ ဂိုးမရှိ သရေကျနေခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်ပြီး ယူနိုက်တက်က ၇ ဂိုး- ၆ ဂိုးနဲ့ အနိုင်ရကာ ဗိုလ်လုပွဲ တက်နိုင်ခဲ့တာပါ။အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလားဗိုလ်လုပွဲအဖြစ် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ မန်ချက်စတာဒါဘီ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အခုနှစ်ရာသီမှာ ပြည်တွင်းဖလား ၁ လုံးဖြစ်တဲ့ ကာရာဘောင်းဖလားကို ရရှိထားပြီး နောက်ထပ်ပြည်တွင်းဖလား ၁ လုံးဖြစ်တဲ့ အက်ဖ်အေဖလားကို ရယူနိုင်ဖို့ မျှော်လင့်ချက် ရှိလာခဲ့တာပါ။ မန်စီးတီးကတော့ အခုနှစ်ရာသီမှာ ဆုဖလား ၃ လုံးရယူနိုင်ဖို့ အိပ်မက်မက်နေတာဖြစ်ပြီး ယူနိုက်တက် အသင်းအနေနဲ့ ဒါကို ရပ်တန့်အောင်လုပ်သွားမယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ယူနိုက်တက်ပရိသတ်တွေရဲ့ခံစားချက်ကို ကျနော်နားလည်ပါတယ်။ ဒီလိုမျိုးဖြစ်အောင် လုပ်ပေးဖို့အတွက်လည်း ကျနော်တို့မှာရှိတဲ့ အရာအားလုံးကို ပေးသွားမှာပါ။ကျနော်တို့ဟာ မန်စီးတီးအသင်းကို အိုးထရက်ဖိုဒ့်မှာ အနိုင်ရအောင် ကစားနိုင်တဲ့ သက်သေရှိပါတယ်။ဗိုလ်လုပွဲမှာလည်း ကျနော်တို့ ဒီလိုမျိုးပဲ ထပ်ပြီး လုပ်ဆောင်သွားဦးမှာပါ။အခုတော့ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်နိုင်အောင် အာရုံစိုက်ရမယ်” လို့ ပြောခဲ့ပါတယ်။
မန်စီးတီးနဲ့ ယူနိုက်တက်အသင်းတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်ရှိခဲ့ပြီး အီးတီ ဟတ်ကွင်းမှာ မန်စီးတီးအသင်းက ၆ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရခဲ့ကာ၊ အိုးထရက်ဖိုဒ့်မှာ ယူနိုက်တက်က ၂ ဂိုး - ၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
အခုလာမယ့် ပရီးမီးယားလိဂ်ပွဲမှာ မန်စီးတီးက အာဆင်နယ်၊ ယူနိုက်တက်က စပါးအသင်းတို့နဲ့ ပွဲကြီးပွဲကောင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source : DailyMail
