- By CNI
- Category: အားကစား
- Hits: 909
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၅
ဘာစီလိုနာအသင်းဟာ မြို့ခံပြိုင်ဘက် အက်စပန်ညိုအသင်းကို ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရပြီး ၂၇ ကြိမ်မြောက် လာလီဂါ ဆုဖလားကို ရယူနိုင်ခဲ့ပေမယ့် အက်စပန်ညို ပရိသတ်တွေ ကွင်းအတွင်း ဝင်ရောက် ကျူးကျော်မှုကြောင့် ကစား သမားတွေဟာ ဥမင်ထဲကို ထွက်ပြေးခဲ့ရပါတယ်။
ဘာစီလိုနာ ကစားသမားတွေဟာ ဒါဘီပြိုင်ဘက်ကို အနိုင်ရပြီးနောက် ကွင်းလယ်စက်ဝိုင်းမှာ လက်ချင်းချိတ်ကာ အောင်ပွဲခံနေခဲ့ကြပါတယ်။
ဒါပေမယ့် ဒေါသထွက်နေတဲ့ အက်စပန်ညို ပရိသတ်တွေဟာ လုံခြုံရေး အတားအဆီးတွေကို ချိုးဖျက်ကာ လာလီဂါ ချန်ပီယံအသင်းဆီ ဦးတည်သွားခဲ့ပါတယ်။
လုံခြုံရေးတွေဟာ ပရိသတ်တွေကို တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် ပရိသတ် အရေအတွက်က များတဲ့အတွက် ဘာစီလိုနာ ကစားသမားတွေဆီ ရောက်ရှိသွားခဲ့တာပါ။
ပရိသတ်အချို့ဟာ ဥမင်ထဲထိကိုပါ လိုက်သွားခဲ့ပြီး ဘာစီလိုနာ ကစားသမားတွေဖြစ်တဲ့ ဘတ်စ်ကွက်စ်၊ အလွန်ဆို တို့နဲ့ ထိပ်တိုက် တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်မှာ ဘာစီလိုနာ ကစားသမားတွေ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပေမယ့် ကွင်းထဲကနေ အမြန်ထွက်ခွာ ရတဲ့ ဖြစ်ရပ်ဟာ တုန်လှုပ်စရာ ဖြစ်ခဲ့ရပါတယ်။

အက်စပန်ညိုပရိသတ်တွေက ရန်ပြုနေစဉ်
အက်စပန်ညိုအသင်းဟာ လာလီဂါ အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန် အန္တရာယ် ကျရောက်နေချိန်မှာ မြို့ခံပြိုင်ဘက်ရဲ့ အောင်ပွဲခံနေတာကို ကြည့်နေရတဲ့အပေါ် အသင်းပရိသတ် တွေဟာ ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။
ဇာဗီက “အောင်ပွဲခံတာက ပုံမှန်ပါပဲ။ ဒါပေမယ့် ကျနော်တို့က အိမ်ကွင်း မဟုတ်တဲ့အတွက် မလေးမစားပြုလုပ်လို့ မရဘူးဆိုတာကို နားလည်ပါတယ်”လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ အခုနှစ်ရာသီ လာလီဂါပြိုင်ပွဲ ပြီးဆုံးဖို့ ၄ ပွဲ ကျန်ရှိနေသေးပေမယ့် ဒုတိယနေရာက ရီးရယ်လ်အသင်းကို ၁၄ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာကြောင့် ၂၀၁၈-၁၉ နောက်ပိုင်း ပထမဆုံး လာလီဂါဆုဖလား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီရာသီ ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်မှု မရခဲ့ပေမယ့် လာလီဂါဖလားနဲ့ စပိန်စူပါဖလား တို့ကို ရယူနိုင်ခဲ့တာပါ။
အက်စပန်ညို အသင်းအတွက်တော့ လာလီဂါမှာ ဆက်ပြီး ရှိနေနိုင်ဖို့အတွက် လက်ကျန် ၄ ပွဲစလုံးမှာ အနိုင်ရလဒ် တွေ ရယူနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 968
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၅
အာဆင်နယ်အသင်း နည်းပြ အာတီတာက ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ် အရေးနိမ့်ပြီးနောက် အသင်း အားပေးတဲ့ ပရိသတ်တွေကို တောင်းပန်သွားခဲ့ပါတယ်။
အာတီတာက “ဒါဟာ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲက ခံစားချက်နဲ့ တကယ့်ကို ကွဲပြားတဲ့ ခံစားမှုတစ်ခုပါ။ ကျနော် တို့ဟာ အချို့ အခိုက်အတန့်တွေမှာ အနိုင်ရဖို့ လိုအပ်တာကို တကယ်လုပ်ခဲ့တယ်လို့ ခံစားရပြီး ဒီပွဲမှာတော့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကစားခဲ့တဲ့ စွမ်းဆောင်ရည်အတွက် အသင်းပရိသတ်တွေကို ကျနော် တို့ တောင်းပန်ပါတယ်။ ဒါက လက်ခံနိုင်စရာ မရှိပါဘူး။ အခုအချိန်မှာ ပရီးမီးယားလိဂ် ဆုဖလားအတွက် စဉ်းစားဖို့ မဖြစ်နိုင်တော့ဘူး”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်နဲ့ ဘရိုက်တန်အသင်းတို့ ပွဲမတိုင်ခင် ကစားခဲ့တဲ့ အဲဗာတန်နဲ့ မန်စီးတီးအသင်းတို့ပွဲမှာ မန်စီးတီး အသင်းက အနိုင်ရခဲ့တာကြောင့် အာဆင်နယ် အသင်းအနေနဲ့ အနိုင်ရဖို့ လိုအပ်ခဲ့ပါတယ်။
ဒါပေမယ့် အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းကို ဒုတိယပိုင်းမှာ ပေးခဲ့ရတဲ့ ဂိုးတွေကြောင့် ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့် သွားခဲ့ပါတယ်။
လန်ဒန်ကလပ်ဟာ ဒီရှုံးပွဲကြောင့် ထိပ်ဆုံးနေရာက မန်စီးတီးအသင်းထက် ၁ ပွဲပို ကစားထားပြီး ၄ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရှိနေတာ ဖြစ်ပါတယ်။
အဲဒါကြောင့် မန်စီးတီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ခဲ့ရင် ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို ၂ နှစ်ဆက်တိုက် ရရှိသွားတော့မှာပါ။

အာဆင်နယ်အသင်းကိုတွေ့ရစဉ်
အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်က ဘရိုက်တန်အသင်းကို အရေးနိမ့်ပြီးနောက် သူတို့ရဲ့ ပရီးမီးယား လိဂ် မျှော်လင့်ချက် အဆုံးသတ် သွားခဲ့ပြီလို့ ဝန်ခံခဲ့ပါတယ်။
အိုဒီဂတ်က “ကျနော်တို့ မျှော်လင့်ချက် ပြီးဆုံးသွားပြီလို့ ခံစားရပါတယ်။ ရိုးရိုးသားသား ပြောရရင် ဒါက အလွန် ခက်ခဲသွားပြီလို့ ထင်ပါတယ်။ ဒုတိယပိုင်းမှာ ကစားခဲ့တဲ့ ကျနော်တို့ရဲ့ ကစားပုံက ကောင်းမွန်တဲ့ ခံစားချက်မျိုး မရှိခဲ့ပါဘူး။ ဒါက ကြီးကြီးမားမား စိတ်ပျက်ဖို့ ကောင်းပြီး၊ အခုအချိန်မှာ မျှော်လင့်ချက် မရှိတော့သလို ခံစားရပါ တယ်”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ရာသီအစကတည်းက ရလဒ်ကောင်းတွေကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် ရေပန်းစားခဲ့ပေမယ့် ဧပြီလအတွင်း ကစားခဲ့တဲ့ ပွဲတွေမှာ ရလဒ်တွေ မကောင်းခဲ့တာကြောင့် အဆင့် ၁ နေရာကို မန်စီးတီးအသင်းထံ လွှဲပြောင်းပေးခဲ့ရတာပါ။
အာဆင်နယ်အသင်းဟာ အခုလာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ် အသင်း အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1009
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၄
မကြာသေးခင်က ပွဲစဉ်တွေမှာ အမှားအယွင်းတွေ ပြုလုပ်ခဲ့ပေမယ့် ဂိုးသမား ဒီဂီယာကို ပွဲထွက် လူစာရင်းကနေ ချန်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူးလို့ ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ဒီဂီယာက သေချာပေါက် ကစားမှာ၊ သူ့ကို ပွဲထွက် လူစာရင်းကနေ ချန်ဖို့ ဘယ်တုန်းကမှ မစဉ်းစားဖူးပါဘူး။ စာချုပ်နဲ့ ပတ်သက်ပြီး ဒါတွေက အကြောင်းပြချက်လို့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ဒီဂီယာက အတွေ့အကြုံရှိတဲ့ သူမို့ပါ။ ထိပ်တန်း ကစားသမားတစ်ဦး အနေနဲ့ ခင်ဗျားမှာ ဒီလို အခြေအနေတွေ ရှိနေတယ်ဆိုရင် ခင်ဗျား လက်ခံရမှာပါပဲ။ ဒါကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ တောင်းဆိုချက်တွေကို ခင်ဗျားလုပ်ဆောင် ရမယ်”လို့ ပြောခဲ့တာပါ။
ဒီဂီယာဟာ ဒီရာသီမှာ သူ့ရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေကြောင့် အသင်းဟာ အရေးပါတဲ့ အမှတ်တွေ ဆုံးရှုံးနေ ရတဲ့အတွက် ဝေဖန်မှုတွေ ခံနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ အဲရစ်တန်ဟတ်ကတော့ ကစားသမားရဲ့ အတွေ့အကြုံတွေနဲ့ အရည်အချင်းတွေကို ယုံကြည်မှုရှိနေပြီး ပွဲထွက်လူစာရင်းကနေ ချန်ဖို့ မစဉ်းစားခဲ့တာပါ။

ဒီဂီယာနဲ့ အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်
ဒီဂီယာဟာ ယူနိုက်တက်အသင်း နောက်ဆုံးကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ သူ့ရဲ့ အမှားအယွင်းကြောင့် အသင်းဟာ အရေးနိမ့်သွားခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် လီဗာပူးလ်အသင်းရဲ့ ဖိအားပေးခြင်းကို ခံခဲ့ရပါတယ်။
စပိန်ဂိုးသမားနဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုရခြင်း မရှိသေးပါဘူး။
ယူနိုက်တက်အသင်းဟာ ဒီဂီယာကို စာချုပ်သစ်အတွက် ကမ်းလှမ်းထားပေမယ့် ပုံမှန်ကစားခွင့် ရဖို့အတွက်တော့ အာမခံချက်ပေးထားခြင်း မရှိတာ ဖြစ်ပါတယ်။ အဲရစ်တန်ဟတ်ကတော့ ဒီဂီယာကို အသင်းနဲ့ ဆက်ရှိစေချင်ပြီး စာချုပ်သစ် ချုပ်ဆိုစေချင်တယ်လို့ ပြောထားတာပါ။
၂၀၁၁ က အသလက်တီကို အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒီဂီယာဟာ ယူနိုက်တက် အသင်းအတွက် ပွဲပေါင်း ၅၄၀ ပါဝင် ကစားထားပြီး ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 985
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၃
နိုင်ငံရေး မငြိမ်မသက်မှုတွေကြောင့် ၂၀၂၃ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပြောင်းရွှေ့ပြီး ကျင်းပဖို့ စဉ်းစားနေ တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ယူအီးအက်ဖ်အေက အစ္စတန်ဘူလ်မှာပဲ ကျင်းပမယ်လို့ မေလ ၁၂ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ယူအီးအက်ဖ်အေက “ချန်ပီယံလိဂ် ဗိုလ်လုပွဲနဲ့ ပတ်သက်ပြီး ရပ်တည်ချက်ကို ရှင်းလင်းချင်ပါတယ်။ ၂၀၂၃ ခုနှစ် အတွက် ကျင်းပမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို စီစဉ်ထားတဲ့အတိုင်း ဇွန်လ ၁၀ ရက် အစ္စတန်ဘူလ်မှာ ကျင်းပသွား မှာ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေဟာ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ အစိုးရတွေ ဒါမှမဟုတ် နိုင်ငံရဲ့ ဘောလုံးအဖွဲ့ ချုပ်နဲ့ ဆန့်ကျင်ဘက် ဆွေးနွေးတာတွေ မရှိဘူး”လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
မေလ ၁၄ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ သမ္မတ ရွေးကောက်ပွဲအပြီးမှာ တူရကီနိုင်ငံရဲ့ မြို့တော်မှာ မငြိမ်မသက် ဖြစ်လာနိုင်တာကြောင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လစ္စဘွန်းမြို့မှာ ပြောင်းလဲ ကျင်းပနိုင်တယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။

ဘောလုံးကွင်းနဲ့ အာဒိုဂန်ကိုတွေ့ရစဉ်
လက်ရှိ အချိန်မှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်တွေရဲ့ ပထမအကျော့ ပွဲစဉ်တွေ ကစားထားပြီး ရီးရယ်လ်နဲ့ မန်စီးတီး အသင်းတို့ပွဲက ၁ ဂိုးစီသရေ၊ အေစီမီလန်နဲ့ အင်တာမီလန် အသင်းတို့ပွဲမှာ အင်တာမီလန်က ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိထားပါတယ်။
အဲဒါကြောင့် ဒုတိယအကျော့ ပွဲတွေမှာ ရလဒ်ကောင်းရတဲ့ အသင်း ၂ သင်းဟာ Ataturk Olympic အားကစား ကွင်းမှာ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
၂၀၂၀ တုန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုလည်း အစ္စတန်ဘူလ်မှာ ကျင်းပဖို့ သတ်မှတ်ခဲ့ပေမယ့် ကိုဗစ်ကြောင့် လစ္စဘွန်းကို ပြောင်းရွှေ့ကာ နောက်ဆုံး ၈ သင်းအဆင့် ပုံစံနဲ့ ကျင်းပခဲ့ရတာပါ။
အဲဒါကြောင့် အခုနှစ်ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အစ္စတန်ဘူလ်မှာ ပြန်ပြီးကျင်းပဖို့ ယူအီးအက်ဖ်အေက သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 877
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၃
ဟာလန်းကို ဝယ်ယူဖို့အတွက် ၂၀၁၈ တုန်းက ယူနိုက်တက်အသင်းကို ပြောခဲ့ပေမယ့် ငြင်းဆန်ခဲ့တယ်လို့ နည်းပြဟောင်းနဲ့ ကစားသမားဟောင်းဖြစ်သူ ဆိုးလ်ရှားက ပြောလိုက်ပါတယ်။
ဆိုးလ်ရှားက “ကျနော်ဒီအသင်းကို မကိုင်တွယ်ခင် ၆ လလောက်တုန်းက ယူနိုက်တက်ကို ဖုန်းဆက်ခဲ့ပြီး ဟာလန်း ကို ဝယ်ယူဖို့ ပြောခဲ့ပေမယ့် သူတို့နားမထောင်ခဲ့ပါဘူး။ဟာလန်းအတွက် ပေါင် ၄ သန်းပဲတောင်းခဲ့ပေမယ့် သူတို့က ဟာလန်းကို လက်မှတ်မထိုးခဲ့ကြပါဘူး” လို့ ပြောခဲ့တာပါ။
ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမတိုင်ခင် ၆ လအလိုမှာ အသင်းကို ဟာလန်းနဲ့ပတ်သက်ပြီး စတင်ပြောခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ နော်ဝေကလပ် မိုလ်ဒီအသင်းမှာ အတူလက်တွဲအလုပ်လုပ်ခဲ့ကြတာကြောင့် ဆိုးလ်ရှားဟာ ဟာလန်းရဲ့ ကြီးမားတဲ့ အလားအလာကို သိရှိနေတာပါ။ နော်ဝေတိုက်စစ်မှူးဟာ ၂၀၁၉ မှာ ရက်ဘူးဆဲလ်ဘတ်အသင်းထံ ပြောင်းခဲ့ပြီး အဲ့ဒီနောက်မှာ ဒေါ့မွန်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာတော့ ဟာလန်းဟာ ယူနိုက်တက်အသင်းရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်း ထံ ပြောင်းရွှေ့လာခဲ့ပြီး စံချိန်အများအပြားကို ချိုးဖျက်ကာ စံချိန်သစ်တွေကို တင်နေခဲ့တာပါ။ဟာလန်းဟာ ဆိုးလ်ရှားလက်ထက် မိုလ်ဒီအသင်းမှာ ကစားခဲ့တဲ့အချိန်တုန်းက ခြေစွမ်းပြသနိုင်ခဲ့ပြီး ပွဲပေါင်း ၅၀ ကစားခဲ့တာမှာ ဂိုး ၂၀ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဆိုးလ်ရှားဟာ ၂၀၁၈ မှာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ မိုလ်ဒီကနေ ထွက်ခွာလာခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာတော့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။

ဟာလန်းကတော့ မန်စီးတီးအသင်းအတွက် ပထမဆုံးကစားတဲ့ ရာသီမှာတင် ဂိုးသွင်းစွမ်းရည်တွေ ပြသနေပြီး ပြိုင်ပွဲစုံ ၄၇ ပွဲမှာ စံချိန်တင် ၅၁ ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။မန်စီးတီးအသင်းထံ ဟာလန်းပြောင်းရွှေ့ ခဲ့တုန်းက နည်းပြဟောင်း ဆိုးလ်ရှားက ဂုဏ်ယူကြောင်း မက်ဆေ့ချ်ပေးပို့ခဲ့သေးတာပါ။
ဟာလန်းက “ကျနော် မန်စီးတီးနဲ့ စာချုပ်ချုပ်တုန်းက သူက ကျနော့်ကို ဂုဏ်ပြုခဲ့ပြီး မန်ချက်စတာရဲ့ မှားယွင်းတဲ့ ဘက်အခြမ်းကို ရောက်သွားတဲ့အတွက် ကံကောင်းပါစေလို့ ပြောခဲ့ပါတယ်။ကျနော်တို့နှစ်ဦးဟာ မကြာခဏ စကားပြောခဲ့ပါတယ်။သူဟာ ကျနော် မိုလ်ဒီမှာရှိတဲ့ အချိန်တုန်းက ကျနော့်ရဲ့ ကစားသမားဘဝကို ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့ပါတယ်။သူက အလွန်ကောင်းတဲ့သူပါ”လို့ ပြောခဲ့ပါတယ်။
ဟာလန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန် တင်ထားသလို၊ မန်စီးတီးအသင်းနဲ့ တစ်ရာသီအတွင်း ဆုဖလား ၃ လုံးရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 1096
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၂
ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ လေဗာကူဆင်အသင်းကို အနိုင်ရခဲ့ပေမယ့် မိမိတို့ ဘာမှ မလုပ်ဆောင်ရသေးဘူးလို့ အသင်းကို သတိပေးလိုက်ပါတယ်။
မော်ရင်ဟိုက “လေဗာကူဆင်လို အသင်းမျိုးနဲ့ ကစားရတာဟာ စိတ်ဓါတ်ပိုင်းအရ အလွန်ခက်ခဲတာကြောင့် ဒီပွဲက လွယ်ကူတဲ့ ပွဲတစ်ပွဲတော့ မဟုတ်ခဲ့ပါဘူး။ ဒီပထမပိုင်းမှာ ကောင်လေးတွေက ကောင်းမွန်စွာ အနိုင်ရခဲ့ပေမယ့် ကျနော်တို့ ဘာမှ မလုပ်ဆောင်ရသေးပါဘူး”လို့ Sky Sports ကို ပြောခဲ့ပါတယ်။
ရိုးမားအသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ လူငယ်ကြယ်ပွင့် ကစားသမား ဘိုဗီရဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့် လေဗာကူဆင်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ရိုးမားအသင်းဟာ အိမ်ကွင်းမှာ ကစားတဲ့ပွဲမှာ ဂိုးရလဒ် မပြတ်သားခဲ့တာကြောင့် ဒုတိယအကျော့ လေဗာကူဆင် အသင်း အိမ်ကွင်းမှာ ကစားမယ့် ပွဲမှာတော့ အကြိတ်အနယ်ထပ်ပြီး ယှဉ်ပြိုင်ရဦးမှာပါ။

ရိုးမားနဲ့ လေဗာကူဆင် ယှဉ်ပြိုင်နေစဉ်
ရိုးမားအသင်းဟာ ပြီးခဲ့တဲ့ရာသီ ယူရိုပါကွန်းဖရန့်စ်လိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ထားပြီး အခုနှစ်ရာသီ ယူရိုပါလိဂ် ပြိုင်ပွဲမှာပါ ဗိုလ်လုပွဲ တက်နိုင်ခဲ့ရင် ဥရောပပြိုင်ပွဲတွေမှာ ၂ နှစ်ဆက်တိုက် ဗိုလ်လုပွဲ တက်နိုင်မှာ ဖြစ်ပါတယ်။
ဒီပွဲမှာ ရိုးမားအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဒိုင်ဘားလားနဲ့ ဝစ်ချ်နယ်လ်ဒန်းတို့ဟာ ကြံ့ခိုင်မှု မပြည့်ဝ တာကြောင့် လူစားလဲ ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတာဖြစ်ပြီး နည်းပြ မော်ရင်ဟိုကတော့ ဂျာမနီမှာ ကစား မယ့် ဒုတိယအကျော့ပွဲမှာ သူတို့နှစ်ဦးဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။
မော်ရင်ဟိုက “ကျနော်တို့မှာ ဒဏ်ရာတွေ အများကြီးရှိခဲ့လို့ ဒီအခြေအနေတွေကို ကိုင်တွယ်ရတာ ခက်ခဲလွန်းပါ တယ်။ သူတို့တွေနဲ့ စကားမပြောရသေးပေမယ့် ဆိုးဆိုးရွားရွား မဖြစ်ဘူးဆိုရင်တော့ လာမယ့် ကြာသပတေးနေ့ပွဲ မှာ သူတို့ကစားနိုင်မလားဆိုတာ ကြည့်ရအောင်”လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေခဲ့တာ ဖြစ်ပါတယ်။
ရိုးမားအသင်းဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲမတိုင်ခင်မှာ စီးရီးအေပွဲစဉ်အဖြစ် ဘိုလော့ဂ်နာ အသင်းနဲ့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 994
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၂
အာဆင်နယ်အသင်းရဲ့ အဓိက နောက်ခံလူတွေဖြစ်တဲ့ ဆလီဘာနဲ့ ဇင်ချန်ကိုတို့ဟာ အခုရာသီ အကုန်ထိ အသင်း အတွက် ပါဝင်ပေးနိုင်တော့မှာ မဟုတ်ဘူးလို့ နိုင်ငံတကာ အားကစားသတင်းတွေမှာ ဖော်ပြထားပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ထိပ်ဆုံးနေရာက မန်စီးတီးအသင်းကို အမှီလိုက်ဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ အဓိက ကစားသမား ၂ ဦး ဒဏ်ရာကြောင့် အနားယူရမှာက အသင်းအတွက် ထိုးနှက်ချက် အဖြစ် ရှိလာခဲ့ပါတယ်။
သူတို့ ၂ ဦးစလုံးဟာ အာဆင်နယ်အသင်းရဲ့ ဦးစားပေး နောက်ခံလူတွေ ဖြစ်တဲ့အတွက် နည်းပြ အာတီတာဟာ ပရီးမီးယားလိဂ် လက်ကျန် ၃ ပွဲမှာ အဓိက ကစားသမား ၂ ဦးမပါဘဲ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
ဇင်ချန်ကိုဟာ နယူးကာဆယ် အသင်းကို အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့အပတ်က ပရီးမီးယားလိဂ်ပွဲမှာ ခြေသလုံး ကြွက်သား ဒဏ်ရာရခဲ့တာဖြစ်ပြီး ဒီဒဏ်ရာဟာ လက်ကျန်ပွဲတွေမှာ ပါဝင်နိုင်ဖို့အတွက် အချိန် မလုံလောက်ဘူးလို့ သိရပါတယ်။
အဲဒါကြောင့် နည်းပြ အာတီတာဟာ ဇင်ချန်ကို နေရာမှာ တီယာနေးကို ပွဲထွက် ကစားသမားအဖြစ် အသုံးပြုရ တော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကိုတွေ့ရစဉ်
ဆလီဘာကတော့ စပို့တင်းလစ္စဘွန်းကို အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ် ပွဲမှာရခဲ့တဲ့ ဒဏ်ရာကြောင့် မတ်လလယ် ကတည်းက အာဆင်နယ်အတွက် မပါဝင်နိုင်ခဲ့ပါဘူး။
ပြင်သစ်နောက်ခံလူဟာ ဒဏ်ရာကြောင့် ဒီရာသီမှာ အသင်းအတွက် ထပ်ပြီးကစားပေးဖို့ မဖြစ်နိုင်တော့ဘူးလို့ ဒေးလီးမေးလ်က ဧပြီလ ၁၆ ရက်က ဖော်ပြခဲ့တာပါ။
အာဆင်နယ် အသင်းဟာ ဆလီဘာ မပါဝင်နိုင်တဲ့ ပွဲတွေမှာ ဗဟိုနောက်ခံလူအဖြစ် ဟိုးလ်ဒင်းနဲ့ ဂါဘရီရယ်လ် အတွဲကို အသုံးပြုခဲ့ပေမယ့် ရလဒ်တွေက ဆိုးခဲ့တာကြောင့် အဆင့် ၁ နေရာကို မန်စီးတီးအသင်းထံ လွှဲပေးခဲ့ရတာ ဖြစ်ပါတယ်။
လန်ဒန်ကလပ်ဟာ ချယ်လ်ဆီးနဲ့ နယူးကာဆယ် အသင်းတို့ကို အနိုင်ရတဲ့ ပွဲတွေမှာတော့ ခီဗီရာနဲ့ ဂါဘရီရယ်လ် တို့ကို တွဲဖက်အသုံးပြုခဲ့လို့ နိုင်ပွဲတွေ ပြန်လည် ရယူနိုင်ခဲ့ပါတယ်။
အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲမှာလည်း ခီဗီရာနဲ့ ဂါဘရီရယ်လ်တို့ကို ဗဟိုနောက်ခံလူအဖြစ် အသုံးပြုပြီး တီယာနေးကို ဘယ်နောက်ခံလူအဖြစ် အသုံးပြုကာ ပွဲထွက်လာဖို့ ရှိနေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းနဲ့ ပွဲအပြီးမှာတော့ နော်တင်ဟမ်ဖောရက်စ်၊ ဝုလ်ဗ်စ်အသင်းတို့နဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်တွေကို ဆက်ပြီး ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 1036
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၂
ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ရာသီအစောပိုင်းက ဝေဖန်တဲ့သူတွေကို နှုတ်ဆိတ်သွားအောင် လုပ်ပြီးနောက် အသင်းဟာ ထိပ်ဆုံး ၄ သင်းနဲ့ ရာသီအဆုံးသတ်ဖို့ ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “အသင်းဟာ ထိပ်ဆုံး ၄ နေရာမှာပဲ ရှိနေရပါမယ်။ ကစားသမားတွေကလည်း အဲဒီနေရာမှာ ပဲ ရှိနေဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ ယူနိုက်တက်ဟာ ထိပ်ဆုံး ၄ နေရာအတွက် တိုက်ပွဲဝင်နိုင်မယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ပေမယ့် ဒီရာသီမှာ အသင်းဟာ အလွန်ကောင်းမွန်စွာ လုပ်နိုင်ခဲ့ပါတယ်။ ရာသီအစမှာ ဆိုရင် ကျနော်တို့ကို ထိပ်ဆုံး ၆ သင်းထဲ ဝင်ရောက်မယ်လို့ ဘယ်သူကမှ ထည့်မတွက်ထားပါဘူး။ ဒါပေမယ့် ကျနော်တို့ ဒီထက်ပိုပြီး မြင့်မားတဲ့အဆင့်မှာ ရပ်တည်နိုင်တယ်ဆိုတာ သိပါတယ်။ မကြာခင်မှာဆို ကလပ်အသင်း ဟာ ပိုပြီးကြီးမားတဲ့ အရာတွေအတွက် တိုက်ပွဲဝင်တော့မှာပါ”လို့ Sky Sports ကို ပြောပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ပွဲအများအပြား ပါဝင်ကစား ထားပြီး ခြေစွမ်းကောင်းတွေ ပြသနေတာ ဖြစ်ပါတယ်။
ယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲမှာ ဘရိုက်တန်၊ ဝက်စ်ဟမ်း အသင်းတွေကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ထားပြီး အဆင့် ၅ နေရာက လီဗာပူးလ်အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် ဖိအားပေးခြင်းကို ခံနေရတာပါ။

ဘရူနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်
နည်းပြ အဲရစ်တန်ဟတ်က ကစားသမားတွေဟာ ပင်ပန်းနွမ်းနယ်မှုကို ကြုံတွေ့နေရတယ်လို့ ပြောတဲ့အပေါ်မှာ ဘရူနိုဖာနန်ဒက်စ်က ဒါကို ပယ်ချခဲ့ပြီး အသင်းဟာ ဒီရာသီမှာ ထိပ်ဆုံး ၄ သင်းနဲ့ အဆုံးသတ်မယ်လို့ ယုံကြည်နေ တာ ဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “ပင်ပန်းနွမ်းနယ်မှုက အမြဲတမ်း ရှိနေပါတယ်။ ကျနော်တို့ဟာ ပွဲတွေအများကြီး ကစားတဲ့အတွက် ဒါက ပုံမှန်ပါပဲ။ ကျနော်တို့ကတော့ တတ်နိုင်သမျှ ပွဲတွေ အများကြီး ကစားချင်ပြီး ဆုဖလားတွေ ဆွတ်ခူး နိုင်မယ့် ဗိုလ်လုပွဲအထိ ရှိနေချင်တာပါ။ ဖြစ်နိုင်တဲ့ အနားယူဖွယ် နည်းလမ်းတွေကိုတော့ ရှာဖွေရမယ်”လို့ ပြောခဲ့ တာပါ။
လက်ရှိအချိန်မှာ ယူနိုက်တက် အသင်းဟာ လီဗာပူးလ် အသင်းထက် ၁ မှတ်အသာနဲ့ ပွဲကျန်ကစားဖို့ ၁ ပွဲ ကျန်ရှိ နေသေးတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်ဖို့အတွက် အားသာချက်တွေတော့ ရှိနေတာ ဖြစ်ပါတယ်။
ယူနိုက်တက် အသင်းဟာ ဒီတစ်ပတ် အိုးထရက်ဖို့ဒ်မှာ ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အလွန်အရေးပါတဲ့ ၃ မှတ်ရယူနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 863
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၁
ဘိုင်ယန်မြူးနစ်အသင်း စီအီးအို အိုလီဗာခန်းက အသင်းအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီက ဟာလန်းကို ခေါ်ယူနိုင်ဖို့ အတွက် အရာအားလုံး ကြိုးစားခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
အိုလီဗာခန်းက “လွန်ခဲ့တဲ့တစ်နှစ်က ဟာလန်းကို ခေါ်ယူနိုင်ဖို့အတွက် အရာအားလုံး ကြိုးစားခဲ့ပြီး ကျနော်တို့ရဲ့ ဘဏ္ဍာရေး ကန့်သတ်ချက်ကိုတောင် ရောက်သွားခဲ့ပါတယ်။ ကျနော်တို့ ဆုံးဖြတ်ရမှာက ကျနော်တို့ရဲ့ လုပ်ခလစာ ဖွဲ့စည်းတဲ့ ပုံစံကို ချိုးဖောက်ချင်တာလား ဆိုပြီးတော့ပေါ့။ အဲဒီအတွက် ကျနော်တို့ဘက်က အဆင်သင့် မဖြစ်ခဲ့ပါ ဘူး။ ဒါက ဘိုင်ယန်ရဲ့ ပုံစံမဟုတ်ပါဘူး”လို့ ပြောခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒေါ့မွန်အသင်းမှာ ဟာလန်း ကစားနေတဲ့ ပြီးခဲ့တဲ့ရာသီက ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ ပေမယ့် ကစားသမားကတော့ မန်စီးတီးအသင်းဆီ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၅၁.၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့ ပါတယ်။
ဟာလန်းဟာ အင်္ဂလန်မှာ ကစားတဲ့ ပထမရာသီမှာတင် ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအတွင်း ဂိုးသွင်း အများဆုံး ကစားသမားဆိုတဲ့ စံချိန် အပါအဝင် စံချိန်ပေါင်းများစွာကို တင်နိုင်ခဲ့ပါတယ်။
ဒါအပြင် အသက် ၂၂ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ မန်စီးတီးအသင်းကို တစ်ရာသီအတွင်း ဆုဖလား ၃ လုံး ရယူနိုင် မယ့် မျှော်လင့်ချက်ကိုလည်း အသက်သွင်းပေးနေတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ် အနေနဲ့ ဘဏ္ဍာရေး အင်အား တောင့်တင်းမယ်ဆိုရင် ဟာလန်းကို ခေါ်ယူနိုင်မယ့် အခြေအနေဟာ ကွဲပြားသွားနိုင်တယ်လို့လည်း အိုလီဗာခန်းက ပြောခဲ့တာပါ။

မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ် ယှဉ်ပြိုင်နေစဉ်
ဘိုင်ယန်မြူးနစ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီးကို ဘာစီလိုနာအသင်းထံ ရောင်းချခဲ့ပေမယ့် တိုက်စစ်မှူး တစ်ဦးကို အစားမထိုးနိုင်ခဲ့ပါဘူး။
ဂျာမန်ကလပ်ဟာ ပြီးခဲ့တဲ့လက နည်းပြဖြစ်သူ နာဂျယ်လ်စမန်းကို ထုတ်ပယ်ကာ ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီ အသင်းနည်းပြဟောင်း တူချယ်လ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။
တူချယ်လ်ရဲ့ လက်ထက်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်ပိုကယ်ဖလားကနေ ထွက်ခွာခဲ့ရသလို ချန်ပီယံ လိဂ် ဖလားကနေလည်း ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် ဘွန်ဒစ်လီဂါဖလားသာ ကျန်ရှိတော့တာပါ။
ဒီရာသီ ဘွန်ဒစ်လီဂါဖလား ပြိုင်ပွဲပြီးဆုံးဖို့ ၃ ပွဲသာ ကျန်ရှိတော့တဲ့ အချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒုတိယ နေရာက ဒေါ့မွန်အသင်းကို ရမှတ် ၁ မှတ်အသာနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါ တယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 1140
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၁
ပီအက်စ်ဂျီအသင်း နည်းပြသစ် ဖြစ်လာဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ရိုးမား အသင်းနည်းပြ မော်ရင်ဟိုက ငြင်းဆန်လိုက်ပါတယ်။
သူတို့နဲ့ ဘယ်တုန်းကမှ စကားမပြောဖူးဘူးလို့လည်း မော်ရင်ဟိုက ပြောပါတယ်။
မော်ရင်ဟိုက “ပီအက်စ်ဂျီဘက်က ဖုန်းခေါ်လာရင်လည်း သူတို့ ကျနော်နဲ့ တွေ့မှာမဟုတ်ပါဘူး။ ကျနော် သူတို့နဲ့ စကားမပြောဖူးဘူး”လို့ Sky Sports Italia ရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။
မကြာသေးခင်က ပြင်သစ်ကလာတဲ့ သတင်းတွေမှာ ပီအက်စ်ဂျီအသင်းဟာ မော်ရင်ဟိုနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ကာ သဘောတူညီမှု ရယူနိုင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ ဖော်ပြထား ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဒီရာသီမှာ သူတို့မျှော်လင့်ထားတဲ့ ပစ်မှတ်ကို မရောက်ခဲ့တာကြောင့် ရာသီအကုန်မှာ နည်းပြ ဂယ်လ်တီယာကို ရာထူးက ထုတ်ပယ်ပြီး သူ့နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေတာပါ။
ဒီအချိန်မှာ ရိုးမားအသင်းနည်းပြ မော်ရင်ဟိုနဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ပေါ်တူဂီလူမျိုး နည်းပြ ကတော့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲအတွက် ပြုလုပ်တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဒါကို ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
မော်ရင်ဟိုဟာ ၂၀၂၁ ခုနှစ်၊ မေလကမှ ရိုးမားအသင်း နည်းပြအဖြစ် ခန့်အပ်ခံရတာဖြစ်ပြီး မနှစ်က ရာသီက အသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာပါ။
ရိုးမားအသင်းသားတွေနဲ့ မော်ရင်ဟိုကိုတွေ့ရစဉ်
မော်ရင်ဟိုနဲ့ ရိုးမားအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် အနာဂတ်အတွက် မရေမရာမှုတွေ ရှိနေတာ ဖြစ်ပါတယ်။
RMC Sport က ပီအက်စ်ဂျီအသင်း ဒါရိုက်တာဖြစ်သူ လူးဝစ်ကမ်ပို့စ်ဟာ မော်ရင်ဟိုရဲ့ အေးဂျင့်ဖြစ်သူနဲ့ နွေရာသီ မှာ ရောက်ရှိလာမယ့် အလားအလာအတွက် စကားပြောဆိုထားတယ်လို့ ဖော်ပြထားပါတယ်။
မော်ရင်ဟိုကလည်း ပီအက်စ်ဂျီအသင်းရဲ့ စီမံကိန်းကို နှစ်သက်တာကြောင့် လူးဝစ်ကမ်ပို့စ်နဲ့ အေးဂျင့်ဖြစ်သူတို့ရဲ့ ဆွေးနွေးမှုတွေဟာ ပိုပြီး မြှင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဒီရာသီမှာ လီဂူးဝမ်းဖလား ရယူနိုင်ဖို့ ရှိပေမယ့် ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတာကြောင့် အသင်းအကြီးအကဲတွေက စိတ်ပျက်နေတာပါ။
မော်ရင်ဟိုဟာ ဒီရာသီမှာ ရိုးမားအသင်းကို ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ရောက်ရှိအောင် ပို့ဆောင်ပေးထားပြီး ၂ နှစ် ဆက်တိုက် ဥရောပဖလား ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ရိုးမားအသင်းဟာ စီးရီးအေ ပြိုင်ပွဲမှာတော့ အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက အင်တာမီလန်အသင်းနဲ့ ၅ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။
Source: Daily Mail
