- By CNI
- Category: အားကစား
- Hits: 1013
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၁
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ပွဲမှာ အေစီမီလန်အသင်းကို အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့ကစားဖို့ ကျန်သေးတဲ့အတွက် သတိထားရမယ်လို့ အင်တာမီလန်အသင်းတိုက်စစ်မှူး ဂျက်ကိုက ပြောလိုက်ပါတယ်။
ဂျက်ကိုက “ဒါဘီပွဲဖြစ်တဲ့အတွက် ဒါက အလွန်ကောင်းမွန်တဲ့ ခံစားချက်နဲ့ အလွန်ကောင်းမွန်တဲ့ ရလဒ်ပါပဲ။ ကျနော်တို့က အတွေ့အကြုံရှိတဲ့အသင်းဖြစ်ပြီး ဒီနေ့ ကျနော်တို့ လုပ်ဆောင်ခဲ့တဲ့အရာတွေကို သိပါတယ်။ ဒုတိယအကျော့အတွက် ဒါက ကောင်းမွန်တဲ့ ရလဒ်ဖြစ်ပေမယ့် ပြိုင်ပွဲက မပြီးဆုံးသေးပါဘူး။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ကြီးကျယ်ခမ်းနားတဲ့ အသင်းတွေပဲ ရောက်လာတာဆိုတော့ ကျနော်တို့ သတိထားရမယ်၊ အာရုံစူးစိုက်မှုရှိနေရပါမယ်။ဒုတိယအကျော့အတွက် ပိုပြီးအာရုံစူးစိုက်ရမယ်ဆိုတာ အသေအချာပါပဲ။ဒါပေမယ့် ဒီနေ့လုပ်ခဲ့တဲ့ ပုံစံအတိုင်းသာ ကစားနိုင်ရင် ကျနော်တို့ ကောင်းမွန်တဲ့လမ်းကြောင်းပေါ် ရောက်နေပါပြီ” လို့ ပွဲအပြီးမှာ BT Sport ကို ပြောခဲ့တာပါ။

အင်တာမီလန်အသင်းဟာ ဒီပွဲမှာ အေစီမီလန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး သွင်းဂိုးတွေကို ပွဲချိန် ၈ မိနစ်မှာ ဂျက်ကိုနဲ့ ပွဲချိန် ၁၁ မိနစ်မှာ မီခီတာရန်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဒီပွဲရဲ့ ပွဲချိန် ၃၁ မိနစ်မှာ အင်တာမီလန်အသင်း နောက်ထပ်သွင်းဂိုးရနိုင်မယ့် ပင်နယ်တီအခွင့်အရေးရခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက VAR ကြည့်ကာ ပင်နယ်တီမပေးဖို့ ဆုံးဖြတ်ခဲ့လို့ နစ်နာခဲ့ရတာပါ။ဒုတိယအကျော့ပွဲကိုလည်း ဆန်စီရိုမှာပဲ ကစား ရမှာဖြစ်တဲ့အတွက် အင်တာမီလန်အသင်းဟာ ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
အေစီမီလန်အသင်းနည်းပြ ပိုင်အိုလီကတော့ သူတို့ဟာ ဒုတိယအကျော့ပွဲစဉ်မှာ ရလဒ်ကောင်းရယူပြီး ပြန်လာ နိုင်မယ့် အခွင့်အရေးရှိတယ်လို့ ပြောခဲ့ပါတယ်။
ပိုင်အိုလီက “ဒုတိယအကျော့မှာ ပိုကောင်းအောင် ကြိုးစားသွားမှာပါ။ဒီပွဲမှာ ကျနော်တို့ဟာ နည်းဗျူဟာနဲ့ စိတ်ပိုင်းဆိုင်ရာအမြင်တွေမှာ ဆိုးရွားခဲ့ပါတယ်။ဒုတိယပိုင်းရဲ့ စိတ်နေသဘောထားနဲ့ စတင်ရမှာဖြစ်ပြီး ပွဲရဲ့ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ဒီပွဲနဲ့ လုံးဝမတူတဲ့ စွမ်းဆောင်ရည်မျိုးနဲ့ ဒုတိယ အကျော့ကို သွားရမှာပါ။ပထမအကျော့ပွဲက စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် ဒုတိယအကျော့မှာ ပြန်လာနိုင်မယ်ဆိုတာ ကို သိထားပါတယ်” လို့ ပြောခဲ့တာပါ။
အင်တာမီလန်အသင်းဟာ အေစီမီလန်အသင်းကို ဒီပွဲအပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲစလုံးပေးဂိုးမပေးရဘဲ နိုင်ပွဲရခဲ့တာဖြစ်ပြီး ဒါဟာ ၁၉၇၉-၈၀ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 924
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၁
ဆိုးလ်ရှားက ယူနိုက်တက် လက်ထောက် နည်းပြဟောင်း ကာရစ်ဟာ အနာဂတ်မှာ အသင်းရဲ့ နည်းပြ ဖြစ်လာမယ့်သူလို့ ပြောလိုက်ပါတယ်။
ဆိုးလ်ရှားက “မိုက်ကယ်ဟာ ဆာအဲလက်စ်နဲ့ မော်ရင်ဟိုတို့ လက်အောက်မှာ ကမ္ဘာ့အကောင်းဆုံး ကစား သမားတွေနဲ့ ကစားခဲ့ပါတယ်။ သူဟာ အောင်နိုင်သူ ဖြစ်ပေမယ့် စိတ်ခံစားချက်တွေကို ထိန်းချုပ် ထားနိုင်တဲ့သူ ဖြစ်နေဆဲပါ။ သူက ယူနိုက်တက်မှာ နည်းပြ မဖြစ်လာမှာကို ကျနော် မမြင်မိပါဘူး။ မိုက်ကယ်သာ အသင်းမှာ နည်းပြ ဖြစ်ချင်တယ်ဆိုရင်တော့ သူဖြစ်လာမယ်ဆိုတာ ကျနော့်အနေနဲ့ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်”လို့ ပြော ပါတယ်။
ကာရစ်ဟာ နည်းပြအဖြစ် အင်္ဂလန်ချန်ပီယံရှစ်ကလပ် မယ်ဒယ်ဘရော့အသင်းကို ကိုင်တွယ်ထားခဲ့တာမှာ အောင်မြင်မှုရခဲ့လို့ နည်းပြဟောင်း ဆိုးလ်ရှားက အင်္ဂလန် ကစားသမားဟောင်းကို ယူနိုက်တက်ရဲ့ အနာဂတ် နည်းပြအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
ကာရစ်ဟာ ဆိုးလ်ရှား ထုတ်ပယ်ခံရပြီးနောက် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက ယူနိုက်တက်အသင်းကို ယာယီ နည်းပြအဖြစ် ကိုင်တွယ်ခဲ့ပါတယ်။ ဒါပေမယ့် ရက်ဂ်နစ် ကိုင်တွယ်ချိန်မှာတော့ သူဟာ အသင်းကနေ ထွက်ခွာ ခဲ့ပါတယ်။
ဒီနောက် ကာရစ်ဟာ မယ်ဒယ်ဘရော့အသင်းကို ချန်ပီယံရှစ် ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့် ရရှိအောင် ကိုင်တွယ် ပေးထားပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းတက်ခွင့်ရမယ့် မျှော်လင့်ချက်ကို ရှင်သန်စေခဲ့ပါတယ်။

မိုက်ကယ်ကာရစ်ကိုတွေ့ရစဉ်
ကာရစ်ဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက် အသင်းကို ရာသီအကုန်ထိ ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ဖို့ ရှိခဲ့ပေမယ့် သူ့အပေါ် သစ္စာစောင့်သိမှုနဲ့ ၁၀ ရက်အကြာမှာ အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာလို့ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။
ဆိုးလ်ရှားက “ကျနော် ထုတ်ပယ်ခံရပြီးချိန်မှာ မိုက်ကယ်ဆီ သွားခဲ့ပြီး သူတို့က မင်းကို တာဝန်ယူစေချင်တယ်လို့ ပြောခဲ့ပါတယ်။ ငါလည်း သူတို့လိုပဲ မင်းကို ဒီမှာ လုပ်စေချင်တယ်လို့ ပြောခဲ့ပါတယ်။ ၁၀ ရက်အကြာမှာ သူက ကျနော့်ဆီကိုလာပြီး သူမလုပ်ချင်တော့တဲ့ အကြောင်းကို ပြောခဲ့ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ကနေ ဆိုးလ်ရှား ထွက်ခွာပြီးနောက် ကာရစ်အပြင် သူ့ရဲ့နည်းပြ အဖွဲ့ဝင်ထဲမှာ ပါဝင်ခဲ့တဲ့ မက်ကန်နာ ကလည်း ထွက်ခွာခဲ့ကာ လိဂ်ဝမ်းကလပ် အစ်စဝှစ်ချ်အသင်းကို ကိုင်တွယ်ခဲ့ပါတယ်။
မက်ကန်နာဟာ အစ်စဝှစ်ချ်အသင်းကို လိဂ်ဝမ်းကနေ ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းတက်နိုင်အောင် ကိုင်တွယ်ပေး နိုင်ခဲ့တာဖြစ်ပြီး ကာရစ်ရဲ့ မယ်ဒယ်ဘရော့အသင်းဟာ ပလေးအော့ဖ် ပွဲစဉ်အဖြစ် ကိုဗင်ထရီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1053
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၁
ဘရာဇီးလ်နောက်ခံလူ ဒန်နီအဲလ်ဗတ်စ်ဟာ မုဒိမ်းမှုနဲ့ တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေချိန် စပိန်တရားသူကြီး တစ်ဦးက ကစားသမားရဲ့ ဒုတိယအကြိမ်မြောက် အာမခံတောင်းဆိုမှုကို ပယ်ချခဲ့ပါတယ်။
ဒန်နီအဲလ်ဗတ်စ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဘာစီလိုနာရှိ နိုက်ကလပ်တစ်ခုရဲ့ ရေချိုးခန်းထဲမှာ အမျိုးသမီး ငယ် တစ်ဦးကို မုဒိမ်းကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
တရားရုံးက သူ့ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ ဘာစီလိုနာ ကစားသမားဟောင်းဟာ ထွက်ပြေးဖို့ ကြိုးစားမယ့် အန္တရာယ်မှာရှိနေတဲ့အတွက် ထောင်ထဲမှာ ဆက်ပြီးနေရမှာ ဖြစ်ပါတယ်။
ကတ်တာလိုနီးယား တရားရုံးချုပ်က ဒန်နီအဲလ်ဗတ်စ်ရဲ့ ချမ်းသာကြွယ်ဝမှုက သူ့ကို စပိန်ကနေ အချိန်မရွေး ထွက်ခွာသွားခွင့် ပေးနိုင်ပါတယ်လို့ ပြောခဲ့ပါတယ်။

ဒန်နီအဲလ်ဗတ်စ်ကို တွေ့ရစဉ်
ဘရာဇီးလ် ကစားသမားဟာ ဖေဖော်ဝါရီလက ပထမဆုံးအကြိမ် တောင်းဆိုမှုကို ပယ်ချခံရပြီးနောက် သူ့ရဲ့ ဥပဒေပြုအဖွဲ့က ထောင်ထဲကနေ အာမခံနဲ့ လွှတ်ပေးဖို့ ဒုတိယအကြိမ် တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။
ဒန်နီအဲလ်ဗတ်စ်က သူတို့နှစ်ဦးဟာ လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုတွေ ရှိခဲ့ပေမယ့် နှစ်ဦးသဘောတူလို့ တရားသူကြီး တွေကို ထွက်ဆိုထားပါတယ်။
ဘရာဇီးလ် နောက်ခံလူဟာ ဒီအဖြစ်အပျက်ကြောင့် ဖမ်းဆီးထိန်းသိမ်း ခံရပြီးနောက် သူနဲ့ စာချုပ်ရှိနေတဲ့ မက္ကဆီကိုကလပ် ပူးမတ်စ်အသင်းဟာ ဇန်နဝါရီလမှာ စာချုပ်ကို ဖျက်သိမ်းခဲ့ပါတယ်။
အသက် ၄၀ အရွယ်ရှိ အဲလ်ဗတ်စ်ဟာ ဘာစီလိုနာအသင်းမှာ ပွဲပေါင်း ၄၀၈ ပွဲ ပါဝင်ကစားခဲ့ပြီး လာလီဂါဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာပါ။
အဲလ်ဗတ်စ်ဟာ ဂျူဗင်တပ်စ်နဲ့ ပီအက်စ်ဂျီ အသင်းတွေမှာလည်း ပါဝင်ကစားခဲ့ပြီး ဘရာဇီးလ် လက်ရွေးစင် အသင်းအတွက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၂ ပွဲ ပါဝင်ကစားခဲ့တာ အပါအဝင် ပွဲပေါင်း ၁၂၆ ပွဲ ကစားထားပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 775
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၀
မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့ချ်က ဆော်ဒီကလပ်ကို ပြောင်းရွှေ့ဖို့ သားဖြစ်သူ သဘောတူညီမှု ရပြီဆိုတဲ့ သတင်း တွေကို ငြင်းဆန်လိုက်ပြီး ပီအက်စ်ဂျီ တိုက်စစ်မှူးဟာ လာမယ့်ရာသီအတွက် ဘယ်အသင်းနဲ့မှ သဘောတူညီမှု မရသေးဘူးလို့ ပြောလိုက်ပါတယ်။
ဂျော့ချ်မက်ဆီက “လာမယ့်နှစ် ရာသီအတွက် ဘယ်အသင်းနဲ့မှ သဘောတူညီမှု မရသေးပါဘူး။ လီယွန်နယ်က ပီအက်စ်ဂျီနဲ့ လိဂ်ပြိုင်ပွဲ မပြီးဆုံးမချင်း ဆုံးဖြတ်ချက်ချမှာ မဟုတ်ပါဘူး။ ရာသီကုန်ပြီးမှသာ အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာပြီး ဆုံးဖြတ်ချက်ချဖို့ အချိန်ရောက်မှာပါ။ အမှန်တရားကတော့ ဘယ်အသင်းနဲ့မှ သဘောတူညီမှု မရဘူးဆိုတာကို အာမခံနိုင်ပါတယ်။ ရာသီအကုန်ထိ နှုတ်နဲ့ပဲဖြစ်ဖြစ်၊ လက်မှတ်ထိုးတာနဲ့ သဘောတူညီမှုတွေက ရှိမှာမဟုတ်ဘူး”လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မက်ဆီဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းနဲ့ ပေါင် ၅၂၂ သန်းတန်ကြေးရှိ ကြီးမားတဲ့ စာချုပ်ကို လက်မှတ်ထိုးမယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပြီးနောက် ဖခင်ဖြစ်သူက ဒီသတင်းတွေကို ငြင်းဆန်ရင်း ကြေညာ ချက် ချက်ချင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ အသင်းကလည်း ဆော်ဒီကလပ်ကို မက်ဆီ ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေကို မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပေမယ့် သူတို့နှစ်ဦး ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုနွေရာသီ ဇွန်လ ၃၀ ရက်မှာ ကုန်ဆုံးမယ်လို့ ပြောခဲ့ ပါတယ်။

မက်ဆီကို တွေ့ရစဉ်
မက်ဆီဟာ မကြာသေးခင် ရက်ပိုင်းအတွင်းက ဆော်ဒီနိုင်ငံကို ၂ ရက်ကြာ ခရီးစဉ် သွားရောက်ခဲ့တာမှာ အသင်းရဲ့ ခွင့်ပြုချက်မရဘဲ သွားရောက်ခဲ့လို့ ၂ ပတ်ကြာဆိုင်းငံ့တဲ့ ပြစ်ဒဏ် ချမှတ်ခဲ့ပြီးနောက် အပြောင်းအရွှေ့ သတင်းတွေ ဟာ ပိုပြီး ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ အခုအချိန်မှာ အသင်းကို တောင်းပန်မှု ပြုလုပ်ခဲ့လို့ ပီအက်စ်ဂျီအသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လုပ် နေခဲ့ပေမယ့် စာချုပ်ကုန်ဆုံးမယ့် အခုရာသီအကုန်မှာ ထွက်ခွာဖို့ သေချာသလောက် ရှိနေတာပါ။
ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး မက်ဆီကို ပြန်လည်ခေါ်ယူဖို့ အသင်းဟောင်း ဘာစီလိုနာအသင်းက ပြင်းပြင်းထန် ထန် ချိတ်ဆက်နေပြီး လာလီဂါနဲ့ပါ ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒါအပြင် ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းနဲ့ ဆော်ဒီကလပ် အသင်းတွေကလည်း မက်ဆီကို အခုရာသီအကုန်မှာ ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာပါ။
အသက် ၃၅ နှစ်အရွယ်ရှိ မက်ဆီဟာ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ၇၁ ပွဲ ပါဝင်ကစားထားပြီး ၃၁ ဂိုး သွင်းယူထားကာ ဒီရာသီမှာ အသင်းနဲ့အတူ ပြင်သစ်လီဂူးဝမ်း ဆုဖလား ရယူနိုင်ဖို့ ရှိနေပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 1046
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၀
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ သူတို့အနိုင်ရဖို့ ထိုက်တန်ခဲ့ပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်တယ်လို့ ပြောခဲ့ပါတယ်။
အန်ဆယ်လော့တီက “ကျနော်တို့ တိုက်ပွဲဝင်နိုင်ခဲ့ပြီး အနိုင်ရဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး ကောင်းမွန်တဲ့ခံစားချက်နဲ့ ဒုတိယအကျော့ကို သွားမှာပါ။ဒီရလဒ်က ကွင်းထဲမှာ လုပ်ဆောင်ခဲ့တဲ့အရာ အတွက် ဆုအနေနဲ့ မဖြစ်ခဲ့ပါဘူး။ဒါကြောင့် ဒီပွဲက နောက်ဆုံးမိနစ်အထိ သွားရတော့မှာပါ။သူတို့ဟာ ပထမပိုင်း မိနစ် ၃၀ မှာ ဘောလုံးပိုင်ဆိုင်မှုပိုရခဲ့ပေမယ့် ကျနော်တို့ စိတ်မပူပါဘူး။ကျနော်တို့ဟာ ဒီပွဲမှာ နိုင်ပွဲရသင့်ခဲ့ပေမယ့် ခံစားချက်တွေက ကောင်းပါတယ်” လို့ Movistar Plus ကို ပြောခဲ့တာပါ။
ဘာနေဗျူးမှာ ကစားခဲ့တဲ့ ဒီပွဲရဲ့ ပွဲချိန် ၃၆ မိနစ်မှာ ဗီနီစီးယက်စ်က ရီးရယ်လ်အတွက် ဦးဆောင်ဂိုးသွင်းယူ နိုင်ခဲ့ ပေမယ့် ၆၇ မိနစ်မှာ ဒီဘရိုင်းက ချေပဂိုးပြန်သွင်းခဲ့လို့ တစ်ဂိုးစီ သရေနဲ့ ပွဲပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ ပထမ အကျော့မှာ ရလဒ်မပြတ်သားခဲ့တာကြောင့် ဒုတိယအကျော့ အီးတီဟတ်ကွင်းမှာ ကစားမယ့်ပွဲက ၂ သင်းစလုံး အတွက် အဆုံးအဖြတ်ဖြစ်လာမှာပါ။

ဒီပွဲမှာ မန်စီးတီးအသင်း ချေပဂိုးမသွင်းခင် စတင်ခဲ့တဲ့ ဘောလုံးကို ဘာနာဒိုဆေးလ်ဗားရယူချိန်မှာ ဘောလုံးဟာ ဘေးစည်းကျော်နေခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးခွင့်ပြုခဲ့တဲ့အပေါ် ကွင်းလယ်ဒိုင်လူကြီးကို စောဒက တက်ခဲ့တဲ့ ရီးရယ်လ် နည်းပြ အန်ဆယ်လော့တီဟာ အဝါကတ် ပြသခံခဲ့ရပါတယ်။ အန်ဆယ်လော့တီဟာ ဒီ ဖြစ်ရပ်အပေါ် ဒေါသထွက် နေခဲ့ကြောင်း ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့တာပါ။
အန်ဆယ်လော့တီက “ဘောလုံးက ဘေးစည်းကို ကျော်သွားပါပြီ။ ဒီမတိုင်ခင်ကလည်း ကျနော်တို့ရမယ့် ထောင့် ကန်ဘောကို သူမမြင်လို့ မပေးခဲ့ပါဘူး။ဘောလုံးက ဘေးစည်းကျော်နေတယ်ဆိုတာကို BeIN Sports က ပြသ ထားတဲ့ ပုံတွေမှာ ရှင်းရှင်းလင်းလင်းကို မြင်တွေ့ရပါတယ်။သူတို့က ဒါကို မမြင်တွေ့ရတာတော့ ထူးဆန်းပါ တယ်။သူက ကျနော့်ကိုတောင် အဝါကတ်ပြသခဲ့ပါသေးတယ်။ကွင်းထဲမှာရှိတဲ့ ကစားသမားအချို့ကို အဝါကတ် ပြသရမှာဖြစ်ပေမယ့် ဒိုင်လူကြီးက သိပ်ပြီး အာရုံစူးစိုက်မှုမရှိပါဘူး”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးနဲ့ ရီးရယ်လ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲမတိုင်ခင် မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဲဗာတန်၊ ရီးရယ်လ်အသင်းက ဂီတာဖေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 892
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၉
ဘရိုက်တန်နည်းပြ ဒီဇာဘီက အဲဗာတန်အသင်းကို ၅ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး လာမယ့် အပတ်မှာ ဘရိုက်တန် အစစ်အမှန်ကို မြင်တွေ့ရမယ်လို့ အာဆင်နယ်အသင်းကို သတိပေးလိုက်ပါတယ်။
ဒီဇာဘီက “ဒီပွဲက ဘရိုက်တန်က အစစ်အမှန် မဟုတ်ပါဘူး။ ဆိုးရွားတဲ့ နေ့တစ်နေ့ပါပဲ။ အချိန်အနည်းငယ် အတွင်းမှာ ပွဲတွေ အများကြီး ကစားရတာလည်း ခက်ခဲပါတယ်။ ဒါပေမယ့် ဒီရလဒ်အတွက် ကျနော့်မှာ တာဝန် ရှိပါတယ်။ ရည်မှန်းချက် ကြီးကြီးမားမားနဲ့ တိုက်ပွဲဝင်ချင်တယ်ဆိုရင် နောက်တစ်ပွဲကစားဖို့ ကျနော်တို့ အဆင် သင့် ဖြစ်နေရပါမယ်။ ဒီပွဲမှာ ကျနော်တို့ အမှားအယွင်းတွေ လုပ်ခဲ့တာကြောင့် တိုးတက်ရပါမယ်။ လာမယ့် တနင်္ဂနွေနေ့မှာ ကျနော်တို့ရဲ့ အရည်အသွေးကို ပြသရပါမယ်။ ဒီပွဲမှာ ဘရိုက်တန် အစစ်အမှန်ကို မြင်တွေ့ရမယ် လို့ ကျနော်ထင်ကြောင်း” ပြောပါတယ်။
ဘရိုက်တန်အသင်းဟာ တန်းဆင်းဇုန်က လွတ်မြောက်ဖို့ ရုန်းကန်နေရတဲ့ အဲဗာတန်အသင်းနဲ့ ပွဲမှာ ဂိုးပြတ် အရေး နိမ့်ခဲ့တာကြောင့် လာမယ့်ရာသီ ဥရောပဝင်ခွင့် ရည်မှန်းချက်အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာခဲ့ပါတယ်။
အဲဒါကြောင့် နည်းပြ ဒီဇာဘီက လာမယ့် အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲမှာတော့ သူတို့ရဲ့ စွမ်းဆောင် ရည်ကို ပြန်လည် မြှင့်တင်နိုင်အောင် လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့တာပါ။

အာဆင်နယ်နဲ့ ဘရိုက်တန် ယှဉ်ပြိုင်နေစဉ်
အာဆင်နယ်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတဲ့ မန်စီးတီး အသင်းထက် ၁ ပွဲ ပိုကစားထားပြီး ရမှတ် ၁ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုတွေဟာ မပြီးဆုံးသေးဘူးလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘရိုက်တန် အသင်းကတော့ အီးမရိတ်စ်ကွင်းမှာ လာရောက် ကစားရမယ့် ဒီပွဲစဉ်မှာ အာဆင်နယ် အသင်းရဲ့ ချန်ပီယံ မျှော်လင့်ချက်တွေကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေတာပါ။
ဘရိုက်တန်အသင်းဟာ အဲဗာတန်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး ပွဲကျန်ကစားဖို့ ၂ ပွဲ ကျန်ရှိနေသေးတဲ့အတွက် ဥရောပဝင်ခွင့် တစ်နေရာရဖို့အတွက် မျှော်လင့်ချက်တွေ ရှင်သန်နေသေးတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 795
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၉
မြန်မာအသင်းကို အရေးနိမ့်ခဲ့တဲ့ ဆီးဂိမ်းစ်အုပ်စုပွဲအပြီးမှာ ရာထူးက နုတ်ထွက်ကြောင်း ကြေညာခဲ့တဲ့ ကမ္ဘော ဒီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆိုခဟာ နိုင်ငံရဲ့ဝန်ကြီးချုပ်နဲ့ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် သူ့ရဲ့ရာထူးမှာ ဆက်ပြီးရှိနေတော့မယ်လို့ ပြောလိုက်ပါတယ်။
ဆိုခက “ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ တောင်းဆိုမှုကို လက်ခံရရှိခဲ့ပါတယ်။ဝန်ကြီးချုပ်နဲ့ ကမ္ဘောဒီးယားက ဘောလုံး ပရိသတ်အားလုံးရဲ့ ယုံကြည်မှုကို တုန့်ပြန်တဲ့အနေနဲ့ ဘောလုံးကဏ္ဍအားလုံးကို ပြုပြင်ပြောင်းလဲပြီး ဖွံ့ဖြိုး တိုးတက်အောင် ဆက်လက်လုပ်ဆောင်ကြဖို့ ကလပ်အသင်းအားလုံးကို တောင်းဆိုပါတယ်” လို့ ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။
ကမ္ဘောဒီးယားအသင်းဟာ ဆီးဂိမ်းစ်အုပ်စုတတိယပွဲစဉ်မှာ မြန်မာအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် အုပ်စုတွင်းတတိယနေရာကို ရောက်ရှိခဲ့တာကြောင့် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖြစ်သူက ဒီတာဝန်ကိုယူတဲ့အနေနဲ့ ရာထူးကနေ နုတ်ထွက်မယ်လို့ မေလ ၇ ရက်က ပြောခဲ့တာဖြစ်ပါတယ်။သူဟာ အရင်ကတည်းက အိမ်ရှင်အဖြစ် ကျင်းပမယ့် ဒီပြိုင်ပွဲမှာ ကမ္ဘောဒီးယားအနေနဲ့ ဆီမီးဖိုင်နယ်မတက်ရောက်နိုင်ခဲ့ရင် ရာထူးကနေ နုတ်ထွက်မယ်လို့ ကတိပေးထားတာပါ။

ဒါပေမယ့် အစိုးရကိုယ်စား နိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်သူ ဟွန်ဆန်က ဆိုခရဲ့ လမ်းညွှန်မှုအောက်မှာ ကမ္ဘောဒီးယား ဘောလုံးလောကဟာ တဖြည်းဖြည်းတိုးတက်လာတယ်လို့ ပြောခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းဖို့ ပြောခဲ့ တာဖြစ်ပါတယ်။အဲဒါကြောင့် ဆိုခဟာ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းကာ ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရာထူးကို ဆက်ပြီးတာဝန်ယူရတော့မှာပါ။
ကမ္ဘောဒီယားအသင်းဟာ ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲမှာ အုပ်စုကနေ ဆီမီးဖိုင်နယ်တက်နိုင်ဖို့အတွက် နောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ အင်ဒိုနီးရှားအသင်းနဲ့ပွဲမှာ အနိုင်ရလဒ်ရယူရမှာဖြစ်သလို၊ မြန်မာအသင်းကလည်း ဖိလစ်ပိုင်အသင်း ကို အရေးနိမ့်မှရမှာဖြစ်ပါတယ်။အဲဒါကြောင့် ကမ္ဘောဒီးယားအသင်းအနေနဲ့ ဆီမီးဖိုင်နယ်တက်နိုင်ဖို့ မျှော်လင့်ချက် နည်းပါးနေတာပါ။
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ၃၂ ကြိမ်မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲကို မေလ ၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
Source : ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 835
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၉
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ရီးရယ်လ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမ အကျော့ ပွဲစဉ်မှာ လက်စားချေဖို့အတွက် မက်ဒရစ်ကို လာတာမဟုတ်ဘူးလို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “လက်စားချေဖို့ ဒီမှာရှိနေတာ မဟုတ်ပါဘူး။ အခွင့်အရေးရယူဖို့ ကျနော်တို့ ဒီမှာရှိနေတာပါ။ အတိတ်မှာ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ၊ ဒါကို တွေးကြည့်ရင်တော့ ကြီးမားတဲ့ အမှားတစ်ခု ဖြစ်ပါလိမ့်မယ်။ မနှစ် က သင်ယူခဲ့ရတဲ့ သင်ခန်းစာက လက်စားချေဖို့ မဟုတ်ပါဘူး။ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကို သင်ယူတာပါ။ ဒီပွဲမှာ ကျနော်တို့ ရလဒ်ကောင်းရယူမယ်၊ ကောင်းမွန်စွာ စွမ်းဆောင်မယ်၊ ပြီးရင် မန်ချက်စတာမှာ ကစားမယ့်ပွဲအတွက် အခွင့်အရေးရအောင် လုပ်ရမယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ ရီးရယ်လ်အသင်းကို ပွဲချိန် မိနစ် ၉၀ အတွင်းမှာ ၅ ဂိုး- ၃ ဂိုးနဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် နာကျင်အချိန်ပိုမှာ ရီးရယ်လ်အသင်းက ချေပဂိုး ၂ ဂိုးသွင်းယူပြီး အချိန်ပိုအထိ ခေါ်ဆောင်သွားခဲ့တာပါ။

မန်စီးတီးနဲ့ ရီးရယ်လ် ယှဉ်ပြိုင်နေစဉ်
အချိန်ပိုမှာတော့ ရီးရယ်လ်အသင်းက အနိုင်ဂိုးသွင်းယူခဲ့ပြီး မန်စီးတီးအသင်းကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီး ကစားသမားတွေဟာ ရီးရယ်လ်အသင်းကို ပြန်လက်စားချေဖို့ စိတ်အားထက်သန် နေပေမယ့် ဂွာဒီယိုလာကတော့ ဒီမကျေပွဲကို အသုံးပြုပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံကို အနိုင်ယူနိုင်တယ်ဆိုကို ပြသဖို့ အသင်းသားတွေကို တိုက်တွန်းခဲ့ပါတယ်။
ဂွာဒီယိုလာက “ဒီနှစ်မှာ ကွာခြားချက်က ဒုတိယအကျော့ပွဲစဉ်ကို အိမ်ကွင်း ကစားရမှာပါ။ ဒါက အားသာချက် လား၊ အားနည်းချက်လားဆိုတာ ကျနော် သေချာမသိပေမယ့် မန်ချက်စတာမှာ အရာအားလုံး ဆုံးဖြတ်မယ်လို့ ထင်ပါတယ်။ ဒီပြိုင်ပွဲမှာ အနိုင်ရဖို့အတွက်ဆို အကောင်းဆုံး အသင်းတွေကို ကျော်ဖြတ်ရမှာ ဖြစ်ပြီး ရီးရယ်လ် အသင်းက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်း ဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ဆုဖလား ၃ လုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပြီး ပရီးမီးယားလိဂ်မှာဆို အာဆင်နယ် အသင်းထက် ၁ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။ ဒါအပြင် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာလည်း မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 931
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၉
အာဂျင်တီးနားနဲ့ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး မက်ဆီဟာ ၂၀၂၃ အတွက် ချီးမြှင့်တဲ့ Laureus အကောင်းဆုံး အားကစားဆုပေးပွဲမှာ တစ်နှစ်တာ အကောင်းဆုံး အမျိုးသား အားကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။
မက်ဆီဟာ ဒီဆုပေးပွဲ အခမ်းအနားကို ဇနီးဖြစ်သူ အန်တိုနယ်လာနဲ့အတူ တက်ရောက်လာခဲ့တာဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့လို့ ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
Laureus ဆုဟာ ကမ္ဘာပေါ်က ထင်ရှားကျော်ကြားတဲ့ အားကစားသမားတွေထဲကနေ ရွေးချယ်ပေးအပ်တာဖြစ်ပြီး ဂုဏ်သိက္ခာ ကြီးမားတဲ့ဆုလည်း ဖြစ်ပါတယ်။ မက်ဆီဟာ ၂၀၂၀ ကလည်း ဒီဆုကို ရယူထားနိုင်ခဲ့လို့ အခု အကြိမ် ရယူနိုင်မှုဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။
အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ Laureus အကောင်းဆုံး အမျိုးသား အားကစားသမားဆုကို ရရှိတဲ့ တစ်ဦးတည်းသော ဘောလုံးသမားအဖြစ်လည်း မှတ်တမ်း ဝင်ထားတာ ဖြစ်ပါတယ်။
မက်ဆီရဲ့ အာဂျင်တီးနား အသင်းကလည်း ဒီဆုပေးပွဲမှာ တစ်နှစ်တာ အကောင်းဆုံးအသင်းဆုကို ရရှိခဲ့တာကြောင့် ပီအက်စ်ဂျီ တိုက်စစ်မှူးဟာ တစ်နှစ်ထဲမှာ အသင်းလိုက်ဆုနဲ့ တစ်ဦးချင်းဆုကို ရရှိတဲ့ ပထမဆုံး အားကစားသမား လည်း ဖြစ်ခဲ့ပါတယ်။
မက်ဆီက “ဒါက အထူး ဂုဏ်ယူစရာပါပဲ။ ဒီဆုအတွက် လက်ရွေးစင် အသင်းဖော်တွေတင် မဟုတ်ဘဲ ပီအက်စ်ဂျီ အသင်း ဖော်တွေကိုလည်း ကျနော် ကျေးဇူးတင်ပါတယ်။ ကျနော် တစ်ဦးတည်းနဲ့တော့ ဒီလိုအောင်မြင်မှုကို ရမှာ မဟုတ်ပါဘူး။ သူတို့နဲ့ အရာအားလုံးကို မျှဝေပေးနိုင်တာကို ကျေးဇူးတင်မိပါတယ်”လို့ ဆုယူအပြီးမှာ ပြောခဲ့ပါတယ်။

အန်ဒါဆန်ကိုတွေ့ရစဉ်
မက်ဆီဟာ မကြာသေးခင်က အသင်းရဲ့ ခွင့်ပြုချက်မရဘဲ ဆော်ဒီ ခရီးစဉ် သွားရောက်ခဲ့လို့ ပီအက်စ်ဂျီအသင်းရဲ့ ၂ ပတ်ကြာ ဆိုင်းငံ့တဲ့ အရေးယူခြင်းခံရသလို ဒီကာလအတွင်းမှာ ရရှိမယ့် လုပ်အားခတွေကိုလည်း ဒဏ်ကြေးအဖြစ် ချမှတ်ခံခဲ့ ရပါတယ်။
ဒါပေမယ့် မက်ဆီဟာ အသင်းနဲ့ အသင်းဖော်တွေကို တောင်းပန်ပြီးနောက် ပီအက်စ်ဂျီအသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်ကာ လာမယ့်ပွဲစဉ်ဖြစ်တဲ့ အေဂျက်စီယိုနဲ့ပွဲမှာ ပြန်လည် ပါဝင်နိုင်ဖွယ် ရှိနေတာပါ။
ဒီဆုပေးပွဲမှာ အခြားဆုတွေဖြစ်တဲ့ အကောင်းဆုံး အမျိုးသမီး အားကစားသမားဆုကို ဂျမေကာ အပြေးမယ် ရှယ်လီအန်းဖရေဆာပရိုက်စ်က ရရှိခဲ့ပြီး၊ အတိုးတက်ဆုံး အားကစားသမားဆုကို စပိန်တင်းနစ်သမား ကားလို့စ် အယ်လ်ကာရတ်ဇ်က ရရှိခဲ့ပါတယ်။
အနားယူနိုင်တဲ့ အခြေအနေကနေ ပြန်လာနိုင်တဲ့ဆုကို ယူနိုက်တက်ကွင်းလယ်လူ အဲရစ်ဆန်က ရရှိခဲ့တာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 801
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၉
ချယ်လ်ဆီးအသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး အူဘာမီယန်းက အသင်းဟောင်း ဘာစီလိုနာ အသင်းထံ ပြန်ချင်တဲ့အကြောင်း ပြောသွားခဲ့ပါတယ်။
အူဘာမီယန်းက “ကျနော် ဘာစီလိုနာကို နှစ်သက်ပြီး ဘာစီလိုနာကို ပြန်ချင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ မြင်တွေ့ရမှာပါ”လို့ DjamLife ရဲ့ မေးမြန်းမှုကို ဖြေဆိုခဲ့တာပါ။
အာဆင်နယ်အသင်း ခေါင်းဆောင်ဟောင်း အူဘာမီယန်းဟာ ၂၀၂၂ နွေရာသီက ဘာစီလိုနာအသင်းကနေ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့လာခဲ့ပေမယ့် သူ့ကို ခေါ်ယူခဲ့တဲ့ နည်းပြ တူချယ်လ် ထုတ်ပယ်ခံခဲ့ရပြီး ကတည်းက လန်ဒန်ကလပ်မှာ ပွဲကစားခွင့်ရဖို့ ခက်ခဲသွားခဲ့တာ ဖြစ်ပါတယ်။
အူဘာမီယန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့က ဘာစီလိုနာအသင်းထံ ပြန်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေတာကြောင့် လန်ဒန်ကလပ်မှာပဲ ဆက်ပြီးရှိခဲ့တာပါ။
အသက် ၃၃ နှစ်အရွယ်ရှိ အူဘာမီယန်းဟာ ချယ်လ်ဆီးအသင်းမှာ ၂၁ ပွဲ ပါဝင်ကစားပြီး ၃ ဂိုးသာ သွင်းယူနိုင်ခဲ့ကာ နောက်ဆုံး ပွဲစဉ်အဖြစ် ကစားထားတဲ့ အသင်းဟောင်း အာဆင်နယ်အသင်းနဲ့ပွဲမှာလည်း ပထမပိုင်းသာ ပါဝင် ကစားခဲ့ရတာ ဖြစ်ပါတယ်။
အူဘာမီယန်းဟာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ ရာနှုန်းပြည့် သေချာသလို ဘာစီလိုနာ အသင်းကလည်း ဂါဘွန် ကစားသမားဟောင်းကို ပြန်ပြီးခေါ်ယူချင်နေတာပါ။
ဘာစီလိုနာအသင်းရဲ့ ဘဏ္ဍာရေး အခြေအနေအရ အူဘာမီယန်းကို ပြန်လည်ခေါ်ယူမယ်ဆိုရင် အလွတ် ပြောင်းရွှေ့ကြေးနဲ့ လစာလျှော့ပြီးပေးချေမှ အဆင်ပြေနိုင်မယ်လို့ သိရပါတယ်။
အူဘာမီယန်းဟာ ဘာစီလိုနာ အသင်းအတွက် ကစားခဲ့တဲ့ ၂၄ ပွဲမှာ ၁၃ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြသ နိုင်ခဲ့ ပေမယ့် အသင်းရဲ့ဘဏ္ဍာရေး အခြေအနေကို ပြေလည်ဖို့အတွက် ချယ်လ်ဆီးအသင်းထံ ရောင်းချခံခဲ့ရတာ ဖြစ်ပါတယ်။
Source: Goal
