
- By CNI
- Category: အားကစား
- Hits: 1184
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၈
စပိန်လူမျိုးနည်းပြ အာတီတာက မန်စီးတီးအသင်းကို ကွန်မြူနတီဒိုင်းမှာ အနိုင်ရယူနိုင်ခဲ့တာက အာဆင်နယ် အသင်းကို ယုံကြည်မှုတွေ ပေးတယ်လို့ ပြောလိုက်ပါတယ်။
အာတီတာက “ဒါက ကျနော်တို့အတွက် အရေးပါတဲ့ အရာပါ။ မန်စီးတီးကို အနိုင်ရပြီး ချန်ပီယံဆု ရယူနိုင်ခဲ့တာက အမြဲတမ်း တန်ဖိုးထားရမှာပါ။ ကျနော်တို့ လုပ်ခဲ့တဲ့ပုံစံက သူတို့ကို အနိုင်ယူနိုင်တယ်ဆိုတဲ့ ယုံကြည်မှုကို ပေးပါ တယ်”လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အခုရာသီသစ် မစတင်ခင် ကွန်မြူနတီဒိုင်းပွဲစဉ်မှာ မန်စီးတီးအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရယူနိုင်ခဲ့ပါတယ်။
အာဆင်နယ်နဲ့မန်စီးတီး ယှဉ်ပြိုင်နေစဉ်
ဒါပေမယ့် အာဆင်နယ်အသင်းဟာ ၂၀၁၅ ခုနှစ်ကတည်းက မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်မှာ နိုင်ပွဲ မရယူနိုင်ခဲ့ပါဘူး။ အာတီတာကတော့ မန်စီးတီးအသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ဆိုးရွားခဲ့တဲ့ မှတ်တမ်းကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။
အာတီတာက “ဒီပွဲတွေမှာ မတူညီတဲ့ ကစားသမားတွေ ပါဝင်နေတာကြောင့် ပြန်ပြီးကြည့်လို့ မရပါဘူး။ ဒါပေမယ့် သေချာတဲ့ အရာကတော့ ကျနော်တို့ဟာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရမယ်ဆိုတာ သိပါတယ်။ ကျနော် တို့ဟာ နေရာတိုင်းမှာ မိနစ် ၁၀၀ အကောင်းဆုံး ဖြစ်နေရပါမယ်။ အဲ့ဒါမှလည်း ကျနော်တို့အတွက် အခွင့်အရေးရ မှာပါ”လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ လန်းစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရခဲ့လို့ ပွဲချိန် အစောပိုင်းမှာတင် လူစားလဲခံခဲ့ရတဲ့ တောင်ပံ ကစားသမား ဆာကာဟာ မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ပါဝင်နိုင်ဖွယ်ရှိတယ်လို့ နည်းပြ အာတီတာက ပြောထားပါတယ်။
ဆာကာဟာ ဒီလထဲ ကစားမယ့် နိုင်ငံတကာ ပွဲစဉ်တွေအတွက် အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ရွေးချယ်ခံထားရ ပါတယ်။
Source: besoccer

- By CNI
- Category: အားကစား
- Hits: 598
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၈
ဘိုင်ယန်မြူးနစ်အသင်းဟာ ပရိသတ်တွေရဲ့ ကန့်ကွက်မှုတွေကြောင့် နောက်ခံလူဟောင်း ဘိုတန်ကို ပြန်လည် ခေါ်ယူတော့မှာ မဟုတ်ဘူးလို့ အတည်ပြုလိုက်ပါတယ်။
အသင်းလက်မဲ့ဖြစ်နေတဲ့ ဘိုတန်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဒဏ်ရာတွေ ကြောင့် အခက်အခဲဖြစ်နေတဲ့ အသင်းဟောင်းနဲ့ စာချူပ်ချုပ်ဆိုဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမယ့် ဘိုတန်ဟာ အိမ်တွင်း အကြမ်းဖက်မှုနဲ့ အမှုရင်ဆိုင် နေရတာကြောင့် ဒီကစားသမားကို ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ ဘိုတန်ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် တနင်္ဂနွေနေ့မှာ ကစားမယ့် ဖရိုင်းဘတ်အသင်းနဲ့ ပွဲကို တက်ရောက်ကြည့်ရှုမှာ မဟုတ်ဘူးလို့ ပရိသတ်တွေက ကန့်ကွက် ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
နောက်ခံလူ ဘိုတန်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ၁၀ နှစ်ကြာ ပွဲပေါင်း ၃၆၃ ပွဲ ပါဝင်ကစားခဲ့ကာ ဘွန်ဒစ်လီဂါ ဖလား ၉ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
ဘိုတန်ဟာ ဂျာမနီ လက်ရွေးစင်အသင်းနဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံဆုကိုလည်း ရယူထားနိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ ကင်မင်ဂျေးနဲ့ အူပါမီကာနိုတို့ဟာ ဒဏ်ရာကနေ သက်သာလာ ပြီဖြစ်လို့ မကြာခင် ပြန်ကစားနိုင်တော့မယ်လို့ အသင်းဘက်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် သူတို့တွေဟာ နိုင်ငံတကာ ပွဲစဉ်အပြီးမှသာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ပါဝင် ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ အခုရာသီ ဘွန်ဒစ်လီဂါ ၆ ပွဲ ကစားထားအပြီးမှာ ၄ ပွဲနိုင်၊ ၂ ပွဲ သရေကျထားပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ အုပ်စုတွင်းပွဲစဉ် ၂ ပွဲစလုံး အနိုင်ရရှိထားပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 1062
ာ
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ခြေစွမ်းပိုင်း ကျဆင်းနေလို့ ဝေဖန်မှုတွေ ခံနေရတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဆီကနေ သွင်းဂိုးတွေကို မြင်တွေ့ရတော့မှာပါလို့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “တိုက်စစ်မှူးတွေ ဂိုးမရတဲ့အချိန်မှာ သူ့အတွက် အချိန်ခဏလိုပါတယ်။ ပြီးရင်တော့ သူ့ရဲ့ သွင်းဂိုးတွေကို မြင်တွေ့ရတော့မှာပါ။ သူက အတွေ့အကြုံ ရှိတဲ့သူဖြစ်ပြီး မှန်ကန်တဲ့ အရာတွေကို အသင်းနဲ့ အတူတူ လုပ်ဆောင်ရင် အရှိန်အဟုန်တွေ ရောက်လာပြီး သွင်းဂိုးတွေရမှာပါ”လို့ ပြောပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက် အသင်းအတွက် ဂိုး ၃၀ အထိ သွင်းယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ အသင်းနဲ့အတူ ရုန်းကန်နေရပြီး ခြေစွမ်းပိုင်းကျဆင်းကာ သွင်းဂိုး ၁ ဂိုးသာ သွင်းယူထား နိုင်ခဲ့ပါတယ်။
အင်္ဂလန် ကစားသမားဟာ ဂါလာတာစာရေးအသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာဆိုရင် ဂိုးရနိုင်မယ့် အခွင့်အရေးကောင်းကို လက်လွှတ်ခဲ့ရပြီး ယုံကြည်မှုတွေပါ နည်းပါးလာခဲ့ပါတယ်။
၁၉၈၉-၉၀ ရာသီနောက်ပိုင်း အဆိုးရွားဆုံး ရာသီစတင်မှုနဲ့ ကြုံတွေ့နေရတဲ့ ယူနိုက်တက်အသင်းမှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တစ်ဦးတည်း ရုန်းကန်နေရတာ မဟုတ်ဘဲ ကစားသမား အများစုဟာ သူတို့ရဲ့ ပုံမှန်ခြေစွမ်း အောက်မှာ သာ ရှိနေကြတာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ကတော့ ရလဒ်ကောင်းတွေ ပြန်လည် ရယူနိုင်ဖို့အတွက် တစ်သင်းလုံး တိုက်ပွဲဝင်ရမယ်လို့ ပြောပါတယ်။
အဲရစ်တန်ဟတ်က “ကျနော်တို့ရဲ့ အဆင့်တွေ ကျဆင်းသွားတာကို ပြန်ပြီးကောင်းမွန်အောင် လုပ်ရပါမယ်။ အဲ့ဒီ အတွက် အကြောင်းပြချက်တွေ ရှိပေမယ့် လက်ခံနိုင်စရာ မရှိပါဘူး။ ကျနော်တို့ဟာ တစ်ဦးနဲ့တစ်ဦး ပံ့ပိုးပေးပြီး သွားမယ်ဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့ ကစားပုံကို မြင်တွေ့ရမှာပါ”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက် အသင်းဟာ အခုလထဲမှာ ကစားမယ့် နိုင်ငံတကာ ပွဲစဉ်တွေ မတိုင်ခင် ဘရန်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 758
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇
ဂျူဗင်တပ်စ်နဲ့ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဟာ သူ့ရဲ့ “B”နမူနာကို စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာမှာ တားမြစ်ဆေး သုံးစွဲကြောင်း တွေ့ရှိခဲ့ရလို့ ကာလရှည် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖို့ရှိနေတာ ဖြစ်ပါတယ်။
ပေါ့ဘာဟာ ပြီးခဲ့တဲ့လက တားမြစ်ဆေး သုံးစွဲထားခြင်း ရှိ/မရှိ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာမှာ သုံးစွဲထားကြောင်း တွေ့ခဲ့ရလို့ ပွဲကစားခွင့် ယာယီဆိုင်းငံ့ ခံထားရပါတယ်။
ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းက အူဒီးနီးစ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ သြဂုတ်လ ၂၀ ရက်က ပွဲစဉ်မှာ လူစားလဲ အဖြစ်တောင် မပါဝင်ခဲ့ရပေမယ့် စမ်းသပ်စစ်ဆေးခံရဖို့ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ပေါ့ဘာအနေနဲ့ တားမြစ်ဆေး သုံးစွဲမှုမှာ အပြစ်ရှိကြောင်း တွေ့ရရင် ၂ နှစ်ကနေ ၄ နှစ်အထိ ပွဲပယ်ပြစ်ဒဏ် ကျခံရမှာပါ။
ပေါ့ဘာဟာ Testosterone ဆိုတဲ့ အားကစားသမားတွေရဲ့ ခံနိုင်ရည်အားကို ပိုပြီးတိုးစေတဲ့ ဟော်မုန်းကို သုံးစွဲခဲ့ တာ ဖြစ်ပါတယ်။
ပြင်သစ်အသင်း ကွင်းလယ်လူဟာ ပြီးခဲ့တဲ့လက တားမြစ်ဆေး သုံးစွဲကြောင်း တွေ့ခဲ့ရပြီးနောက် သူ့မှာ အပြစ်မရှိ ကြောင်း ပြသချင်တဲ့အတွက် ထပ်ပြီး စမ်းသပ်စစ်ဆေးမှုခံယူဖို့ “B”နမူနာကို ပေးခဲ့ပေမယ့် အလားတူညီတဲ့ ရလဒ် ပဲ ထပ်ပြီး ထွက်ပေါ်ခဲ့ပါတယ်။
ပေါ့ဘာအနေနဲ့ ကာလရှည် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရရင် ဂျူဗင်တပ်စ်အသင်းက သူ့ကို စာချုပ်ဖျက်သိမ်းဖို့ စဉ်းစား နေပါတယ်။
အသက် ၃၀ နှစ်အရွယ်ရှိ ပေါ့ဘာဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ၂၀၂၂ ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်အသင်းထံ ၄ နှစ်စာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့ လာခဲ့ပါတယ်။
ပေါ့ဘာဟာ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရပြီး စုစုပေါင်း ၁၆၂ မိနစ်သာ ကစားနိုင်ခဲ့ပြီး ၁ ဂိုး ဖန်တီးကာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။
ပြင်သစ် ကစားသမားဟာ အခုရာသီမှာတော့ ဘိုလော့ဂ်နာနဲ့ အမ်ပိုလီအသင်းတို့ ပွဲစဉ်မှာ လူစားဝင်အဖြစ် ပါဝင်ခဲ့ပြီး ၅၁ မိနစ် ပါဝင်ကစားထားတာပါ။
ပေါ့ဘာဟာ ဒဏ်ရာနှိပ်စက်မှုတွေအပြင် တားမြစ်ဆေးကြောင့် ကာလရှည် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရရင် ကစားသမားဘဝကနေ စောစီးစွာ အနားယူသွားနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေကြပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 713
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၆
ဘာစီလိုနာအသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ပေါ်တိုအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ခြေကျင်း ဝတ် အဆစ်လွဲတဲ့ ဒဏ်ရာရရှိခဲ့တာကြောင့် အသင်းရဲ့ ပွဲစဉ်အများအပြားကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ လီဝန်ဒေါစကီးရဲ့ ဒဏ်ရာကို အတည်ပြုထားပေမယ့် ပြန်ကစားနိုင်မယ့် အချိန်ကို ဖော်ပြ ထားခြင်း မရှိတာပါ။
ကနဦး သတင်းတွေမှာ ပိုလန် လက်ရွေးစင် တိုက်စစ်မှူးဟာ ဒဏ်ရာကြောင့် တစ်လကျော်ကြာ အနားယူဖွယ် ရှိတယ်လို့ ဖော်ပြထားလို့ ရီးရယ်လ်အသင်းနဲ့ ကစားမယ့် အယ်လ်ကလက်ဆီကို ပွဲစဉ်မှာ ဘာစီလိုနာ အသင်း အတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
ဒါပေမယ့် လီဝန်ဒေါစကီးရဲ့ ဒဏ်ရာဟာ ပိုပြီးဆိုးရွားခဲ့မယ်ဆိုရင် ဘာစီလိုနာအသင်းဟာ အဓိက တိုက်စစ်မှူး မပါဝင်ဘဲ ပွဲစဉ် ၈ ပွဲအထိ ယှဉ်ပြိုင်ရနိုင်တာပါ။
အဲ့ဒါကြောင့် လီဝန်ဒေါစကီးဟာ လာလီဂါပွဲစဉ်တွေဖြစ်တဲ့ ဂရန်နာဒါ၊ ဘီလ်ဘာအို၊ ဆိုစီဒက်၊ အလာဗတ်စ်တို့နဲ့ ပွဲစဉ်တွေအပြင် ရှက်တာဒိုးနက်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် နှစ်ကျော့စလုံးကို ဘာစီလိုနာအသင်းအတွက် ပါဝင်နိုင်ဖွယ် မရှိပါဘူး။
လီဝန်ဒေါစကီးကို တွေ့ရစဉ်
ဒါ့အပြင် ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူးဟောင်းဟာ ဒဏ်ရာကြောင့် ပိုလန်လက်ရွေးစင် အသင်းရဲ့ အခုလ ထဲ ကစားမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲတွေကိုလည်း လွဲချော်သွားပြီ ဖြစ်ပါတယ်။
လီဝန်ဒေါစကီးဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲ ပါဝင်ကစားထားပြီး ၆ ဂိုး သွင်းယူကာ ၄ ဂိုး ဖန်တီးထားတာပါ။
ဘာစီလိုနာအသင်းဟာ ပိုလန်တိုက်စစ်မှူး မပါဝင်နိုင်တဲ့ ပွဲစဉ်တွေမှာ ဖာရန်တောရက်စ်၊ ဂျာအိုဖီးလစ်နဲ့ ယာမဲလ် တို့ကို တိုက်စစ်ပိုင်းမှာ အသုံးပြုပြီး ပွဲထွက်လာဖို့ ရှိနေတာ ဖြစ်ပါတယ်။
လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းဟာ အခုနှစ် ဘောလုံးရာသီ လာလီဂါပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက ရီးရယ်လ် အသင်းနဲ့ ၁ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အုပ်စုပွဲစဉ် ၂ ပွဲစလုံး အနိုင်ရပြီး အုပ်စုတွင်းကို ဦးဆောင်နေ တာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 935
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၆
ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်က ပရိသတ်တွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံနေရတဲ့ ပိုင်ရှင် ဂလေဇာမိသားစုကို ကာကွယ်လိုက်ပြီး သူတို့ဟာ အသင်းကို ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ကြ ပါတယ်လို့ ပြောလိုက်ပါတယ်။
အီဘရာဟီမိုဗစ်က “အခု ယူနိုက်တက်မှာ ဘာတွေဖြစ်နေလဲ ဆိုတာတော့ ကျနော်မသိပါဘူး။ အသင်းကို ရောင်းချ ဖို့အတွက် ပိုင်ရှင်တွေကို ဆန္ဒပြတာတွေ ရှိကြပေမယ့် ပိုင်ရှင်တွေက ရင်းနှီးမြှုပ်နှံ နေတယ်ဆိုတာကို သတိပေးချင် ပါတယ်။ သူတို့တွေဟာ ကစားသမားတွေကို ငွေကြေးအများအပြားနဲ့ ဝယ်ယူထားကြတာကြောင့် ရင်းနှီးမြှုပ်နှံ ထားခြင်း မရှိတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ပရိသတ်တွေက သူတို့မျှော်လင့်ထားတဲ့အတိုင်း မလုပ်ဘူးလို့ ပြောတာတော့ အနည်းငယ် မှားယွင်းနေပါတယ်။ ဒါတွေအားလုံးရဲ့ နောက်ကွယ်က အဓိကအကြောင်းအရင်းက ဘာလဲဆိုတာတော့ ကျနော်လည်း မသိဘူး”လို့ ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းမှာ အီဘရာဟီမိုဗစ် ကစားခဲ့စဉ်
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ ကာလမှာ မေဆန်မောင့်၊ အိုနာနာနဲ့ ဟော့ဂျ်လန်းတို့ အတွက် ပေါင်သန်း ၁၅၀ ကျော် သုံးစွဲခဲ့ပြီး ကစားသမားသစ်တွေ အားဖြည့်ခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်း ပရိသတ်တွေဟာ ဂလေဇာမိသားစုက အသင်းထံ ခွဲဝေပေးတဲ့ ငွေကြေးပမာဏ အပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကို တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်က ပြန်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်။
ဂလေဇာမိသားစုဟာ ယူနိုက်တက်အသင်းကို ရောင်းချချင်တယ်လို့ ပြောခဲ့တာကြောင့် ကာတာဘဏ် လုပ်ငန်းရှင် ရှိတ်ဂျာဆင်မ်နဲ့ ဗြိတိန်ဘီလျံနာ ရက်ကလစ်ဖ်တို့က ဝယ်ယူဖို့ စိတ်ဝင်စားပြီး အပြိုင်အဆိုင် လေလံဆွဲကာ ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒါပေမယ့် ဆွေးနွေးညှိနှိုင်းမှုတွေဟာ ရပ်တန့်သွားခဲ့ပြီးနောက် ဂလေဇာမိသားစုက ယူနိုက်တက်အသင်းကို မရောင်းချတော့မယ့်အပေါ် အသင်းပရိသတ်တွေက စိုးရိမ်မှုတွေ ရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ အခုနှစ် ဘောလုံးရာသီ အစပိုင်းမှာ ရလဒ်တွေ ဆိုးရွားနေပြီး ကစားထားတဲ့ ၁၀ ပွဲမှာ ၆ ပွဲ အထိ ရှုံးနိမ့်ထားကာ ဒီတစ်ပတ်မှာတော့ ဘရန်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 875
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၆
ဝက်စ်ဟမ်းအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စုအဆင့် ဒုတိယမြောက်ပွဲစဉ်မှာ ဖရိုင်းဘတ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ဥရောပပြိုင်ပွဲတွေမှာ ၁၇ ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားနိုင်တဲ့ ပထမဆုံး အင်္ဂလန်ကလပ် အသင်းအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ဝက်စ်ဟမ်း အသင်းအတွက် ဂိုးတွေကို ပါကွီတာနဲ့ အဂါ့ဒ်တို့က သွင်းယူခဲ့တာဖြစ်ပြီး ဖရိုင်းဘတ်အသင်း အတွက် ဂိုးကို ဆာလိုင်းက သွင်းယူခဲ့တာပါ။
ဝက်စ်ဟမ်းအသင်းဟာ ဒီပွဲမတိုင်ခင် ၁၉၆၈ က လိဒ်စ်နဲ့ ၁၉၇၂ က စပါးအသင်းတို့နဲ့ ရှုံးပွဲမရှိ ၁၆ ပွဲစီ တူညီနေ ပေမယ့် ဖရိုင်းဘတ်အသင်းကို အနိုင်ရခဲ့တာကြောင့် ၁၇ ပွဲနဲ့ အင်္ဂလန်ကလပ် အသင်းတွေထဲမှာ စံချိန်သစ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူရိုပါကွန်းဖရန့်စ်လိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ ပြီးနောက် လက်ရှိအချိန်ထိ သူတို့ရဲ့ အကောင်းဆုံးပုံစံကို ဆက်ပြီး ထိန်းနိုင်ခဲ့ပါတယ်။
ဒေးဗစ်မိုယက်စ်ကို တွေ့ရစဉ်
ဝက်စ်ဟမ်းအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲအုပ်စု အဖွင့်ပွဲစဉ်မှာလည်း TSC အသင်းကို အနိုင်ရခဲ့တဲ့အတွက် အဖွင့်ပွဲစဉ် ၂ ပွဲစလုံး အနိုင်ရပြီး အုပ်စုတွင်းကို ဦးဆောင်နေတာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မိုယက်စ်ကတော့ စံချိန်မှတ်တမ်းတွေက အမြဲတမ်းကောင်းပေမယ့် အရေး ကြီးတာက အနိုင်ရဖို့နဲ့ ၃ မှတ်ရယူနိုင်ဖို့ပဲလို့ ပြောခဲ့တာပါ။
ဒေးဗစ်မိုယက်စ်က “ကျနော်တို့ဟာ မနေ့က ဒီစံချိန် မှတ်တမ်းအကြောင်းကို ပြောဖြစ်ခဲ့ပြီး နည်းပြကြီးတွေဖြစ်တဲ့ ဒွန်ရီဗီးနဲ့ နီကိုလ်ဆင်တို့ရဲ့ စံချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ နိုင်ပွဲရယူနိုင်ခဲ့တဲ့ အတွက် လည်း ပျော်ရွှင်ပါတယ်။ စံချိန်မှတ်တမ်းတွေက အမြဲတမ်းကောင်းမွန်တဲ့ အရာတွေဖြစ်ပေမယ့် အရေးကြီးတာက ဒီပွဲအနိုင်ရပြီး ၃ မှတ် ရယူနိုင်တာက ပိုပြီးကောင်းပါတယ်”လို့ ပြောခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ အောက်တိုဘာ ၈ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နိုင်ပွဲဆက်နေတဲ့ နယူးကာဆယ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဝက်စ်ဟမ်းအသင်းဟာ အခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၇ ပွဲ ကစားအပြီးမှာ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 635
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၆
အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ပွဲစဉ်တွေ ကစားဖို့အတွက် လူစာရင်းထုတ်ပြန်ခဲ့တာမှာ ဒဏ်ရာပြဿနာရှိနေတဲ့ အသင်းခေါင်းဆောင် မက်ဆီကို ရွေးချယ်ခဲ့ပါတယ်။
မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနောက်ဆုံးကစားခဲ့တဲ့ ချီကာဂိုအသင်းနဲ့ ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့ဘဲ ကြံ့ခိုင်မှု ပိုင်းဆိုင်ရာ အကောင်းဆုံးပုံစံကို ရရှိဖို့ ရုန်းကန်နေရတာပါ။ မက်ဆီဟာ စက်တင်ဘာ ၃ ရက်နောက်ပိုင်း အင်တာမိုင်ယာမီအသင်းအတွက် ၃၇ မိနစ်သာ ပါဝင်ကစားနိုင်ခဲ့ပြီး ဒဏ်ရာကြောင့် အနားပေးခြင်းခံထားရတာ ဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ဒဏ်ရာအခြေအနေကြောင့် ကစားနိုင်ဖို့ မသေချာသေးပေမယ့် အာဂျင်တီးနားအသင်းကတော့ သူ့ကို လူစာရင်းမှာ ရွေးချယ်ခဲ့တာပါ။
မက်ဆီဟာ စက်တင်ဘာလက ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ပွဲစဉ်တွေမှာလည်း အာဂျင်တီးနားအသင်းရဲ့ လူစာရင်းမှာ ပါဝင်ခဲ့ပြီး အီကွေဒေါအသင်းနဲ့ ပွဲစဉ်မှာသာ ပါဝင်နိုင်ခဲ့ကာ ဘိုလီးဗီးယား အသင်းနဲ့ ပွဲစဉ်ကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မက်ဆီမပါဝင်နိုင်တာကြောင့် အင်တာမိုင်ယာမီ အသင်းဟာ ရလဒ်ကောင်းတွေရရှိဖို့ ရုန်းကန်နေရပြီး မေဂျာလိဂ်ပလေးအော့ဖ်အဆင့် ယှဉ်ပြိုင်ခွင့်ရမယ့် မျှော်လင့် ချက် ရပ်တန့်သွားခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနိုက မက်ဆီဟာ အသင်းအတွက် ပြန်ပါဝင်ကစားပေးနိုင်ဖို့ နီးစပ်နေပြီလို့ ချီကာဂိုအသင်းနဲ့ ပွဲအပြီး သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်းဖော် ဖာရီးယက်စ်လည်း လာမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် အာဂျင်တီးနားအသင်းလူစာရင်းမှာ ပထမဆုံး အကြိမ် ရွေးချယ်ခံခဲ့ရပြီး ယူနိုက်တက်အသင်းကြယ်ပွင့် ဂါနာချိုလည်း အာဂျင်တီးနားအသင်း လူစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ် အောက်တိုဘာ ၁၂ ရက်မှာ ပါရာဂွေး၊ ၁၇ ရက်မှာ ပီရူးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Besoccer

- By CNI
- Category: အားကစား
- Hits: 1032
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅
ပေါ်တူဂီနဲ့ ယူနိုက်တက် အသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့နှစ်က ကမ္ဘာပေါ်မှာရှိတဲ့ အခြား ဘောလုံးကစားသမားတွေထက် မိနစ်အများဆုံး ကစားထားတဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ Fifpro က ဖော်ပြထားပါတယ်။
Fifpro က ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်ကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက် ကြားထဲမှာ မိနစ်ပေါင်း ၆,၆၆၆ မိနစ် ပါဝင်ကစားခဲ့တယ်လို့ ပြောခဲ့တာပါ။
ဒီအဖွဲ့အစည်းဟာ ထိပ်တန်း ကစားသမားတွေ ရင်ဆိုင်နေရတဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ တောင်းဆိုချက်တွေကို ဖော်ပြဖို့ ကစားသမားပေါင်း ၁,၈၀၀ ရဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာခဲ့တာ ဖြစ်ပါတယ်။
Fifpro ဟာ ကစားသမားတွေကို ကာကွယ်နိုင်ဖို့အတွက် ဘောလုံးပြက္ခဒိန်ကို ပြောင်းလဲမှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေတာပါ။
ဘရူနိုဖာနန်ဒက်စ်ဟာ အဆိုပါ ကာလအတွင်းမှာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၇၂ ပွဲ ပါဝင်ကစားခဲ့ပြီး မနှစ်ကရာသီက ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့ မန်စီးတီးအသင်းက ကစားသမား ၄ ဦးဟာ ထိပ်ဆုံး ၁၀ ဦးစာရင်း ထဲမှာ ပါဝင်ခဲ့ပါတယ်။
မိနစ်အများဆုံး ကစားထားသော ဘောလုံသမားများစာရင်းကိုတွေ့ရစဉ်
စပိန်ကွင်းလယ်လူ ရိုဒရီက ၆၈ ပွဲ၊ ပေါ်တူဂီကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက ၆၇၊ ဆွစ်ဇာလန် နောက်ခံလူ အကန်ဂျီက ၆၆ ပွဲနဲ့ အာဂျင်တီးနား တိုက်စစ်မှူး အယ်လ်ဗားရက်ဇ်က ၆၆ ပွဲ ပါဝင်ကစားခဲ့တာပါ။
ဘရူနိုဖာနန်ဒက်စ်ရဲ့ ယူနိုက်တက်အသင်းဖော် ရက်ရှ်ဖို့ဒ်ကလည်း ၆၇ ပွဲနဲ့ ဒီစာရင်းရဲ့ ထိပ်ဆုံး ၁၀ ဦးထဲမှာ ပါဝင် ခဲ့တာ ဖြစ်ပါတယ်။
အမျိုးသမီးဘောလုံး သမားတွေထဲမှာဆိုရင် ရီးရယ်လ်နဲ့ စပိန်အသင်းဂိုးသမား မီဆာက ၄,၇၂၂ မိနစ်နဲ့ မိနစ် အများဆုံး ကစားထားတဲ့သူအဖြစ် ရပ်တည်နေတာပါ။ Fifpro ကတော့ ပွဲစဉ်တွေ အလွန်များပြား နေတာကြောင့် ကစားသမားတွေကို ကာကွယ်ဖို့ လိုအပ်တယ်လို့ ပြောထားပါတယ်။
ပွဲစဉ်တွေ များပြားနေတဲ့အတွက် ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေက ကစားသမားတွေဟာ ရာသီသစ် စတင် တာ ၆ ပတ်ကျော်သာ ရှိသေးတဲ့အချိန်မှာ ဒဏ်ရာကြောင့် အချိန်အကြာကြီး အနားယူတာတွေ ကြုံတွေ့နေရတာပါ။
ယူနိုက်တက် အသင်းနည်းပြ အဲရစ်တန်ဟတ်က ကစားသမားတွေဟာ ဒီလိုအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်း လို့ မရဘူးလို့ ပြောထားပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 746
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ကြီး ၃ တိုက်က နိုင်ငံ ၆ ခုမှာ ကျင်းပသွားမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က အတည်ပြု လိုက်ပါတယ်။
စပိန်၊ ပေါ်တူဂီနဲ့ မော်ရိုကိုနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပြီး အဖွင့်ပွဲစဉ် ၃ ပွဲကိုတော့ ဥရုဂွေး၊ အာဂျင်တီးနားနဲ့ ပါရာဂွေးနိုင်ငံတို့မှာ ကျင်းပသွားမှာပါ။
တောင်အမေရိကနိုင်ငံမှာ ကျင်းပမယ့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့် ပွဲစဉ်တွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်ကို လာမယ့်နှစ်မှာ ကျင်းပမယ့် ဖီဖာကွန်ဂရက်မှာ အတည်ပြုဖို့ စီစဉ်ထားတာပါ။
၁၉၃၀ ခုနှစ်က စတင်ခဲ့တဲ့ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို ဥရုဂွေးနိုင်ငံ၊ မွန်တီဗွီဒီယိုမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး ဒီမြို့မှာပဲ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်ကို အာဂျင်တီးနား၊ ပါရာဂွေးတို့ရဲ့ ပွဲစဉ်တွေနဲ့အတူ ကျင်းပ နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
FIFA နဲ့ ကမ္ဘာ့နိုင်ငံများကိုတွေ့ရစဉ်
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲလို အသင်းပေါင်း ၄၈ သင်းနဲ့ ကျင်းပသွားမှာပါ။
ဒီပြိုင်ပွဲနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် အတည်ဖြစ်ခဲ့တယ်ဆိုရင် မော်ရိုကိုနိုင်ငံဟာ တောင်အာဖရိကနိုင်ငံ ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပမယ့် ဒုတိယမြောက် အာဖရိကနိုင်ငံ ဖြစ်လာမှာပါ။
စပိန်နိုင်ငံဟာ ၁၉၈၂ ခုနှစ်က ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် နောက်ဆုံး လက်ခံကျင်းပခဲ့တာဖြစ်ပြီး ပေါ်တူဂီ ကတော့ ဒီပြိုင်ပွဲမှာ အိမ်ရှင်အဖြစ် တစ်ကြိမ်မှ မကျင်းပခဲ့ဖူးပေမယ့် ယူရို ၂၀၀၄ ပြိုင်ပွဲကိုတော့ လက်ခံကျင်းပခဲ့ တာ ဖြစ်ပါတယ်။
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပူးတွဲအိမ်ရှင်တွေဖြစ်တဲ့ အာဂျင်တီးနား၊ ဥရုဂွေး၊ ပါရာဂွေး၊ စပိန်၊ ပေါ်တူဂီနဲ့ မော်ရိုကို နိုင်ငံတို့ဟာ ခြေစစ်ပွဲဝင်စရာ မလိုဘဲ အလိုအလျောက် ခြေစစ်ပွဲ အောင်မြင်မှာပါ။
ဆော်ဒီနိုင်ငံကတော့ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖို့ ယှဉ်ပြိုင်သွားမယ်လို့ ကြေညာခဲ့ ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
Source: BBC