CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၀

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ကနေ နုတ်ထွက်ကြောင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာမျိုးဆက်သွေးက ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၀ ရက်တွင် တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။

ဒေါက်တာမျိုးဆက်သွေးသည် ပါတီကနေ နုတ်ထွက်ကြောင်း ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၀ ရက်က တရားဝင် ပါတီသို့ စာတင်ခဲ့သည်။

ဒေါက်တာမျိုးဆက်သွေးက “ ကျနော်က မာနတွေ ခဝါချပြီး ပါတီအတွက် ပြန်လာတာတောင် ပါတီဥက္ကဋ္ဌနဲ့ CEC တွေက အသိမှတ်မပြုရင် ကျနော့်ဘက်ကလည်း Bye ပါပဲ။ အချို့ အချို့သော သူတွေအတွက်တော့ အားနာပါ တယ်လေ”ဟု သူ၏ လူမှုကွန်ရက်မှာ ရေးသားထုတ်ပြန်ခဲ့သည်။

ဒေါက်တာမျိုးဆက်သွေးသည် PPP ပါတီကနေ မည်သည့် ပြဿနာကြောင့် နုတ်ထွက်ခဲ့သည်ကိုတော့ မသိရသေး ပေ။

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)သည် ဒေါက်တာသက်သက်ခိုင် ဦးဆောင်နေပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီဖြစ်သည်။