CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၉

နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက တိုက်စစ်မှူး အစ်ဆက်ဟာ အသင်းရဲ့ ရာသီသစ် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကို ပါဝင်နိုင်ဖွယ် မရှိဘူးလို့ ပြောခဲ့ပါတယ်။ 

နွေရာသီ အပြောင်းအရွှေ့မှာ နယူးကာဆယ်အသင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းနေတဲ့ အစ်ဆက်ဟာ တစ်ဦးတည်း လေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။ 

လီဗာပူးလ်အသင်း ပစ်မှတ် အစ်ဆက်ဟာ အက်စ်ပန်ညိုအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲ အပါအဝင် နယူးကာဆယ်အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ ပါဝင်ကစားခဲ့ခြင်း မရှိပါဘူး။ 

အစ်ဆက်ဟာ လာမယ့် အသလက်တီကိုအသင်းနဲ့ ခြေစမ်းပွဲအပြင် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကိုလည်း ပါဝင် နိုင်ဖွယ်မရှိတာ ဖြစ်ပါတယ်။ 

နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက “ကျနော်တို့ ဆွေးနွေးမှုတွေရှိပြီး အခုအချိန်မှာ သူ့ကိုအဖွဲ့ထဲ ပတ်သက်ခွင့် မပြုနိုင်ဘူးဆိုတာ ရှင်းပါတယ်။ ဒါက ဘယ်လောက်ကြာမလဲဆိုတာ ကျနော် မသိပါဘူး။ ဆွေးနွေးမှု တွေက သီးသန့်ရှိနေမှာ ဖြစ်ပေမယ့် ကျနော်ကတော့ အခုအချိန်မှာ သူ့ကိုအဖွဲ့ထဲ ဝင်ရောက်ခွင့် မပြုနိုင်ဘူးဆိုတာ ရှင်းပါတယ်။ သူ့ကိုဒီပွဲမှာ ပါဝင်ကစားစေချင်သလို မနက်ဖြန် လေ့ကျင့်ရေးမှာလည်း ရှိစေချင်ပြီး သူ့ကို ကျနော်တို့ နဲ့အတူ ရှိစေချင်ပါတယ်”လို့ ပြောခဲ့တာပါ။ 

အစ်ဆက်ကို တွေ့ရစဉ်

လီဗာပူးလ်အသင်းဟာ အစ်ဆက်ကို ခေါ်ယူဖို့ ပေါင်သန်း ၁၁၀ နဲ့ ပြီးခဲ့အပတ်က ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာကို နယူးကာဆယ်အသင်းက ပယ်ချထားတာ ဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းဟာ အစ်ဆက်နဲ့ နယူးကာဆယ်အသင်းရဲ့ အခြေအနေကို စောင့်ကြည့်ပြီး နောက်ထပ် ကမ်းလှမ်းမှု အသစ်ပြုလုပ်ဖို့ ရှိနေတာပါ။ 

နယူးကာဆယ်အသင်းဟာ အစ်ဆက်ရဲ့ နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးသစ်တွေ ခေါ်ယူဖို ကြိုးပမ်းနေပေမယ့် အဆင်ပြေမှု မရှိသေးတာဖြစ်ပါတယ်။ 

နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁၆ ရက်မှာ အက်စတွန်ဗီလာ အသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Dailymail