CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇

ဘာစီလိုနာအသင်းဟာ ကလပ်နဲ့ အဆင်မပြေမှုတွေ ဖြစ်နေတဲ့ ဂျာမနီဂိုးသမား စတီဂန်ကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှု ပြုလုပ်ပြီး အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားဖို့ စဉ်းစားနေပါတယ်။ 

စတီဂန်ဟာ သူ့ရဲ့နောက်ကျော ခွဲစိတ်မှုသတင်းကို လူသိရှင်ကြား ပြောခဲ့သလို ဒီခွဲစိတ်မှုကြောင့် ၃ လကျော်ကြာ အနားယူရဖွယ် ရှိနေတဲ့အတွက် ဘာစီလိုနာအသင်းကို ဒေါသထွက်စေခဲ့တာပါ။ 

စတီဂန်ရဲ့ ဒီလုပ်ရပ်တွေကြောင့် ဘာစီလိုနာအသင်း အကြီးအကဲတွေဖြစ်တဲ့ လာပေါ်တာနဲ့ ဒေကိုတို့ဟာ သူ့ကို ဒေါသထွက်နေပြီး အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားဖို့ စဉ်းစားနေတယ်လို့ Mundo Deportivo က ဖော်ပြထားပါတယ်။ 

ဘာစီလိုနာအသင်းဟာ ဆာဂျီရော်ဘတ်တို အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်မှာ ဂိုးသမား စတီဂန်ကို အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခဲ့တာပါ။ 

ဘာစီလိုနာအသင်းဟာ နောက်ဆုံး ဆုံးဖြတ်ချက် မချမီမှာ နည်းပြဟန်ဆီဖလစ်နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ 

စတီဂန်ကို တွေ့ရစဉ်

ဘာစီလိုနာအသင်းဟာ အာရှရာသီကြို ခြေစမ်းခရီးစဉ်ကနေ ပြန်ရောက်ရှိလာပြီးနောက် ရက်အနည်းငယ် အနားယူကာ လေ့ကျင့်မှုတွေ ပြန်ပြီးပြုလုပ်မှာပါ။ 

ဘာစီလိုနာအသင်းဟာ စပိန်ဂိုးသမား ယိုအန်ဂါစီယာကို အက်စ်ပန်ညိုအသင်းကနေ ခေါ်ယူခဲ့ပြီးနောက် စတီဂန်ရဲ့ အနာဂတ်ဟာ အသင်းမှာ မရေမရာဖြစ်လာခဲ့ပြီး ထွက်ခွာရဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ 

ဒါပေမယ့် ခွဲစိတ်ပြီး အနားယူရမှာဖြစ်တဲ့အတွက် စတီဂန်ဟာ ဘာစီလိုနာအသင်းမှာ ဆက်ပြီးရှိနေမှာပါ။ 

ဘာစီလိုနာအသင်းဟာ ယိုအန်ဂါစီယာကို ဦးစားပေး ဂိုးသမားအဖြစ် အသုံးပြုဖို့ စီစဉ်ထားပြီး ဆက်ဇနီကို အရန် ဂိုးသမားအဖြစ် အသုံးပြုဖို့ ရှိနေပါတယ်။

ဘာစီလိုနာအသင်းဟာ လာမယ့် သြဂုတ် ၁၀ ရက်မှာ ယိုအန်ဂန်ပါ ဆုဖလားပွဲအဖြစ် ကိုမိုအသင်းနဲ့ ယှဉ်ပြိုင်သွား မှာ ဖြစ်ပါတယ်။ 

Source: Goal