
- By CNI
- Category: အားကစား
- Hits: 587
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၁
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ် ပွဲစဉ်အပြီးမှာ အာဆင်နယ်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အန်ဖီးလ်ပုံစံ အစစ်အမှန်ကို လိုချင် တယ်လို့ ပြောလိုက်ပါတယ်။
ကလော့ပ်က “ဒီပွဲမှာ ကျနော့်ရဲ့ အနောက်မှာရှိတဲ့ ပရိသတ်တွေနဲ့ ပတ်သက်ပြီး မပျော်မရွှင် ဖြစ်မိပါတယ်။ ကျနော် တို့ အများကြီး ပြောင်းလဲခဲ့ပြီး ဝက်စ်ဟမ်းကို အသာစီးနဲ့ ကစားနိုင်ခဲ့သလို အခွင့်အရေးတွေ လွဲချော်ခဲ့ပါတယ်။ ယူနိုက်တက်ကို အနိုင်မရခဲ့လို့ ပရိသတ်တွေ စိတ်ပျက်နေလားဆိုတာ ကျနော်မသိပါဘူး။
အာဆင်နယ်နဲ့ ပွဲမှာ တော့ အန်ဖီးလ်ရဲ့ ပုံစံအစစ်အမှန်ကို ကျနော်တို့ လိုအပ်ပါတယ်။ အာဆင်နယ်က ပွဲမကစားခဲ့ရတဲ့အတွက် ပြင်ဆင် ထားမယ်ဆိုတာ သိပါတယ်။ အဲ့ဒါကြောင့် ပရိသတ်တွေ အနေနဲ့ ပွဲအစ ၁ စက္ကန့်ကနေ အားပေးမှုတွေပြုလုပ်ဖို့ လိုအပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်နည်းပြ ကလော့ပ်ကိုတွေ့ရစဉ်
လီဗာပူးလ်အသင်းဟာ ကာရာဘောင်းဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ပေမယ့် နည်းပြ ကလော့ပ်ကတော့ အသင်းပရိသတ်တွေရဲ့ အားပေးမှုအပေါ် ဝေဖန်မှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဘောလုံးပွဲ ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ်က လီဗာပူးလ်နဲ့ ယူနိုက်တက်အသင်းတို့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲအပြီးမှာ လီဗာပူးလ်အသင်း ပရိသတ်တွေရဲ့ အားပေးမှုဟာ သူမြင်တွေ့ဖူးသမျှထဲမှာ အငြိမ်သက် ဆုံး ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရ ခဲ့တာဖြစ်ပြီး ဂိုးတွေကို ကာတစ်ဂျုံးစ်က ၂ ဂိုး၊ ဆိုဘော့ဇ်လိုင်း၊ ဂတ်ပိုနဲ့ ဆာလက်တို့က ၁ ဂိုးစီသွင်းယူခဲ့တာပါ။
ကာရာဘောင်းဖလား ဆီးမီးဖိုင်နယ် ပွဲစဉ်အတွက် မဲခွဲမှု ပြုလုပ်ခဲ့တာမှာတော့ လီဗာပူးလ်အသင်းက ဖူလ်ဟမ် အသင်း၊ မယ်ဒယ်ဘရော့အသင်းက ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို နှစ်ကျော့ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဇန်နဝါရီလထဲမှာ ကျင်းပသွားမှာပါ။
လီဗာပူးလ်အသင်းဟာ ဒီဇင်ဘာ ၂၄ ရက်မှာ ကစားမယ့် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ နိုင်ပွဲရယူပြီး ပရီးမီးယား လိဂ် အမှတ်ပေးဇယားကို ပြန်လည်တက်လှမ်းနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 598
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀
တိုက်စစ်မှူးဟောင်း အဂွေရိုက ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ဆုဖလားအတွက် မန်စီးတီး အသင်းကို အကြီးမားဆုံး ခြိမ်းခြောက်မှု ပြုလုပ်နေတဲ့ အသင်းတွေထဲက တစ်သင်းလို့ ပြောလိုက်ပါတယ်။
အဂွေရိုက “ ရာသီရဲ့ ဒီအဆင့်မှာ ယူနိုက်တက်ကို ဘယ်တော့မှ လျှော့တွက်လို့ မရပါဘူး။ သူတို့ဟာ မန်စီးတီး အသင်းရဲ့ ပရီးမီးယားလိဂ် ဆုဖလားအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ပြုလုပ်နေတဲ့ အသင်းပါ။ ပိုစတီကိုဂလူး လက်ထက်မှာ အများကြီး တိုးတက်လာတဲ့ စပါးအသင်းကလည်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အသင်းပါ။ နယူးကာဆယ်အသင်းဟာ ချန်ပီယံဆု အခွင့်အရေးအတွက် အမြဲတမ်း တိုက်ပွဲဝင်နေပါတယ်”လို့ Stake.com ကို ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရလဒ်ပိုင်း တည်ငြိမ်မှုမရှိဘဲ ပရီးမီးယားလိဂ် အဆင့် ၇ နေရာမှာ ရပ်တည်နေ ပေမယ့် အဂွေရိုကတော့ ယူနိုက်တက်အသင်းကို ချန်ပီယံဆု စိန်ခေါ်နိုင်တဲ့ အသင်းထဲ ထည့်သွင်းခဲ့တာ ဖြစ်ပါ တယ်။
ယူနိုက်တက်အသင်းကိုတွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတိုင်း အနိုင်ရခဲ့ပြီး နည်းပြ အဲရစ်တန်ဟတ်၊ နောက်ခံလူ မက်ဂွဲယားနဲ့ တိုက်စစ်ကစားသမား ဂါနာချိုတို့ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နည်းပြဆု၊ အကောင်းဆုံး ကစားသမားဆုနဲ့ အကောင်းဆုံး သွင်းဂိုးဆုတို့ကို ရရှိခဲ့တာပါ။
ဒါပေမယ့် ဒီဇင်ဘာလမှာ ၁ ပွဲသာ အနိုင်ရထားပြီး ထိပ်ဆုံးနေရာက အာဆင်နယ်အသင်းနဲ့ ၁၁ မှတ်အထိ ကွာဟနေတာ ဖြစ်ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အာဆင်နယ်အသင်းက အဆင့် ၁ ၊ လီဗာပူးလ်အသင်းက အဆင့် ၂ ၊ အက်စတွန်ဗီလာအသင်းက အဆင့် ၃ နဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းက အဆင့် ၄ နေရာမှာ ရပ်တည်နေတာ ပါ။
အဂွေရိုကတော့ အာဆင်နယ်အသင်း အကောင်းဆုံးပုံစံ ရရှိနေပေမယ့် သူတို့ရဲ့ မြောက်လန်ဒန် ဒါဘီပြိုင်ဘက် စပါးအသင်းကိုသာ ချန်ပီယံဆုစိန်ခေါ်နိုင်တဲ့ စာရင်းထဲ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။
အဂွေရိုရဲ့ အသင်းဟောင်း မန်စီးတီးအသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရတဲ့အထိ ရလဒ်တွေ ဆိုးနေတာပါ။
ဒါပေမယ့် သူတို့ဟာ ကျင်းပနေတဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဗိုလ်လုပွဲအထိ တက်ရောက် နိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 573
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀
ဘရာဇီးလ်အသင်းတိုက်စစ်မှူး နေမာဟာ ၂၀၂၄ ခုနှစ် ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့အတွက် ဒူးခွဲစိတ်မှုကနေ အချိန်မီ ပြန်ကောင်းမွန်လာမှာ မဟုတ်ဘူးလို့ နိုင်ငံအသင်းရဲ့ ဆရာဝန် လက်စ်မာက ပြောပါတယ်။
လက်စ်မာက “ဒီပြိုင်ပွဲက နေမာအတွက် စောလွန်းနေပါတယ်။ မြန်မြန်ပြန်ကောင်းမွန်လာဖို့နဲ့ မလိုလားအပ်တဲ့ စွန့်စားမှုတွေကို ရယူဖို့အတွက် အဆင့်တွေကို ကျော်သွားစရာ မရှိပါဘူး။ သြဂုတ်လမှာ စတင်မယ့် ၂၀၂၄ ရာသီ အစမှာ သူပြန်လာဖို့အတွက် အဆင်သင့် ဖြစ်နေမယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။
ကျနော်တို့ စိတ်ရှည်ဖို့ လိုအပ်ပါတယ်”လို့ ဘရာဇီးလ်ရေဒီယို 98 FM ကို ပြောပါတယ်။
နေမာဟာ အောက်တိုဘာလက ဥရုဂွေးအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရရှိခဲ့တဲ့ ဒူးအရွတ်ဒဏ်ရာကို ပြီးခဲ့တဲ့လက ခွဲစိတ်မှုခံယူခဲ့တာ ဖြစ်ပါတယ်။
နေမာကတော့ ၂၀၂၄ ခုနှစ် ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖို့ ပစ်မှတ်ထားနေပေမယ့် နိုင်ငံအသင်းဆရာဝန်ရဲ့ ပြောဆိုမှုကြောင့် သူ့ရဲ့မျှော်လင့်ချက်တွေကို လက်လွှတ်ရဖွယ် ရှိနေပါတယ်။
နေမာကို တွေ့ရစဉ်
၂၀၂၄ ခုနှစ် ကိုပါအမေရိကဖလားပြိုင်ပွဲကို ဇွန် ၂၀ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ အမေရိကန်နိုင်ငံမှာ ကျင်းပ သွားမှာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စု D မှာ ကိုလံဘီယာ၊ ပါရာဂွေး၊ ကွန်ကာကပ်ဖ်ခြေစစ်ပွဲက အနိုင်ရတဲ့ အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။
ဒီပြိုင်ပွဲမှာ နေမာ မပါဝင်နိုင်တာက ကစားသမား အတွက်ရော ဘရာဇီးလ်အသင်းအတွက်ပါ ကြီးမားတဲ့ ထိုးနှက်ချက်အဖြစ် ရှိခဲ့တာ ဖြစ်ပါတယ်။
နေမာဟာ သြဂုတ်လကမှ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီး ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ၅ ပွဲသာ ပါဝင်ကစားထားရတာပါ။
နေမာဟာ ဒီ ၅ ပွဲမှာ အယ်လ်ဟီလယ်အသင်းအတွက် ၁ ဂိုးသွင်းပြီး ၃ ဂိုး ဖန်တီးနိုင်ခဲ့ကာ ဒဏ်ရာကြောင့် ရာသီ အကုန်ထိ အသင်းအတွက် ပါဝင်မကစားပေးနိုင်တော့တာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 947
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀
ချယ်လ်ဆီးအသင်းဟာ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
ဒီပွဲစဉ်ရဲ့ပွဲချိန် ၁၆ မိနစ်မှာ နယူးကာဆယ်အသင်းဟာ ဝီလ်ဆင်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် ၉၂ မိနစ် မှာ ထရစ်ပီယာရဲ့ အမှားကနေ မူဒရစ်က ချယ်လ်ဆီးအသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့လို့ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
အဲ့ဒါကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့တာမှာ ချယ်လ်ဆီးအသင်းက ၄ ဂိုးစလုံးဝင်ခဲ့ပြီး နယူးကာဆယ် အသင်းဘက်က ထရစ်ပီယာနဲ့ ရစ်ချီတို့ မဝင်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်းအနိုင်ရပြီး ဆီမီးဖိုင်နယ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ပွဲအပြီးမှာ ကစားသမားတွေရဲ့ တိုက်ပွဲဝင် စိတ်ဓါတ်ကို ချီးကျူးမှု ပြုလုပ်သွားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းကို တွေ့ရစဉ်
ပိုချက်တီနိုက “နယူးကာဆယ်လို ကောင်းမွန်တဲ့ အသင်းနဲ့ပွဲမှာ ကျနော်တို့ ပွဲကို အသာစီး ကစားနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ဖိအားပေးမှုတွေ ဆက်တိုက်ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘောလုံးမှာ အရေးကြီးဆုံးအရာက အဆုံးထိ ယုံကြည်မှုရှိဖို့ပါ။ ပင်နယ်တီကတော့ ထီထိုးသလိုဖြစ်ပေမယ့် ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူး ရမှာပါ။ ပွဲမစခင်မှာ ကျနော်တို့ရဲ့ ရည်မှန်းချက်က ဒီအဆင့်ကို ဖြတ်ကျော်နိုင်ဖို့ဖြစ်ပြီး အခု ကျနော်တို့ ဆီမီးဖိုင်နယ်ကို ရောက်ရှိသွားပါပြီ”လို့ ပြောခဲ့ပါတယ်။
အခြား ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ အဲဗာတန်နဲ့ ဖူလ်ဟမ်အသင်းတို့ ပွဲချိန်အတွင်း ၁ ဂိုးစီ သရေကျခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့တာမှာ ဖူလ်ဟမ်အသင်းက အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ တာပါ။
ပေါ့ဗေးလ်နဲ့ မယ်ဒယ်ဘရော့ အသင်းတို့ပွဲမှာတော့ မယ်ဒယ်ဘရော့အသင်းက ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 515
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ကစားသမားတွေအနေနဲ့ တစ်သက်မှာတစ်ကြိမ်သာရရှိနိုင်မယ့် အခွင့်အရေးဖြစ်တဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ချန်ပီယံဆုကို ရယူဖို့ ပြောလိုက်ပါတယ်။
ဂွာဒီယိုလာက “ဒီပြိုင်ပွဲက ကလပ်အတွက် အရေးကြီးတယ်ဆိုတာ ကစားသမားတွေသိပါတယ်။ ဗိုလ်လုပွဲကို ရောက်ရှိဖို့ဆိုရင် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ မယုံနိုင်စရာကောင်းတဲ့ အရာတွေကိုပြုလုပ်ရပါမယ်။ ဒီ ဆုဖလားက တစ်သက်မှာတစ်ကြိမ်သာ ကစားခွင့်ရတဲ့ အခွင့်အရေးပါ။ ဒီမှာရှိနေတာကိုက ကျနော်တို့အတွက် မယုံနိုင်စရာဖြစ်ပြီး နောက်တစ်ကြိမ်ပြန်မလာနိုင်ဘူးဆိုတာသိတဲ့အတွက် ဒီဆုဖလားကို အရယူသွားမယ်”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အူရာဝါရက်ဒ်အသင်းနဲ့ ကစားခဲ့တာမှာ ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဗိုလ်လုပွဲအဖြစ် တောင်အမေရိကချန်ပီယံ ဖလူမီနက်စ်အသင်းနဲ့ ဒီဇင်ဘာ ၂၂ ရက်မှာ ယှဉ်ပြိုင်ရမှာပါ။ မန်စီးတီးအသင်းဟာ ယူနိုက်တက်၊ လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့ပြီးနောက် ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်တဲ့ စတုတ္ထမြောက် အင်္ဂလိပ်ကလပ်အသင်းဖြစ်လာဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ အဓိက ကစားသမားတွေဖြစ်တဲ့ ဒီဘရိုင်းနဲ့ ဟာလန်းတို့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပါဝင်နိုင်မှာမဟုတ်ဘူးဆိုတာ ဖီဖာထံ အသိပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။ သူတို့နှစ်ဦးစလုံးဟာ မန်စီးတီးအသင်းနဲ့ ဆော်ဒီကို လိုက်ပါလာခဲ့ပြီး တံကောက်ကြောဒဏ်ရာကြောင့် ၃ လကြာအနားယူခဲ့ရတဲ့ ဒီဘရိုင်းဟာ အသင်းနဲ့အတူ ပထမဆုံးအကြိမ်လေ့ကျင့်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ ဟာလန်းကတော့ ခြေထောက် ဒဏ်ရာကြောင့် လေ့ကျင့်မှုပြုလုပ်နိုင်ခြင်းမရှိသေးပါဘူး။
ဂွာဒီယိုလာက “ဒီဘရိုင်းဟာ ကျနော်တို့နဲ့ လေ့ကျင့်မှုတွေစတင်ခဲ့ပြီး ၃ လကြာအနားယူအပြီးမှာ သူဟာ ပိုမို ကောင်းမွန်လာပါပြီ။ ဟာလန်းကတော့ လေ့ကျင့်နိုင်ခြင်းမရှိသေးပါဘူး။ ကျနော်တို့ဟာ ဖလူမီနက်စ်အသင်းနဲ့ ဗိုလ်လုပွဲမှာ ပိုကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေ ပြသနိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ ပြောခဲ့ပါတယ်။
ဟာလန်းနဲ့ ဒီဘရိုင်းတို့ဟာ ဒီဇင်ဘာ ၂၇ ရက်မှာကစားမယ့် အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီး အသင်းအတွက် ပြန်လည်ပါဝင်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
Source:ESPN

- By CNI
- Category: အားကစား
- Hits: 573
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉
မန်စီးတီးအသင်းကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားက မန်စီးတီးအသင်းအတွက်သာ အာရုံစိုက်နေတယ်လို့ ဆော်ဒီလိဂ်ရဲ့ အပြောင်းအရွှေ့ချိတ်ဆက်ခံရမှုတွေအပေါ် တုန့်ပြန်ခဲ့ပါတယ်။
ဘာနာဒိုဆေးလ်ဗားက “ဆော်ဒီလိဂ်ရဲ့ တိုးတက်မှုက ကြီးမားပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကလည်း ရှိနေတဲ့ အတွက် ရပ်တန့်သွားမှာမဟုတ်ဘူးလို့ ကြားခဲ့ရပါတယ်။ အနာဂတ် ဆော်ဒီကိုလာဖို့လားဆိုရင်တော့ လက်ရှိ အချိန်မှာ မန်စီးတီးအသင်းအတွက်ပဲ အာရုံစိုက်နေပါတယ်။ ကျနော့်အမြင်မှာတော့ အဆင့်အမြင့်ဆုံးဖြစ်တဲ့ ဥရောပမှာ ဘောလုံးကစားရတာ အလွန်ပျော်ရွှင်ပါတယ်” လို့ ပြောခဲ့တာပါ။
ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးအသင်းနဲ့အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ဖို့ ဆော်ဒီကို ရောက်ရှိနေတဲ့ အချိန်မှာ ဆော်ဒီလိဂ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မေးမြန်းခံခဲ့ရတာဖြစ်ပါတယ်။ ဘာနာဒိုဆေးလ်ဗားဟာ ပြီးခဲ့တဲ့နွေရာသီက ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေရဲ့ အပြင်းအထန်ချိတ်ဆက်ခံခဲ့ရသလို ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ စိတ်ဝင်စားမှုတွေလည်း ရရှိခဲ့ပေမယ့် မန်စီးတီးအသင်းမှာ ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့တာပါ။ နောက်ပိုင်းမှာ ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ ဘာနာဒိုဆေးလ်ဗားဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်း ဆုဖလား ၃ လုံးရယူ နိုင်ခဲ့တာမှာ အဓိကကျတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တာပါ။ ၂၀၁၇ ခုနှစ်က မိုနာကိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးအသင်းအတွက် ၃၂၅ ပွဲပါဝင်ကစားထားပြီး ၅၉ ဂိုးသွင်း ယူထားပါတယ်။
ပေါ်တူဂီကွင်းလယ်လူဟာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ FA ဖလား ၂ ကြိမ်၊ ကာရာဘောင်းဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 584
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉
ယူနိုက်တက်အသင်း ကွင်းလယ်လူ အဲရစ်ဆန်က ဘုန်းမောက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နှလုံးရပ်သွားခဲ့တဲ့ လူတန်အသင်းခေါင်းဆောင် လော့ခ်ယာအနေနဲ့ ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားဖို့ အကြံပေးခဲ့ပါတယ်။
အဲရစ်ဆန်က “သူအဆင်ပြေမယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ဖြစ်ပျက်ခဲ့တာတွေကို ဖတ်ခဲ့ရအပြီးမှာ သူ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ကျနော် သူ့ကို အကြံပေးချင်တာက သူလုပ်ဆောင်နိုင်တဲ့ အရာမှန်သမျှကို အကောင်းဆုံး ဆုံးဖြတ်ချက်ချဖို့ပါ။ ဆရာဝန်တွေက တစ်ခုခု လုပ်ခိုင်းတယ်ဆိုရင် ဒါကိုလေးစားရမှာပါ။ နောက်ဆုံးမှာ သူဘယ်လို ခံစားရလဲဆိုတာနဲ့ ဆရာဝန်တွေ ပြောတဲ့အပေါ်မှာ မူတည်ပါတယ်။ သူဟာ မိသားစုနဲ့ အတူ ဆုံးဖြတ်ချက် ချရမှာဖြစ်ပေမယ့် အချိန်ယူပြီး သူ့ကိုယ်သူ အာရုံစိုက်သင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။
လော့ခ်ယာဟာ ဘုန်းမောက်အသင်းနဲ့ လူတန်အသင်းပွဲစဉ်ရဲ့ ဒုတိယပိုင်းအစမှာ နှလုံးရပ်ပြီး ကွင်းထဲလဲ ကျသွားခဲ့ တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် လော့ခ်ယာကို ဆေးရုံပို့ဆောင်ခဲ့ရပြီး ဒီပွဲကို ဆက်မကစားဖို့ နှစ်သင်းစလုံးက ဆုံးဖြတ်ချက် ချခဲ့တာ ပါ။
လော့ခ်ယာနဲ့ အဲရစ်ဆန်ကို တွေ့ရစဉ်
နောက်ပိုင်းမှာ လော့ခ်ယာရဲ့ အခြေအနေဟာ ပြန်ပြီးတည်ငြိမ် နေခဲ့ပေမယ့် သူ့ရဲ့ ကစားသမားဘဝဟာ စိုးရိမ်စရာ တွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။
လော့ခ်ယာဟာ ပြီးခဲ့တဲ့ မေလက ချန်ပီယံရှစ်ပလေးအော့ဖ် ပွဲစဉ်မှာလည်း ကွင်းအတွင်း လဲကျခဲ့မှုကြောင့် ခွဲစိတ်မှု ခံယူခဲ့ရပါသေးတယ်။
ခွဲစိတ်မှုအပြီးမှာ ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်လာခဲ့တဲ့အတွက် လူတန်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ပြန်လည် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
လော့ခ်ယာကို အကြံပေးခဲ့တဲ့ အဲရစ်ဆန်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဒိန်းမတ်အသင်းအတွက် ပါဝင် ကစားရင်း နှလုံးရပ်ကာ ကွင်းထဲလဲကျခဲ့တဲ့ အဖြစ်မျိုး ဖြစ်ခဲ့ဖူးပါတယ်။
အဲရစ်ဆန်ဟာ နှလုံးခုန်နှုန်းကို ထိန်းညှိပေးနိုင်တဲ့ ကိရိယာကို တပ်ဆင်ပြီးမှသာ ဘောလုံးပြန်ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
လော့ခ်ယာကတော့ ကွင်းအတွင်း ဒုတိယအကြိမ်မြောက် လဲကျခဲ့တာကြောင့် ဆေးစစ်မှုရလဒ်တွေ မကောင်းရင် ကစားသမားဘဝကို စောစီးစွာ အဆုံးသတ်ရဖွယ် ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
Source: The Sun

- By CNI
- Category: အားကစား
- Hits: 717
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉
ဘယ်နောက်ခံလူ လုပ်ခ်ရှောက ဒီရာသီ ယူနိုက်တက်အသင်းရဲ့ စွမ်းဆောင်ရည်တွေဟာ လက်ခံနိုင်စရာမရှိဘဲ အမှားအယွင်းတွေကို ဖြေရှင်းဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
လုပ်ခ်ရှောက “ကျနော်တို့ဟာ အန်ဖီးလ်ကွင်းမှာပဲဖြစ်ဖြစ်၊ အိုးထရက်ဖို့ဒ် ကွင်းမှာပဲဖြစ်ဖြစ် ပွဲတိုင်းကို တူညီတဲ့ ပုံစံနဲ့ စွမ်းဆောင်နိုင်ရပါမယ်။ ကျနော်တို့ဟာ တစ်သမတ်တည်းဖြစ်မှု အားနည်းတယ်လို့ ထင်ပါတယ်။ ကျနော် တို့ဟာ ချယ်လ်ဆီးအသင်းနဲ့ပွဲမှာ အလွန်ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဘုန်းမောက်အသင်းနဲ့ ကစား ချိန်မှာတော့ ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒါတွေက လက်ခံနိုင်စရာ မရှိပါဘူး။ ကျနော်တို့ ဒီလိုမျိုး ဆက် မလုပ်ချင်တဲ့အတွက် ဒါကို အမြန်ဆုံး ဖြေရှင်းဖို့လိုအပ်တယ်”လို့ Betfred ကို ပြောခဲ့ပါတယ်။
လုပ်ခ်ရှောပါဝင်တဲ့ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်းနဲ့ ဂိုးမရှိ သရေကစားနိုင်ခဲ့ပြီး ဒီရာသီ အန်ဖီးလ်ကွင်းမှာ ပထမဆုံး ရမှတ်ရယူနိုင်ခဲ့တဲ့ အသင်းဖြစ်ခဲ့ပါတယ်။
လုပ်ခ်ရှောကို တွေ့ရစဉ်
ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ကစားသမားတွေ ဒဏ်ရာရရှိမှု၊ တသမတ်တည်းမရှိတဲ့ အရာတွေကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး ကလပ်အသင်းရဲ့ ဆိုးရွားတဲ့ ရာသီစတင်မှုနဲ့ ကြုံတွေ့နေရတာပါ။
လုပ်ခ်ရှောကလည်း ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး အဲဗာတန်အသင်းနဲ့ ပွဲစဉ်ကမှ ယူနိုက်တက်အသင်း အတွက် ပြန်လည် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
လုပ်ခ်ရှော ပြန်လာပြီးနောက်မှာ ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ရမှတ် ၇ မှတ်သာ ရယူနိုင်ခဲ့တာပါ။
အင်္ဂလန်နောက်ခံလူက ယူနိုက်တက်အသင်းအနေနဲ့ အန်ဖီးလ်ကွင်းမှာ သရေကျခဲ့တဲ့ ပုံစံကို တည်ဆောက်ပြီး လာမယ့်ပွဲတွေမှာ အသုံးပြုရမယ်လို့ ပြောခဲ့ပါတယ်။
လုပ်ခ်ရှောဟာ ၂၀၁၄ ခုနှစ်က ဆောက်သမ်တန် အသင်းကနေ ပြောင်းရွှေ့ လာပြီးကတည်းက ယူနိုက်တက် အသင်းမှာ အရေးပါတဲ့ ကစားသမားတွေထဲက တစ်ဦးအဖြစ် ရှိနေတာပါ။
အသက် ၂၈ နှစ်အရွယ်ရှိ လုပ်ခ်ရှောဟာ ယူနိုက်တက်အသင်းအတွက် ၂၆၉ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုး သွင်း ယူထားကာ ယူရိုပါလိဂ်၊ ကာရာဘောင်းဖလား၊ FA ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ၁ ကြိမ်စီ ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 784
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈
ဂျာမနီအသင်းနည်းပြ နာဂျယ်လ်စမန်းဟာ ဝါရင့်ကွင်းလယ်လူ တိုနီကရူးစ်ကို ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် ဂျာမနီ အသင်းမှာ ပြန်လည်ပါဝင်ဖို့ တံခါးဖွင့်ပေးထားတာဖြစ်ပါတယ်။
ရီးရယ်လ်ကွင်းလယ်လူ တိုနီကရူးစ်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ သူ့ရဲ့ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေကြောင့် ဂျာမနီအသင်းကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ တိုနီကရူးစ်က သူဟာ မိသားစုအတွက် အချိန်ပိုပေးချင်ပြီး ရီးရယ်လ်အသင်းအတွက် အာရုံစိုက်ချင်တာကြောင့် နိုင်ငံအသင်းကနေ အနားယူခဲ့တာလို့ ပြောခဲ့တာဖြစ်ပါတယ်။ တိုနီကရူးစ်ဟာ ဂျာမနီအသင်းအတွက် ပြန်လည်ကစားပေးဖို့နဲ့ ပတ်သက်ပြီး တိတ်ဆိတ်နေခဲ့ပေမယ့် နည်းပြ ကတော့ ဝါရင့်ကွင်းလယ်လူနဲ့ စကားပြောဆိုထားတယ်လို့ ဖွင့်ဟခဲ့တာပါ။
နာဂျယ်လ်စမန်းက “တိုနီကရူးစ်ပြန်လာနိုင်ဖို့က စိတ်ဝင်စားဖို့ကောင်းတဲ့ တွေးစရာပါ။ ကျနော့်အလုပ်က ဂျာမနီ ကစားသမားတွေအားလုံးကို စဉ်းစားဖို့ပါ။ တိုနီက သူ့ရဲ့ထင်မြင်ချက်ကို ရှင်းရှင်းလင်းလင်းပြောတတ်ပြီး အလွန် အောင်မြင်တဲ့ဘောလုံးသမားပါ။ ကျနော် သူနဲ့ ယေဘုယျအကြောင်းအရာတွေကို ပြောဖြစ်ခဲ့ပြီး အိမ်ကွင်းမှာ ကစားရမယ့် ယူရိုပြိုင်ပွဲက ကစားသမားတွေအားလုံးကို ဆွဲဆောင်နိုင်မယ့်အရာလို့ထင်ကြောင်း”ပြောခဲ့ပါတယ်။
တိုနီကရူးစ်ဟာ ၂၀၁၀ ကနေ ၂၀၂၁ ခုနှစ်အထိ ဂျာမနီအသင်းရဲ့ အရေးပါတဲ့သူဖြစ်ခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နိုင်ငံအသင်းနဲ့အတူ ချန်ပီယံဆုရယူနိုင်ခဲ့တာပါ။ ဒါပေမယ့် မကြာသေးတဲ့ အချိန်တွေမှာ ဂျာမနီအသင်းရဲ့ ရလဒ်ပိုင်းတွေဟာ ကျဆင်းလာတာနဲ့အတူ ယူရို ၂၀၂၀ ပြိုင်ပွဲအပြီးမှာ တိုနီကရူးစ်ဟာ နိုင်ငံအသင်းကနေ အနားယူခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိ တိုနီကရူးစ်ဟာ ရီးရယ်လ်အသင်းမှာ ထိပ်တန်းအဆင့် စွမ်းဆောင်ရည်တွေပြသနေတာကြောင့် ဂျာမနီအသင်းထံ ပြန်လာဖို့က သူ့အတွက် ခက်ခဲမှာမဟုတ်ပါဘူး။
အိမ်ရှင်ဂျာမနီအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အုပ်စု A မှာ စကော့တလန်၊ဟန်ဂေရီ၊ ဆွစ်ဇာလန်တို့နဲ့ တစ်အုပ်စု တည်းကျရောက်နေကာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန် ၁၄ ရက်မှာ စကော့တလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 682
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈
ဆော်ဒီမှာကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မန်စီးတီးအသင်းပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် အလွန် ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေတယ်လို့ နည်းပြ ဂွာဒီယိုလာက ပြောလိုက်ပါတယ်။
ဂွာဒီယိုလာက “ကျနော်တို့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲသွားကစားရတာကို အလွန်နှစ်သက်ပါတယ်။ ဒီပြိုင်ပွဲကို သွားဖို့ဆိုရင် ချန်ပီယံလိဂ်ဖလားကို ရအောင်ယူရပါမယ်။ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုရယူဖို့ ကြိုးစားရမှာကို အလွန်ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေပါတယ်။ ပွဲအချိန်ဇယားနဲ့ ရလဒ်တွေကို လက်ခံရမှာပါ။ မန်စီးတီးအသင်း အနေနဲ့ ပွဲတွေအနိုင်ယူဖို့အတွက် ကိုယ့်အပေါ်မှာပဲမူတည်တာပါ” လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၅ ပွဲအမှတ်လျော့ခဲ့ပြီးနောက် အဆင့် ၄ နေရာ မှာ ရပ်တည်ကာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ ရောက်ရှိနေတာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလားယှဉ်ပြိုင်ရမှာဖြစ်လို့ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်ကို ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘဲ ဒီဇင်ဘာ ၂၇ ရက်မှ ပြန်လည်ယှဉ်ပြိုင်နိုင်မှာပါ။ အဲဒါကြောင့် ပရီးမီးယားလိဂ်ထိပ်ဆုံးနေရာမှာရှိတဲ့အသင်းနဲ့ မန်စီးတီး အသင်း ကြား အမှတ်ကွာဟမှုတွေပိုပြီး များလာနိုင်တာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီဇင်ဘာ ၁၉ ရက်မှာ ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဂျပန်ကလပ် အူရာဝါရတ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒီဇင်ဘာ ၂၂ ရက်မှာတော့ ဗိုလ်လုပွဲနဲ့ တတိယနေရာလုပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းလူစာရင်းမှာ ဒဏ်ရာကြောင့် ကာလရှည်ကြာအနားယူနေရတဲ့ ကွင်းလယ်လူ ဒီဘရိုင်းနဲ့ တိုက်စစ်မှူး ဟာလန်းတို့လည်းပါဝင်ခဲ့ပြီး ဒီ ဆုဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ သူ့ရဲ့နည်းပြဘဝမှာ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို ဘာစီလိုနာ အသင်းနဲ့ ၂ ကြိမ်၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၁ ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source:DailyMail