- By CNI
- Category: အားကစား
- Hits: 552
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ခြေထောက်ဒဏ်ရာရရှိနေတဲ့ တိုက်စစ်မှူး ဟာလန်းအနေနဲ့ ဇန်နဝါရီမှာ အသင်းအတွက် ပြန်လည်ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်တယ်လို့ အဲဗာတန်အသင်းကို အနိုင်ရတဲ့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ဟာလန်းက တစ်ဦးတည်းလေ့ကျင့်မှုပြုလုပ်နေတာပါ၊အသင်းနဲ့ လေ့ကျင့်မှုပြုလုပ်နေတာ မဟုတ်ပါဘူး။ ဟာလန်းရဲ့ နာကျင်မှုတွေက ဘယ်အချိန်မှ ပျောက်မလဲဆိုတာတော့ မေးခွန်းထုတ်စရာပါပဲ။ ကျနော်တို့ကတော့ ဇန်နဝါရီမှာ သူပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဆရာဝန်တွေအပေါ်မှာလည်း မူတည်ပါတယ်။ ဆရာဝန်တွေက မနက်တိုင်းလာပြီး ဒီကစားသမားကို အသုံးပြုလို့ ရပြီလို့ ပြောပေမယ့် ဒါကမဟုတ်ပါဘူး” လို့ ပြောခဲ့တာပါ။
အသက် ၂၃ နှစ်အရွယ်ရှိ ဟာလန်းဟာ မန်စီးတီးအသင်းက အဲဗာတန်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာမပါဝင်နိုင်ခဲ့ပြီးနောက် အသင်းနောက်ဆုံးကစားထားတဲ့ ၆ ပွဲစလုံးကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဒီပွဲမှာ အဲဗာတန်အသင်းကို ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် ဖိုဒန်၊ အယ်လ်ဗားရက်ဇ်နဲ့ ဘာနာဒိုဆေးလ်ဗားတို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းယူပေးခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာပါ။

တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ကွင်းလယ်လူ ဒီဘရိုင်းကတော့ မန်စီးတီးအသင်းအတွက် ပါဝင်ကစားပေးနိုင်ဖို့ နီးစပ်နေပြီး ဟတ်ဒါဖီးလ်စ်အသင်းနဲ့ FA ဖလားပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိတယ်လို့ နည်းပြ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။ အဲဗာတန်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းနောက်ခံလူ ဂျွန်စတုန်းစ်ဟာ ခြေကျင်းဝတ်ဒဏ်ရာရရှိသွားခဲ့တာကြောင့် ပထမပိုင်းမှာလူစားလဲမှုပြုလုပ်ခဲ့ရတာပါ။ မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာကတော့ ဂျွန်စတုန်းစ်ရဲ့ ဒဏ်ရာအခြေအနေကို အကဲဖြတ်ဖို့ စောလွန်းသေးတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အဲဗာတန်အသင်းကို အနိုင်ရခဲ့ပြီးနောက် အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၅ မှတ် အကွာ အဆင့် ၄ နေရာမှာရပ်တည်နေပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၁ ပွဲကစားဖို့ ကျန်ရှိနေသေးတာပါ။ မန်စီးတီး အသင်းဟာ ဒီဇင်ဘာ ၃၀ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ အဖြစ် ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 563
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇
နယူးကာဆယ်အသင်း ဂန္ထဝင် အလန်ရှီးယားက နယူးကာဆယ်အသင်းအနေနဲ့ ယူနိုက်တက်အသင်း ဂိုးသမား ဟောင်း ဒီဂီယာကို ခေါ်ယူဖို့ တိုက်တွန်းသွားခဲ့ပါတယ်။
အလန်ရှီးယားက “နယူးကာဆယ်က ဂိုးသမား လိုအပ်နေပြီး ဒီဂီယာကလည်း အသင်းမရှိဘူး ဖြစ်နေပါတယ်။ ဒီဂီယာရဲ့ လုပ်ခလစာက မြင့်မားတယ်ဆိုတာ ကျနော်သိပေမယ့် နယူးကာဆယ်အသင်းအနေနဲ့ သူ့ကို ခေါ်ယူမယ် ဆိုရင် ပြောင်းရွှေ့ကြေး ပေးစရာမလိုဘူး”လို့ BBC Radio 5 Live ကို ပြောပါတယ်။
နယူးကာဆယ်အသင်းဟာ အဓိက ဂိုးသမား နစ်ပုပ်ကို ပခုံးဒဏ်ရာကြောင့် ၄ လကြာ အနားပေးရမှာဖြစ်တဲ့ အတွက် ဂိုးသမားသစ်တစ်ဦး အားဖြည့်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
ဒီနောက်မှာတော့ နယူးကာဆယ်အသင်းဟာ ဒူဘရာကာကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုနေပေမယ့် အသင်း ရလဒ်တွေဟာ ဆိုးရွားနေပါတယ်။
နယူးကာဆယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းကို အိမ်ကွင်းမှာ ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒီဂီယာကို တွေ့ရစဉ်
နစ်ပုပ် မပါဝင်တဲ့နောက်ပိုင်း နယူးကာဆယ်အသင်း ကစားခဲ့တဲ့ ၇ ပွဲမှာ ၁ ပွဲသာအနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ကာရာဘောင်းဖလားပြိုင်ပွဲက ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့် ၈ နေရာ ရောက်ရှိ သွားခဲ့တာပါ။
အဲ့ဒါကြောင့် အလန်ရှီးယားက ဒီဂီယာကို ခေါ်ယူဖို့ နယူးကာဆယ်အသင်းကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
ဒီဂီယာဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးကတည်းက အသင်းအချို့ရဲ့ ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပေမယ့် သူ့ရဲ့ လုပ်ခလစာမြင့်မားမှု၊ အသင်းရွေးချယ်မှုတွေကြောင့် အခုထိ အသင်းသစ် မရရှိသေးတာပါ။
အလန်ရှီးယားက အသင်းဟောင်းအနေနဲ့ ရလဒ်ကောင်းတွေ ပြန်ရယူနိုင်ဖို့အတွက် ဂိုးသမား နေရာအပြင် တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့လည်း အကြံပြုထားပါတယ်။
နယူးကာဆယ်အသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ အိုင်ဆက်ခ်နဲ့ ဝီလ်ဆင်တို့ ၂ ဦးဟာ ဒီရာသီ ပရီးမီးယား လိဂ်ပြိုင်ပွဲမှာ ၁၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Sportkeeda
- By CNI
- Category: အားကစား
- Hits: 779
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇
စပိန်ဂိုးသမား ကီပါဟာ ရီးရယ်လ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ အငှားစာချုပ်ကုန်ဆုံးမယ့် အခုရာသီအကုန်မှာ ချယ်လ်ဆီးအသင်းထံ ပြန်လာရဖွယ်ရှိတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
၂၀၁၈ ခုနှစ်က ဘီလ်ဘာအိုအသင်းကနေ ပေါင် ၇၁.၆ သန်းနဲ့ ချယ်လ်ဆီးအသင်းထံ ရောက်ရှိလာခဲ့တဲ့ ကီပါဟာ လက်စွမ်းမတည်ငြိမ်မှုကြောင့် ပွဲထွက်ခွင့်နေရာရဖို့ မန်ဒီနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ ဒီရာသီမှာ မန်ဒီဟာ ဆော်ဒီကလပ် အယ်လ်အာလီအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး နည်းပြ ပိုချက်တီနိုက ကီပါကို ချယ်လ်ဆီးအသင်းမှာ ဆက်ပြီး ရှိနေ စေချင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၂၉ နှစ်အရွယ်ရှိ ကီပါဟာ ရီးရယ်လ်အသင်းထံ တစ်ရာသီအငှား စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပါ။
အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ နံပတ်တစ်ဂိုးသမားနေရာအတွက် ဘရိုက်တန်အသင်းဂိုးသမား ရောဘတ် ဆန်းချက်ဇ်ကို ခေါ်ယူခဲ့ပေမယ့် ကီပါဟာ အခုရာသီအကုန်မှာ ချယ်လ်ဆီးအသင်းထံ ပြန်လာရဖွယ်ရှိနေတာ ဖြစ်ပါတယ်။ ရီးရယ်လ်အသင်းဟာ အဓိက ဂိုးသမား ကော့တွိုက်စ် ဒူးအရွတ်ဒဏ်ရာကြောင့် ရာသီအကုန်ထိ အနားယူရမှာဖြစ်တဲ့အတွက် ကီပါကို အရေးပေါ်အစားထိုးဖို့အတွက်သာ ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းရဲ့ ပထမ ဦးစားပေးရွေးချယ်မှုမဟုတ်ခဲ့ပါဘူး။

ရီးရယ်လ်အသင်းဟာ ကီပါအစား ဆီဗီလာအသင်းဂိုးသမားဟောင်း ဘိုနိုကို ခေါ်ယူဖို့ စီစဉ်ခဲ့ပေမယ့် ဘိုနိုဟာ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့သွားခဲ့တာပါ။ အဲဒါကြောင့် ကီပါကိုခေါ်ယူခဲ့ပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်အချို့ကို ရီးရယ်လ်အသင်းက ကြိုက်နှစ်သက်ခြင်းမရှိတာဖြစ်ပါတယ်။ ကီပါဟာ မကြာသေးခင် ကမှ ဒဏ်ရာကနေ ပြန်သက်သာလာတာဖြစ်ပြီး ရီးရယ်လ်အသင်းရဲ့ပွဲထွက်ခွင့်နေရာကို ယူကရိန်းဂိုးသမား လူနင်နဲ့ ယှဉ်ပြိုင်နေရတာပါ။
ကီပါအနေနဲ့ ချယ်လ်ဆီးအသင်းထံ ပြန်ရောက်လာချိန်မှာလည်း ချယ်လ်ဆီးအသင်းရဲ့ နံပတ်တစ်ဂိုးသမားနေရာကို ရဖို့ ရောဘတ်ဆန်းချက်ဇ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ကီပါနဲ့ ချယ်လ်ဆီးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိနေတာပါ။ ကီပါဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် (၁၅)ပွဲ ပါဝင်ကစား ထားတာဖြစ်ပါတယ်။
Source:Metro
- By CNI
- Category: အားကစား
- Hits: 707
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်အစ်တီဟတ်အသင်းကို ၅ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် ၂၀၂၃ ခုနှစ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ဦးဆောင်နေပါတယ်။
ရော်နယ်ဒိုဟာ ဒီပွဲမှာ ပင်နယ်တီကနေ ၂ ဂိုး သွင်းယူပြီးနောက် ၂၀၂၃ ခုနှစ်အတွင်း သူ့ရဲ့ သွင်းဂိုး အရေအတွက် ဟာ ၅၃ ဂိုးအထိ ရှိလာခဲ့တာပါ။
အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အခုနှစ်အတွင်းမှာ ပေါ်တူဂီလက်ရွေးစင်နဲ့ အယ်လ်နာဆာအသင်း အတွက် ၅၈ ပွဲ ကစားထားအပြီးမှာ ဒီသွင်းဂိုးကို ရရှိခဲ့တာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ရော်နယ်ဒိုက ၅၃ ဂိုးနဲ့ ဦးဆောင်ထားပြီး ဟာရီကိန်းနဲ့ ဘတ်ပီက ၅၂ ဂိုးစီ၊ ဟာလန်းက ဂိုး ၅၀ သွင်းယူထားပါတယ်။
၂၀၂၃ ခုနှစ်ထဲမှာ ရော်နယ်ဒိုက အယ်လ်နာဆာအသင်းနဲ့ ၁ ပွဲကစားဖို့ ကျန်ရှိနေသေးပြီး ဘတ်ပီနဲ့ ဟာရီကိန်းတို့က ပွဲကစားဖို့ မရှိတော့ဘဲ မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းက ပွဲ ၂ ပွဲကစားဖို့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ရော်နယ်ဒိုဟာ ၂၀၂၃ ခုနှစ်ရဲ့ တရားဝင် ဂိုးသွင်း အများဆုံး ကစားသမားဖြစ်ဖို့အတွက် ဟာလန်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ရော်နယ်ဒိုကို တွေ့ရစဉ်
ရော်နယ်ဒိုဟာ အယ်လ်အစ်တီဟတ်အသင်းနဲ့ ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ၁၉ ဂိုး သွင်းယူထားပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရော်နယ်ဒိုဟာ ဂိုးဖန်တီးမှု ၉ ဂိုးနဲ့ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမား အဖြစ် ဦးဆောင်နေပါတယ်။
ယူနိုက်တက် ကစားသမားဟောင်းဟာ အယ်လ်နာဆာအသင်းအတွက် ပြိုင်ပွဲစုံ ၄၉ ပွဲ ပါဝင်ကစားထားပြီး ၄၃ ဂိုး သွင်းယူကာ သွင်းဂိုး ၅၀ ပြည့်ဖို့လည်း နီးစပ်နေပြီ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ အယ်လ်အစ်တီဟတ်အသင်းကို အနိုင်ရခဲ့ပေမယ့် ထိပ်ဆုံးနေရာက အယ်လ်ဟီလယ် အသင်းနဲ့ ၅ မှတ်အကွာ ဒုတိယနေရာမှာ ဆက်လက် ရပ်တည်နေပါတယ်။
အယ်လ်နာဆာအသင်းဟာ ၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာ ၃၀ ရက်မှာ အယ်လ်တာဝေါင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 710
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇
အက်စတွန်ဗီလာအသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းကစားသမားဘ၀ ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟော့ဂျ်လန်းက သူဟာ အခုအချိန်မှာ အပျော်ရွှင်ဆုံးလူသားလို့ ပြောလိုက်ပါတယ်။
ဟော့ဂျ်လန်းက “ကျနော်က အခုအချိန်မှာ အပျော်ရွှင်ဆုံးလူသားပါ။ ဂိုးသွင်းပြီး အောင်ပွဲခံတဲ့အချိန်မှာ ခင်ဗျားတို့ မြင်တွေ့နိုင်ပါတယ်။ ကျနော်တို့ဟာ အဆုံးထိယုံကြည်ခဲ့ပြီး စရိုက်လက္ခဏာအများကြီးကိုလည်း ပြသနိုင်ခဲ့ပါ တယ်။ ဒါက ကျနော့်ဘဝရဲ့ အကောင်းဆုံးနေ့တွေထဲက တစ်နေ့ပါ။ ပရီးမီးယားလိဂ်သွင်းဂိုးရဖို့ စောင့်ဆိုင်း ခဲ့ရတာကြောင့် ပထမဆုံးဂိုးအတွက် ကျနော်အလွန်ပျော်ရွှင်ပါတယ်။ ဒါကိုတည်ဆောက်ပြီး ဆက်သွားနိုင်မယ်လို့ မျှော်လင့်ကြောင်း”ပွဲအပြီး Amazon Prime နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ နွေရာသီက အတ္တလန်တာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဟော့ဂျ်လန်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်အသင်းအတွက် သွင်းဂိုးတွေသွင်းယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးပေါက်ပျောက်ဆုံး နေခဲ့တာကြောင့် ဝေဖန်မှုတွေခံနေရတာကို ဒီပွဲမှာအဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် Boxing Day ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ပွဲမှာ အက်စတွန်ဗီလာအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင် ရရှိခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာ အက်စတွန်ဗီလာအသင်းရဲ့ ၂ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်ခြင်းခံခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ဂါနာချိုက ၂ ဂိုးနဲ့ ဟော့ဂျ်လန်က ၁ ဂိုးသွင်းယူခဲ့တာကြောင့် နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး ၃ ပွဲဆက်တိုက်နိုင်ပွဲ ပျောက်ဆုံး ခဲ့တာကိုလည်း အဆုံးသတ်နိုင်ခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၆ နေရာကို ပြန်တက်လှမ်းနိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ကတော့ တိုက်စစ်မှူးတစ်ဦးအတွက် သွင်းဂိုးတွေက အရေးပါပြီး ဟော့ဂျ်လန်းဆီကနေ နောက်ထပ်သွင်းဂိုးတွေထပ်ပြီးလာဦးမှာလို့ ပြောခဲ့တာပါ။
အဲရစ်တန်ဟတ်က “ကျနော်သူနဲ့ စကားတွေအများကြီးပြောဖြစ်ခဲ့ပါတယ်။ သူဟာ ဒိန်းမတ်အတွက် ဂိုးတွေ အများကြီးသွင်းခဲ့သလို ချန်ပီယံလိဂ်မှာ ဂိုးတွေသွင်းယူနိုင်ခဲ့တာကို ကျနော်ထောက်ပြခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ အရည်အသွေးတွေကို ပြသခဲ့ပြီး ဒါကို ယုံကြည်ရပါမယ်။ သွင်းဂိုးတွေက တိုက်စစ်မှူးတစ်ဦးအတွက် လိုအပ်ပြီး သူ့ဆီကနေ နောက်ထပ်သွင်းဂိုးတွေထပ်ပြီးလာဦးမယ်” လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ အဖြစ် ဒီဇင်ဘာ ၃၁ ရက်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 772
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆
ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်(FPF)ဥက္ကဋ္ဌ ဖာနန်ဒိုဂိုးမက်စ်က အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ နိုင်ငံအသင်းအတွက် နှစ်ပေါင်းများစွာကြာ ဆက်ပြီး ကစားနေဦးမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ဖာနန်ဒိုဂိုးမက်စ်က “သေချာတာကတော့ ရော်နယ်ဒိုဟာ ကျနော်ဥက္ကဋ္ဌ ရာထူးကနေ ထွက်ခွာပြီးတဲ့အထိ သူဟာ ပေါ်တူဂီအသင်းကနေ အနားယူဦးမှာ မဟုတ်သေးပါဘူး။ သူပြသနေတဲ့ ခွန်အားတွေနဲ့ ရည်မှန်းချက်တွေအတိုင်း ဆက်ပြီးရှိနေမယ်ဆိုရင် နောက်ထပ် နှစ်ပေါင်းများစွာ နိုင်ငံအသင်းမှာ ဆက်ပြီးရှိနေမယ်လို့ ကျနော် ထင်ကြောင်း” ပြောခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ကစားသမားဘဝ အဆုံးသတ်တော့မယ့် အသက် ၃၈ နှစ်အရွယ် ရောက်ရှိနေပြီ ဖြစ်ပေမယ့် အမြင့်ဆုံးအဆင့်မှာ အကောင်းဆုံး လုပ်ဆောင်ပြသနေတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်း ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ခြေစစ်ပွဲ အောင်မြင်အောင် ၁၀ ဂိုး အထိသွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်အကြီးအကဲကို တွေ့ရစဉ်
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၂၀၅ ပွဲ ပါဝင်ကစားထားပြီး ၁၂၈ ဂိုးသွင်းယူကာ နိုင်ငံတကာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားပါတယ်။
ရော်နယ်ဒိုဟာ လာမယ့်နွေရာသီမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် ပါဝင် ကစားပေး မယ်လို့ အတည်ပြုထားပေမယ့် ပရိသတ်တွေကတော့ သူတို့ရဲ့ အချစ်တော်ကစားသမား နိုင်ငံတကာ ကစားသမား ဘဝကနေ မကြာခင် အနားယူမယ့် အခြေအနေကို စိုးရိမ်မှုတွေရှိနေပါတယ်။
အဲ့ဒါကြောင့် ပေါ်တူဂီဘောလုံးအဖွဲ့ချုပ် အကြီးအကဲက ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ပရိသတ်တွေစိုးရိမ်တာ လျော့စေမယ့် စကားပြောခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့ ယူရို ၂၀၁၆ ၊ ၂၀၁၉ UEFA နေးရှင်းလိဂ်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုရရှိထားပြီး ယူရို ၂၀၂၄ ပြိုင်ပွဲမှာ သူ့ရဲ့ လက်ရွေးစင်ကစားသမားဘဝ တတိယမြောက် ချန်ပီယံဆုဖလားကို ရယူဖို့ ပစ်မှတ်ထားနေ တာ ဖြစ်ပါတယ်။
Source: Sportskeeda
- By CNI
- Category: အားကစား
- Hits: 624
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆
စပါးအသင်းဟာ တိုက်စစ်မှူး ဟာရီကိန်းရဲ့နေရာမှာ အစားထိုးဖို့အတွက် တိုက်စစ်မှူးရှာဖွေနေပြီး ဘုန်းမောက် အသင်းတိုက်စစ်မှူး ဆိုလန်ကီကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
စပါးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဟာရီကိန်းရဲ့နေရာမှာ အစားထိုး ဖို့အတွက် တိုက်စစ်မှူးတစ်ဦးခေါ်ယူထားခြင်းမရှိသေးတာပါ။ ဒါပေမယ့် စပါးအသင်းရဲ့ အခြားကစားသမားတွေ ဟာ နည်းပြပိုစတီကိုဂလူးလက်အောက်မှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသထားတာ ဖြစ်ပါ တယ်။ ဒီလိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနေပေမယ့် စပါးအသင်းကတော့ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ လိုအပ်တယ်ဆိုတာကို သိရှိတာကြောင့် ဘုန်းမောက်အသင်းတိုက်စစ်မှူး ဆိုလန်ကီက သူတို့ရဲ့ ပစ်မှတ် ဖြစ်လာခဲ့တာပါ။

ဆိုလန်ကီဟာ ဖူလ်ဟမ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ပွဲမှာ ဘုန်းမောက်အသင်းအတွက် ဟက်ထရစ်ဂိုးသွင်းယူခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၁၁ ဂိုးအထိ ရှိလာခဲ့ ပါတယ်။ စပါးအသင်းဟာ ဘရိုက်တန်အသင်းတိုက်စစ်မှူး အီဗန်ဖာဂူဆန်ကို ခေါ်ယူဖို့လည်း စိတ်ဝင်စား နေပေမယ့် ဆိုလန်ကီကိုသာ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာပါ။ အဲဒါကြောင့် စပါးအသင်းဟာ ဆိုလန်ကီရဲ့ ခြေစွမ်းကို အခုတစ်ရာသီလုံးစောင့်ကြည့်နေတာဖြစ်ပါတယ်။
ဒီရာသီမှာ အကောင်းဆုံးပုံစံပြသနေတဲ့ ဆိုလန်ကီကို ခေါ်ယူဖို့ အာဆင်နယ်အသင်းကလည်း စိတ်ဝင်စား နေတာပါ။ ဆိုလန်ကီဟာ ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့မှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ဘုန်းမောက် အသင်းမှာလည်း သူ့ရဲ့ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ဖို့ အချိန်ယူခဲ့ရတာဖြစ်ပါတယ်။ ဆိုလန်ကီဟာ ဘုန်းမောက်အသင်းနဲ့ ပထမရာသီမှာ ၄ ဂိုးသာသွင်းယူနိုင်ခဲ့ပေမယ့် ချန်ပီယံရှစ်မှာ ကစားခဲ့တဲ့ ၂ ရာသီမှာ ၄၅ ဂိုး အထိ သွင်းယူနိုင်ခဲ့တာပါ။
အသက် ၂၆ နှစ်အရွယ်ရှိ ဆိုလန်ကီဟာ ဘုန်းမောက်အသင်းအတွက် ကစားထားတဲ့ ၁၉၄ ပွဲမှာ ၆၈ ဂိုးသွင်းယူ ထားနိုင်တာဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 557
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဗီလာအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် Boxing Day ပွဲစဉ်မှာ နိုင်ပွဲရအောင်ယူပြီး သူတို့ရဲ့ ဒီရာသီကို ကယ်တင်ဖို့ ကစားသမားတွေကို တိုက်တွန်းလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ယူနိုက်တက်ရဲ့ စံနှုန်းက ဘာလဲဆိုတာကို ကျနော်တို့သိပြီး အသင်းလိုက်နိုင်ပွဲရယူအောင် လုပ်ရပါမယ်။ ကျနော်တာဝန်ယူရမှာဖြစ်သလို ကစားသမားတွေကလည်း တာဝန်ယူရမှာပါ။ အဲဒါကြောင့် တစ်ဦးချင်းစီက ရာနှုန်းပြည့်ပံ့ပိုးပေးရမှာဖြစ်ပြီး ကျနော်တို့မှာ တာဝန်ရှိပါတယ်။ ကစားသမားတွေအနေနဲ့ ပွဲတိုင်းမှာ ဒီထက်ပိုကောင်းတဲ့အရာတွေကို ပြုလုပ်ရပါမယ်” လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲမှာ သွင်းဂိုးမရယူနိုင်ခဲ့သလို ဒီရာသီ ကစားပြီးတဲ့ ၂၆ ပွဲမှာ ၁၃ ပွဲအထိ ရှုံးပွဲကြုံတွေ့ထားတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီဇင်ဘာ ၂၇ ရက်မနက်ပိုင်းမှာ ဒီရာသီပုံစံကောင်းတွေရရှိနေတဲ့ အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ရုန်းကန်ရနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေကြတာပါ။ ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဗြိတိန်ဘီလျံနာ ဆာဂျင်ရက် ကလစ်ဖ်က ပေါင် ၁.၃ ဘီလီယံဝယ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီးနောက်မှာ အဲရစ်တန်ဟတ်အနေနဲ့ ရလဒ်ကောင်း တွေရယူနိုင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။
ရက်ကလစ်ဖ်ပိုင်ဆိုင်တဲ့ INEOS ဟာ ဖေဖော်ဝါရီလအထိ ယူနိုက်တက်အသင်းရဲ့ ဘောလုံးနဲ့ သက်ဆိုင်တဲ့အရာ တွေကို အပြည့်အဝထိန်းချုပ်နိုင်ဦးမှာမဟုတ်ပေမယ့် အိုးထရက်ဖို့ဒ်ရဲ့ အဓိက ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးနိုင်ဖို့ ရှိနေတာပါ။ အဲဒါကြောင့် လာမယ့်ပွဲတွေမှာ ယူနိုက်တက်အသင်း ရလဒ်တွေဆိုးခဲ့ရင် အဲရစ်တန်ဟတ်ဟာ နည်းပြ ရာထူးကနေ ထုတ်ပယ်ခံရဖို့ ရှိနေတာဖြစ်ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြကတော့ ရာထူးက ထုတ်ပယ်မခံရဖို့ အတွက် ရလဒ်ကောင်းတွေရယူနိုင်ဖို့အသင်းကို တိုက်တွန်းနေတာပါ။
ပြီးခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့တဲ့ နောက်ခံလူ ဗာရန်းဟာ အက်စတွန်ဗီလာအသင်းနဲ့ ပွဲမှာ ယူနိုက်တက်အသင်းအတွက် ပါဝင်နိုင်ဖွယ်ရှိနေပြီး ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရတဲ့ အာမတ် လည်း ပါဝင်လာနိုင်တယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောထားခဲ့တာဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 646
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆
အင်္ဂလန်အသင်း တောင်ပံကစားသမား ဆာကာက အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်ဆုဖလား အကြောင်းပြောဖို့ စောလွန်းသေးတယ်လို့ ပြောလိုက်ပါတယ်။
ဆာကာက “ဆုဖလားအကြောင်းကို မပြောနိုင်သေးဘူးလို့ ကျနော်ထင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ဟာ စောလွန်းသေးပါတယ်။ ကျနော်တို့ အမှတ်တွေ ရယူရပါမယ်။ ခရစ္စမတ်မှာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့တာက အလွန်ကောင်းပေမယ့် ဆုဖလားအကြောင်းပြောဖို့က စောလွန်းပါသေးတယ်”လို့ ပြောပါ တယ်။
အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းနဲ့ ၁ ဂိုးစီ သရေကျ ခဲ့ပြီးနောက် ခရစ္စမတ်နေ့မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၂ နှစ်ဆက်တိုက် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါ တယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် ပရီးမီးယားလိဂ် ဆုဖလားကို ရယူဖို့ ရေပန်းစားနေတဲ့ အသင်းအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာပါ။

အာဆင်နယ်နဲ့ လီဗာပူးလ်ယှဉ်ပြိုင်နေစဉ်
ပရီးမီးယားလိဂ် ပြိုင်ပွဲပြီးဆုံးဖို့ အဝေးကြီး ကျန်ရှိနေသေးတာကြောင့် ဆာကာက ဒါကိုစဉ်းစားဖို့ စောလွန်း သေးတယ်လို့ ထင်မြင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆာကာက ပြီးခဲ့တဲ့ လီဗာပူးလ် အသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ချီးကျူးမှု ပြုလုပ်ခဲ့တာပါ။
ဒီကလန်ရိုက်စ်ဟာ ပြီးခဲ့တဲ့နွေရာသီက ဝက်စ်ဟမ်းအသင်းကနေ ရောက်ရှိလာပြီးကတည်းက အာဆင်နယ်အသင်း အတွက် ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
ဆာကာက “သူက အသင်းအတွက် အများကြီး ယူဆောင်လာပြီး ကျနော်တို့ကို ပိုပြီးကောင်းမွန်အောင် လုပ်ပေးခဲ့ ပါတယ်။ တိုက်စစ် ကစားသမား တစ်ဦးအနေနဲ့ ဒီကလန်ရိုက်စ်လို လူတွေနဲ့ ကစားရတာဟာ အလွန်ကောင်းပါ တယ်။ သူဟာ ဒီရာသီမှာ အလွန်တည်ငြိမ်ပြီး ထိပ်တန်းအဆင့် စွမ်းဆောင်ရည်တွေကို ပြသနေတာ”လို့ ပြောခဲ့ပါ တယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ အဖြစ် ဒီဇင်ဘာ ၂၉ ရက်မှာ ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Sportskeeda
- By CNI
- Category: အားကစား
- Hits: 780
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၄
ချယ်လ်ဆီးအသင်းဟာ ပရဟိတအသင်း မဟုတ်ဘူးလို့ ပုံမှန်ကစားခွင့်မရလို့ စိတ်ပျက်နေကြတဲ့ အသင်း ကစားသမားတွေကို နည်းပြ ပိုချက်တီနိုက သတိပေးလိုက်ပါတယ်။
ပိုချက်တီနိုက “ကစားသမားတွေအနေနဲ့ ကွင်းထဲကို ရောက်ပြီဆိုတာနဲ့ ထိထိရောက်ရောက် လုပ်ပြနိုင်ဖို့ လိုပါ တယ်။ သူတို့ကွင်းထဲရောက်ပြီး ကောင်းမွန်စွာ စွမ်းဆောင်နိုင်တာပဲဖြစ်ဖြစ် ကောင်းမွန်စွာ မစွမ်းဆောင်နိုင်တာပဲ ဖြစ်ဖြစ် ပြဿနာမရှိဘူးဆိုပြီး ပြောလို့မရပါဘူး။ သူတို့တွေဟာ ၆ လလောက် အနားယူနေရတာပါ။ ကစားသမား တွေအနေနဲ့ ဒါဟာ ပရဟိတလုပ်လို့ရတဲ့ အရာမဟုတ်ဘူးဆိုတာ နားလည်ဖို့ လိုပါတယ်။ ကျနော်တို့ဟာ အနိုင်ရဖို့ လိုပါတယ်”လို့ ပြောခဲ့ပါတယ်။
နွေရာသီအပြောင်းအရွှေ့က ချယ်လ်ဆီးအသင်း ခေါ်ယူခဲ့တဲ့ တိုက်စစ်ကစားသမား အန်ကွန်ကူနဲ့ ကွင်းလယ်ကစား သမား လာဗီးယားတို့ဟာ ကာလရှည်ကြာ အနားယူတာကနေ အခုဆိုရင် ကြံ့ခိုင်မှုအပြည့်အဝ ပြန်လည်ရရှိနေပြီ ဖြစ်ပါတယ်။
အန်ကွန်ကူဟာ ဒဏ်ရာက ပြန်လည် သက်သာလာပေမယ့် ချယ်လ်ဆီးအသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင် ကစားခွင့်ရဖို့ကို နယူးကာဆယ်အသင်းနဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်အထိ စောင့်ဆိုင်းခဲ့ရတာပါ။

ချယ်လ်ဆီးအသင်းရဲ့ လူစာရင်းမှာရှိတဲ့ ကစားသမား အများအပြားဟာ ပွဲကစားခွင့် ပိုပြီးရရှိချင်နေတဲ့ အကြောင်း ကို အေးဂျင့်တွေ၊ မီဒီယာတွေကနေ ဖော်ပြနေတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် နည်းပြပိုချက်တီနိုက ကစားသမားတိုင်းကို ကစားခွင့်ပေးရအောင် ချယ်လ်ဆီးအသင်းဟာ ပရဟိတပွဲ တွေ ကစားနေတဲ့ အသင်း မဟုတ်ဘူးလို့ တုန့်ပြန်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ ငွေကြေး အများအပြားသုံးစွဲပြီး ကစားသမားသစ်တွေ အားဖြည့်ခဲ့ပေမယ့် ရလဒ်တွေ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
