CNI International News

ဘန်ကောက်၊ ဇွန်လ ၉

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ကို စောင့်ကြည့်ရသည့် အမှတ် ၂ ကြည်းတပ် တိုင်းဌာနချုပ်က ကမ္ဘောဒီးယားနှင့် ထိစပ်နေသော နယ်စပ်ဒေသတစ်လျှောက် စစ်ဆေးရေးဂိတ် ၄ ခုတွင် တားမြစ်ကန့်သတ်ချက် အသစ်များ ထုတ်ပြန်ခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံက နှစ်နိုင်ငံကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နယ်စပ်ဒေသတွင် စစ်သားများကို ပြန်လည် ရုပ်သိမ်းရန် ငြင်းဆိုခဲ့ပြီးနောက် ထိုင်းဘက်က နယ်စပ်ဂိတ်များကို တင်းကျပ်ခဲ့ခြင်းဖြစ်သည်။

ထိုင်းစစ်တပ်သည် နယ်စပ်ရေးရာနှင့် ပတ်သက်ပြီး လုပ်ပိုင်ခွင့် အပြည့်အဝ ရရှိခဲ့ပြီးနောက် ထိုတားမြစ် ကန့်သတ် ချက်များသည် ဇွန်လ ၇ ရက်က အကျုံးဝင် သက်ရောက်ခဲ့သည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဂိတ်ကို တွေ့ရစဉ်

တားမြစ်ကန့်သတ်ချက် အသစ်များ ထုတ်ပြန်ခဲ့သည့် နယ်စပ်ဂိတ် ၄ ခုမှာ ၁- အန်မာစစ်ဆေးရေးဂိတ်၊ နမ်ယွမ် ခရိုင်၊ အူဘွန် ရတ်ချာသာနီပြည်နယ် (Anma Checkpoint, Nam Yuen district, Ubon Ratchathani province)

¤ ဖွင့်ချိန် ။     ။ အပတ်စဉ် ကြာသပတေးနေ့၊ နံနက် ၉ နာရီမှ မွန့်တည့် ၁၂ နာရီအထိ

¤ နှစ်နိုင်ငံစလုံးရှိ ဒေသန္တရ စျေးနေရာများကိုသာ သွားလာခွင့်ကန့်သတ်ထား

¤ နယ်စပ်ဖြတ်ကျော်ခွင့် ပါမစ်လိုအပ်

¤ မရှိမဖြစ် လူသုံးကုန် ပစ္စည်းများကိုသာခွင့်ပြု

¤ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့်မပြု

¤ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်

(မှတ်ချက် ။   ။ ကမ္ဘောဒီးယားဘက်က စစ်သားများကို တိုးမြှင့်မည်ဆိုပါက ထိုင်းပြည်သူများနှင့် ပြည်သူပိုင် ပစ္စည်းများ၏ လုံခြုံရေးကို ထိခိုက်စေနိုင်သဖြင့် ဤနယ်စပ်ကိုပိတ်မည်)

၂ - ဆိုင်တာကူ စစ်ဆေးရေးဂိတ်၊ ဘန် ကရွတ် ခရိုင်၊ အူဘွန် ရက်ချာသာနီပြည်နယ် (Saitaku Checkpoint, Ban Kruat district, Ubon Ratchathani province)

¤ ဖွင့်ချိန် ။   ။ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များ၊ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ

¤ နှစ်နိုင်ငံစလုံးရှိ ဒေသန္တရ စျေးနေရာများကိုသာ သွားလာခွင့်ကန့်သတ်ထား

¤ နယ်စပ်ဖြတ်ကျော်ခွင့် ပါမစ်လိုအပ်

¤ မရှိမဖြစ် လူသုံးကုန် ပစ္စည်းများကိုသာခွင့်ပြု

¤ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့်မပြု

¤ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်

(မှတ်ချက် ။   ။ နယ်စပ်ဒေသတွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ချိန်အတွင်း ဤနယ်စပ်ကိုပိတ်မည်)

ထိုင်း- ကမ္ဘောဒီးယား စစ်တပ်အရာရှိကြီးများကို တွေ့ရစဉ်

၃- ဆာနမ် စစ်ဆေးရေးဂိတ် ၊ ဖူဆင်းခရိုင်၊ စီဆာကတ်ပြည်နယ် (Sa-Ngam Checkpoint, Phu Sing district, Si Sa Ket province)

¤ ဖွင့်ချိန် ။   ။ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဒဟူးနှင့် သောကြာနေ့များ၊ နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအထိ

¤ ပတ်စ်ပို့ သို့မဟုတ် နယ်စစ်ဖြတ်ကျော်ခွင့် ပါမစ်လိုအပ်

¤ စစ်ရေးနှင့်ဆက်နွှယ်သည့် ပစ္စည်းများတင်ပို့မှုကို ဥပဒေဖြင့်ကန့်သတ်ထား

¤ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ တင်ပို့မှုကို တားမြစ်ထား

¤ မော်တော်ယာဉ်များ စည်းကမ်းနှင့်အညီ မောင်းနှင်ရမည်

¤လူ သားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်

(မှတ်ချက် ။     ။ နယ်စပ်ဒေသတွင် ပဋိပက္ခဖြစ်ပွားမည်ဆိုပါက ဤနယ်စပ်ကိုပိတ်မည်)

၄- ချောင်ချွမ်စစ်ဆေးရေးဂိတ်၊ ကပ်ချောင်းခရိုင်၊ ဆူရင်ပြည်နယ် (Chong Chom Checkpoint, Kap Choeng District, Surin Province)

¤ ဖွင့်ချိန် ။     ။ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များ၊ နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအထိ

¤ ပတ်စ်ပို့ သို့မဟုတ် နယ်စစ်ဖြတ်ကျော်ခွင့် ပါမစ်လိုအပ်

¤ စစ်ရေးနှင့်ဆက်နွှယ်သည့် ပစ္စည်းများတင်ပို့မှုကို ဥပဒေဖြင့် ကန့်သတ်ထား

¤ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ တင်ပို့မှုကို တားမြစ်ထား

¤ မော်တော်ယာဉ်များ စည်းကမ်းနှင့်အညီ မောင်းနှင်ရမည်

¤ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်။

Source: Thai PBS World