CNI International News
ဒါကာ၊ ဧပြီ ၂၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အတိုက်အခံပါတီဖြစ်သည့် Jamaat-e-Islami (ဂျာမားတီး အီစ် ဆလမ်မစ်)ပါတီက ဧပြီ ၂၇ ရက်တွင် ဒါကာမြို့တော်၌ တရုတ်ကွန်မြူနစ်ပါတီနှင့် အစည်းအဝေး ပြုလုပ်ချိန်၌ ဘင်္ဂါလီများအတွက် လွတ်လပ် သည့် ရခိုင်နိုင်ငံသစ် ထူထောင်ရေးကို အဆိုပြုခဲ့ကြောင်း Business Standard သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့ သည်။
“ဘင်္ဂလားဒေ့ရှ်မှာ ဘင်္ဂါလီတွေ ၁ ဒသမ ၂ သန်း လောက်ရှိပါတယ်။ သူတို့ဟာ လူသားမဆန်တဲ့ဘဝနဲ့ နေထိုင် နေရပါတယ်။ သူတို့အတွက် စားစရာနဲ့နေစရာ ထောက်ပံ့ပေးထားတာဟာ အဖြေမဟုတ်ပါဘူး”ဟု Jamaat (ဂျာမားတီး)ပါတီ၏ ဗဟိုကော်မတီဝင် ဆေးယက် အဗ္ဗဒူလာ မူဟာမက် တာဟာ (Syed Abdullah Muhammad Taher ) က အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ဘင်္ဂါလီများအတွက် အဖြေမှာ ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေတွင် ပြန်လည်အခြေချ နေထိုင်ရေးဖြစ်ပြီး လွတ်လပ် သည့် ရခိုင်နိုင်ငံသစ် ထူထောင်ရေးကို အဆိုပြုခဲ့သည်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ဘင်္ဂါလီများ အများစုနေထိုင်တဲ့ ဒေသကို ပြသထားစဉ်
“တရုတ်ဟာ မြန်မာနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာကြောင့် အကြီးမားဆုံး အခန်းကဏ္ဍက လုပ်ဆောင်နိုင် ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ယခုအစည်းအဝေးသည် ပါတီအချင်းချင်း တွေ့ဆုံမှုဖြစ်ပြီး Jamaat(ဂျာမားတီး)ပါတီအတွက် တရုတ်ကွန်မြူနစ် ပါတီနှင့် ဆက်ဆံရေးကို မြှင့်တင်ရန် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်ကိုယ်စားလှယ်များကမူ တရုတ်အစိုးရသည် မည်သည့်နိုင်ငံ၏ ပြည်တွင်းရေးကိုမျှ ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပေါ်တွင်လည်း အလားတူ မူဝါဒဖြင့် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။
ရခိုင်ပြည်နယ်ကို ထိန်းချုပ်ထားတဲ့ AA ကို ဘင်္ဂါလီများက ဆန့်ကျင်ကန့်ကွက်နေကြစဉ်
ထို့ပြင် Jamaat(ဂျာမားတီး)ပါတီက ဘင်္ဂလားဒေ့ရှ်၏ တီးစတားမြစ်ပေါ်တွင် Teesta Barrage တံတားတစ်စင်း တည်ဆောက်ရေး၊ ပက်ဒမာမြစ်ထဲတွင် ဒုတိယမြောက် Padma(ပက်မာ)တံတားတစ်စင်း တည်ဆောက်ရေး၊ ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်ရေးတို့အတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် တရုတ်ကွန်မြူနစ်ပါတီ၏ ကိုယ်စားလှယ်အဖွဲ့ကို တိုက်တွန်းခဲ့သည်။
“ရေနက်ဆိပ်ကမ်းတွေကတဆင့် စီးပွားရေးကို မြှင့်တင်သင့်ပါတယ်။ ဘင်္ဂလားဒေ့ရှ်က ကျောင်းသားတွေကိုလည်း ပညာသင်ဆုတွေ ထောက်ပံ့ပေးဖို့ ကျနော်တို့ဘက်က တောင်းဆိုခဲ့ပါတယ်”ဟု တာဟာက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်သည့် တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ကို ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာ ဗဟိုကော်မတီဌာနမှ အရှေ့တောင်အာရှနှင့် တောင်အာရှရေးရာဗျူရို၏ အကြီးအကဲ ဖန်ဂျူပင်း (Peng Jiubin) က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။
Source: Business Standard