CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈
ရီးရယ်လ်အသင်းဟာ အာဆင်နယ်အသင်း နောက်ခံလူ ဆာလီဘာကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
အာဆင်နယ်အသင်း နောက်ခံလူ ဆာလီဘာဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ၂၀၂၄ ခုနှစ်အတွက် FIFA The Best အကောင်းဆုံး ၁၁ ဦးမှာ ပါဝင်ခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဆာလီဘာကို ခေါ်ယူဖို့ မကြာခဏ ချိတ်ဆက်မှုတွေရှိနေပြီး နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ကြိုးစားတော့မယ်လို့ RMC Sport က ဖော်ပြခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ သူတို့ရဲ့ခံစစ်ပိုင်းကို အားဖြည့်ဖို့ လုပ်ဆောင်နေတာမှာ ဆာလီဘာဟာ သူတို့လိုချင်နေတဲ့ အရည်အသွေးတွေ ရှိနေတာပါ။
ဒါပေမယ့် အာဆင်နယ်အသင်းကလည်း ဆာလီဘာကို ဆက်ပြီးထိန်းသိမ်းနိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဆာလီဘာနဲ့ အာဆင်နယ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂ နှစ် ကျန်ရှိနေသေးတာပါ။
ဆာလီဘာကို တွေ့ရစဉ်
အာဆင်နယ်အသင်းကတော့ ဆာလီဘာကို ရောင်းချခဲ့ရမယ်ဆိုရင် နောက်ခံလူတွေထဲမှာ ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားဖြစ်မယ့် ပြောင်းရွှေ့ကြေး ရရှိချင်နေတာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်က မာဆေးလ်အသင်းကနေ ပြန်လည် ရောက်ရှိလာခဲ့တဲ့ ဆာလီဘာဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ် အသင်းအတွက် ပရီးမီးယားလိဂ် ၃၈ ပွဲစလုံး ပါဝင်ကစားခဲ့ပြီး ဘရာဇီးလ်နောက်ခံလူ ဂါဘရီရယ်လ်နဲ့ အတွဲအဖက် ညီခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဆာလီဘာကို မာဆေးလ်အသင်းမှာ အငှားကစားချိန် ကတည်းက ခေါ်ယူဖို့ စောင့်ကြည့် မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ခံစစ်ပိုင်းအတွက် ငွေကြေးသုံးစွဲမှုမရှိခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ချယ်လ်ဆီးအသင်းက ရူဒီဂါနဲ့ ဘိုင်ယန်မြူးနစ်အသင်းက အလာဘာတို့ကို အလွတ်နဲ့ ခေါ်ယူခဲ့ပြီး နွေရာသီမှာ လီဗာပူးလ်အသင်းက အာနိုးလ်ကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ချိတ်ဆက်နေပါတယ်။
ရီးရယ်လ်အသင်းဟာ လက်ရှိအချိန်မှာ ခံစစ်ပိုင်းဒဏ်ရာ အခက်အခဲတွေကြောင့် ဆာလီဘာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
Source: Dailymail