- By CNI
- Category: အားကစား
- Hits: 1464
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃
ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ ATP 250 ပြိုင်ပွဲဖြစ်တဲ့ တယ်လ်အဗစ်အိုးပန်းမှာ ဗိုလ်စွဲပြီး ဝင်ဘယ်လ်ဒန်အိုးပန်း နောက်ပိုင်း ပထမဆုံးဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။
ဂျိုကိုဗစ်ဟာ တယ်လ်အဗစ် အိုးပန်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ မာရင်ဆီလစ်ကို ၆-၃၊ ၆-၄ နဲ့ အနိုင်ရပြီး ဆုဖလား ရယူနိုင်ခဲ့တာပါ။
ဆားဘီးယား တင်းနစ်သမားဟာ ဇူလိုင်လက ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲ ယှဉ်ပြိုင်ပြီးနောက် ပထမဆုံး တစ်ဦးချင်း ပြိုင်ပွဲအဖြစ် တယ်လ်အဗစ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ ဒီပွဲမတိုင်ခင် ရော်ဂျာဖက်ဒဲရားကို နှုတ်ဆက်တဲ့ Laver Cup ပြိုင်ပွဲမှာ ပါဝင်ကစားခဲ့သေးပါတယ်။
ဂျိုကိုဗစ်က “ ကျနော်အလွန်ကောင်းမွန်တဲ့ တင်းနစ်ပွဲ ကစားခဲ့တယ် ထင်ပါတယ်။ ကျနော် ပြိုင်ပွဲ မကစားရတာ ၃ လလောက်ရှိပါပြီ။ အဲ့ဒါကြောင့် တကယ်ကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့က ကျနော့်အတွက် တွန်းအား တစ်ခုလို ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် လူတွေက ချစ်ကြည်ရင်းနှီးပြီး ရက်သတ္တပတ်လုံး ကျနော့်ကို အားပေးကြတဲ့ အတွက်ပါ”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဂျိုကိုဗစ်ကို တင်းနစ်ကစားနေစဉ် (The Times of Israel)
ဂျိုကိုဗစ်ဟာ တယ်လ်အဗစ်အိုးပန်းမှာ ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့တာဖြစ်ပြီး ဒီဆုဖလားဟာ သူ့ရဲ့ ကစားသမား ဘဝ ၈၉ ခုမြောက် ဆုဖလားလည်း ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် မာရင်ဆီလစ်နဲ့ တွေ့ဆုံတဲ့ ၂၁ ကြိမ်မှာ ၁၉ ပွဲမြောက် နိုင်ပွဲကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ ကိုဗစ် ကာကွယ်ဆေး မထိုးတာကြောင့် အခုနှစ်ရာသီ ဂရမ်းဆလမ်းပြိုင်ပွဲတွေဖြစ်တဲ့ သြစတြေးလျအိုးပန်း၊ အမေရိကန်အိုးပန်း အပါအဝင် ပြိုင်ပွဲအများအပြားကို လွဲချော်ခဲ့ရတာပါ။
ကမ္ဘာ့အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ ဆားဘီးယား တင်းနစ်သမားဟာ ATP 500 ပြိုင်ပွဲဖြစ်တဲ့ အက်စတာနာ အိုးပန်းပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိနေပြီး ဒီပြိုင်ပွဲမှာ ကမ္ဘာ့နံပတ် ၁ အယ်လ်ကာရတ်ဇ်နဲ့ မက်ဗီးဒက်ဗ် တို့လည်း ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိ ဂျိုကိုဗစ်ဟာ အခုနှစ်အတွင်း ဝင်ဘယ်လ်ဒန်အိုးပန်း၊ အီတလီအိုးပန်းနဲ့ အခု တယ်လ်အဗစ် အိုးပန်းတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 2083
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃
ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ရော်နယ်ဒိုကို လူစားလဲ အသုံးမပြုတာက သူ့ရဲ့ ကစားသမားဘဝကို လေးစားလို့ပါလို့ ပြောပါတယ်။
အဲရစ်တန်ဟတ်က “ရော်နယ်ဒိုကို ကျနော် အသုံးမပြုတာက သူ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘဝကို လေးစားလို့ပါ။ မာရှယ်ကို ထည့်သွင်းခဲ့တာက သူဟာ ကစားဖို့ မိနစ်တွေ လိုအပ်နေသလို သူဟာ အခြားအရာ တွေကိုလည်း ယူဆောင်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ကျနော် မညွှန်းဆိုချင်ပါဘူး”လို့ ရော်နယ်ဒိုကို အသုံး မပြုခဲ့တဲ့အပေါ် မေးမြန်းမှုကို ဖြေသွားခဲ့တာပါ။
ရော်နယ်ဒိုဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘရန်ဖို့ဒ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ကလွဲပြီး ကျန်တဲ့ပွဲတွေ မှာ လူစားဝင်အဖြစ်သာ ပါဝင်ခဲ့ရပြီး မန်ချက်စတာဒါဘီပွဲစဉ်မှာ ပါဝင်ခွင့်တောင် မရခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ မန်စီးတီးအသင်းကို ၆ ဂိုး- ၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပြီး ဖိုဒန်နဲ့ ဟာလန်းက မန်စီးတီးအတွက် ဟတ်ထရစ် သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ဂိုးတွေကို လူစားဝင်လာတဲ့ မာရှယ်က ၂ ဂိုးနဲ့ အန်သိုနီက ၁ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ရွိုင်ကိန်း (Manchester Evening News)
ယူနိုက်တက်အသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကတော့ အသင်းဟာ ရော်နယ်ဒိုအပေါ်မှာ လေးစားမှု မရှိဘူး လို့ ပြောသွားခဲ့ပါတယ်။
“ယူနိုက်တက်အသင်းက ရော်နယ်ဒိုအပေါ်မှာ လေးစားမှုမရှိကြောင်း ပြသနေတယ်လို့ ကျနော်ထင်ပါတယ်။ ယူနိုက်တက် အနေနဲ့ အပြောင်းအရွှေ့ မပိတ်ခင်အချိန်မှာ သူ့ကို ထွက်ခွာခွင့် ပေးလိုက်သင့်ပါတယ်။ ရော်နယ်ဒို ဟာ အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ဦးပါ။ သူ့ကို ရက်သတ္တပတ်တိုင်း အရန်ခုံမှာ ထိုင်ခိုင်းနေတာက ရုပ်ဆိုးပါတယ်”လို့ Sky Sports ကို ပြောခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ထွက်ခွာခွင့် တောင်းဆိုခဲ့ပေမယ့် ယူနိုက်တက်အသင်းက မရောင်းချခဲ့တာကြောင့် အသင်းမှာ ဆက်လက်ရှိနေခဲ့တာပါ။
ပေါ်တူဂီအသင်း ခေါင်းဆောင်ဟာ ဒီရာသီ ရှရစ်ဖ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာသာ ယူနိုက်တက်အသင်း အတွက် ၁ ဂိုး သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ကြားရက်မှာ ယူရိုပါလိဂ် ပွဲစဉ်အဖြစ် အိုမိုနီယာနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရော်နယ်ဒို ပွဲထွက် ပါဝင်လာဖွယ် ရှိနေတာ ဖြစ်ပါတယ်။
Source: Goal/ Metro
- By CNI
- Category: အားကစား
- Hits: 2086
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃
အင်ဒိုနီးရှားမှာ ကျင်းပခဲ့တဲ့ ဘောလုံးပွဲတစ်ပွဲအတွင်း အနည်းဆုံး လူပေါင်း ၁၂၅ ဦးသေဆုံးပြီးနောက် ဒါဟာ ဘောလုံးလောကအတွက် မှောင်မိုက်တဲ့နေ့လို့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောလိုက်ပါတယ်။
“အင်ဒိုနီးရှားမှာ ဖြစ်ပျက်ခဲ့တဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တွေအပြီးမှာ ဘောလုံးလောကဟာ ထိတ်လန့်တုန်လှုပ်စရာ အခြေအနေတစ်ခုဖြစ်နေပါတယ်။ဒီနေ့ဟာ ဘောလုံးလောကနဲ့ ပတ်သက်သူအားလုံးအတွက် မှောင်မိုက်တဲ့ နေ့တစ်နေ့ပါပဲ။နားမလည်နိုင်တဲ့ ကြေကွဲဖွယ်ဖြစ်ရပ်ပါ” လို့ အင်ဖန်တီနိုက ပြောခဲ့တာပါ။
အရီမာအသင်းက ပါဆီဘာရာအသင်းကို အရေးနိမ့်ခဲ့တဲ့ အရှေ့ဂျာဗားဒါဘီပွဲစဉ်အပြီးမှာ ဒီလိုဖြစ်ရပ်ဆိုးကြီး ဖြစ်ခဲ့တာဖြစ်ပြီး လူပေါင်း ၁၈၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ပရိသတ်တွေဟာ ပွဲအပြီးကွင်းထဲကို ဝင်ရောက်လာချိန်မှာ ရဲတွေက မျက်ရည်ယိုဗုံးအသုံးပြုပြီး လူစုခွဲကာ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြတာပါ။ ပရိသတ် ထောင်ပေါင်းများစွာဟာ ကွင်းထွက်ပေါက်မှာ ပိတ်ဆို့မှုတွေဖြစ်ခဲ့သလို မျက်ရည်ယိုဗုံးကြောင့် အသက်ရှူကြပ်ပြီး ကွင်းထဲမှာ လဲကျမှုတွေလည်းဖြစ်ခဲ့တယ်လို့ သတင်းတွေအရ သိရတာပါ။

ဖီဖာကတော့ လုံခြုံရေး ဒါမှမဟုတ် ရဲတွေအနေနဲ့ ပွဲတွေမှာ လူစုလူဝေးကို ထိန်းချုပ်တဲ့ ဓါတ်ငွေ့ကို သယ်ဆောင် ခြင်း ဒါမှမဟုတ် အသုံးမပြုရဘူးလို့ ဖော်ပြထားပါတယ်။ အင်ဖန်တီနိုက “ ဒီကြေကွဲဖွယ်ဖြစ်ရပ်အပြီးမှာ အသက် ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေနဲ့ မိတ်ဆွေတွေကို ဝမ်းနည်းကြောင်း အလေးအနက်ထားပြောချင်ပါတယ်” လို့ ထပ်မံ ပြောခဲ့တာပါ။
အာရှဘောလုံးအဖွဲ့ချုပ်အကြီးအကဲ အယ်လ်ခါလီဖာက “ဘောလုံးကိုချစ်မြတ်နိုးတဲ့ အင်ဒိုနီးရှားနိုင်ငံကနေ ဒီလို ကြေကွဲဖွယ်သတင်းကို ကြားလိုက်ရလို့ အလွန်တုန်လှုပ်မိပြီး စိတ်မကောင်းဖြစ်မိတယ်” လို့ ရိုက်တာ သတင်းဌာန ကို သူ့ရဲ့ကြေညာချက်ထုတ်ပြန်ပေးခဲ့ပါတယ်။ လာလီဂါနဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်တို့ဟာ ဒီ ဖြစ်ရပ်အတွက် လေးစားမှုပြသတဲ့အနေနဲ့ တနင်္ဂနွေနေ့မှာ ကစားတဲ့ ပွဲမစတင်ခင် ၁ မိနစ်ငြိမ်သက်မှုကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲမှာလည်း ကစားသမားတွေဟာ အနက်ရောင်လက်ပတ်ကို ဝတ်ဆင်ခဲ့ကြတာပါ။ဒါ့အပြင် ထိပ်တန်းကလပ်တွေနဲ့ နာမည်ကျော်ကစားသမားတွေကလည်း ဒီ ဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း သူတို့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Source:BBC
- By CNI News
- Category: အားကစား
- Hits: 1664
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂
ပရီးမီးယားလိဂ်ရဲ့ စူပါဆန်းဒေးပွဲစဉ် တစ်ပွဲဖြစ်တဲ့ မန်စီးတီးနဲ့ ယူနိုက်တက်တို့ မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီး အသင်းက ၆ ဂိုး- ၃ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာတင် ဟာလန်းနဲ့ ဖိုဒန်တို့က ၂ ဂိုးစီ သွင်းယူပြီး ၄ ဂိုးပြတ်နဲ့ ဦးဆောင် နေခဲ့တာပါ။ ဒုတိယပိုင်းမှာ အန်သိုနီက ယူနိုက်တက်အတွက် ချေပဂိုး ၁ ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် မန်စီးတီးက ဟာလန်းနဲ့ ဖိုဒန်က ဒီပွဲရဲ့ ဟတ်ထရစ် သွင်းဂိုးတွေအဖြစ် ၁ ဂိုးစီ ထပ်သွင်းယူ သွာခဲ့ပါ တယ်။ အဲ့ဒီနောက်ပိုင်းမှာ မန်စီးတီးအသင်းက ထိန်းကစားရင်းနဲ့ ယူနိုက်တက်အသင်းက နောက်ထပ်ချေပဂိုး ၁ ဂိုး ထပ်ရခဲ့ပါတယ်။
ဒီဂိုးကို မာရှယ်က သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက ဂိုးရဖို့ ကြိုးစားနေရင်းနဲ့ တတိယဂိုး ရရှိခဲ့ပါတယ်။ ဒီဂိုးကို ပင်နယ်တီကနေ မာရှယ်ကပဲ သွင်းယူသွားခဲ့တာပါ။ အဲ့ဒါကြောင့် ပွဲအပြီးမှာ မန်စီးတီး အသင်းက ၆ ဂိုး- ၃ ဂိုးနဲ့ ယူနိုက်တက်ကို အနိုင်ရရှိသွားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာမှာ ဆက်လက်ရပ်တည် နေပြီး ယူနိုက်တက်ကတော့ နိုင်ပွဲဆက်မှု ရပ်တန့်ကာ အဆင့် ၆ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
- By CNI News
- Category: အားကစား
- Hits: 1602
CNI Sport News
၂၀၂၂ ခုနှစ်၊အောက်တိုဘာ ၂
အရီမာနဲ့ ပါဆီဘာရာတို့ကစားခဲ့တဲ့ အင်ဒိုနီးရှားလိဂ်ပွဲစဉ်မှာ အဓိကရုဏ်းဖြစ်ပွားပြီးနောက် ဘောလုံးပရိသတ် ၁၂၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အရှေ့ဂျာဗား ဒါဘီပွဲစဉ်မှာ ပါဆီဘာရာအသင်းက အရီမာအသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
ပွဲသိမ်းခရာမှုတ်အပြီးမှာ ပရိသတ်တွေဟာ ကွင်းထဲကို ဝင်ရောက်လာခဲ့ပါတယ်။အဓိကရုဏ်းနှိပ်နှင်းရေးရဲတပ်ဖွဲ့တွေဟာ မျက်ရည်ယိုဗုံးတွေအသုံးပြုပြီး ဒီအဖြစ်အပျက်ကို တုန့်ပြန်ခဲ့ပါတယ်။
ပရိသတ်တွေဟာ မျက်ရည်ယိုဗုံး အငွေ့တွေကနေ လွတ်မြောက်နိုင်ဖို့ ခြံစည်းရိုးပေါ်ကနေ ခုန်ဆင်းနေကြတာကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံနေတဲ့ ဗွီဒီယိုတွေကနေ တွေ့မြင်ခဲ့ရပါတယ်။
လုံခြုံရေး တာဝန်ရှိသူတွေဟာ ပရိသတ်တွေကို ကန်ကျောက်ပြီး ထိန်းသိမ်းဖို့ ကြိုးစားခဲ့တယ်လို့ The Times of Indonesia က ဖော်ပြထားတာပါ။
မျက်ရည်ယိုဗုံးကြောင့် ထောင်နဲ့ချီတဲ့ ပရိသတ် တွေဟာ အသက်ရှုဖို့ ခက်ခဲခဲ့ပြီး နောက်ဆုံးမှာ မူးလဲသွားခဲ့တယ်လို့လည်း သိရပါတယ်။
ဒီလိုအဖြစ်အပျက်တွေကြောင့် သေဆုံးသူအများအပြားရှိခဲ့သလို ဒဏ်ရာကြောင့် ဆေးရုံတင်ထားရတဲ့သူ အများအပြားကလည်း စိုးရိမ်စရာအနေအထားမှာ ရှိတယ်လို့လည်း Melang Regency ကျန်းမာရေးအကြီးအကဲက ပြောပါတယ်။
ဒီအပတ်အတွင်းမှာ ကစားဖို့ရှိတဲ့ အင်ဒိုနီးရှားလိဂ်ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ပြီး အရီမာအသင်းကို လက်ကျန်ရာသီရဲ့အိမ်ကွင်းပွဲစဉ်တွေကို ကျင်းပခွင့် ပြုမှာမဟုတ်ဘူးလို့ အင်ဒိုနီးရှားအက်ဖ်အေက ကြေညာခဲ့ပါတယ်။
Source:Foxsports
- By CNI
- Category: အားကစား
- Hits: 1456
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁
ဘတ်ပီဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က အသင်းအတွက် ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်း အကြီးအကဲထံ ပေးခဲ့တဲ့ ကစားသမား ၄ ဦးစာရင်းမှာ ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ပီအက်စ်ဂျီ အသင်းနဲ့ ၃ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့တာပါ။
ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းမှာ ဆက်နေခဲ့တာကြောင့် ကလပ်အသင်းရဲ့ အားကစားဆိုင်ရာ ဆုံးဖြတ်ချက်တွေ မှာ သူပါဝင်လာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပြင်သစ်သတင်းဌာန RMC Sport ကတော့ ဘတ်ပီဟာ သူနဲ့အတူ တွဲဖက်ကစားနိုင်ဖို့အတွက် တိုက်စစ်မှူး အသစ်တစ်ဦး ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ် အပါအဝင် ဘတ်ပီ ခေါ်ယူချင်တဲ့ ကစားသမား ၄ ဦးထဲမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့သွားတဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးဟောင်း လီဝန်ဒေါစကီးလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီနဲ့ ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်
ဘာစီလိုနာအသင်းနဲ့ နောက်ပိုင်းမှာ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တဲ့ ဒမ်ဘီလီလည်း ပါဝင်ခဲ့သလို နောက်ထပ် တစ်ဦးကတော့ ဝက်စ်ဟမ်းကို ပြောင်းရွှေ့သွားတဲ့ အီတလီတိုက်စစ်မှူး ဆကာမာကာလည်း ပါဝင်ခဲ့တယ်လို့ သတင်း ဖော်ပြချက်အရ သိရပါတယ်။
ဘတ်ပီက ဒီကစားသမားတွေကို ခေါ်ယူဖို့ တောင်းဆိုခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းဟာ တစ်ဦးမှကို ခေါ်ယူနိုင်ခဲ့ ခြင်း မရှိခဲ့ပါဘူး။ ပြင်သစ်ကလပ်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ဖာဘီယန်ရုဇ်၊ ရီနာတိုဆန်းချက်စ်၊ ကားလို့စ် ဆိုလာ၊ ဗီတင်ဟာ၊ မူကီလီနဲ့ အီကီတီကီတို့ကို ခေါ်ယူခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ လီဂူးဝမ်းပွဲစဉ် ၈ ပွဲ ကစားအပြီးမှာ ရမှတ် ၂၂ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံး နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အခုဆိုရင် ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ၂ ပွဲစလုံး အနိုင်ရကာ အုပ်စု တွင်းကို ဦးဆောင် နေတာပါ။
ဒီနောက်မှာတော့ ပီအက်စ်ဂျီအသင်းဟာ ဒီတစ်ပတ် လီဂူးဝမ်းပွဲစဉ်အဖြစ် နိုက်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။
Source: Sportbible
- By CNI
- Category: အားကစား
- Hits: 1092
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁
ရီးရယ်လ်ဂန္တဝင် ကာဆီးလတ်စ်က ပေါ့စတား ရှာကီရာနဲ့ တွဲနေတယ်ဆိုတဲ့ ကောလာဟလတွေကို ဒေါသတကြီးနဲ့ ငြင်းဆန်လိုက်ပါတယ်။
ရှာကီရာဟာ မကြာသေးခင်ကမှ ကာဆီးလတ်စ်ရဲ့ ကာလကြာရှည် စပိန်အသင်းဖော် ပီကေးနဲ့ လမ်းခွဲမှုပြုလုပ် ခဲ့တာပါ။ပီကေးနဲ့ ဂရမ်မီဆုရ အဆိုတော်တို့ဟာ သူတို့ရဲ့ ၁၂ နှစ်ကြာရှိခဲ့တဲ့ ဆက်ဆံရေးကို ပြီးခဲ့တဲ့ ဇွန်လက အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။သူတို့ ၂ ဦးဟာ မင်္ဂလာမဆောင်ရသေးပေမယ့် ၉ နှစ်အရွယ်ရှိ မီလန်နဲ့ ၇ နှစ်အရွယ်ရှိ ဆာရှာဆိုတဲ့ သားသမီး ၂ ဦးရှိတာပါ။ကာဆီးလတ်စ်ကလည်း အားကစားဂျာနယ်လစ်ဖြစ်သူ ဆာရာနဲ့ လက်ထပ် ပြီး ကလေး ၂ ဦးရှိခဲ့ပေမယ့် ၅ နှစ်အကြာမှာ ကွာရှင်းပြတ်စဲခဲ့တာ ဖြစ်ပါတယ်။

ကာဆီးလတ်စ်နဲ့ ရှာကီရာတို့ဟာ အင်စတာဂရမ်မှာ တစ်ဦးနဲ့တစ်ဦး Follow လုပ်ခဲ့ပြီးနောက် သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ကောလာဟလတွေ စတင်ခဲ့တာပါ။ဒါပေမယ့် ကာဆီးလတ်စ်ကတော့ သူတို့နှစ်ဦး တွဲနေပြီဆိုပြီး ရေးသားထားတဲ့ သတင်းတွေကို သူ့ရဲ့ အင်စတာဂရမ် Story မှာတင်ကာ ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့တာဖြစ်ပါတယ်။ “ခင်ဗျား နှာခေါင်းကို ထိကြည့်လိုက်ပါ။ဘုရားသခင်ရေ” ဆိုတဲ့ စာသားနဲ့ အီမိုဂျီကို ကာဆီးလတ်စ်က ရေးသားခဲ့တာပါ။
ပီကေးနဲ့ ရှာကီရာတို့ဟာ ကမ္ဘာ့ဖလား သီချင်းဖြစ်တဲ့ Waka Waka ကို ရိုက်ကူးနေချိန် ၂၀၁၀ မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ရှာကီရာဟာ အဆိုပါသီချင်းကို စပိန်က နယ်သာလန်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ တောင်အာဖရိကကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဖျော်ဖြေခဲ့တာပါ။ပီကေးနဲ့ ကာဆီးလတ်စ်တို့ဟာ စပိန်အသင်းရဲ့ ရွှေရောင်မျိုးဆက်ဖြစ်တဲ့ ယူရို ၂၀၀၈၊ယူရို ၂၀၁၂ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားရခဲ့စဉ် အသင်းမှာ အတူတွဲ ကစားခဲ့ ကြတာဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ၂၀၀၀ ခုနှစ်နှောင်းပိုင်းနဲ့ ဆယ်စုနှစ်တစ်ခုကျော်ကြာ အယ်လ်ကလက်ဆီကို ပြိုင်ဘက်တွေအဖြစ် ရှိခဲ့ကြတာပါ။ကာဆီးလတ်စ်ဟာ လက်ရှိအချိန်မှာ ကစားသမားဘဝက အနားယူခဲ့ပြီဖြစ်ပြီး ပီကေးကတော့ ဘာစီလိုနာအသင်းမှာ ကစားနေတာဖြစ်ပါတယ်။
Source:The Sun
- By CNI
- Category: အားကစား
- Hits: 897
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁
ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က သူတို့ဟာ မန်စီးတီးနဲ့ ကစားရမှာဖြစ်ပြီး ဟာလန်းတစ်ဦးတည်းနဲ့ မဟုတ် ဘူးလို့ မန်ချက်စတာဒါဘီပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော်တို့က မန်စီးတီးနဲ့ ကစားရမှာ၊ဟာလန်းနဲ့ မဟုတ်ပါဘူး။ကျနော်တို့ရဲ့ စွမ်းဆောင်ရည် ကို ယုံကြည်ပါတယ်။အသင်းလိုက်စွမ်းဆောင်နိုင်ရင် ပြိုင်ဘက်တွေကို အနိုင်ယူလို့ ရပါတယ်။အဲဒါက ကျနော်တို့ လိုအပ်နေတဲ့ ယုံကြည်မှုဖြစ်ပြီး တနင်္ဂနွေနေ့မှာ ဒါမျိုးကို ပိုပြီးလိုအပ်ပါတယ်” လို့ သတင်းထောက်တွေကို ပြောခဲ့ တာပါ။
ဟာလန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၇ ပွဲအထိ ကစားအပြီးမှာ ၁၁ ဂိုးအထိ သွင်းယူထားကာ စွမ်းဆောင် ရည်ကောင်းတွေကို ပြသနေတာဖြစ်ပေမယ့် နည်းပြကတော့ နော်ဝေတိုက်စစ်မှူးထက် တစ်သင်းလုံးကို အာရုံ စိုက်သွားမှာလို့ ပြောခဲ့တာဖြစ်ပါတယ်။ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည် နေတဲ့ ယူနိုက်တက်အသင်းဟာ အဆင့် ၂ နေရာက မန်စီးတီးထက် ၁ ပွဲလျော့ကစားထားပြီး ရမှတ် ၅ မှတ် ကွာဟ နေတာပါ။နယ်သာလန်လူမျိုးနည်းပြ အဲရစ်တန်ဟတ်အတွက်တော့ ပထမဆုံးမန်ချက်စတာဒါဘီပွဲစဉ်ကို ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်ဒါဘီပွဲစဉ်တွေ အများကြီးကို ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ဒီပွဲတွေက ဘယ်လိုမျိုးလဲဆိုတာ ကျနော်ကောင်းကောင်းသိပါတယ်။ဒီပွဲက မန်ချက်စတာဧရိယာမှာ အရေးကြီးဆုံးပွဲဆိုတာလည်း သိပါတယ်။ဒီပွဲက ကျနော့်ကို စိတ်လှုပ်ရှားစေပါတယ်။ဒီပွဲကို အနိုင်ရဖို့အတွက် ကျနော်တို့ အရာအားလုံးကို လုပ်ဆောင်ရမှာပါ” လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ ယူနိုက်တက်အသင်းဘက်က အသင်းခေါင်းဆောင် မက်ဂွဲယားဟာ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ် ပေမယ့် ရက်ရှ်ဖိုဒ့်နဲ့ မာရှယ်တို့က အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပြီလို့ နည်းပြ အဲရစ်တန်ဟတ်က ပြောပါတယ်။ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်လက်ထက် ပထမဆုံး ပရီးမီးယားလိဂ် ၂ ပွဲမှာ အရေးနိမ့် ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ အမှတ်ပေးပွဲ ၄ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့တာပါ။
အဲဒါကြောင့် အဲရစ်တန်ဟတ်ဟာ စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးနည်းပြဆုကို ရယူနိုင်ခဲ့ပါတယ်။တိုက်စစ်မှူး ရက်ရှ်ဖိုဒ့်ကလည်း ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ ပွဲတွေမှာ ၂ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးခဲ့လို့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။
Source:Eurosport
- By CNI
- Category: အားကစား
- Hits: 1260
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁
အီရန်အမျိုးသမီးတွေကို ၎င်းတို့နိုင်ငံအတွင်းက ကစားပွဲများကို တက်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ပြီးနောက် အီရန်အသင်းကိုပါ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်မပြုဖို့ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က တောင်းဆိုလိုက် ပါတယ်။
အမျိုးသမီးတွေကို လှပတဲ့ အားကစားပွဲတွေမှာ တာဝန်ရှိသူတွေက ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ပြီးနောက် လက်ရွေးစင်အသင်းကိုကျ ဘာကြောင့် ယှဉ်ပြိုင်ခွင့်ပြုသလဲဆိုပြီး Open Stadiums အမည်ရှိ လူ့အခွင့်အရေး အဖွဲ့က မေးခွန်းထုတ်ခဲ့တာပါ။အီရန်နိုင်ငံဟာ ၁၉၇၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အမျိုးသမီးတွေကို ပြည်တွင်းပြိုင်ပွဲတွေမှာ တက်ရောက်ကြည့်ရှုခွင့်ပေးခဲ့တာဖြစ်ပေမယ့်လည်း ယခုရက်သတ္တပတ်အကြာမှာ ဒီလိုတောင်းဆိုမှုတွေ ထွက်ပေါ်လာခဲ့တာပါ။
“ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဒီဇင်ဘာလ ၁၈ ရက်မှာ ပြီးဆုံးပြီးနောက် အဇာဒီအားကစားကွင်းကို သူတို့အတွက် ဆက်ပြီးဖွင့်ထားပေးဖို့ အီရန်အာဏာပိုင်တွေနဲ့ အီရန်ဘောလုံးအဖွဲ့ချုပ်တို့ကို အီရန်အမျိုးသမီးတွေက ယုံကြည်မှု မရှိဘူး”လို့ Open Stadiums က ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုထံပေးတဲ့ အိတ်ဖွင့်စာမှာ ရေးသားထားတာ ဖြစ်ပါတယ်။ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲသွားရောက်ကြည့်ရှုမယ့် အမျိုးသမီးတွေကို အီရန်အာဏာပိုင်တွေက အရေးယူမှာ ကိုလည်း စိုးရိမ်မှုတွေရှိနေကြတာပါ။

အမျိုးသမီးတွေကို ဝင်ရောက်ကြည့်ရှုခွင့်ပေးတာဟာ နိုင်ငံတကာဘောလုံးစည်းမျဉ်းနဲ့ ကိုက်ညီတာကြောင့် ဖီဖာအနေနဲ့ အီရန်ကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ Open Stadiums က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ဖီဖာဟာ အမျိုးသမီးတွေကို အားကစားကွင်းထဲဝင်ရောက်ခွင့်ပြုဖို့ အီရန်အာဏာပိုင်တွေကို ပြောခဲ့ပြီးနောက် သြဂုတ်လမှာ အမျိုးသမီးတွေကို ကြည့်ရှုခွင့်ပြုခဲ့တာပါ။
အီရန်အမျိုးသမီးတွေဟာ မတ်လက ကျင်းပခဲ့တဲ့ ပွဲအပါအဝင် နိုင်ငံတကာပွဲအနည်းငယ်ကို တက်ရောက်ကြည့်ရှု ခွင့်ရခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားတာပါ။မကြာသေးခင်က မာရှာအာမီနီအမည်ရှိ အီရန် အမျိုးသမီး ငယ်တစ်ဦးဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီးနောက် အချုပ်ခန်းအတွင်းမှာ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။အဲဒါကြောင့် အီရန်နိုင်ငံအတွင်းမှာ ဆန္ဒပြမှုတွေ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့တာပါ။
အီရန်လက်ရွေးစင်အမျိုးသားကစားသမားတွေဟာ ပြီးခဲ့တဲ့ ခြေစမ်းပွဲမှာ နိုင်ငံတော်သီချင်းသီဆိုချိန် နိုင်ငံရဲ့ တံဆိပ်မပေါ်အောင် အနက်ရောင်ဂျက်ကတ်ဝတ်ဆင်ပြီး ဆန္ဒပြမှုတွေပြုလုပ်ခဲ့ပါတယ်။Open Stadiums ရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ရိုက်တာက မှတ်ချက်ပေးဖို့ ပြောတာကို ဖီဖာနဲ့ အီရန်ဘောလုံးအဖွဲ့ချုပ်တို့က တုံ့ပြန်ခြင်းမရှိဘူးလို့ သိရပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 1262
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀
ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာက ဂျူဗင်တပ်စ် ပရိသတ်တွေဟာ ယူနိုက်တက် ပရိသတ်တွေထက် ပိုပြီးကောင်းတယ်လို့ ပြောလိုက်ပါတယ်။
ပေါ့ဘာက “ကျနော်ထွက်ခွာခဲ့တုန်းက သူတို့နဲ့ အတူတူရှိခဲ့တဲ့ နှစ်တွေအတွက် အလွန်ကျေးဇူးတင်ပါတယ်။ ကျနော် ငယ်ရွယ်တဲ့ အချိန်မှာ သူတို့ဟာ အားကစားကွင်းထဲ ရောက်အောင် အမြဲတွန်းပို့ခဲ့ပါတယ်။ သူတို့က ကျနော့် အနောက်မှာ အမြဲရှိခဲ့တယ်၊ ပြီးတော့ ပရိသတ်တွေရဲ့ ချစ်မြတ်နိုးမှုကို ခံစားခဲ့ရပါတယ်။ ဒါက အမှန်တရား ပါ။ မန်ချက်စတာမှာ ဒီလောက်ကြီးကျယ် ခမ်းနားတဲ့ အသံကို ကျနော်တစ်ခါမှ မကြားဖူးပါဘူး”လို့ GQ ကို ပြောခဲ့ တာပါ။
ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းမှာ ပထမဆုံးအကြိမ် ကစားတဲ့ ၂၀၁၂ ကနေ ၂၀၁၆ အထိ ၄ နှစ်အတွင်း ပရိသတ် တွေဆီကနေ ချစ်ခြင်းမေတ္တာကို ရခဲ့လို့ တူရင်ကို ပြန်လာရတာကို ပျော်ရွှင်နေတာ ဖြစ်ပါတယ်။
ဒီလိုချစ်ခြင်းမေတ္တာကို ယူနိုက်တက် ပရိသတ်တွေက မပြသခဲ့ဘူးလို့ ပြင်သစ်ကစားသမားက ပြောခဲ့တာပါ။ ပေါ့ဘာဟာ ယူနိုက်တက်အသင်းမှာ ၆ ရာသီကြာ ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့ အပြောင်းအရွှေ့က အလွတ်နဲ့ အီတလီကလပ်ကို ပြန်လည် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဘာ မန်ယူမှာ ကစားစဉ် (Futbol)
ဂျူဗင်တပ်စ်ကို ပြန်လာဖို့ သူ့ရဲ့ နှလုံးသားက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ယူနိုက်တက်မှာ ကစားနေချိန်အတွင်း နည်းပြ အယ်လီဂရီနဲ့ အဆက်အသွယ် ရှိခဲ့ကြောင်းလည်း ပေါ့ဘာက ပြောခဲ့တာပါ။
“ကျနော်က နည်းပြနဲ့ အမြဲတမ်း ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိပါတယ်။ သူဟာ ကျနော့် အကြောင်းကိုသိပြီး ဒီမှာ အတူရှိခဲ့တဲ့ အချိန်တုန်းကလည်း အမြဲတမ်း တွန်းအားပေးပါတယ်။ မန်ချက်စတာမှာ ရှိခဲ့တဲ့ အချိန်ကတောင် ကျနော်တို့ ဆက်သွယ်ခဲ့ကြပြီး စကားတွေအများကြီး ပြောဖြစ်ခဲ့တယ်”လို့ ပေါ့ဘာက ပြောပါတယ်။
ပြင်သစ်ကွင်းလယ်လူဟာ ယူနိုက်တက်အသင်းမှာ ဒဏ်ရာတွေကြောင့် ပွဲပေါင်း ၁၀၀ လွဲချော်ခဲ့တယ်လို့ အချက် အလက်တွေအရ သိရပါတယ်။
ပေါ့ဘာဟာ ဂျူဗင်တပ်စ်ကို ရောက်ရှိလာချိန်မှာ ဒဏ်ရာကြောင့် ဒူးခွဲစိတ်မှု ခံယူထားပြီး ရာသီအစပွဲတွေမှာ ပါဝင် ကစားထားနိုင်ခြင်း မရှိပါဘူး။ ယူနိုက်တက် ကစားသမားဟောင်းဟာ ကြံ့ခိုင်မှုပိုင်း ကောင်းမွန်အောင် လုပ်ဆောင် နေပြီး အောက်တိုဘာလအကုန်မှာ ပြန်ကစားနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ရလဒ်တွေဆိုးနေပြီး ၇ ပွဲ ကစားအပြီးမှာ အဆင့် ၈ နေရာမှာ ရပ်တည်ကာ ထိပ်ဆုံးနေရာက နာပိုလီအသင်းနဲ့ ၇ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။
Source: The Sun
