- By CNI
- Category: အားကစား
- Hits: 1465
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅
ဝါရင့်နောက်ခံလူ ရာမို့စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်းရဲ့ ကစားသမား ၂၆ ဦး စာရင်းကနေ ချန်လှပ်ခံရ တာကြောင့် စိတ်ပျက်မိတယ်လို့ ထုတ်ပြောလိုက်ပါတယ်။
ရာမို့စ်က “ ကမ္ဘာ့ဖလားဆိုတာ ကျနော် အကောင်အထည်ဖော်ချင်တဲ့ ကြီးမားတဲ့ အိမ်မက်တွေထဲက တစ်ခုပါ။ ဒါဟာ ကျနော့်ရဲ့ ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားဖြစ်နိုင်ပေမယ့် ကံမကောင်းစွာနဲ့ပဲ ကျနော် အိမ်ကနေပဲ ကြည့်ရပါ တော့မယ်။ ခက်ခဲတယ်ဆိုပေမယ့် မနက် လင်းပြီဆိုတာနဲ့ နေကထွက်နေတုန်းပါပဲ။ ကျနော် ကိုယ့်ကိုယ်ကို ဘာမှ မပြောင်းလဲပါဘူး”လို့ အင်စတာဂရမ်မှာ ရေးသားထားတာပါ။
ရာမို့စ်ဟာ ကြံ့ခိုင်မှု အပြည့်ပြန်ရပြီး ပီအက်စ်ဂျီအသင်းမှာ ခြေစွမ်းပြနေပေမယ့် နည်းပြ အင်းနရစ်က မရွေးချယ်ခဲ့ တာ ဖြစ်ပါတယ်။

ရာမို့စ် စပိန်အသင်းမှာ ကစားခွင့်ရခဲ့စဉ်(beIN SPORTS)
ရာမို့စ်အပြင် အတွေ့အကြုံရှိ ကစားသမားတွေဖြစ်တဲ့ ဂိုးသမား ဒီဂီယာ၊ ကွင်းလယ်လူ သီယာဂိုနဲ့ နောက်ခံလူ မားကို့စ်အလွန်ဆိုတို့လည်း စပိန်အသင်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာပါ။
ရာမို့စ်ဟာဆိုရင် ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကတည်းက စပိန်လူစာရင်းမှာ ပါဝင်ခွင့် မရတော့တာ ဖြစ်ပါတယ်။ ရီးရယ်လ်အသင်း နောက်ခံလူဟောင်း ရာမို့စ်ဟာ စပိန်အသင်းနဲ့အတူ ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရရှိထား တာပါ။
ရာမို့စ်ဟာ စပိန်အသင်းအတွက် ပွဲပေါင်း ၁၈၀ ပါဝင် ကစားထားပြီး ၂၃ ဂိုးသွင်းယူကာ လက်ရွေးစင် အသင်းရဲ့ ပွဲအများဆုံး ကစားသမားအဖြစ် မှတ်တမ်း ဝင်ထားပါတယ်။ ဒါ့အပြင် ရာမို့စ်ဟာ စပိန်အသင်းရဲ့ ဂိုးသွင်း အများဆုံး စာရင်းရဲ့ နံပတ် ၁၀ နေရာမှာ ရပ်တည်နေတာပါ။
စပိန်အသင်းဟာ နိုဝင်ဘာလ ၁၇ ရက်မှာ ကမ္ဘာ့ဖလားမတိုင်ခင် နောက်ဆုံး ခြေစမ်းပွဲအဖြစ် ဂျော်ဒန်အသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ စပိန်အသင်းဟာဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီ၊ ဂျပန်၊ ကော်စတာရီကာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် ကော်စတာရီကာ အသင်းနဲ့ နိုဝင်ဘာလ ၂၃ ရက်မှာ ယှဉ်ပြိုင် မှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 933
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅
အပျော်တမ်းကလပ်တစ်သင်းဖြစ်တဲ့ အက်ရှ်တန်ယူနိုက်တက်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်းမှာ ဟာလန်းကို ပွဲဆက်ကစားနိုင်အောင် ၂၈ ရက်ကြာအငှားချဖို့ မန်စီးတီးအသင်းထံ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်ဘောလုံးလိဂ်သတ္တမတန်းမှာ ကစားနေတဲ့ အက်ရှ်တန်ယူနိုက်တက်အသင်းဟာ ဟာလန်းကို ၂၈ ရက်ကြာ အငှားချဖို့ မန်စီးတီးအသင်းထံ ကမ်းလှမ်းထားတယ်ဆိုတာကို နိုဝင်ဘာလ ၁၄ ရက်က ကြေညာချက် ထုတ်ပြန် ခဲ့တာပါ။ဟာလန်းရဲ့ နော်ဝေလက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲ မအောင်မြင်ထားတာကြောင့် ကစားသမားဟာ ပွဲမကစားရဘဲ အနားရနေတာဖြစ်ပါတယ်။
အက်ရှ်တန်အသင်းနည်းပြ မိုက်ကယ်ကလက်ဂျ်က “ဒါက အဓိပ္ပါယ်ရှိပါတယ်။မန်စီးတီးက ပွဲမကစားရတဲ့အတွက် ဟာလန်းကို ကြံခိုင်မှုရနေအောင် ကူညီပေးချင်ပါတယ်။၆ ပတ်ကြာ ဂေါဖ့်ကစားတာထက်စာရင် ပိုပြီးတော့ အဓိပ္ပါယ်ရှိပါတယ်။သူက ကျနော်တို့အတွက် အံဝင်ခွင်ကျဖြစ်မယ်လို့ ထင်ပါတယ်။သူဟာ အသင်းနဲ့လိုက်ဖက်မှု ရှိအောင်လည်း ကောင်းမွန်စွာကစားနိုင်မှာပါ” လို့ ပြောထားတာပါ။

မန်စီးတီးကတော့ ဒီအပေါ်မှာ တုံ့ပြန်မှုတစ်စုံတစ်ရာပြုလုပ်ခြင်း မရှိသေးပါဘူး။ အက်ရှ်တန်ယူနိုက်တက် အသင်း ဟာ မန်ချက်စတာအခြေစိုက်ကလပ်အသင်းဖြစ်ပြီး လက်ရှိ မြောက်ပိုင်း ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ဟာလန်းဟာ အားလပ်ရက်ကို သူ့ရဲ့မွေးရပ်မြေမှာပဲ ကုန်ဆုံးဖို့ ရှိနေပြီးနောက်မှာတော့ မန်စီးတီးအသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ရှိနေတာပါ။
အသက် ၂၂ နှစ်အရွယ်ရှိ ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ပွဲပေါင်း ၁၈ ပွဲ ကစားအပြီးမှာ ၂၃ ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။နော်ဝေတိုက်စစ်မှူးဟာ မကြာသေးခင်က ဒဏ်ရာ ရရှိခဲ့တာကြောင့် အနားယူခဲ့ရပြီး ဖူလ်ဟမ်အသင်းကို အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှ အသင်းအတွက် ပြန်လည် ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 1083
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅
ရော်နယ်ဒိုက ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အသင်းပိုင်ရှင် ဂလေဇာမိသားစုက ယူနိုက်တက် အသင်းကို ဂရုမစိုက်ဘူးလို့ ပြောလိုက်ပါတယ်။
ရော်နယ်ဒိုက “အသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုက ကလပ်ကို ဂရုမစိုက်ကြပါဘူး။သူတို့က ယူနိုက်တက် ကို ဈေးကွက်ရှာဖွေရေးအသင်းလို့ သိထားပြီး အဲဒီကနေ ပိုက်ဆံရမယ်ဆိုပြီးတော့ပေါ့။ ကျနော့်အမြင်မှာတော့ အားကစားနဲ့ပတ်သက်ပြီး သူတို့ ဂရုမစိုက်ကြပါဘူး” လို့ ပြောခဲ့တာပါ။
ရော်နယ်ဒိုနဲ့ ပီယာစ်မော်ဂန်တို့ မိနစ် ၉၀ ကြာပြုလုပ်ထားတဲ့ အင်တာဗျူးထဲက အပိုင်းအတိုတွေ ထွက်ပေါ် လာတာဖြစ်ပြီး ပေါ်တူဂီကစားသမားဟာ ဒီတစ်ကြိမ်မှာ အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ဂလေဇာမိသားစုဟာ ယူနိုက်တက်ကို ၂၀၀၅ ကတည်းက လွှဲပြောင်းရယူထားတာဖြစ်ပြီး ရော်နယ်ဒို ကတော့ သူတို့နဲ့တွေ့ဆုံခဲ့ဖူးခြင်းမရှိဘူးလို့ ပြောခဲ့တာပါ။

ယူနိုက်တက်ပရိသတ်တွေဟာ အသင်းအပေါ် ဂလေဇာမိသားစုရဲ့ရင်းနှီးမြုပ်နှံမှုအား စိတ်ပျက်နေကြပြီး မကြာခဏဆိုသလို ပွဲတွေမှာ ဆန္ဒပြမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ ၂၀၁၇ က ယူရိုပါလိဂ်ဆုဖလားရယူပြီးနောက်ပိုင်း ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာနေတာပါ။
ရော်နယ်ဒိုက “ပရိသတ်တွေက အမြဲတမ်းမှန်ကန်ပါတယ်။ပရိသတ်တွေက အမှန်တရားကို သိသင့်တယ်လို့ ထင်ပါတယ်။ကစားသမားတွေက ကလပ်အတွက် အကောင်းဆုံးကိုလိုချင်ကြတယ်။ကျနော်ကလည်း ကလပ် အတွက် အကောင်းဆုံးဆိုတာမျိုးကိုလိုချင်တယ်။အဲဒါကြောင့်လည်း ဒီကို ကျနော်ပြန်လာခဲ့တာပါ။ ဒီကလပ်ကို ကျနော်ချစ်တယ်။ဒါပေမယ့် မန်စီးတီး၊လီဗာပူးလ်နဲ့ အာဆင်နယ်တို့လို ထိပ်တန်းအဆင့်ရောက်အောင် မကူညီ နိုင်တဲ့အရာတွေ ကလပ်ထဲမှာ တချို့ရှိပါတယ်။ဒါဟာ ရှုပ်ထွေးတယ်၊ခက်လည်းခက်ခဲပါတယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုရဲ့ အင်တာဗျူးနဲ့ပတ်သက်ပြီး အပြည့်အစုံထွက်ပေါ်လာပြီးမှသာ တုံ့ပြန်မှု အပေါ် စဉ်းစားမယ်လို့ တနင်္လာနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 1343
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၄
ဘရာဇီးလ်အသင်းကို ၂၀၀၂ ကမ္ဘာ့ဖလားရရှိအောင် ကိုင်တွယ်နိုင်ခဲ့တဲ့ စကိုလာရီဟာ နည်းပြလောကကနေ အနားယူပြီလို့ တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ်။
စကိုလာရီက “ကျနော် နည်းပြလောကကနေ အနားယူပါပြီ။ လက်ထောက်နည်းပြ ပေါ်လိုတူရာက ကျနော်တို့ရဲ့ နည်းပြ ဖြစ်လာမှာပါ။ ကျနော်ကတော့ နည်းစနစ် ဒါရိုက်တာအဖြစ် ဆောင်ရွက်မယ်”လို့ Furacao Live ကို ပြောခဲ့တာပါ။
စကိုလာရီဟာ ဘရာဇီးလ်ကလပ် အသလက်တီကို ပါရာနန့်စ် အသင်းကို အခုနှစ် မေလ အစောပိုင်းက ကိုင်တွယ် ခဲ့တာဖြစ်ပြီး ဘိုတာဖိုဂို အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၂ ရာသီ နောက်ဆုံးပွဲစဉ် အပြီးမှာ နည်းပြ လောကကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။

စကိုလာရီကို တွေ့ရစဉ် (The Straits Times)
အသလက်တီကို ပါရာနန့်စ် အသင်းဟာ ဘရာဇီးလ်စီးရီးအေ ပြိုင်ပွဲရဲ့ အဆင့် ၆ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တာပါ။
စကိုလာရီဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းကို ၂ ကြိမ် ကိုင်တွယ်ခဲ့ပြီး ၂၀၀၁ ကနေ ၂၀၀၂ အထိ ကိုင်တွယ်ခဲ့ တုန်းက ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆု ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၂ ကနေ ၂၀၁၄ အထိ ကိုင်တွယ်တဲ့ အချိန်မှာတော့ ၂၀၁၃ ကွန်ဖက်ဒရေးရှင်းဖလား ရယူနိုင်အောင် ကိုင်တွယ် ပေးခဲ့တာပါ။ စကိုလာရီဟာ ပေါ်တူဂီလက်ရွေးစင်အသင်းကို ၂၀၀၃ ကနေ ၂၀၀၈ အထိ ကိုင်တွယ်ခဲ့ပါသေးတယ်။
အသက် ၇၄ နှစ်အရွယ်ရှိ ဝါရင့်နည်းပြ စကိုလာရီဟာ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းကိုလည်း ကိုင် တွယ်ခဲ့ပြီး အောင်မြင်မှု ရယူပေးနိုင်ခဲ့ခြင်း မရှိပါဘူး။
စကိုလာရီဟာ ဘရာဇီးလ်ကလပ်၊ တရုတ်ကလပ်၊ ဂျပန်ကလပ်၊ ဆော်ဒီကလပ်တွေကိုလည်း ကိုင်တွယ်ခဲ့ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 1310
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၄
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက အင်တာဗျူးတစ်ခု ပြုလုပ်ပြီး အမှန်တရားတွေကို ဖော် ထုတ် ပြမယ်လို့ ပြောခဲ့တာ ရှိပါတယ်။ အခု ပီယာစ်မော်ဂန်နဲ့ အင်တာဗျူး ပြုလုပ်သွားခဲ့ပါတယ်။
ဒီအင်တာဗျူးဟာ မိနစ် ၉၀ ကျော် ကြာမြင့်ခဲ့ပြီး မကြာခင်မှာ ထွက်ရှိတော့မှာပါ။ ဒီထဲက ရော်နယ်ဒိုနဲ့ ပီယာစ် မော်ဂန်တို့ ပြုလုပ်ထားတဲ့ အင်တာဗျူး တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပီယာစ်မော်ဂန် ။ ။ ကလပ်အသင်းက မင်းထွက်ခွာအောင် ကြိုးစားနေတယ်ဆိုတာ ယုံကြည်လား။
ရော်နယ်ဒို ။ ။ ဒါပေါ့။ နည်းပြတစ်ဦးတည်းတင် မဟုတ်ပါဘူး။ အသင်းမှာရှိတဲ့ ၂ ဦး၊ ၃ ဦးလောက် လည်း ပါဝင်ပါတယ်။

ဆာအဲလက်စ်နဲ့ ရော်နယ်ဒိုကို တွေ့ရစဉ်(Goal)
ပီယာစ်မော်ဂန် ။ ။ သူတို့တွေက အကြီးတန်း အမှုဆောင်အဆင့်တွေကလား။
ရော်နယ်ဒို ။ ။ ဟုတ်တယ်၊ သစ္စာဖောက်တယ်လို့ ကျနော်ခံစားရပါတယ်။
ပီယာစ်မော်ဂန် ။ ။ ဒါဆို ယူနိုက်တက်က မင်းကို အသင်းကနေ ဖယ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ထင်လား။
ရော်နယ်ဒို ။ ။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျနော် မသိပါဘူး။ ကျနော် ဂရုလည်း မစိုက်ပါဘူး။ လူတွေက အမှန်တရားကို နားထောင်ရပါမယ်။ ဒီမှာရှိတဲ့ လူတချို့က ကျနော်ဒီမှာ ရှိနေတာကို မလိုလားကြပါဘူး။ ဒီနှစ်တင် မဟုတ်ဘူး။ မနှစ်ကလို ဒီလိုပါပဲ။

အဲရစ်တန်ဟတ်နဲ့ ရော်နယ်ဒိုကို တွေ့ရစဉ် (SI)
ပီယာစ်မော်ဂန် ။ ။ အဲရစ်တန်ဟတ်နဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုရှိလဲ။
ရော်နယ်ဒို ။ ။ ကျနော်သူ့ကို မလေးစားပါဘူး။ ဘာကြောင့်လဲဆိုရင် သူလည်း ကျနော့်ကို လေးစားမှု မရှိလို့ပါ။ ခင်ဗျားအနေနဲ့ ကျနော့်ကို မလေးစားဘူးဆိုရင် ကျနော်ကလည်း ခင်ဗျားကို လေးစားမှာ မဟုတ်ပါဘူး။
ပီယာစ်မော်ဂန် ။ ။ ယူနိုက်တက်ရဲ့ တိုးတက်မှုအခြေအနေက ဘယ်လိုရှိလဲ။
ရော်နယ်ဒို ။ ။ တိုးတက်မှုကတော့ ဇီးရိုးပါပဲ။ ဆာအဲလက်စ် ထွက်သွားပြီး ကတည်းက ယူနိုက်တက် ဟာ တိုးတက်ပြောင်းလဲမှု ဘာမှမရှိပါဘူး။ ဘာမှကို မပြောင်းလဲတာပါ။ ကျနော်ဟာ ကလပ်အတွက် အကောင်း ဆုံးတွေ လိုချင်လို့ ယူနိုင်တက်ကို ပြန်လာတာပါ။
ကျနော်ဒီကို ပြန်လာတော့ အရာရာ ပြောင်းလဲသွားမယ်လို့ ထင်ခဲ့တာပါ။ ကျနော် ၂၁၊ ၂၂ နဲ့ ၂၃ နှစ်တွေတုန်းက သုံးခဲ့ဖူးတဲ့ အရာတွေကို ပြန်တွေ့ရပါတယ်။ ဒါက ကျနော့်ကို အများကြီး အံ့အားသင့်စေပါတယ်။

ရက်ဂ်နစ်နဲ့ ရော်နယ်ဒိုကို တွေ့ရစဉ် (Forbes)
ပီယာစ်မော်ဂန် ။ ။ မန်စီးတီးကို ရောက်ဖို့ နီးစပ်ခဲ့ပြီးမှ ယူနိုက်တက်ကို ပြန်လာခဲ့တာကရော ဘာကြောင့် လဲ။
ရော်နယ်ဒို ။ ။ ကျနော် နှလုံးသား နောက်ကို လိုက်ခဲ့တာပါ။ ဖာဂူဆန်က မင်း မန်စီးတီးသွားဖို့ မဖြစ် နိုင်ဘူးဆိုပြီး ကျနော့်ကို ပြောခဲ့တယ်။ ကျနော်ကလည်း အိုကေ၊ ဘော့စ်လို့ ပြန်ပြောခဲ့ပါတယ်။
ပီယာစ်မော်ဂန် ။ ။ ရက်ဂ်နစ်ကို နည်းပြအဖြစ် ယူနိုက်တက်က ခန့်အပ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမြင်လဲ။
ရော်နယ်ဒို ။ ။ ဆိုးလ်ရှားကို ထုတ်ပယ်ပြီးချိန်မှာ ယူနိုက်တက်က အားကစားဒါရိုက်တာ ရက်ဂ်နစ်ကို ဘယ်သူမှ နားမလည်နိုင်တဲ့ အရာအဖြစ် ခေါ်ဆောင်ခဲ့ပါတယ်။ သူက နည်းပြ မဟုတ်ပါဘူး။ ယူနိုက်တက်လို အသင်းကြီးက အားကစားဒါရိုက်တာကို နည်းပြခန့်တာက ကျနော်တစ်ဦးတည်းတင် မဟုတ်ပါဘူး။

ဝိန်းရွန်နီနဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ် (Stretty News)
တစ်ကမ္ဘာလုံးကပါ အံ့အားသင့်ခဲ့တာပါ။ သူက နည်းပြမဟုတ်ပဲ ယူနိုက်တက်မှာ ဘာလို့နည်းပြ လာဖြစ်နေတာလဲ။ ကျနော်သူ့ကို မကြားတောင် မကြားဖူးပါဘူး။
ပီယာစ်မော်ဂန် ။ ။ မင်းအပေါ် ဝိန်းရွန်နီရဲ့ ဝေဖန်မှုတွေကိုရော ဘယ်လိုသဘောထားလဲ။
ရော်နယ်ဒို ။ ။ သူက ဘာကြောင့် ကျနော့်ကို ဆိုးဆိုးရွားရွား ဝေဖန်နေလဲဆိုတာ မသိပါဘူး။ သူ့ရဲ့ ကစားသမားဘဝ ပြီးဆုံးသွားချိန်မှာ ကျနော်က မြင့်မားတဲ့ အဆင့်မှာ ကစားနေတုန်းမို့လား။ ကျနော်က သူ့ထက် ပိုပြီး ကြည့်ကောင်းနေတယ်လို့ မပြောချင်ပါဘူး။
ဒါပေမယ့် ဒါက အမှန်ပါပဲ။ ကျနော် ယူနိုက်တက်ကိုလည်း ချစ်တယ်။ ပရိသတ်ကိုလည်း ချစ်တယ်။ သူတို့က ကျနော့်ဘက်မှာ အမြဲရှိပါတယ်။ ဒါပေမယ့် ခြားနားမှုတွေ လိုချင်ရင်တော့ အများကြီး ပြောင်းလဲမှရမယ်လို့ ပြောခဲ့ပါတယ်။
Source: Foxsports
- By CNI
- Category: အားကစား
- Hits: 1766
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၄
ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ အခြေအနေနဲ့ ပတ်သက် ပြီး လုံးဝ ပျော်ရွှင်မှု မရှိဘူးလို့ ပြောလိုက်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “ ကမ္ဘာ့ဖလားကျင်းပမယ့် ပတ်ဝန်းကျင်၊ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်၊ လအနည်း ငယ် အတွင်းမှာ အားကစားကွင်းတွေ ဆောက်လုပ်တာမှာ သေဆုံးတဲ့ သူတွေအကြောင်းကို ကျနော်တို့ သိပါ တယ်။ ဒီအခြေအနေတွေကြောင့် လုံးဝကို မပျော်ရွှင်ပါဘူး”လို့ Sky Sports ကို ပြောခဲ့တာပါ။
ကာတာနိုင်ငံဟာ လိင်တူဆက်ဆံမှုတွေအပေါ် သူတို့ရဲ့ ရပ်တည်ချက်၊ လူ့အခွင့်အရေး မှတ်တမ်း၊ ရွှေ့ပြောင်း အလုပ်သမားတွေအပေါ် ဆက်ဆံပုံတွေကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

ကာတာက ကမ္ဘာ့ဖလားပြိုင် ကျင်းပမည့် ကွင်းကိုတွေ့ရစဉ်
ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ကျင်းပခွင့် ရပြီးကတည်းက အလုပ်သမားပေါင်း ၆,၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ဂါးဒီးယန်း သတင်းစာက ဖော်ပြခဲ့တာပါ။ ကာတာအစိုးရကတော့ ဒီသေဆုံးမှု အရေအတွက်ဟာ မှားယွင်းနေတယ်လို့ ငြင်းဆန်ထားပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “ ဒီကမ္ဘာ့ဖလားဟာ ကျနော်တို့ ကစားချင်တဲ့ အချိန် အတိအကျ မဟုတ်ပါဘူး။ လူတိုင်း၊ ကစားသမားတွေနဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးအချိန် မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ ကလေးတွေက ကျောင်းတက်၊ လူတွေက အလုပ်လုပ်နေကြလို့ ဒီပွဲတွေကို ကြည့်ဖို့ အကောင်းဆုံး အချိန်မဟုတ်ပါဘူး။ ကျနော်တို့ လိုချင်တဲ့ ဘောလုံးဆိုတာ အားလုံးအတွက်ပါ။ ကမ္ဘာ့ဖလားမှာ လူတိုင်းပါဝင်ရပါမယ်။ ဘာကြောင့်လဲဆိုရင် ကမ္ဘာ့ ဖလားဆိုတာ ကမ္ဘာကြီးပါပဲ။ ပိုကောင်းတဲ့ နည်းလမ်းနဲ့ လုပ်ဆောင်သင့်ပါတယ်”လို့ ပြောခဲ့တာပါ။
ကာတာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ နီးကပ်လာချိန်မှာပဲ ဝေဖန်မှုတွေဟာ ပိုပြီးများပြားလာခဲ့တာ ဖြစ်ပါတယ်။ ဖီဖာကတော့ ပြိုင်ပွဲဝင်မယ့် နိုင်ငံတွေအနေနဲ့ ဘောလုံးကိုပဲ အာရုံစိုက်ကြဖို့ ပြောထားပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ကို နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1466
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၄
ယူနိုက်တက်အသင်းဟာ သူ့ကို သစ္စာဖောက်ပြီး ကလပ်ကနေ ထွက်ခွာအောင် လုပ်ဆောင်နေတယ်လို့ ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
ရော်နယ်ဒိုက “ယူနိုက်တက်က ကျနော်ထွက်ခွာအောင် လုပ်ဆောင်နေပါတယ်။ ဒါက နည်းပြ တန်ဟတ် တစ်ဦးတည်းတင် မဟုတ်ပါဘူး။ အသင်းမှာရှိတဲ့ ၂ ဦး ၊ ၃ ဦးလည်း ပါဝင်ပါတယ်။ ကျနော့်အပေါ် သစ္စာဖောက် တယ်လို့ ခံစားရပါတယ်။ ဒါနဲ့ ပက်သက်ပြီး ကျနော် ဂရုစိုက်မှာ မဟုတ်ပါဘူး။ လူတွေအနေနဲ့ အမှန်တရားကို နားထောင်သင့်ပါတယ်။ တချို့လူတွေဆိုရင် ကျနော့်ကို ဒီမှာမရှိစေချင်ကြပါဘူး။ ဒါက ဒီနှစ်မှ မဟုတ်ဘူး။ မနှစ်ကလည်း အဲ့လိုပါပဲ”လို့ ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ ဖူလ်ဟမ်အသင်းကို ၂ ဂိုး - ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖျားနာနေတာကြောင့် မပါဝင်နိုင်ခဲ့သလို ကြားရက်က ကစားခဲ့တဲ့ ဗီလာနဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာလည်း မပါဝင်နိုင်ခဲ့ပါဘူး။
ပေါ်တူဂီအသင်း ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့လက စပါးအသင်းနဲ့ ပွဲမှာ လူစားဝင်ဖို့ ငြင်းဆန်ခဲ့လို့ နည်းပြ အဲရစ်တန်ဟတ်က ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်ရဲ့ အသင်းလူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရပါသေးတယ်။

ရော်နယ်ဒိုနဲ့ ပီယာစ်မော်ဂန် အင်တာဗျူးလုပ်စဉ် တွေ့ရ(GETTY IMAGES)
ရော်နယ်ဒိုက “ ကျနော် အဲရစ်တန်ဟတ်ကို မလေးစားပါဘူး။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင် သူလည်း ကျနော့်အပေါ်မှာ လေးစားမှု မရှိလို့ပါ။ ခင်ဗျားက ကျနော့်ကို မလေးစားဘူးဆိုရင် ကျနော်ကလည်း ခင်ဗျားကို ဘယ်တော့မှ လေးစားမှာ မဟုတ်ဘူး”လို့ ပီယာစ်မော်ဂန်ကို ပြောခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဒီအင်တာဗျူးမှာ အသင်းရဲ့ လက်ရှိ အခြေအနေတွေ၊ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်၊ အသင်း ဖော်ဟောင်း ဝိန်းရွန်နီ၊ နည်းပြဟောင်း ရက်ဂ်နစ်တို့ရဲ့ အကြောင်းတွေကိုပါ ထည့်သွင်း ပြောသွားခဲ့တာပါ။
ရော်နယ်ဒိုဟာဆိုရင် ပြီးခဲ့တဲ့ နွေရာသီက ယူနိုက်တက်ကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပေမယ့် အသင်းက ခွင့်မပြုခဲ့ တာကြောင့် ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုနှစ် ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ကစားသမား အနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ သုံးသပ်နေကြတာပါ။
ရော်နယ်ဒိုဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ၁၆ ပွဲပါဝင်ကစားထားပြီး ၃ ဂိုးသွင်းယူထားပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1972
CNI Sport Article
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၃
အသက် ၂၇ နှစ်အရွယ်ရှိ အေဝါအမ်ဘေးလ်ကတော့ သြစတြေးလျ လက်ရွေးစင်နဲ့အတူ ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲကို သွားရောက်မယ့် လူစာရင်းမှာ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါဟာ ကစားသမားတိုင်းအတွက် အလွန်စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အချိန်ပါပဲ။
ဒါပေမယ့် ဘဝရဲ့ ပထမဆုံး ၁၀ နှစ်ကို ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ရတဲ့ အမ်ဘေးလ်အတွက်တော့ ထူးခြား ကောင်းမွန်တဲ့ ခရီးတစ်ခုရဲ့ အထွတ်အထိပ် အမှတ်အသား တစ်ခုကို ရောက်ရှိသွားသလို ဖြစ်ခဲ့ရပါတယ်။
အမ်ဘေးလ်ရဲ့ မိဘတွေဟာ တောင်ဆူဒန် လူမျိုးတွေဖြစ်ပြီး ၁၉၉၄ မှာ ကုလသမဂ္ဂ လက်အောက်က ကင်ညာရှိ ဒုက္ခသည်စခန်း ကာကူမာကို ပြောင်းရွှေ့နေထိုင်ဖို့အတွက် စစ်ဘေးသင့်နေတဲ့ ဗြိတိသျှကိုလိုနီဟောင်း ဆီကနေ ထွက်ပြေးခဲ့တာပါ။
တောင်ဆူဒန် ဒုက္ခသည် စခန်းက ကလေးငယ်တွေနဲ့အတူ တွေ့ရတဲ့ အမ်ဘေးလ် (UNHCR)
အမ်ဘေးလ်ဟာ တစ်နှစ်အကြာမှာ မွေးဖွားလာခဲ့ပြီး ငယ်ဘဝမှာ ဘောလုံးကစားတာနဲ့ပဲ အချိန်တွေကို ကုန်ဆုံး စေခဲ့တာ ဖြစ်ပါတယ်။ ပလပ်စတစ်အိတ်တွေနဲ့ ပြုလုပ်ထားတဲ့ ဘောလုံးကို ခြေဗလာနဲ့ ပြေးလွှားဆော့ ကစားခဲ့တာပါ။
အမ်ဘေးလ် အသက် ၁၀ နှစ်အရွယ်မှာ မိသားစုဟာ သြစတြေးလျနိုင်ငံ အဒီလိတ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး သူငယ်စဉ်ကတည်းက စိတ်အားထက်သန်ခဲ့တဲ့ ဘောလုံးအားကစားနည်းကို ဆက်လက်ပြီး လုပ်ဆောင်ခဲ့ ပါတယ်။
သူ့ရဲ့ တိုးတက်မှုနှုန်းက အံ့မခန်း ဖြစ်ခဲ့ပြီး ပြည်တွင်း လူငယ်ပြိုင်ပွဲတွေမှာ တောင်ပံကစားသမားအဖြစ်နဲ့ ဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ သူဟာ ဆီမီးပရိုကလပ်ဖြစ်တဲ့ ကန့်ဘယ်လ်တောင်းစီးတီး အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။
အသက် ၁၆ နှစ်အရွယ်မှာ စတင်ပွဲထွက်ခွင့်ရခဲ့ပြီး အထင်ကြီးစရာ ကောင်းတဲ့ စွမ်းဆောင်ရည်တွေက အေလိဂ် အသင်းကြီး အဒီလိတ်အသင်းကို လျင်မြန်စွာ ဖမ်းစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အမ်ဘေးလ်နဲ့ ပရိသတ်များ (Sports)
အမ်ဘေးလ်ဟာ ဆီမီးပရိုအသင်းမှာ ၁ ရာသီပဲ ကစားပြီး အဒီလိတ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။ သူဟာ အေလိဂ်မှာလည်း ဆက်လက် တောက်ပခဲ့ပြီး တောင်ပံကနေ ကောင်းမွန်တဲ့ အရှိန်အဟုန်တွေနဲ့ ကျွမ်းကျင်မှုတွေ ကို ပြသနိုင်ခဲ့ပါတယ်။
အမ်ဘေးလ်ဟာ ဆယ်ကျော်သက် အရွယ်သာ ရှိသေးပေမယ့် ၂၀၁၄-၁၅ ရာသီမှာ ၂၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၇ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ နိုင်ငံရပ်ခြားမှာရှိတဲ့ ဘောလုံးကင်းထောက်တွေက သူ့ရဲ့ အရည်အချင်းကို လာရောက် စောင့်ကြည့်ခဲ့ပြီး ၂၀၁၅ မှာ ဒိန်းမတ်ကလပ် မစ်ဂျေးလန်းအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
သူဟာ မစ်ဂျေးလန်း ကစားသမားဘဝအစမှာ ရုန်းကန်ခဲ့ရလို့ ဒိန်းမတ်ကလပ် အက်စ်ဘာ့ဂျ်၊ ပေါ်တူဂီကလပ် ပတ်စကိုဒီဖာရဲရား အသင်းတွေထံ အငှားချခံခဲ့ရပါတယ်။ ၂၀၁၈ မှာတော့ အမ်ဘေးလ်ဟာ မစ်ဂျေးလန်းအသင်းက ခေါ်ယူခြင်းကို ပြန်လည်ခံခဲ့ရသလို သြစတြေးလျ လက်ရွေးစင်အသင်းရဲ့ ခေါ်ယူခြင်းကိုတောင် ခံခဲ့ရတာပါ။
သူဟာ ပွဲဦးထွက်ဖြစ်တဲ့ ကူဝိတ်နဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အမ်ဘေးလ်ဟာ ကလပ်နဲ့ နိုင်ငံအတွက် အရေးပါတဲ့ ကစားသမားဖြစ်လာခဲ့ပြီး မစ်ဂျေးလန်းအသင်းကို ဒိန်းမတ်ဖလားနဲ့ အမှတ်ပေးလိဂ် ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ဩစတြေးလျအသင်းကို တွေ့ရစဉ် (Sports)
သူဟာ အဲဒီနှစ်မှာ ၈ ဂိုးသွင်းပြီး ၆ ဂိုး ဖန်တီးနိုင်ခဲ့ပြီး ကလပ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပို့ဆောင်ပေး နိုင်ခဲ့တာပါ။
အမ်ဘေးလ်ဟာ ကွင်းထဲမှာ ခြေစွမ်းပြသနေသလို ကွင်းပြင်ပမှာလည်း အစ်ကိုဖြစ်သူနဲ့အတူ ပရဟိတအဖွဲ့ တစ်ခုကို ပူးတွဲတည်ထောင်ခဲ့ပြီး ဒုက္ခသည်တွေရဲ့ ဘဝအတွက် လက်တွေ့ကျတဲ့ ခြားနားချက်ကို ဖန်တီးနိုင်ဖို့ အချိန်ကို ရှာဖွေခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အဖွဲ့အစည်းဟာ သူတို့နေထိုင်ခဲ့ဖူးတဲ့ ကာကူမာမှာ လည်ပတ်နေတာပါ။
ဒီအဖွဲ့အစည်းဟာ ဘောလုံးကို အဓိက အာရုံစိုက်မှုအပြင် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ ကျား/မ တန်းတူညီမျှမှုဆိုင်ရာ အခွင့်အလမ်းတွေကို ပံ့ပိုးပေးတာ ဖြစ်ပါတယ်။
၂၀၁၈ မှာတော့ အမ်ဘေးလ်ဟာ ကစားသမားတွေရဲ့ အသိအမှတ်ပြုမှုနဲ့ FIFPro Merit ဆုကို ရယူနိုင်ခဲ့တာပါ။ ပရဟိတ အဖွဲ့အစည်းကို အဒီလိတ် ယူနိုက်တက်အသင်းမှာ ဘုတ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့တဲ့ စမစ်က ဥက္ကဌ အသစ် ဦးဆောင်နေပြီး အမ်ဘေးလ်ကို အလွန်လေးစားကြောင်း ပြောခဲ့ပါတယ်။
ဩစတြေးလျအသင်းအတွက် ကစားနေတဲ့ အမ်ဘေးလ် (Reuters)
အမ်ဘေးလ်ဟာ သြစတြေးလျရဲ့ ကမ္ဘာ့ဖလားဝင်ခွင့် တစ်နေရာအတွက် ပီရူးနဲ့ ရင်ဆိုင်ရတဲ့ ပွဲမှာ သူရဲ့ အကျိုး သက်ရောက်မှုဟာ အမှတ်ရဖွယ်အဖြစ် ရှိခဲ့ပါတယ်။ ဒီပွဲဟာ ပွဲချိန်အတွင်းရော အချိန်ပိုမှာပါ ဂိုးမသွင်းနိုင်ခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ်အထိ ရောက်ရှိခဲ့တာပါ။
အမ်ဘေးလ်ဟာ သြစတြေးလျအတွက် ၆ လုံးမြောက် ပင်နယ်တီ ကန်သွင်းတဲ့သူဖြစ်ခဲ့ပြီး အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့ပါတယ်။ ပီရူးရဲ့ ပင်နယ်တီကန်သွင်းမှုကို ရက်ဒ်မေနီ ကာကွယ်နိုင်ခဲ့လို့ သြစတြေးလျတို့ ကမ္ဘာ့ဖလားဆီ ချီတက်နိုင်ခဲ့တာပါ။
အမ်ဘေးလ်ဟာ ရက်သတ္တပတ် အနည်းငယ်အကြာမှာ စပိန်ကလပ် ကာဒစ်ဇ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝ နောက်ထပ် ခြေလှမ်းတစ်ခုကို ထပ်မံလှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ လာလီဂါ ပထမဆုံးလ အနည်းငယ်ဟာ မလွယ်ကူခဲ့ပါဘူး။ သူဟာ ကာဒစ်ဇ်အတွက် ထိုက်သင့်သလောက် ပါဝင်ကစားခဲ့ရပေမယ့် အသင်း ရလဒ် ဆိုးရွားနေချိန်မှာ အရန်ခုံပေါ် ရောက်ရှိသွားခဲ့ပါတယ်။
ဒါပေမယ့် သူကတော့ ကာတာကမ္ဘာ့ဖလားမှာ သြစတြေးလျအတွက် ခြေစွမ်းပြနိုင်ဖို့ ပြင်ဆင်နေသလို နောက်ထပ် အမှတ်တရတွေကို သိမ်းဆည်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1408
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၂
နယ်သာလန်အသင်းဟာ ကာတာမှာရှိနေတဲ့ အချိန်အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အားကစားကွင်းတွေ တည်ဆောက်တာမှာ ကူညီခဲ့ကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ တွေ့ဆုံပြီး စကားပြောသွားမယ်လို့ နည်းပြ ဗန်ဟားလ်က ပြောပါတယ်။
ဗန်ဟားလ်က “ ဒီလိုလုပ်ဆောင်ဖို့ ဆန္ဒရှိတယ်ဆိုတဲ့ အချက်က နယ်သာလန် ဘောလုံးအဖွဲ့ချုပ်နဲ့ အသင်းသား တွေရဲ့ အတွေးအမြင်တွေ အကြောင်းကို တစ်ခုခု ပြောပြနေတာပါပဲ။ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ တစ်နာရီ ကြာ တွေ့ဆုံအပြီးမှာ ဆီနီဂေါနဲ့ ပွဲအတွက် အာရုံစိုက်ရပါမယ်”လို့ ပြောခဲ့တာပါ။
နယ်သာလန်အသင်းဟာ နိုဝင်ဘာ ၁၇ ရက်မှာ ရွှေ့ပြောင်း အလုပ်သမား ၂၀ ခန့်နဲ့ တွေ့ဆုံမှာဖြစ်ပြီး သူတို့ရဲ့ လုပ်ငန်းခွင် အခြေအနေအကြောင်း စကားပြောကာ ကစားသမားတွေနဲ့အတူ လေ့ကျင့်ခွင့် ရမယ့် အခွင့်အရေးမျိုး ပေးမယ်လို့ သိရပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘောလုံးကွင်း ဆောက်နေတဲ့ အလုပ်သမားတွေကိုတွေ့ရစဉ်
နယ်သာလန်အသင်းဟာ ကာတာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ လုပ်ငန်းခွင် အခြေအနေအကြောင်းကို ဝေဖန်တဲ့ ဘောလုံးအသင်း အနည်းငယ်ထဲက ၁ သင်းလည်း ဖြစ်ပါတယ်။
ကာာတာနိုင်ငံဟာ ရွှေ့ပြောင်း အခြေအနေတွေနဲ့ ပက်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ပြင်းထန်စွာ ဝေဖန် ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ထောင်နဲ့ ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ပိတ်မိနေပြီး ခေါင်းပုံဖြတ်ခံနေရတယ်ဆိုတဲ့ အစီရင်ခံစာကို ကာတာအစိုးရက ငြင်းဆန်ထားတာပါ။
ဖီဖာဟာ ငွေကြေးနဲ့ စီးပွားရေးဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ကာတာနိုင်ငံကို ကမ္ဘာ့ဖလားအိမ်ရှင်ပေးခဲ့ တာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အဲဒီနိုင်ငံမှာ ကစားရမှာက ရယ်စရာကောင်းတယ်လို့ ခံစားရကြောင်း နယ်သာလန်နည်းပြ ဗန်ဟားလ်က အခုနှစ်အစောပိုင်းက ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 1347
CNI Sport News
၂၀၂၂ ခုနှစ်၊နိုဝင်ဘာ ၁၂
ပြင်သစ်စူပါစတား ဘတ်ပီဟာ လူမျိုးရေးခွဲခြားခံရမှုကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲအပြီးမှာ ပြင်သစ်လက်ရွေးစင်ကနေ နုတ်ထွက်ဖို့ စဉ်းစားခဲ့ကြောင်း ပြောလိုက်ပါတယ်။
ဘတ်ပီက “ကျနော့်ကို မျောက်လို့ထင်နေတဲ့သူတွေအတွက် ကစားပေးချင်စိတ်မရှိတော့ပါဘူး။ကျနော် မကစားချင်တော့ပါဘူး။ဒါပေမယ့် ဒီလိုမျိုးအရှုံးပေးလိုက်တာက ကောင်းတဲ့ သတင်းစကားမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ဘာကြောင့်လဲဆိုရင် ကျနော်က လူတိုင်းအတွက် စံနမူနာတစ်ခုလို ဖြစ်နေတယ်လို့ ထင်လို့ပါ။လက်ရွေးစင်ကနေ မထွက်ခွာချင်တာကြောင့် ဒါက ပြင်သစ်အသစ်ဖြစ်ပါတယ်။ကျနော်တို့ထက် ပိုသန်မာဖို့ မျိုးဆက်သစ်လူငယ်ကစားသမားတွေကို ပြောချင်တယ်” လို့ Sports Illustrated နဲ့ အင်တာဗျူးမှာ ထုတ်ပြောခဲ့တာပါ။

ဘတ်ပီဟာ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်ပွဲစဉ်ဖြစ်တဲ့ ဆွစ်ဇာလန်အသင်းနဲ့ ပွဲမှာ အသင်းအတွက် အဆုံးအဖြတ်ပင်နယ်တီကို ကန်သွင်းခဲ့တာမှာ ဂိုးမဝင်ခဲ့တာဖြစ်ပါတယ်။ဒီဂိုးမဝင်မှုနဲ့အတူ ပြင်သစ်အသင်းဟာ ယူရိုပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် ဘတ်ပီဟာ လူမျိုးရေးခွဲခြားမှုအများအပြားကို ခံခဲ့ရတာပါ။ဘတ်ပီဟာ ပြင်သစ်ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပြီးနောက် လက်ရွေးစင်အတွက် ပြန်လည်ပါဝင်ကစားပြီး ခြေစွမ်းပြ ဂိုးတွေသွင်းယူခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီတိုက်စစ်မှူးဟာ ၂၀၁၇ မတ်လမှာ ပြင်သစ်လက်ရွေးစင်အသင်းကြီးထံ စတင်ခေါ်ယူခံခဲ့ရတာဖြစ်ပြီး သြဂုတ်လမှာ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။ဘတ်ပီဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းမှာ ရွေးချယ်ခံခဲ့ရပြီး ခရိုအေးရှားနဲ့ ဗိုလ်လုပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးအပါအဝင် ကမ္ဘာ့ဖလားမှာ သွင်းဂိုး ၄ ဂိုးသွင်းယူ နိုင်ခဲ့တာဖြစ်ပါတယ်။ဘတ်ပီဟာ အဆိုပါပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်း ရရှိသွားခဲ့တာပါ။
ဘတ်ပီဟာ လက်ရှိအချိန်မှာ ပြင်သစ်အသင်းအတွက် ၅၉ ပွဲပါဝင်ကစားထားပြီး ၂၈ ဂိုးသွင်းယူကာ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘန်ဇီမာနဲ့အတူ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်မှာ ဖြစ်ပါတယ်။
Source:DailyMail
