- By CNI
- Category: အားကစား
- Hits: 2203
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၉
ရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းကတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ဖို့အတွက် အိမ်ရှင် ကာတာနိုင်ငံကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ပါ။ရော်နယ်ဒိုဟာ ကာတာကို မလာခင်မှာပဲ ပေါ်တူဂီအသင်း ကစားခဲ့တဲ့ နိုင်ဂျီးရီးယားအသင်းနဲ့ ခြေစမ်းပွဲမှာ အစာအိမ်ပြဿနာကြောင့် မပါဝင်နိုင်ခဲ့ဘဲ အဲဒီပွဲမှာ ပေါ်တူဂီအသင်းဟာ ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် ရော်နယ်ဒိုဟာ ကာတာကို ရောက်ရှိချိန်မှာ လန်းလန်းဆန်းဆန်းရှိနေခဲ့ပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးကြောင့် ဝေဖန်မှုတွေ ခံနေရတာဖြစ်ပါတယ်။ယူနိုက်တက်အသင်းကလည်း ရော်နယ်ဒိုကို အရေးယူဖို့ လုပ်ဆောင်နေပြီး စာချုပ် ဖောက်ဖျက်မှုကြောင့် စာချုပ်ဖျက်သိမ်းဖို့ စီစဉ်နေတာပါ။ရော်နယ်ဒိုဟာ စာချုပ်ဖျက်သိမ်းခံရမယ်ဆိုရင် ပေါင် ၁၆ သန်းခန့် ဆုံးရှုံးနစ်နာမှာဖြစ်တယ်လို့ သိရပါတယ်။ဒါပေမယ့် ကစားသမားကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်သာ အာရုံစိုက်နေတဲ့ပုံစံကိုပြသခဲ့တာပါ။

ဒီကမ္ဘာ့ဖလားဟာ အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုအတွက် နောက်ဆုံးကမ္ဘာ့ဖလားဖြစ်နိုင်တာကြောင့် ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ယူနိုက်တက်တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားသာ ရယူနိုင်ခဲ့မယ်ဆိုရင် လက်ရွေးစင်ကစားသမားဘဝက အနားယူမယ်လို့ အင်တာဗျူးမှာ ပြောထားတာပါ။ ရော်နယ်ဒိုအနေနဲ့ ဒီပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။
ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရုဂွေး၊ တောင်ကိုရီးယား၊ ဂါနာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၄ ရက်မှာ ဂါနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 1526
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၈
အိမ်ရှင်ကာတာအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအဖွင့်ပွဲစဉ်မှာ သူတို့ကို အရှုံးပေးဖို့အတွက် အီကွေဒေါကစားသမား ၈ ဦးကို ဒေါ်လာ ၇.၄ သန်း လာဘ်ထိုးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကျင်းပဖို့ ရက်ပိုင်းသာလိုတော့တဲ့အချိန်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ဆက်ဆံမှုတွေနဲ့ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန်ခံနေရတာပါ။ ဒီလိုအချိန်မှာ အိမ်ရှင်နိုင်ငံဟာ အဖွင့်ပွဲစဉ်ကို အနိုင်ရဖို့အတွက် ပြိုင်ဘက်ကို လာဘ်ထိုးတယ်ဆိုတဲ့ သတင်းတွေ ကလည်း ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
တွစ်တာမှာ ဖော်လိုဝါ ၄ သိန်းကျော်ရှိတဲ့ ဗြိတိန်အရှေ့အလယ်ပိုင်းလေ့လာဆန်းစစ်မှုရဲ့ဒေသဆိုင်ရာ ဒါရိုက်တာ အမ်ဂျတ်တာဟာက ကာတာဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲမတိုင်ခင် အီကွေဒေါကစားသမားတွေကို လာဘ်ထိုးခဲ့တယ် လို့ ဖော်ပြထားပြီး အရှုံးပေးဖို့အတွက် အဲဒီ ကစားသမား ၈ ဦးကို လာဘ်ထိုးခဲ့တယ်လို့ ရေးခဲ့တာလည်း ဖြစ်ပါ တယ်။

ဒုတိယပိုင်းမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အရှုံးပေးဖို့ဖြစ်ပြီး ဒါကို အီကွေဒေါရှိအတွင်းလူ ၅ ဦးကလည်း အတည်ပြုခဲ့တယ်လို့ အမ်ဂျတ်တာဟာက သူ့ရဲ့တွစ်တာမှာ ရေးသားခဲ့တာပါ။ပြိုင်ပွဲကျင်းပရေးစီစဉ်သူတွေ၊ ဖီဖာနဲ့ကာတာအစိုးရ တို့ဟာ ဒါနဲ့ပတ်သက်ပြီး တုံ့ပြန်မှုတစ်စုံတစ်ရာ ပြုလုပ်ခြင်းမရှိဘူးလို့လည်း သိရပါတယ်။ကာတာဟာ အရင်ကလည်း ကမ္ဘာ့ဖလားအိမ်ရှင်ပြုလုပ်ခွင့်ရဖို့ ဖီဖာကို ဒေါ်လာသန်းပေါင်းများစွာ လာဘ်ထိုးခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအဖွင့်ပွဲစဉ်ကို နိုဝင်ဘာလ ၂၀ ရက်မှာ အိမ်ရှင်ကာတာနဲ့ အီကွေဒေါအသင်းတို့က စတင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source:Sportsbrief
- By CNI
- Category: အားကစား
- Hits: 1354
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာာ၁၈
ရုရှားနဲ့ တင်းမာမှုတွေ မြင့်တက်နေတာကြောင့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကာတာနိုင်ငံကို သွားရောက်ခဲ့တဲ့ ပိုလန်လက်ရွေးစင်အသင်းကို စစ်ဂျက်လေယာဉ်တွေက စောင့်ကြပ်ကြည့်ရှုပေးခဲ့တယ်လို့ သိရပါတယ်။
ပိုလန်နိုင်ငံသား ၂ ဦး ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးပြီး ရက်ပိုင်းအကြာမှာ အခုလို လုပ်ဆောင်လာခဲ့ တာပါ။
The New York Post က ပိုလန်လက်ရွေးစင်အသင်းရဲ့ တရားဝင်အကောင့်မှာ F-16 လေယာဉ် ၂ စင်းဟာ အသင်း ရဲ့ လေယာဉ်နဲ့အတူ ပျံသန်းနေတဲ့ ဗွီဒီယိုဖိုင်ကို တင်ထားတယ်လို့ ဖော်ပြထားပါတယ်။
ပြည်တွင်း သတင်းရင်းမြစ်တွေက လေယာဉ်မှူးတွေဟာ နိုင်ငံရဲ့ လေပိုင်နက်ထဲက ထွက်ခွာတဲ့ အချိန်အထိ လက်ရွေးစင် အသင်းနဲ့အတူ လိုက်ပါသွားတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ပိုလန်အသင်းသားတွေနဲ့ စစ်ဘက်ဆိုင်ရာ ၀န်ထမ်းများကိုတွေ့ရစဉ် (GETTY IMAGES)
ကစားသမားတွေနဲ့ အဖွဲ့ဝင်တွေဟာ ကာာတာနိုင်ငံကို အန္တရာယ်ကင်းကင်းနဲ့ ရောက်ရှိခဲ့တယ်လို့ ပိုလန် လက်ရွေးစင်အသင်းက အတည်ပြုခဲ့ပါတယ်။
အွန်လိုင်းက ပရိသတ်တွေကတော့ တိုက်စစ်မှူး လီဝန်ဒေါစကီး ဘေးကင်းစေဖို့အတွက် ဒီလိုမျိုး လုပ်ဆောင်တာ ဆိုပြီး နောက်ပြောင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ပိုလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနား၊ ဆော်ဒီ၊ မက္ကဆီကိုတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေ ပါတယ်။ ပိုလန်အသင်းဟာ အုပ်စုအဖွင့် ပွဲစဉ်အဖြစ် မက္ကဆီကိုအသင်းနဲ့ နိုဝင်ဘာလ ၂၂ ရက်မှာ စတင်ယှဉ်ပြိုင် ရမှာပါ။
ပိုလန်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် လူစာရင်းမှာ လီဝန်ဒေါစကီး အပြင် ပီယာတက်ခ်၊ ဆက်ဇနီ၊ မီလစ်ခ်၊ ခရိုင်ချိုဝီယာခ့်တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။
ပိုလန်အသင်းဟာ အခုတစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၉ ကြိမ်မြောက်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး ၁၉၇၄ နဲ့ ၁၉၈၂ ပြိုင်ပွဲမှာ တတိယရခဲ့တာက သူတို့အတွက် အမြင့်ဆုံး အောင်မြင်မှုလည်း ဖြစ်ခဲ့ပါတယ်။
Source: Sportbible
- By CNI
- Category: အားကစား
- Hits: 2049
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၈
မာနေးရဲ့ ဒဏ်ရာအခြေအနေဟာ သက်သာမှုမရှိတာကြောင့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ဆီနီဂေါအသင်းက အတည်ပြုလိုက်ပါတယ်။
ဆီနီဂေါအသင်းဆရာဝန် အက်ဖွန်ဆိုက “ကံမကောင်းစွာနဲ့ပဲ MRI စကန်မှာ ဒဏ်ရာရဲ့ ဆင့်ကဲဖြစ်စဉ်ဟာ ကျနော်တို့ မျှော်လင့်ထားသလို အပြုသဘောဆောင်တာမဟုတ်ဘူးလို့ ပြသခဲ့ပါတယ်။အဲဒါကြောင့် ကမ္ဘာ့ဖလားယှဉ်ပြိုင်မယ့် အသင်းလူစာရင်းကနေ ဆာဒီယိုနုတ်ထွက်ကြောင်း ကြေညာရမှာဖြစ်တယ်”လို့ ပြောခဲ့တာပါ။
အသက် ၃၀ အရွယ်ရှိ မာနေးဟာ ဝါဒါဘရီမင်အသင်းနဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အဲဒီကတည်းက ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်နိုင်မှာမဟုတ်ဘူးလို့ သတင်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆီနီဂေါအသင်းဟာ ကမ္ဘာ့ဖလားယှဉ်ပြိုင်မယ့် အသင်းလူစာရင်းမှာ မာနေးကို ရွေးချယ်ခဲ့ပြီး ပြိုင်ပွဲမှာ ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်ခဲ့တာပါ။အစောပိုင်းတုန်းက မာနေးဟာ အဖွင့်ပွဲစဉ်ကို ပါဝင်နိုင်မှာမဟုတ်ဘူးလို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

မာနေးရဲ့ ဒဏ်ရာအခြေအနေကို ထပ်မံစမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက်မှာတော့ ကစားသမားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ဆီနီဂေါအသင်းက အတည်ပြုခဲ့ရတာပါ။မာနေးဟာ ဆီနီဂေါ အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်နိုင်အောင် အီဂျစ်အသင်းနဲ့ပွဲမှာ အဆုံးအဖြတ် ပင်နယ်တီကို ကန်သွင်း ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် ဆီနီဂေါအသင်းဟာ ကြီးမားတဲ့ ဆုံးရှုံးမှုအဖြစ် မာနေးကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်လွှတ်ခဲ့ရတာပါ။
ဆီနီဂေါအသင်းကို အာဖရိကဖလားရရှိအောင်လည်း ကူညီပေးထားနိုင်တဲ့ မာနေးဟာ ဒဏ်ရာကနေ ပြန်သက်သာ လာအောင် ဂျာမနီမှာ လေ့ကျင့်မှုတွေပြုလုပ်ရင်းနဲ့ လက်ရွေးစင်အသင်းရဲ့ပွဲကို ကြည့်ရတော့မှာ ဖြစ်ပါတယ်။ ဆီနီဂေါအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၁ ရက်မှာ နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 1386
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၈
ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုက ကာလကြာရှည်ပြိုင်ဘက်ဖြစ်တဲ့ မက်ဆီဟာ ဘောလုံးအတွက် အရာရာလုပ်ပြနိုင်တဲ့သူလို့ ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးခဲ့ပါတယ်။
ရော်နယ်ဒိုက “မက်ဆီဟာ အံ့သြဖွယ်ကောင်းတဲ့ ကစားသမားဖြစ်ပြီး မှော်လည်းဆန်သလို ထိပ်တန်း အဆင့် ရှိတဲ့သူပါ။လူပုဂ္ဂိုလ်အနေနဲ့ ကျနော်တို့ဟာ နှစ်ပေါင်း ၁၆ နှစ်ကြာ ဒီစင်မြင့်ထက်ကို အတူမျှဝေအသုံးပြုခဲ့ရ ပါတယ်။သူနဲ့ ကျနော့်ကြားက ဆက်ဆံရေးဟာ အလွန်ကောင်းမွန်ပါတယ်။မက်ဆီနဲ့ ပတ်သက်ပြီး ဘာပြော ရမလဲဆိုရင် သူဟာ ဘောလုံးအတွက် အရာရာကိုလုပ်ပြနိုင်ခဲ့တဲ့ လူကောင်းပါ”လို့ ပြောခဲ့တာပါ။
ရော်နယ်ဒိုနဲ့ ပီယာစ်မော်ဂန်တို့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး ဒုတိယအပိုင်းရဲ့ အချက်အလက်တွေ ထွက်ပေါ်လာခဲ့တာ မှာ မက်ဆီနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေပါဝင်လာခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ ဆယ်စုနှစ်တစ်ခု ကျော်ကြာအောင် ဘောလုံးလောကကို ကြီးစိုးနိုင်ခဲ့တဲ့သူတွေဖြစ်ပြီး သူတို့မျိုးဆက်ရဲ့ အကောင်းဆုံး ကစားသမား တွေဖြစ်ခဲ့တာပါ။၂၀၀၈ ကနေ ၂၀၂၁ အထိ ပေးခဲ့တဲ့ ဘောလွန်းဒီအောဆု ၁၃ ကြိမ်မှာ မိုဒရစ် ရယူနိုင်ခဲ့တဲ့ ၁ ကြိမ် ကလွဲပြီး ကျန်တဲ့ ၁၂ ကြိမ်ကို မက်ဆီနဲ့ ရော်နယ်ဒိုတို့က ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီထဲမှာ မက်ဆီက ၇ ကြိမ်ရယူထားပြီး ရော်နယ်ဒိုက ၅ ကြိမ်ရယူထားတာပါ။ရော်နယ်ဒိုက “ကျနော်က သူ့ သူငယ်ချင်းတော့ မဟုတ်ပေမယ့် အသင်းဖော်လိုပါပဲ။သူဟာ ကျနော့်အကြောင်းကို အမြဲတမ်းပြောဆိုတာ မှာလည်း လေးစားမှုရှိတဲ့သူပါ။သူဟာ ကျနော်နဲ့ တွေ့ဆုံဖူးသမျှထဲမှာ အကောင်းဆုံးကစားသမားပါပဲ” လို့ ပြောခဲ့ တာပါ။
ရော်နယ်ဒိုက မက်ဆီနဲ့ သူနဲ့သာ အသင်းတစ်သင်းတည်းအတူကစားရင် ဂျာစီတွေအများကြီးရောင်းရလိမ့်မယ် ဆိုပြီးတော့လည်း နောက်ပြောင်ခဲ့ပါသေးတယ်။သူတို့နှစ်ဦးလုံးဟာ လက်ရှိအချိန်မှာ ယူနိုက်တက်၊ ပီအက်စ်ဂျီတို့နဲ့ စာချုပ်ကုန်ဆုံးတော့မှာဖြစ်ပြီး မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းရဲ့ ချိတ်ဆက်မှုတွေကိုလည်း ခံနေရ တာပါ။လက်ရှိအချိန်မှာတော့ နှစ်ဦးစလုံးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရုံစိုက်နေကြတာဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ ကစားသမားဘ၀ ဆုဖလားအောင်မြင်မှုအများကြီး ရယူထားပေမယ့် ကမ္ဘာ့ဖလား မရဖူးသေးတာကြောင့် အခုနှစ်ပြိုင်ပွဲမှာ အရယူဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။
Source:DailyMail
- By CNI News
- Category: အားကစား
- Hits: 1377
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇
အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်း ဝိန်းရွန်နီက လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ၂ ဦး ထဲက ၁ ဦး ကမ္ဘာ့ဖလားရတာကို မြင်ချင်တယ်လို့ The Times of India နဲ့ တွေ့ဆုံချိန်မှာ ပြောလိုက်တာ ဖြစ်ပါတယ်။
ဝိန်းရွန်နီက "ကျနော်ကတော့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ၂ ဦးထဲက ၁ ဦး ကမ္ဘာ့ဖလား ရယူတာကို မြင်ချင်ပါတယ်။ ဒါဟာ သူတို့ရဲ့ မယုံနိုင်စရာကောင်းတဲ့ ကစားသမားဘဝအတွက် ကောင်းမွန်တဲ့ အဆုံးသတ် ဖြစ်လာမှာပါ"လို့ ပြောခဲ့တာပါ။
ဝိန်းရွန်နီဟာ မက်ဆီနဲ့ ပက်သက်ပြီး မေးမြန်းခံခဲ့ရပြီး သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားဖြစ်နိုင်ခြေက အာဂျင်တီးနား အသင်းခေါင်းဆောင်ကို ဖိအားဖြစ်စေမှာလားလို့ မေးမြန်းခံခဲ့ရပါတယ်။
ဝိန်းရွန်နီက "သူဟာ မျှော်လင့်ချက်တွေကို ကိုင်တွယ် ဖြေရှင်းဖူးတယ်ဆိုတာ သေချာပါတယ်။ ပြီးတော့ သူ့ရဲ့ အမွေအနှစ်ကို ချန်ထားဖို့ ဆိုတာလည်း သူ့ရဲ့စိတ်ထဲမှာ သေချာပေါက် ရှိမှာပါ။ မက်ဆီအနေနဲ့ အာဂျင်တီးနား အနိုင်ရဖို့ သူအတက်နိုင်ဆုံး ကြိုးစားကူညီမယ်ဆိုတာ သေချာပါတယ်"လို့ ပြောခဲ့တာပါ။
ကာတာကမ္ဘာ့ဖလားဟာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ၂ ဦးစလုံးအတွက် နောက်ဆုံး ကမ္ဘာ့ဖလားလည်း ဖြစ်လာဖို့ ရှိ နေတာပါ။ မက်ဆီကတော့ နောက်ဆုံး ကမ္ဘာ့ဖလားလို့ ဝန်ခံထားပြီး ရော်နယ်ဒိုကတော့ ဝန်ခံထားခြင်း မရှိသေး ပါဘူး။
ဘောလွန်းဒီအောဆု အပါအဝင် ဆုဖလား အများအပြားကို ရယူထားတဲ့ သူတို့ ၂ ဦး စလုံးအတွက်တော့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရနိုင်မယ်ဆိုရင် ကစားသမားဘဝ ပြီးပြည့်စုံသွားမှာ ဖြစ်ပါတယ်။
Source: Sportskeeda
- By CNI
- Category: အားကစား
- Hits: 1347
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၆
ဝိန်းရွန်နီဟာ အသင်းဖော် ရော်နယ်ဒိုရဲ့ မှတ်ချက်ပေးမှုကို စိတ်ပျက်နေပေမယ့် ဒါနဲ့ ပတ်သက်ပြီး လူသိရှင်ကြား မပြောဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
ရော်နယ်ဒိုဟာ ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဂယ်ရီနဗီးလ်နဲ့ ဝိန်းရွန်နီ၊ နည်းပြ အဲရစ်တန်ဟတ်တို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို အသင်းရဲ့ လက်ရှိ အခြေအနေကိုလည်း ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ဝိန်းရွန်နီဟာ စပါးအသင်းနဲ့ ပွဲမှာ လူစားလဲဖို့ ငြင်းဆန်ပြီး ဥမင်ထဲကို ဝင်သွားခဲ့တဲ့ ရော်နယ်ဒိုရဲ့ ဒီရာသီ အပြုအမူ ကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုဝေဖန်မှုနဲ့ ပတ်သက်ပြီး ရော်နယ်ဒိုက “ သူဘာလို့ ဆိုးဆိုးရွားရွား ဝေဖန်နေလဲဆိုတာကို ကျနော် မသိပါဘူး။ သူရဲ့ ကစားသမားဘဝ အဆုံးသတ်သွားချိန်မှာ ကျနော်က အမြင့်ဆုံးအဆင့်မှာ ကစားနေဆဲ ဖြစ်နေလို့လည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ ကျနော်က သူ့ထက်ပိုပြီး ကြည့်ကောင်းတယ်လို့တော့ မပြောပါဘူး။ ဒါပေမယ့် ဒါက အမှန်တွေပါ”လို့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ဝိန်းရွန်နီနဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ် (Football365)
ဒါ့အပြင် ဝိန်းရွန်နီနဲ့ ဂယ်ရီနဗီးလ်က သူ့ သူငယ်ချင်းတွေ မဟုတ်ဘူးလို့လည်း ရော်နယ်ဒိုက ပြောခဲ့တာ ဖြစ်ပါ တယ်။ ဝိန်းရွန်နီကတော့ အသင်းဖော်ဟောင်းရဲ့ ပြောဆိုမှုအပေါ် လူသိရှင်ကြား တုံ့ပြန်သွားမှာ မဟုတ်ပေမယ့် သူ့ကို စိတ်ပျက်စေခဲ့ပါတယ်။
Sky Sports News က “ ဝိန်းရွန်နီဟာ ရော်နယ်ဒိုရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး စိတ်ပျက်နေပေမယ့် လူသိရှင်ကြား မတုံ့ပြန်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဝိန်းရွန်နီဟာ ရော်နယ်ဒိုကို မက်ဆီနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ကစားသမား တွေထဲက တစ်ဦးအဖြစ် အမြဲတမ်း ပြောနေတာကို နားလည်ရပါမယ်”လို့ ဖော်ပြထားတာပါ။
ဝိန်းရွန်နီဟာ ရော်နယ်ဒို အပေါ်မှာ ရန်စထားမှာ မဟုတ်ဘူးလို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
ရော်နယ်ဒိုနဲ့ ဝိန်းရွန်နီတို့ဟာ ယူနိုက်တက်အသင်းမှာ အတွဲဖက်ညီခဲ့ကြပြီး ၂၀၀၈ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ကြတာပါ။
လက်ရှိအချိန်မှာ ရော်နယ်ဒိုက ယူနိုက်တက်ကို ပြန်လာပြီး ကစားနေဆဲဖြစ်ပေမယ့် ဝိန်းရွန်နီကတော့ နည်းပြ အဖြစ် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ကို ကိုင်တွယ်နေတာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 1383
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၆
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရိသတ်တွေအနေနဲ့ ဂုဏ်ယူပြီး ပျော်ရွှင် စေရမယ်လို့ ပြိုင်ပွဲကျင်းပမယ့် ကာတာနိုင်ငံအရောက်မှာ ပြောလိုက်ပါတယ်။
ဟာရီကိန်းက “ကျနော်အလွန်စိတ်လှုပ်ရှားနေပါတယ်။ကမ္ဘာ့ဖလားဆိုတာ အထူးအခွင့်အရေးကြီးပါပဲ။ ကစားသမားတစ်ယောက်အနေနဲ့ ပါဝင်ကစားခွင့်ရတဲ့ အကြီးမားဆုံးပြိုင်ပွဲပါပဲ။ကျနော်တို့ဟာ အဝေးကြီးကို သိပ်ပြီးမတွေးဖို့ ကြိုးစားနေပါတယ်။ဒါပေမယ့် ဒါက ကျနော်တို့ရဲ့အိပ်မက်ဖြစ်ပြီး ကျနော်တို့ လုပ်ဆောင်နိုင်ဖို့ ရည်မှန်းထားပါတယ်။ပရိသတ်တွေကလည်း ကျနော်တို့ အောင်မြင်မှုရရှိအောင် လှုံဆော်မှုပေးနေပါတယ်။ ပရိသတ်တွေ ဂုဏ်ယူပြီး ပျော်ရွှင်အောင်ကျနော်တို့ လုပ်ဆောင်သွားမယ်” လို့ ပြောခဲ့တာပါ။

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒုတိယအကြိမ်မြောက်ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး ၂၀၁၈ က ပြိုင်ပွဲတုန်းက ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ပါတယ်။အဲဒီပြိုင်ပွဲမှာ အင်္ဂလန်အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ခရိုအေးရှားအသင်းကို အရေးနိမ့်ကာ တတိယလုပွဲအဖြစ် ဘယ်လ်ဂျီယံအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။တတိယလုပွဲမှာလည်း အရေးနိမ့်ခဲ့တာကြောင့် စတုတ္တနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က “ကစားသမားတိုင်းနဲ့ နည်းပြတိုင်းအတွက်တော့ ဒါဟာ ကမ္ဘာ့ဘောလုံးရဲ့ အထွတ်အထိပ်ပါပဲ။ဒါကြောင့်လည်း ဒီအဆင့်မှာ ကိုယ့်ကိုကိုယ်စမ်းသပ်နိုင်ဖို့ တကယ်ကို စောင့်မျှော်နေတာပါ”လို့ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ၁၉၆၆ က တစ်ကြိမ်တည်းသာ ရယူထားနိုင်တာကြောင့် ဒီပြိုင်ပွဲ မှာ ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်၊ ဝေးလ်စ်၊ အီရန်တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၁ ရက်မှာ အီရန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Daily Mail
- By CNI
- Category: အားကစား
- Hits: 1416
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၆
အဂူရိုက အာဂျင်တီးနား ဂန္တဝင်ကစားသမား ၂ ဦးဖြစ်တဲ့ မက်ဆီနဲ့ မာရာဒိုနာကို နှိုင်းယှဉ်တာ ဘယ်တော့မှ မကြိုက်ဘူးလို့ ပြောလိုက်ပါတယ်။
အဂူရိုက “ ဒီလို နှိုင်းယှဉ်မှုတွေကို ကျနော်ဘယ်တုန်းကမှ ကြိုက်နှစ်သက်ခြင်း မရှိပါဘူး။ ပြီးတော့ ဘယ်သူက အမှတ် သင်္ကေတ ဖြစ်နေတယ်ဆိုတာမျိုးလည်း မဟုတ်ပါဘူး။ တစ်ဦးချင်းစီဟာ အာဂျင်တီးနားတွေရဲ့ နှလုံးသား မှာ အရေးကြီးတဲ့ နေရာတစ်ခုကို သိမ်းပိုက်ထားပါတယ်။ ဒီယေဂိုနဲ့ မက်ဆီတို့ဟာ သူတို့အချိန်ရဲ့ အကောင်းဆုံး ကစားသမားတွေဖြစ်ပြီး သူတို့ကို ပိုင်ဆိုင်ရတဲ့ အာဂျင်တီးနား အနေနဲ့ ဘယ်လောက်ကံကောင်းလဲ ဆိုတာကို တွေးရတာ ကျနော်က ပိုကြိုက်ပါတယ်”လို့ Stake.com ကို ပြောခဲ့ပါတယ်။
မာရာဒိုနာနဲ့ မက်ဆီတို့ဟာ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတွေဖြစ်ကြပြီး လက်ရွေးစင်အသင်း အတွက်လည်း အောင်မြင်မှုတွေ ရယူပေးထားကြပါတယ်။
မာရာဒိုနာဟာ အာဂျင်တီးနားအသင်းအတွက် ၁၉၈၆ ကမ္ဘာ့ဖလား ရယူပေးထားကာ၊ မက်ဆီကတော့ ပြီးခဲ့တဲ့နှစ် က ကိုပါအမေရိကဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။

မာရာဒိုနာနဲ့ အဂူရိုကိုတွေ့ရစဉ် (Goal)
မက်ဆီဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ နှစ်ပေါင်း ၃၀ ကျော်ကြာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို နိုင်ငံအသင်းအတွက် ရယူပေးနိုင်ဖို့ စိတ်ဆန္ဒပြင်းပြနေပါတယ်။
အဂူရိုကတော့ မက်ဆီနဲ့ အာဂျင်တီးနားအသင်းမှာ အတူတွဲဖက် ကစားခဲ့ကြတာဖြစ်ပြီး အလွန်ရင်းနှီးတဲ့ ဆက်ဆံ ရေးလည်း ရှိပါတယ်။
ဒါ့အပြင် အဂူရိုဟာ မာရာဒိုနာရဲ့ သမီးဖြစ်သူ ဂျီယန်နီနာနဲ့ လက်ထပ်ခဲ့ပြီး ၂၀၀၈ ကနေ ၂၀၁၂ အထိ ပေါင်းသင်းခဲ့ ကြတာ ဖြစ်ပါတယ်။ အဂူရိုဟာ ကျန်းမာရေး အခြေအနေကြောင့် မကြာသေးခင်ကမှ ကစားသမား ဘဝကနေ အနားယူခဲ့တာပါ။
အဲ့ဒါကြောင့် လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ပရိသတ်အနေနဲ့ အားပေးသွားမှာ ဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ချန်ပီယံဆုကို ရယူနိုင်ဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ အာဂျင်တီးနား အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၂ ရက်မှာ ဆော်ဒီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 1642
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၆
မာနေးဟာ ခြေထောက်ဒဏ်ရာကြောင့် ဆီနီဂေါအသင်းရဲ့ ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲစဉ်ကို ပါဝင်နိုင်မှာ မဟုတ် ဘူးလို့ နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဆီနီဂေါဘောလုံးအဖွဲ့ချုပ် ဘုတ်အဖွဲ့ဝင်က “ ကျနော်တို့ဟာ ဆာဒီယို မပါဝင်ဘဲ ပထမဆုံးပွဲကို ကစားရမှာဖြစ်ပြီး ဆာဒီယို မပါဝင်ဘဲ အနိုင်ရအောင်ကစားရပါမယ်။ ကျနော်တို့မှာ ဆာဒီယိုကလွဲပြီး ကစားသမား ၂၅ ဦးရှိပါတယ်။ ဘယ်သူကမှ ဒီလိုမျိုးအရာကို လိုချင်မှာ မဟုတ်ပေမယ့် ဒါက ကျနော်တို့အတွက် ဖြစ်သွားတယ်”လို့ AP သတင်း ကို ပြောခဲ့တာပါ။
မာနေးဟာ ဘိုင်ယန်မြူးနစ်အတွက် ပါဝင်ကစားရင်းနဲ့ ဒဏ်ရာ ရရှိခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆီနီဂေါအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အသင်း လူစာရင်းမှာ မာနေးကို ရွေးချယ်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းက မာနေးဟာ ညာဘက်ခြေထောက် ဒဏ်ရာရရှိနေတယ်လို့ ပြောခဲ့ပေမယ့် ဆီနီဂေါ အသင်းနည်းပြ ဆစ်ဆီက ခွဲစိတ်စရာ မလိုဘူးလို့ ပြောခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းမှာ မာနေး ဒဏ်ရာရသွားစဉ် (TalkSport)
အဲ့ဒါကြောင့် နည်းပြက မာနေးကို အသင်းလူစာရင်းထဲ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဆီနီဂေါအသင်းဟာ နိုဝင်ဘာလ ၂၁ ရက်မှာ ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲစဉ်အဖြစ် နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မာနေးဟာ ဒဏ်ရာ အခြေအနေ မကောင်းသေးတာကြောင့် ဒီပွဲကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
မာနေး မပါဝင်နိုင်တာနဲ့ ပက်သက်ပြီး ဆီနီဂေါအသင်း အနေနဲ့ အရမ်းမညည်းညူသင့်ဘူးလို့ အဆိုပါ ဘုတ်အဖွဲ့ ဝင်က ပြောပါတယ်။
မာနေးဟာ ဆီနီဂေါအသင်း ကမ္ဘာ့ဖလား ဝင်ခွင့်ရရှိအောင် အဓိက စွမ်းဆောင်ပေးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ မာနေးဟာ အီဂျစ်အသင်းနဲ့ အဆုံးအဖြတ်ပွဲစဉ်မှာ ဆီနီဂေါအသင်း ကမ္ဘာ့ဖလားဝင်ခွင့်ရမယ့် အဆုံးအဖြတ် ပင်နယ်တီကို ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆီနီဂေါအသင်းက အီဂျစ်အသင်းကို အနိုင်ရပြီး ပထမဆုံးအကြိမ် အာဖရိကဖလား ရယူနိုင်ခဲ့တာမှာ လည်း မာနေးကပဲ ပင်နယ်တီ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။
မာနေးဟာဆိုရင် ဆီနီဂေါအသင်းအတွက် ပွဲပေါင်း ၉၃ ပွဲ ကစားထားပြီး ၃၄ ဂိုးသွင်းယူကာ အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၂ ကြိမ် ရရှိထားပါတယ်။
Source: BBC
