- By CNI
- Category: အားကစား
- Hits: 1232
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅
ယူနိုက်တက်အသင်းဟာ ငွေကြေးချမ်းသာ ကြွယ်ဝတဲ့ မန်စီးတီး ၊ နယူးကာဆယ်တို့နဲ့ ယှဉ်ပြိုင်ဖို့ ကြိုးပမ်းရမှာ ဖြစ်တဲ့အတွက် ကလပ်ကို ရောင်းချလိုက်တာက ကောင်းတဲ့အရာဖြစ်လိမ့်မယ်လို့ နည်းပြဖြစ်သူ အဲရစ်တန်ဟတ် က ပြောခဲ့တာဖြစ်ပါတယ်။
အဲရစ်တန်ဟတ်က “ရင်းနှီးမြှပ်နှံမှုတွေ ပိုများလာတာက ကောင်းတဲ့အရာတွေ ဖြစ်လာပါလိမ့်မယ်။ကျနော်တို့ လိုချင်တဲ့ ရည်မှန်းချက် ပန်းတိုင်တွေနဲ့ ယဉ်ကျေးမှုတွေအကြောင်းကို ရစ်ချတ်အာနိုးလ်နဲ့ ပြောခဲ့ပါတယ်။ သူကတော့ မပြောင်းလဲဘူးလို့ အတည်ပြုခဲ့တာပါ။ဒီပရောဂျက်တွေအတွက် ပိုက်ဆံတွေပိုပြီးရလာတဲ့အချိန်မှာ ပိုပြီးတော့တောင် ကောင်းလာနိုင်ပါတယ်” လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့လက ယူနိုက်တက်အသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုက အသင်းကို ရောင်းချဖို့ စဉ်းစားနေတယ် လို့ ကြေညာခဲ့တာပါ။ ဂလေဇာမိသားစုဟာ ယူနိုက်တက်အသင်းကို ၂၀၀၅ ခုနှစ်က ပေါင်သန်း ၇၉၀ နဲ့ ဝယ်ယူ ခဲ့တာပါ။ယူနိုက်တက်အသင်းဟာ ၅ နှစ်ကြာ ဆုဖလားလက်မဲ့ဖြစ်ပြီးနောက် ပရိသတ်တွေဟာ အသင်းကို ရောင်းချပြီး ထွက်ခွာသွားဖို့ ဂလေဇာမိသားစုကို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ထိပ်တန်းအဆင့်မှာ ရပ်တည်နိုင်ဖို့အတွက် ရင်းနှီးမြှပ်နှံမှုတွေ လိုအပ် နေပြီး ဒီငွေတွေကို ပညာရှိရှိနဲ့ သုံးစွဲနိုင်ဖို့ အရေးကြီးတယ်လို့ အဲရစ်တန်ဟတ်က ယုံကြည်နေတာပါ။
အဲရစ်တန်ဟတ်က “လွန်ခဲ့တဲ့ ၅ နှစ် ဒါမှမဟုတ် ၁၀ နှစ်အတွင်းက ပရီးမီးယားလိဂ်ကို နှိုင်းယှဉ်ကြည့်တဲ့အချိန်မှာ အခြေအနေတွေက အပြောင်းအလဲရှိပြီး ပြိုင်ဆိုင်မှုတွေကလည်း ပိုပြီးပြင်းထန်လာပါတယ်။နယူးကာဆယ်က လာနေပြီဖြစ်ပြီး ဝက်စ်ဟမ်းက စာရင်းဇယားထဲမှာ မပါဝင်ပေမယ့် သူတို့မှာကြီးမားတဲ့ ရင်းနှီးမြှပ်နှံမှုတွေ ရှိပါတယ်။စပါးကလည်း သေချာနေသလို လီဗာပူးလ်၊ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့အကြောင်းက ပြောဖို့တောင်မလိုပါဘူး။ငွေကြေးတခုတည်းမဟုတ်ပါဘူး။ဗျူဟာတွေလည်း ပါဝင်ပါတယ်။ဒါပေမယ့် ခင်ဗျားမှာ မှန်ကန်တဲ့ကစားသမားတွေနဲ့ အရည်အချင်းရှိတဲ့ ကစားသမားတွေမရှိရင်တော့ ခင်ဗျားတို့ လိုချင်တဲ့ပန်းတိုင်က ရောက်မှာမဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ အန်တိုနီ၊ ကတ်စမဲရိုး၊ လီဆန်ဒရိုမာတီးနတ်စ်နဲ့ မာလာစီယာတို့ကို ယူရိုသန်း ၂၄၀ ကျော်သုံးစွဲပြီး အသင်းကို အားဖြည့်ခဲ့တာဖြစ်ပါတယ်။
Source:Reuters
- By CNI
- Category: အားကစား
- Hits: 1346
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅
ရော်နယ်ဒိုဟာ သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းကို ထိန်းသိမ်း နိုင်ဖို့အတွက် အသင်းဟောင်း ရီးရယ်လ်မက်ဒရစ် ရဲ့ လေ့ကျင့်ရေးစခန်းကို အသုံးပြုနေတယ်လို့ သိရပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့လက ယူနိုက်တက်အသင်းနဲ့ စာချုပ် ဖျက်သိမ်းခဲ့တာကြောင့် ဇန်နဝါရီ ၁ ရက်မှာ နောက်ထပ် အသင်းကို အလွတ်နဲ့ ပြောင်းရွှေ့လို့ရမှာပါ။
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒိုကို ငွေကြေး အများအပြားနဲ့ ကြီးမားတဲ့ ကမ်းလှမ်း မှု ပြုလုပ်ထားပေမယ့် ကစားသမားအနေနဲ့ နောက်ထပ် ရွေးချယ်စရာတွေ ရှိနေတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ရီးရယ်လ်အသင်းရဲ့ ဗယ်လ်ဒီဘီဘာစ် လေ့ကျင့်ရေးစခန်းမှာ တစ်ဦးတည်း လေ့ကျင့်မှု တွေ ပြုလုပ်နေတာဖြစ်ပြီး စပိန်ကလပ်ကို ပြန်ဖို့ ရွေးချယ်ခွင့် မရှိဘူးလို့ သိရပါတယ်။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်နဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ် (Football365)
အသက် ၃၇ နှစ်အရွယ် ကစားသမားဟာ ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ယူနိုက်တက် အသင်းကို ဝေဖန်ခဲ့ပြီး နည်းပြ အဲရစ်တန်ဟတ်ကို လေးစားမှုမရှိဘူးလို့ ပြောခဲ့တာကြောင့် အသင်းနဲ့ စာချုပ် ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။
ရော်နယ်ဒိုဟာဆိုရင် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲ ၃ ပွဲစလုံးမှာ ပွဲထွက်ခွင့်ရခဲ့ပြီး ၁ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ၁၆ သင်းအဆင့်နဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ်သာ ပါဝင်ခဲ့ရတာပါ။
ပေါ်တူဂီအသင်း ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရပြီးနောက် ရော်နယ်ဒိုဟာ သူ့အိပ်မက်တွေ အဆုံးသတ် သွားခဲ့ပြီလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကိုတွေ့ရစဉ် (Football Today)
လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုဟာ အနားယူခြင်းမရှိဘဲ ရီးရယ်လ်အသင်းရဲ့ လေ့ကျင့်ရေးစခန်းကို အသုံးပြုနေပြီး ကလပ်အသင်းသစ်အတွက် အဆင်သင့် ဖြစ်နေအောင် ပြင်ဆင်နေပါတယ်။
ရီးရယ်လ်အသင်းကတော့ ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူမှာ မဟုတ်ဘဲ လေ့ကျင့်မှု အဆင်ပြေစေဖို့ အတွက် လုပ်ဆောင်ပေး ထားတယ်လို့ သိရပါတယ်။
ရော်နယ်ဒိုဟာဆိုရင် ရီးရယ်လ်အသင်းမှာ ၄၃၈ ပွဲ ကစားခဲ့ပြီး ၄၅၀ ဂိုးသွင်းယူကာ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ လာလီဂါဖလား ၂ ကြိမ် အပါအဝင် ဆုဖလားအောင်မြင်မှု အများအပြားကို ရယူနိုင်ခဲ့တာပါ။ ပေါ်တူဂီကစားသမားဟာ ၂၀၁၈ မှာ ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီး ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ ပါတယ်။
အဲဒီနောက် ၂၀၂၁ မှာတော့ အသင်းဟောင်း ယူနိုက်တက်ကို ပြန်ရောက်လာခဲ့ပြီး ၅၄ ပွဲကစားကာ ၂၇ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1226
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်ပ်စ်က မော်ရိုကိုကို အနိုင်ရပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲ နှစ်ကြိမ်ဆက်တက်နိုင်အောင် လုပ်ရတာက မလွယ်ကူခဲ့ဘူးလို့ ပြောလိုက်ပါတယ်။
ဒက်ချမ့်ပ်စ်က “စိတ်ခံစားချက်တွေနဲ့ ဂုဏ်ယူစရာပါပဲ။ဒါဟာ အလွန်ထင်ရှားတဲ့ ခြေလှမ်းဖြစ်နေတုန်းပါပဲ။ နောက်ဆုံးတခုပဲရှိပါတော့တယ်။ကျနော်တို့ဟာ ကစားသမားတွေနဲ့ တလကြာအတူရှိခဲ့ပြီး ဒါဟာ လွယ်ကူတဲ့ အရာမဟုတ်ပေမယ့် အခုအချိန်ကတော့ ပျော်ရွှင်စရာတွေပါပဲ။အခု ကျနော်တို့ တနင်္ဂနွေနေ့မှာ ကစားရမယ့် ဆုဖလားအတွက် သွားရတော့မှာပါ။ကျနော်ကစားသမားတွေနဲ့ ဝန်ထမ်းတွေကို ပြောခဲ့ပါတယ်။ တနေ့တာရဲ့ အခိုက်အတန့်တိုင်းကို တကယ်တန်ဖိုးထားပြီး ဒီအခိုက်အတန့်ကို မြည်းစမ်းရမှာပါ။ ၄ ရက်အတွင်းမှာ ကမ္ဘာ့ချန်ပီယံအတွက် ကစားရတော့မှာပါ” လို့ ပြောခဲ့တာပါ။
ပြင်သစ်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲမှာ မော်ရိုကိုအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး သီယိုဟာနန်ဒက်စ်နဲ့ မူအာနီတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။လက်ရှိချန်ပီယံပြင်သစ်အသင်းဟာ ၁၉၃၄၊၁၉၃၈ က အီတလီ၊ ၁၉၅၈၊ ၁၉၆၂ က ဘရာဇီးလ်နောက်ပိုင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ၂ ကြိမ်ဆက်တက်နိုင်တဲ့ ပထမဆုံးအသင်း ဖြစ်ခဲ့တာပါ။

ပြင်သစ်နည်းပြ ဒက်ချမ့်ပ်စ်ဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ကစားသမားဘဝမှာ ၁ ကြိမ်နဲ့ နည်းပြဘဝမှာ ၂ ကြိမ် ရယူနိုင်မယ့် တဦးတည်းသော လူပုဂ္ဂိုလ်ဖြစ်လာနိုင်ဖို့ အခွင့်အရေးလည်း ရှိနေတာဖြစ်ပါတယ်။ ဒက်ချမ့်ပ်စ်ဟာ ၁၉၉၈ က ပြင်သစ်အသင်းနဲ့ ကစားသမားဘဝမှာ ကမ္ဘာ့ဖလားရယူနိုင်ခဲ့ပြီး ၂၀၁၈ မှာလည်း ချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်အသင်းကို ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။
ဂီရောဒ့်က “ကျနော်တို့ဟာ လိုချင်တဲ့ ပန်းတိုင်ကို အရောက်သွားဖို့အတွက် ဆိုးရွားခဲ့တဲ့ အခိုက်အတန့်တွေကို ပြန်ပြီးအသုံးပြုရပါမယ်။အနိုင်ရလို့ အောင်ပွဲခံတဲ့အချိန်မှာ အရေးကြီးဆုံးက လူတွေရဲ့ မျက်လုံးထဲမှာ ကြယ် တွေကို မြင်နေဖို့ပါပဲ။
တိုင်းပြည်တပြည်လုံးက ကျနော်တို့အနောက်မှာ ရှိနေပါတယ်။ဒါကို အလွန်ဂုဏ်ယူပြီး အိမ်မက်တွေလည်း အမှန်တကယ်ဖြစ်လာပါတယ်။ကျနော် ဒီထက်ဆုဖလားတွေကို ပိုပြီးရယူချင်တယ်” လို့ ပြောခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ကာကွယ်ဖို့အတွက် ဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အရေးနိမ့်ခဲ့တဲ့ မော်ရိုကိုအသင်းကတော့ တတိယနေရာလုပွဲအဖြစ် ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 1110
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄
ခရိုအေးရှားအသင်းဟာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ အရေးနိမ့်ခဲ့ပေမယ့် ဒီမျိုးဆက်က ယူရို ၂၀၂၄ အတွက် ဆက်ပြီး တိုက်ပွဲဝင်သွားမှာလို့ နည်းပြဖြစ်သူ ဒါလစ်က ပြောလိုက်ပါတယ်။
ဒါလစ်က “ ဒါက ကမ္ဘာ့ဖလားပြိုင်ပွဲ မျိုးဆက်ရဲ့ အဆုံးသတ်လည်း ဖြစ်သွားနိုင်ပါတယ်။ သူတို့တွေဟာ အသက် အရွယ် ရလာပြီဖြစ်တာကြောင့် ၂၀၂၆ မှာ ဘာဖြစ်မလဲဆိုတာကို စောင့်ကြည့်ရမှာပါ။ ကျနော်တို့မှာ ကောင်းမွန်တဲ့ အသင်း တသင်းရှိပါတယ်။ ဒီမျိုးဆက်ဟာ ယူရို ၂၀၂၄ မှာ သူတို့ကစားသမားဘဝကို ပြီးဆုံးမှာပါ။ ကျနော်တို့မှာ နေးရှင်းလိဂ်နဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ် တက်နိုင်တဲ့ ကောင်းမွန်တဲ့ မျိုးဆက်ရှိပါတယ်”လို့ ပြောခဲ့တာပါ။
ခရိုအေးရှားအသင်းဟာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနားအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ကြောင့် ၂ ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်နိုင်မယ့် မျှော်လင့်ချက်တွေ အဆုံးသတ်သွားခဲ့ရတာ ဖြစ်ပါတယ်။

ခရိုအေးရှားနည်းပြ ဒါလစ်ကိုတွေ့ရစဉ် (Goal)
ခရိုအေးရှားနည်းပြ ဒါလစ်က သူတို့အသင်းကို အနိုင်ယူသွားခဲ့တဲ့ မက်ဆီရဲ့ ခြေစွမ်းကို ချီးကျူးသွားခဲ့ပါတယ်။
ဒါလစ်က “ မက်ဆီနဲ့ ပတ်သက်ပြီးတော့ အများကြီး ပြောနေစရာမလိုပါဘူး။ မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ပြီး အလွန်ကောင်းမွန်သလို ဒီပွဲမှာလည်း အလွန်အန္တရာယ် ရှိကြောင်းကို ပြသသွားခဲ့ပါတယ်။ ဒါဟာ ကျနော်တို့ မျှော်လင့်ထားတဲ့ မက်ဆီ အစစ်အမှန်ပါပဲ”လို့ ပြောခဲ့ပါတယ်။
ခရိုအေးရှားအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ လူကာမိုဒရစ်၊ ပါရီဆစ်နဲ့ လောဗရန်တို့ အပါအဝင် ကစား သမားအချို့ဟာ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားနေကြတာပါ။
ဒါပေမယ့် သူတို့တွေဟာ မတ်လမှာ စတင်မယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲတွေမှာတော့ ခရိုအေးရှားအတွက် ပါဝင် ကစားနိုင်ဖွယ် ရှိနေပါတယ်။ ခရိုအေးရှားအသင်းဟာ ကမ္ဘာ့ဖလား တတိယနေရာ လုပွဲအဖြစ် ပြင်သစ်နဲ့ မော်ရိုကို တို့ပွဲစဉ်က အရေးနိမ့်တဲ့ အသင်းနဲ့ စနေနေ့မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1855
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄
အဲရစ်တန်ဟတ်က တောင်ပံကစားသမား ဆန်ချိုအနေနဲ့ ယူနိုက်တက်အသင်းကြီးထံ ဘယ်အချိန် ပြန်လာနိုင်မ လဲဆိုတာ မသိဘူးလို့ ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ ယူနိုက်တက်ရဲ့ နောက်ဆုံးပွဲတွေမှာ ဆန်ချိုကို မတွေ့ခဲ့ရတာက သူ့ရဲ့ ကြံခိုင်မှု အခြေအနေနဲ့ တစ်ဦးချင်း အစီအစဉ်ကို လုပ်ဆောင်နေတာကြောင့်ပါ။ ကျနော်တို့က သူ့ကို အသင်းထံ အမြန်ဆုံး ပြန်လာဖို့ အလို ရှိနေကြတာပါ။ ကျနော်တို့က သူ့ကို အသင်းထံ အမြန်ဆုံး ပြန်ခေါ်ချင်ပေမယ့် ဘယ်အချိန်မှ ဖြစ်မလဲဆိုတာ ခန့်မှန်းလို့ မရပါဘူး”လို့ ပြောခဲ့တာပါ။
ဆန်ချိုဟာ ရာသီကြို ခြေစမ်းပွဲမှာ စွမ်းဆောင်ရည် ကောင်းတွေ ပြသနိုင်ခဲ့ပြီး ဒီရာသီ လီဗာပူးလ်၊ လက်စတာ အသင်းတို့ ပွဲတွေမှာ အရေးပါတဲ့ ဂိုးတွေကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆန်ချိုဟာ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ မရွေးချယ်ခံခဲ့ရသလို ပြိုင်ပွဲမတိုင်ခင် ယူနိုက်တက် အသင်း ကစားခဲ့တဲ့ ပွဲစဉ် ၄ ပွဲစလုံးကို မပါဝင်နိုင်ခဲ့ပါဘူး။
ဒါ့အပြင် ဆန်ချိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ယူနိုက်တက်အသင်းရဲ့ စပိန်ခြေစမ်းပွဲ ခရီးမှာလည်း မပါဝင်ခဲ့ပါဘူး။

ဆန်ချိုကိုတွေ့ရစဉ် (The Times)
အဲရစ်တန်ဟတ်က “ရာသီအစတုန်းက သူဟာ သွင်းဂိုးတွေရှိခဲ့သလို၊ ဂိုးဖန်တီးမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အဓိက အခိုက်အတန့်တွေနဲ့ အဓိက လုပ်ဆောင်မှုတွေက နည်းပါးလာခဲ့ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာ ပေါင်းစပ်မှု တစ်ခုပါ။ ကျနော်တို့ သူ့ကို သုတေသနလုပ်ပြီး ပြန်ခေါ်နိုင်ဖို့ ကြိုးစားနေပါတယ်”လို့ ပြောခဲ့တာပါ။
ဆန်ချိုဟာ ၂၀၂၁ ခုနှစ်က ဒေါ့မွန်ကနေ ပေါင် ၇၃ သန်းနဲ့ ယူနိုက်တက်အသင်းထံ ရောက်ရှိလာခဲ့ပေမယ့် အခု အချိန်ထိ ခြေစွမ်းတသမတ်တည်း မရှိသေးတာ ဖြစ်ပါတယ်။
အခုအချိန်မှာ ၁၈ နှစ်အရွယ်ရှိ ဂါနာချိုက ပုံစံကောင်းတွေ ပြသနေတာကြောင့် ဆန်ချိုဟာ ပွဲကစားခွင့် ဆုံးရှုံးနေရ တာပါ။ ဆန်ချိုဟာ ယူနိုက်တက်အသင်းကို ရောက်ပြီးကတည်းက ပွဲပေါင်း ၅၂ ပွဲ ပါဝင်ကစားထားပြီး ၈ ဂိုး သွင်း ယူကာ ၄ ဂိုးသာ ဖန်တီးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ရဲ့ မှတ်ချက်ကြောင့် ဆန်ချိုဟာ ဒီဇင်ဘာလ ၂၁ ရက်မှာ ကစားမယ့် ဘန်လေအသင်းနဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ယူနိုက်တက်အတွက် ပါဝင်နိုင်ဖွယ် မရှိသေးဘူးလို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ မယှဉ်ပြိုင်ခဲ့ရတဲ့ ကစားသမားတွေနဲ့သာ ကစားသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1166
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄
မော်ရိုကိုအသင်းနည်းပြ ဝါလစ်ရီဂရာဂွီက သူတို့ဟာ ဆီမီးဖိုင်နယ်နဲ့ ကျေနပ်နေမှာမဟုတ်ဘဲ ဒီထက်ကျော်လွန်တဲ့ အောင်မြင်မှုမျိုးကို ဆာလောင်တယ်လို့ ပြင်သစ်အသင်းနဲ့ ပွဲမတိုင်ခင် ပြောလိုက်ပါတယ်။
ဝါလစ်ရီဂရာဂွီက “ကျနော်တို့ ဆီမီးဖိုင်နယ်တက်လို့ ပျော်ရွှင်နေပြီး တချို့က ဒါကို လုံလောက်တယ်လို့ မြင်နေရင် တော့ ဒါကို ကျနော်သဘောမတူပါဘူး။ ဆီမီးဖိုင်နယ်ကို ရောက်လာပြီး ဆာလောင်မှုမရှိဘူးလို့ပြောရင် ပြဿနာ ရှိမှာပါ။ဒီ ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းဖြစ်တဲ့ ဘရာဇီးလ်ကလည်း မရှိတော့ပါဘူး။ ကျနော်တို့က ရည်မှန်းချက် ကြီးမားတဲ့အသင်းပါ။ဒီထက်ပိုပြီး အောင်မြင်မှုရဖို့ ဆာလောင်နေပါတယ်” လို့ ပြောခဲ့တာပါ။
မော်ရိုကိုအသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ တစ်ခုတည်းသော အသင်းဖြစ်ပြီး အာဖရိက အသင်းတွေထဲမှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိတဲ့ ပထမဆုံးအသင်းလည်းဖြစ်ပါတယ်။ မော်ရိုကိုအသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ဘယ်လ်ဂျီယံ၊ ၁၆ သင်းအဆင့်မှာ စပိန်နဲ့ ကွာတားဖိုင်နယ်မှာ ပေါ်တူဂီတို့ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။လက်ရှိအချိန်ထိ ပေးဂိုး ၁ ဂိုးသာခွင့်ပြုထားရပြီး ဒီဂိုးကလည်း ကိုယ်ဂိုးကိုယ်သွင်းယူတဲ့ ဂိုးဖြစ်ပါတယ်။

ဝါလစ်ရီဂရာဂွီက “ကျနော်တို့ဟာ အာဖရိကကို ကမ္ဘာပေါ်မှာ ထိပ်ဆုံးနေရာကို ရောက်ရှိစေချင်ပေမယ့် တိုးတက်မှု တွေတော့ လိုအပ်ပါတယ်။ကျနော်တို့ဟာ ရေပန်းအစားဆုံးမဟုတ်ပေမယ့် ယုံကြည်မှုရှိပါတယ်။လူတွေက ကျနော်တို့ ပင်ပန်းနေတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် မပင်ပန်းပါဘူး။ ဆာလောင်နေတုန်းပါပဲ။ ကျနော် တို့ဟာ ဆီမီးဖိုင်နယ်ကို ရောက်ဖို့အတွက် အခက်ခဲဆုံးလမ်းကြောင်းကို ရောက်ခဲ့ပေမယ့် ဒီမှာရှိနေဆဲဖြစ်သလို အဆုံးထိတိုက်ပွဲဝင်သွားမှာ” လို့ ပြောခဲ့တာပါ။
မော်ရိုကိုအသင်းဟာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ ပြင်သစ်အသင်းနဲ့ ဒီဇင်ဘာလ ၁၅ ရက် မနက်ပိုင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းဟာ အာဂျင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Besoccer
- By CNI
- Category: အားကစား
- Hits: 1262
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄
မက်ဆီက တနင်္ဂနွေနေ့မှာ ကစားမယ့် ဗိုလ်လုပွဲက အာဂျင်တီးနားအတွက် သူ နောက်ဆုံးကစားမယ့် ကမ္ဘာ့ဖလားပွဲစဉ်လို့ ပြောလိုက်ပါတယ်။
မက်ဆီက “ဗိုလ်လုပွဲကို နောက်ဆုံးပွဲစဉ်အဖြစ် ကစားပြီး ကမ္ဘာ့ဖလားခရီးစဉ် ပြီးဆုံးသွားမှာကို ကျနော် အလွန်ပျော်ရွှင်ပါတယ်။ဒါဟာ တကယ်ကို ကြည်နူးစရာအခိုက်အတန့်ပါပဲ။ဒီ ကမ္ဘာ့ဖလားမှာ ကျနော် နေထိုင်ခဲ့ရသမျှ အရာအားလုံးက အာဂျင်တီးနားမှာ ဘယ်လောက်အထိ ပျော်ရွှင်နေလဲဆိုတာကို မြင်တွေ့ရမှာပါ။ဒီနှစ်ကနေ နောက်နှစ်တွေအထိ အများကြီးရှိပါတယ်။ ကျနော်ဒီလိုလုပ်နိုင်မယ်လို့ မထင်တော့ပါဘူး။ဒီ နည်းလမ်းပဲ ပြီးဆုံးအောင်လုပ်ဖို့ ကောင်းပါတယ်” လို့ ပြောခဲ့တာပါ။
အာဂျင်တီးနားအသင်းဟာ မက်ဆီရဲ့ခြေစွမ်းပြမှုနဲ့ ခရိုအေးရှားအသင်းကို ဆီမီးဖိုင်နယ်မှာ ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက်နိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ဒီပွဲမှာ အာဂျင်တီးနားအတွက် အဖွင့်ဂိုးကို ပင်နယ်တီကနေ သွင်းယူနိုင်ခဲ့သလို အသင်းဖော် အယ်လ်ဗားရတ်စ် သွင်းယူခဲ့တဲ့ တတိယဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာပါ။မက်ဆီဟာ လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၅ ဂိုး သွင်းယူထားပြီး ၃ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ခရိုအေးရှားအသင်းနဲ့ပွဲမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ရယူနိုင်ခဲ့တာပါ။မက်ဆီအတွက်တော့ အခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးကစားသမားဆုကို အခု ၁ ကြိမ်အပါအဝင် ၄ ကြိမ်မြောက်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။မက်ဆီဟာ ကစားသမားဘဝမှာ ဆုဖလားအများအပြားကို ရယူထားနိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလားမရသေးတာကြောင့် ဒါကို အရယူနိုင်ဖို့ မျှော်လင့်နေတာပါ။
မက်ဆီက “ကျနော့်ရဲ့ ပစ်မှတ်ကတော့ စုပေါင်းလုပ်ဆောင်တဲ့ ရည်မှန်းချက်ပါပဲ။ကျနော်တို့ အခုထိ လုပ်ဆောင် ထားသလိုပဲ အစွမ်းကုန်ကြိုးစားသွားမှာပါ။ဒါကြောင့် ဒီတကြိမ်တကယ်ဖြစ်လာရင်တော့ ကျနော်တို့ အနိုင်ရပါပြီ။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ နိုင်ငံအသင်းနဲ့အတူ ရှိနေရတာကို ကျနော် အလွန်ပျော်ရွှင်မိပါတယ်။ကျနော်တို့ ကိုပါအမေရိကဖလားရခဲ့တယ်။၃၆ ပွဲဆက် ရှုံးပွဲမရှိစံချိန်နဲ့ ကမ္ဘာ့ဖလားကို ရောက်လာခဲ့တယ်။အခု ဗိုလ်လုပွဲမှာ ဒါတွေကို ပြီးဆုံးအောင်လုပ်ဖို့က မယုံနိုင်လောက်အောင်ပါပဲ” လို့ ပြောခဲ့ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပေမယ့် ဂျာမနီအသင်းကို အရေးနိမ့်ခဲ့တာကြောင့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 1352
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၃
ပြင်သစ်လက်ရွေးစင်အသင်း ဒုတိယအသင်းခေါင်းဆောင်ဖြစ်သူ ဗာရန်းက သူတို့ဟာ ယုံကြည်မှု လွန်ကဲတာကို ရှောင်ရှားနိုင်ဖို့အတွက် လုံလောက်တဲ့ အတွေ့အကြုံရှိတယ်လို့ မော်ရိုကိုနဲ့ ပွဲမတိုင်ခင် ပြောလိုက်ပါတယ်။
ဗာရန်းက “ ကျနော်တို့ဟာ ယုံကြည်မှု လွန်ကဲခြင်းဆိုတဲ့ ထောင်ချောက်ကို ရှောင်ရှားနိုင်ဖို့အတွက် လုံလောက်တဲ့ အတွေ့အကြုံ ရှိပါတယ်။ သူတို့ကတော့ အကြောင်းပြချက်တွေနဲ့ ဒီအဆင့်ကို ရောက်လာပါပြီ။ မော်ရိုကိုရဲ့ ခံစစ်က အလွန်ကောင်းမွန်ပါတယ်။ ဒါကြောင့် အလွန်ခက်ခဲပါလိမ့်မယ်။ ကျနော်တို့ဟာ လာမယ့်တိုက်ပွဲအတွက် ကစားသမားတွေ အားလုံး ပြင်ဆင်ထားရမှာပါ။ ဒါဟာ ဆီမီးဖိုင်နယ်ဖြစ်ပြီး ဗိုလ်လုပွဲရောက်ဖို့ ထိုက်တန်ချင်တယ်ဆိုရင် တော့ အရာအားလုံး ပေးဆပ်ရမှာပဲ”လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
မော်ရိုကိုအသင်းဟာ အုပ်စုတွင်းမှာဆိုရင် ဘယ်လ်ဂျီယံ၊ ၁၆ သင်းအဆင့်မှာ စပိန်နဲ့ ကွာတားဖိုင်နယ်မှာ ပေါ်တူဂီ တို့ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ အခုအချိန်ထိ ပေးဂိုး ၁ ဂိုးသာ ရှိသေးပြီး ပြိုင်ပွဲရဲ့ ခံစစ်အကောင်းဆုံး အသင်းအဖြစ် ရှိနေတာပါ။

ပြင်သစ်နဲ့ မော်ရိုကို အသင်းကိုတွေ့ရစဉ်
ဗာရန်းက “ သူတို့က မော်ရိုကိုရဲ့ ဘောလုံးသမိုင်းကို ရေးသားနေတာပါ။ သူတို့မှာ ယုံကြည်မှုတွေ အများကြီး ပေးနိုင်တဲ့ စွမ်းဆောင်ရည်နဲ့အတူ စုပေါင်းအင်အားတွေလည်း ရှိပါတယ်။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာကလည်း အလွန်ကောင်းမွန်ပြီး၊ တန်ပြန်တိုက်စစ်တွေ၊ တည်ကန်ဘောတွေမှာ အန္တာရယ်တွေ ပေးနိုင်တဲ့သူတွေပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်အသင်းကတော့ ဒီပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံဖြစ်ပြီး ပိုလန်နဲ့ အင်္ဂလန်ကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်ကို ရောက်ရှိလာခဲ့တာပါ။ ပြင်သစ်အသင်းဟာ ၁၉၃၄ နဲ့ ၁၉၃၈ မှာ အီတလီ၊ ၁၉၅၈ နဲ့ ၁၉၆၂ မှာ ဘရာဇီးလ်တို့ ကမ္ဘာ့ ဖလားချန်ပီယံကို ၂ ကြိမ်ဆက် ရယူပြီးနောက်ပိုင်း ပထမဆုံး ဒီလို ရယူနိုင်တဲ့ အသင်းဖြစ်လာဖို့ ပစ်မှတ်ထား နေတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 1622
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃
အိုလံပစ် ၈၀၀ မီတာ နှစ်ထပ်ကွမ်း ချန်ပီယံ ကင်ညာနိုင်ငံသား ဒေးဗစ်ရူဒီရှာဟာ အားကစားပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်ပြီး ပြန်လာချိန်မှာ လေယာဉ်ပျက်ကျခဲ့ပေမယ့် အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။
စနေနေ့က ကီမာနာ တောရိုင်းတိရစ္ထာန် ဘေးမဲ့တောမှာ ပြုလုပ်တဲ့ မာဆိုင်းအိုလံပစ်ပြိုင်ပွဲကို တက်ရောက် ပြီးနောက် အိုလံပစ်ချန်ပီယံနဲ့ အခြားခရီးသည် ၅ ဦး တင်ဆောင်လာတဲ့ လေယာဉ်ဟာ ကင်ညာနိုင်ငံ အရှေ့ တောင်ပိုင်း ကာဂျီအာဒိုခရိုင်မှာ ပျက်ကျခဲ့ပါတယ်။
ရူဒီရှာက “လေယာဉ်အင်ဂျင် ရုတ်တရက် ငြိမ်သက်သွားပြီးနောက် လေယာဉ်မှူးက လေယာဉ်ဆင်းသက်ဖို့ ကြိုးစားတဲ့နေရာကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရပါတယ်။ ဒါပေမယ့် လေယာဉ်က ကျောက်ဆောင် မြေမြင်ပေါ် မဆင်းခင်မှာ သူ့ရဲ့ အတောင်ပံတစ်ခုက သစ်ပင်နဲ့ သွားပြီး ထိမှန်ခဲ့ပါတယ်။ လေယာဉ်မှူးဟာ လေယာဉ်ကို အကြာကြီးပျံဝဲပြီး တည်ငြိမ်အောင် ထိန်းနိုင်ဖို့ မယုံနိုင်လောက်တဲ့ အလုပ်တစ်ခုကို လုပ်ဆောင် နိုင်ခဲ့ပါတယ်”လို့ Daily Nations ကို ပြောခဲ့တာပါ။

ဒေးဗစ်ရူဒီရှာကို တွေ့ရစဉ်
ရူဒီရှာဟာ ၂၀၁၂ လန်ဒန်အိုလံပစ်နဲ့ ၂၀၁၆ ရီယိုအိုလံပစ် ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ရယူနိုင်ခဲ့တာဖြစ်ပြီး ဒီလေယာဉ် ပျက်ကျမှုမှာ သူဟာ အန္တာရယ်ကင်းခဲ့ပါတယ်။
သူနဲ့အတူ လေယာဉ်ပေါ်မှာ ပါခဲ့တဲ့ စတီဖန်အိုလီမာရိုင်းက နံရိုးဒဏ်ရာကြောင့် ဆေးရုံမှာ ကုသမှုခံယူနေရပြီး နောက်တစ်ဦးကလည်း ဒဏ်ရာကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ရပေမယ့် နောက်ပိုင်းမှာ ပြန်လည် သက်သာ လာခဲ့တယ်လို့ သိရပါတယ်။
ရူဒီရှာဟာ အခုအချိန်မှာ ထိပ်တန်းပြေးခုန်ပစ် အားကစားသမား ဘဝကနေ နည်းပြလောကကို ဝင်ရောက်ဖို့ စဉ်းစားနေတယ်လို့ ပြောထားပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိ ရူဒီရှာဟာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လကလည်း အဝေးပြေးလမ်းမပေါ်မှာ ကားမတော်တဆမှုကနေ လွတ်မြောက်ခဲ့သေးတယ်လို့ သတင်းဖော်ပြထားတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1068
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၃
ခရိုအေးရှားအသင်းခေါင်းဆောင် မိုဒရစ်ကတော့ အာဂျင်တီးနားအသင်းနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ပဲလို့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲ မတိုင်ခင် ပြောလိုက်ပါတယ်။
မိုဒရစ်က “ကျနော်တို့ အရာရာအဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။ဒီကိုရောက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ပွဲတွေ အများကြီးကစားခဲ့ရပြီး ရှုံးခဲ့တာတွေလည်း ရှိပါတယ်။ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲကတည်းက ကျနော်တို့ ကောင်းမွန်စွာလုပ်ဆောင်နေတာပါ။ကျနော်တို့ စောစောစီးစီးပဲ အနိုင်ရချင်ပြီး အာဂျင်တီးနားနဲ့ ရင်ဆိုင်ဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ” လို့ ပြောခဲ့တာပါ။
အာဂျင်တီးနားနဲ့ ခရိုအေးရှားအသင်းတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း တွေ့ဆုံခဲ့ပြီး အဲ့ဒီတုန်းက ခရိုအေးရှားအသင်းက ၃ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ခရိုအေးရှားအသင်းဟာ အဆိုပါပြိုင်ပွဲတုန်းက ဗိုလ်လုပွဲအထိ တက်နိုင်ပြီး ပြင်သစ်အသင်းကို အရေးနိမ့်ကာ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။ ခရိုအေးရှားအသင်း ဟာ ဒီတကြိမ်မှာလည်း ဗိုလ်လုပွဲထပ်မံရောက်ရှိနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ပါရီဆစ်က “မဖြစ်နိုင်တဲ့ အရာဆိုတာ မရှိပါဘူး။ဆီမီးဖိုင်နယ်ကို ရောက်လာတာက မယုံနိုင်စရာကောင်းမွန်တဲ့ ခံစားချက်ပါပဲ။အခု ဗိုလ်လုပွဲကိုတက်ချင်ပြီး ဒီအတွက် ကျနော်တို့ အရာအားလုံးကို လုပ်ဆောင်သွားမှာပါ။ အာဂျင်တီးနားက အလွန်ကောင်းမွန်တဲ့အသင်းပါ” လို့ ပြောခဲ့တာပါ။
ခရိုအေးရှားအသင်းဟာ ဒီအဆင့်ကို ရောက်ဖို့အတွက် ၁၆ သင်းအဆင့်မှာ ဂျပန်အသင်း၊ ကွာတားဖိုင်နယ်မှာ ဘရာဇီးလ်အသင်းတို့နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ခရိုအေးရှားအသင်း တိုက်စစ်မှူး ပတ်ကိုဗစ်က “အာဂျင်တီးနားမှာ မက်ဆီတဦးတည်းရှိတာမဟုတ်ပါဘူး။ သူတို့မှာ နာမည်ကြီး ကစား သမားတွေ အများကြီးရှိပါတယ်။ဒါကြောင့် ကျနော်တို့ တသင်းလုံးကို ရပ်တန့်အောင်လုပ်ရမယ်” လို့ ပြောခဲ့ပါတယ်။
Source:Euronews
