- By CNI
- Category: အားကစား
- Hits: 1254
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၄
ဥရုဂွေးကြယ်ပွင့် ကစားသမားတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် ပြုမူခဲ့တဲ့ အပြုအမူတွေ ကြောင့် ဖီဖာရဲ့ ၆ လ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ် ရှိနေပါတယ်။
ပေါ်တူဂီ၊ တောင်ကိုရီးယားနဲ့ ဂါနာတို့ ပါဝင်တဲ့ ဒီအုပ်စုမှာ ဥရုဂွေးအသင်းဟာ အုပ်စုကနေ ထွက်ခွာခဲ့ရတာပါ။
ဥရုဂွေးအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ဂါနာအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် တောင်ကိုရီးယား အသင်းက ပေါ်တူဂီအသင်းကို အနိုင်ရခဲ့တာကြောင့် အုပ်စုနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
ဥရုဂွေးအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ကာဗာနီနဲ့ ဂျီမီနတ်စ်တို့ဟာ ပွဲအပြီးမှာ ဒိုင်လူကြီးကို အပြင်းအထန် စောဒက တက်ခဲ့ကြတာပါ။
ဒိုင်လူကြီးကို ဖိအားပေးတဲ့ သူတွေထဲမှာ ဂိုးသမား မူဆလီယာနဲ့ အသင်းခေါင်းဆောင် ဂိုဒင်တို့လည်း ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ကာဗာနီဆိုရင် ဥမင်ထဲကိုသွားတဲ့ လမ်းမှာရှိတဲ့ VAR မော်နီတာကို တွန်းထုတ်သွားခဲ့ ပါတယ်။

ကာဗာနီကို တွေ့ရစဉ်
ဥရုဂွေး ကစားသမားတွေဟာ ဒီပွဲမှာ ဖီဖာရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ဘောလုံးလောကကနေ အနည်းဆုံး ၆ လအထိ ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ် ခံရနိုင်တယ်လို့ AS သတင်းမှာ ဖော်ပြထားတာပါ။
ဥရုဂွေးသတင်းစာ EI Pais ကလည်း ဖီဖာအနေနဲ့ ဒီစွပ်စွဲချက်တွေကို တင်ပြဖို့ ဇန်နဝါရီလ ၉ ရက်အထိ ရက် သတ်မှတ် ထားတယ်လို့ ပြောထားပါတယ်။
ကစားသမားတွေကို ပြစ်ဒဏ်အနေနဲ့ ၁၀ ပွဲကနေ ၁၅ ပွဲအထိ ချမှတ်နိုင်တယ်လို့လည်း EI Pais က ဖော်ပြထား တာပါ။ ကာဗာနီနဲ့ ဂျီမီနတ်စ်တို့ဟာ ပြစ်ဒဏ် ကျခံရမယ်ဆိုရင်လည်း ဥရုဂွေးအသင်းမှာသာ ပွဲပယ်ခံရဖွယ်ရှိပြီး ကလပ်အသင်းတွေမှာတော့ ထိခိုက်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် ဖီဖာအနေနဲ့ သူတို့ရဲ့ အပြုအမူတွေကို “မုန်းတီးမှု ဒါမှမဟုတ် အကြမ်းဖက်လုပ်ရပ်”ဆိုပြီး စီရင် ခံမယ် ဆိုရင်တော့ ကစားသမားတွေဟာ ဘောလုံးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေကနေ အနည်းဆုံး ၆ လအထိ ပိတ်ပင် ခံရနိုင်တာ ဖြစ်ပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 1094
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၄
ပေါ့ဘာရဲ့ အစ်ကိုဖြစ်သူ မာသီးယတ်စ်ဟာ ညီဖြစ်သူ ပေါ့ဘာကို ငွေညှစ်ဖို့ ကြံစည်မှုနဲ့ ဖမ်းဆီး တရားစွဲဆို ခံထားရ ပြီးနောက် ထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ မာသီးယတ်စ်ဟာ စက်တင်ဘာလကတည်းက ဖမ်းဆီးထိန်းသိမ်း ခံထားရတာပါ။
ပြင်သစ်သတင်းစာ Le Parisien က မာသီးယတ်စ်ရဲ့ ရှေ့နေဖြစ်သူဟာ သူ့အမှုသည် လွတ်မြောက်သွားပြီလို့ အတည်ပြုခဲ့ပြီးနောက် ပေါ့ဘာကို အဆက်အသွယ် မလုပ်ဖို့ တားမြစ်ခံထားရတဲ့ အကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ထောင်ကနေ လွတ်မြောက်လာခဲ့ပေမယ့် မာသီးယတ်စ်ဟာ ပေါ့ဘာနဲ့ မိခင်ဖြစ်သူကို ဆက်သွယ်ခြင်း မပြုလုပ်ဖို့ ပိတ်ပင် ခံထားရတယ်လို့ စည်းကမ်းချက်တွေအရ သိရတာပါ။
ဒါ့အပြင် ပြင်သစ်ကနေ ထွက်ခွာတာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာ အသုံးပြုတာကိုလည်း ခွင့်ပြုသွားမှာ မဟုတ်ဘူး လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ခရော်လေတောင်း၊ ရက်စ်ဟမ်းနဲ့ ခရူဝီအသင်းတွေမှာ ကစားခဲ့တဲ့ မာသီးယတ်စ်ဟာ စက်တင်ဘာလက ပြန်လည် လွတ်ပေးဖို့ ကနဦး တောင်းဆိုခဲ့ပေမယ့် ပယ်ချခံခဲ့ရတာပါ။ မာသီးယတ်စ်ဟာ စုံစမ်းစစ်ဆေးခံနေရတဲ့ လူ ၅ ဦး ထဲက ၁ ဦး အပါအဝင်လည်း ဖြစ်ပါတယ်။

ပေါ့ဘာကိုတွေ့ရစဉ်
မာသီးယတ်စ်ဟာ ညီဖြစ်သူ ပေါ့ဘာဆီကနေ ပေါင် ၁၁ သန်း ငွေညှစ်ဖို့ ကြိုးစားခဲ့တယ်လို့ ဂျူဗင်တပ်စ် ကစားသမားက ဩဂုတ်လက ပြောခဲ့တာဖြစ်ပြီး မာသီးယတ်စ်ကတော့ သူ့မှာ အပြစ်မရှိဘူးလို့ အခိုင်အမာ ပြောထားပါတယ်။
ထောင်ကနေ လွတ်မြောက်လာပြီးနောက် မာသီးယတ်စ်ဟာ ပဲရစ်ရှိ မိသားစုအိမ်မှာ နေထိုင်မယ်လို့ သိရပါတယ်။ မာသီးယတ်စ်က ပေါ့ဘာဟာ ပယောဂဆရာတွေ အသုံးပြုပြီး ဘတ်ပီကို လုပ်ဆောင်မှုတွေ ရှိတယ်လို့ စွပ်စွဲ ထားခဲ့တာပါ။
ပေါ့ဘာဟာ ပြီးခဲ့တဲ့ နွေရာသီက ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် အသင်းဟောင်း ဂျူဗင်တပ်စ် အသင်းထံ အလွတ်နဲ့ ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင် ပေါ့ဘာဟာ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အတွက် မပါဝင်နိုင်ခဲ့သလို ဂျူဗင်တပ်စ် အတွက်လည်း ခြေစမ်းပွဲ ၁ ပွဲသာ ပါဝင်ကစားထား ရပါသေးတယ်။
နိုင်ငံတကာ သတင်းတွေအရ ပေါ့ဘာဟာ ဖေဖော်ဝါရီ လလောက်မှာ အီတလီကလပ်အတွက် ပါဝင်ကစားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 1091
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၄
ယူနိုက်တက်အသင်းအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး ၄ နေရာဝင်ဖို့အတွက် ကြီးမားတဲ့ ဖိအား တွေရှိတယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ဝန်ခံလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ ထိပ်ဆုံး ၄ နေရာအတွက် တွန်းအားပေးဖို့ လိုအပ်တယ်ဆိုတာကို ကျနော်တို့ သိပါတယ်။ ဒီပြိုင်ပွဲက ခက်ခဲပါတယ်။ ဒါကိုထိပ်ဆုံး ၄ နေရာအတွက် ယှဉ်ပြိုင်နေတဲ့ အသင်း ၇ သင်း၊ ၈ သင်းလောက်က တွက်ဆထားတယ်လို့ ကျနော်ထင်ပါတယ်။ ပရီးမီးယားလိဂ်ကို လိုက်ပြီးကြည့်တဲ့ သူတွေအတွက်တော့ စိတ် လှုပ်ရှားစရာဖြစ်လို့ အလွန်ကောင်းပါတယ်။ အမှတ်တွေရဖို့ အတွက်ဆို လူတိုင်းနဲ့ တိုက်ပွဲဝင်ရတာပါ”လို့ သတင်း ထောက်တွေကို ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ၁၄ ပွဲ ကစားအပြီးမှာ ရမှတ် ၂၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက စပါးအသင်းနဲ့ ၃ မှတ် ကွာဟနေပေမယ့် ပွဲကစားခွင့် ၁ ပွဲလျော့ နည်းနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကို ကိုင်တွယ်ရတာ ဖိအားများပေမယ့် သူ့အသင်းက ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားတယ်လို့ အဲရစ်တန်ဟတ်က ပြောခဲ့တာပါ။

ယူနိုက်တက် အသင်း ကစားသမားများကိုတွေ့ရစဉ် (Getty Images)
အဲရစ်တန်ဟတ်က “ ဖိအားတွေ ရှိတယ်ဆိုတာ ကျနော်နားလည်ပါတယ်။ ဒါက ချယ်လ်ဆီးနဲ့ နယူးကာဆယ် အသင်း နည်းပြတွေမှာလည်း အလားတူပါပဲ။ ဒီကလပ်တွေဟာ သူတို့ရဲ့ အသင်းတွေမှာ အများကြီး ရင်းနှီးမြှုပ်နှံ ခဲ့ကြတာပါ။ သူတို့တွေ အားလုံးကလည်း ထိပ်ဆုံး ၄ သင်းကို ဝင်ချင်ကြတာပါပဲ။ ဒါကြောင့်လည်း ဒီကလပ်တွေ အားလုံးမှာ ကြီးမားတဲ့ ဖိအားတွေ ရှိနေကြပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကာရာဘောင်းဖလား ပွဲစဉ်အဖြစ် ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့တာပါ။
ကွာတားဖိုင်နယ်မှာတော့ လိဂ်ဝမ်းကလပ် ချာလ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်း ဟာ ဒီဇင်ဘာလ ၂၇ ရက်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
မန်ချက်စတာကလပ်ဟာ ဒီဇင်ဘာလ ၃၁ ရက်မှာတော့ နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အဝေးကွင်းမှာ ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 2339
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၄
ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲရဲ့ အချိန်ပိုမှာ မက်ဆီ သွင်းယူခဲ့တဲ့ဂိုးကို ခွင့်မပြုသင့်ဘူးလို့ ပြောဆိုနေမှုအပေါ် အဲ ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီး မာဆီနီယာ့ခ်က ပြန်လည် တုန့်ပြန်သွားခဲ့ပါတယ်။
မာဆီနီယာ့ခ်က “ ဒီဓါတ်ပုံကို ပြင်သစ်တွေက ဘာလို့ မဖော်ပြတာလဲ။ဘတ်ပီ ဂိုးသွင်းတဲ့အချိန် ကွင်းထဲမှာ ပြင်သစ်ကစားသမား ၇ ဦး ဘယ်လိုတွေ ရှိနေလဲဆိုတာ ခင်ဗျားတို့ မြင်နိုင်မှာပါ”လို့ သူ့အိတ်ကပ်ထဲက ဖုန်းမှာရှိတဲ့ ဓါတ်ပုံကို ပြသခဲ့တာပါ။
မက်ဆီအချိန်ပိုမှာ ဂိုးသွင်းယူတဲ့အချိန် အာဂျင်တီးနားအသင်းရဲ့ အရန်ကစားသမား ၂ ဦးက ကွင်းထဲကို ရောက်ရှိ နေတာကြောင့် သွင်းဂိုးကို ခွင့်မပြုသင့်ဘူးလို့ ပြင်သစ်မီဒီယာတွေက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဒီလို ဝေဖန်နေတာနဲ့ ပတ်သက်ပြီး ပိုလန်လူမျိုး ကွင်းလယ်ဒိုင်လူကြီးက ဘတ်ပီရဲ့ သွင်းဂိုးကို ပြန်ပြပြီး တုန့်ပြန် ခဲ့တာပါ။ ဒီဂိုးဟာ အချိန်ပိုမှာ ၃ ဂိုးစီ သရေဖြစ်စေမယ့် ပင်နယ်တီကို ဘတ်ပီက ဂိုးအဖြစ် ပြောင်းလဲ နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကွင်းလယ်ဒိုင်လူကြီး မာဆီနီယာ့ခ်ကို တွေ့ရစဉ် (Twitter)
ပြီးခဲ့တဲ့ ရက်ပိုင်းက ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် အမှားတွေကြောင့် အာဂျင်တီးနားနဲ့ ပြင်သစ်အသင်းတို့ရဲ့ ဗိုလ်လု ပွဲကို ပြန်ကစားဖို့ ပြင်သစ်ပရိသတ် ၂၀၀,၀၀၀ ကျော်က လက်မှတ်ထိုး တောင်းဆိုထားတယ်လို့ သတင်းတွေ ထွက်ပေါ် နေတာပါ။
မာဆီနီယာ့ခ်က “ ပြင်သစ်က ဒိုင်လူကြီးတွေက ကျနော့်ဆီ စာရေးပြီး ကိုင်တွယ်တာ အလွန်ကောင်းတယ်လို့ ပြောကြပါတယ်။ ပရော်ဖက်ရှင်နယ် ဘောလုံးသမား အများအပြားကလည်း ဂုဏ်ပြုတဲ့စာတွေ ပေးပို့ခဲ့ကြပါတယ်။ ဘတ်ပီကလည်း အလွန်ကောင်းမွန်တဲ့ ဒိုင်တွေလို့ ပြောခဲ့ပါတယ်။ ကစားသမားတွေ ပြောတာက အလွန် အရေး ကြီးပါတယ်။ ပြင်သစ်ကလည်း ပွဲအပြီးမှာ ကျနော်တို့ကို ကျေးဇူးတင်ကြောင်းနဲ့ ဒိုင်လူကြီးတွေကို ကျေနပ်တယ် ဆိုပြီး ပြောခဲ့ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ အာဂျင်တီးနား အသင်းက ပြင်သစ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ကမ္ဘာ့ဖလား ချန်ပီယံဆုကို တတိယအကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Mirror
- By CNI
- Category: အားကစား
- Hits: 1785
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃
တိုက်စစ်မှူး ဂျီးဆပ်စ်ဟာ ဒဏ်ရာကြောင့် အနားယူရမှာဖြစ်လို့ အာဆင်နယ်အသင်းဟာ ဇန်နဝါရီ အပြောင်း အရွှေ့မှာ လှုပ်ရှားမှုတွေ ပြုလုပ်မယ်လို့ နည်းပြဖြစ်သူ အာတီတာက ပြောလိုက်ပါတယ်။
အာတီတာက “ သေချာတာကတော့ ဂျီးဆပ်စ်အနေနဲ့ အချိန်တစ်ခု ယူရမှာပါ။ သူဟာ ခွဲစိတ်မှု ခံယူပြီးပြီဖြစ်လို့ ဒဏ်ရာ အခြေအနေကို ပြောပြပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ စျေးကွက်ထဲမှာ အမြဲတမ်း လှုပ်ရှားနေရမှာ ဖြစ်ပြီး ကျနော်တို့ရဲ့ အကြီးမားဆုံး အခွင့်အလမ်းတွေကို အကဲဖြတ်ရမှာပါ။ ကျနော်တို့ဟာ အသင်းကို ပိုပြီး အားကောင်းစေဖို့အတွက် ရှာဖွေမှုတွေကို ပြုလုပ်ရပါမယ်။ ကျနော်တို့ကို နောက်တဆင့်တက်အောင် လုပ်နိုင်ဖို့ မှန်ကန်တဲ့ ကစားသမား ဖြစ်ရမှာပါ”လို့ ပြောခဲ့တာပါ။

ဂျီးဆပ်စ်ကို တွေ့ရစဉ် (The Irish Times)
နွေရာသီ အပြောင်းအရွှေ့က မန်စီးတီးကနေ ရောက်ရှိလာခဲ့တဲ့ ဂျီးဆပ်စ်ဟာ အာဆင်နယ် အသင်းအတွက် ၅ ဂိုး သွင်းယူထားပြီး ၆ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဂျီးဆပ်စ်ဟာ ကင်မရွန်းအသင်းနဲ့ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ ဖလားအုပ်စုပွဲစဉ်မှာ ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ဒီဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရတာပါ။
အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ဒုတိယနေရာက မန်စီးတီးအသင်းကို ၅ မှတ်ဖြတ်ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ အာဆင်နယ် အသင်းဟာ ဒီဇင်ဘာလ ၂၆ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
အာတီတာက “ ဂျီးဆပ်စ်ရဲ့ ဒဏ်ရာဟာ ကြီးမားတဲ့ ထိုးနှက်ချက်ဆိုတာ သိသာပါတယ်။ ကျနော်တို့ သူ့ကို အချိန် အတိုင်းအတာအထိ သတိရနေမှာပါ။ ဒီရာသီမှာ ကျနော်တို့ ကျော်ဖြတ်ရမယ့် စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ခင်ဗျား အနေနဲ့ ထိပ်ဆုံးမှာ ရှိနေတယ်ဆိုရင် အဲ့ဒီလို စိန်ခေါ်မှုတွေက ရှိနေမှာပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1019
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃
လီဗာပူးလ်နည်းပြ ကလောပ့်က မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ပေးခဲ့ရတဲ့ ဂိုးတွေက မလိုအပ်ဘဲ ခွင့်ပြုခဲ့ရတာလို့ ပြောလိုက်ပါတယ်။
ကလောပ့်က “ကျနော်တို့ပေးခဲ့ရတဲ့ ဂိုးတွေအားလုံးက မလိုအပ်ဘဲ ပေးခဲ့ရတာတွေပါ။တတိယဂိုးဆိုရင် ဒီမတိုင်ခင် ကျနော်တို့ အပြောင်းအလဲလုပ်ခဲ့ရတာပါ။ကျနော်တို့ နာသန်အကီနဲ့ ခေါင်းယှဉ်တိုက်တာမှာ အနိုင်ရမယ်လို့ မျှော်လင့်ထားခဲ့တာပါ။
ဒါပေမယ့် အဲဒီအနောက်မှာ မန်စီးတီးကစားသမားနှစ်ဦးကလွဲပြီး ဘယ်သူမှမရှိပါဘူး။ ဂိုးတွေကို မလိုအပ်ဘဲ ခွင့်ပြုခဲ့ရတယ်ဆိုပေမယ့် ရလဒ်အရ နှစ်သင်းစလုံးအတွက် ခက်ခဲတဲ့ပွဲဖြစ်ခဲ့တာပါ။ ကျနော်တို့ ကောင်းမွန်စွာ ကစားခဲ့ပြီး ဒီထက်တောင် ဂိုးပိုသွင်းသင့်တာပါ။ ပွဲကောင်းတပွဲ ကစားခဲ့ပေမယ့် ကျနော်တို့အတွက် မလုံလောက်ခဲ့ဘူး” လို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ မန်စီးတီးအသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။မန်စီးတီးအတွက် ဟာလန်းက ဦးဆောင်ဂိုးသွင်းယူခဲ့တာကို လီဗာပူးလ်အတွက် ကာဗယ်လ်ဟိုက ပြန်ချေပခဲ့လို့ ပထမပိုင်း ၁ ဂိုးစီ သရေကျနေခဲ့တာပါ။ဒုတိယပိုင်းမှာ မာရတ်စ်က မန်စီးတီးအတွက် ဦးဆောင်ဂိုးထပ်သွင်းခဲ့ပြီး ဆာလတ်က ပြန် ချေပခဲ့ပေမယ့် နာသန်အကီက မန်ချက်စတာကလပ်အတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ကာရာဘောင်းဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်ပေမယ့် အရေးနိမ့်ခဲ့လို့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး မန်စီးတီးအသင်းက ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့တာပါ။မန်စီးတီးအသင်းဟာ ကွာတား ဖိုင်နယ်အဖြစ် ဆောက်သမ်တန်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
မန်စီးတီးနဲ့ပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ အာနိုးလ်၊ ဗန်ဒိုက်တို့ဟာ ဒီဇင်ဘာ ၂၇ ရက်မှာ ကစားမယ့် အက်စတွန်ဗီလာ အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်နိုင်မယ်လို့ ကလောပ့်က ပြောခဲ့တာပါ။ကလောပ့်က “အာနိုးလ်ဟာ ဖျားနာ နေခဲ့ပြီး ချိန်ဘာလိန်ကလည်း မနေ့ကအထိ ဒီလိုပဲဖြစ်နေတာပါ။ဗန်ဒိုက်ကတော့ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်နေပြီဖြစ်ပါတယ်။ကာလကြာရှည်နားရမယ့်သူတွေကလွဲပြီး သူတို့တွေဟာ လာမယ့်ပွဲမှာ ပြန်လည် ပါဝင်နိုင်မှာပါ” လို့ ပြောခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် ၁၄ ပွဲကစားအပြီးမှာ ရမှတ် ၂၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 1161
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃
ပြင်သစ်နိုင်ငံရဲ့ စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ ပြန်လည်ထူထောင်ရေးဝန်ကြီး ဘရူနိုလူမဲက ဘတ်ပီအပေါ် ပြုမူနေတဲ့ လုပ်ရပ်တွေကြောင့် အာဂျင်တီးနား ဂိုးသမားကို စုံစမ်းစစ်ဆေးပေးဖို့ ဖီဖာကို ပြောခဲ့ပါတယ်။
ဝန်ကြီး ဘရူနိုလူမဲက “ ဖီဖာက ဘာတွေ လုပ်နေတာလဲ။ အားကစားဆိုတာ သန့်ရှင်းပြီး မျှတစွာ ယှဉ်ပြိုင်ရတဲ့ ကစားနည်းပါ။ ဒါက တခြားသူတွေ အပေါ်မှာ လေးစားမှု ပြသတာပါ။ ရှုံးနိမ့်တဲ့ သူတွေကို လေးစားမှု ပြသတာ ပါ”လို့ Sud Radio ကို ပြောခဲ့တာပါ။
အာဂျင်တီးနားအသင်းက ပြင်သစ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ပြီးကတည်းက မာတီးနတ်စ်ဟာ ဘတ်ပီအပေါ် လှောင်ပြောင်မှုတွေကို ပြုလုပ်နေတာ ဖြစ်ပါတယ်။
ပွဲအပြီး အဝတ်လဲခန်းအတွင်း အောင်ပွဲခံချိန်မှာ မာတီးနတ်စ်က ဘတ်ပီအတွက် ၁ မိနစ်လောက် ငြိမ်သက်ပေးပါ လို့ ပြောပြီး တသင်းလုံးက လှောင်ပြောင်ကာ ကခုန်အောင်ပွဲခံခဲ့ကြတာပါ။
ဒါ့အပြင် အာဂျင်တီးနားမှာ အောင်ပွဲခံချိန်မှာလည်း ဆက်ပြီး လှောင်ပြောင်နေခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီကို လှောင်ပြောင်နေတဲ့ မာတီးနတ်စ် (SPORTbible)
မာတီးနတ်စ်ဟာ ဘတ်ပီရဲ့ မျက်နှာပါဝင်တဲ့ ကလေးအရုပ်ကို ရင်ခွင်ထဲပိုက်ပြီး အောင်ပွဲ ခံနေခဲ့တာပါ။
ဒါကို ပြင်သစ်ဝန်ကြီး အပါအဝင် ပြင်သစ်လူမျိုးတွေက ဒေါသထွက်နေကြတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် မာတီးနတ်စ်နဲ့ အာဂျင်တီးနား ပရိသတ်တွေရဲ့ အပြုအမူကို ဝေဖန်ကာ ဖီဖာအနေနဲ့ စုံစမ်းစစ်ဆေးဖို့ ဘရူနိုလူမဲက တောင်းဆိုခဲ့တာပါ။
ပြင်သစ် နောက်ခံလူဟောင်း ရာမီက မာတီးနတ်စ်ကို ဆဲရေးတိုင်းထွာခဲ့ပြီး ဘောလုံးလောကရဲ့ အမုန်းဆုံး လူသားလို့ အင်စတာဂရမ် စတိုရီမှာ ရေးတင်ခဲ့တာ ဖြစ်ပါတယ်။
မာတီးနတ်စ်ဟာ ကမ္ဘာ့ဖလား ဆုပေးပွဲရဲ့ ရွှေလက်အိပ် ဆုရယူချိန်မှာ ပြုလုပ်ခဲ့တဲ့ အပြုအမူကြောင့်လည်း ဝေဖန် မှုတွေ ခံခဲ့ရပါသေးတယ်။
မာတီးနတ်စ်ကတော့ ပြင်သစ်ပရိသတ်တွေက တချိန်လုံး လှောင်ပြောင်ခဲ့တာကြောင့် အခုလို လုပ်ခဲ့တာဆိုပြီး ပြန်လည် ဖြေရှင်းထားတာ ဖြစ်ပါတယ်။
ဘတ်ပီဟာ တောင်အမေရိက ဘောလုံးအကြောင်းကို ပြောပြီးကတည်းက မာတီးနတ်စ် အပါအဝင် တောင်အမေရိက သားတွေရဲ့ ဝေဖန်ထိုးနှက်မှုတွေကို ဆက်တိုက် ခံနေရတာလည်း ဖြစ်ပါတယ်။
Source: Sportbible
- By CNI
- Category: အားကစား
- Hits: 1170
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀
အာဆီယံချန်ပီယံရှစ် အုပ်စုအဖွင့်ပွဲအဖြစ် ဒီဇင်ဘာလ ၂၁ ရက်က မြန်မာအသင်းနဲ့ မလေးရှားအသင်းတို့ ကစားခဲ့တာမှာ မလေးရှားအသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပထမပိုင်းမှာ ၂ သင်းစလုံးဟာ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု ကြီးကြီးမားမား မလုပ်နိုင်တာကြောင့် ဂိုးမရှိသရေနဲ့ ပြီးဆုံးနေခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာတော့ ဂိုးရဖို့ ဖွင့်ကစားခဲ့တာကြောင့် ပွဲကအကြိတ်အနယ် ရှိလာခဲ့ပြီး မလေးရှားအသင်းက ပွဲချိန် ၅၂ မိနစ်မှာ ဟာလင်မ်က ဦးဆောင်ဂိုး စတင်သွင်းယူခဲ့တာပါ။
အဲ့ဒီနောက်ပိုင်းမှာ မြန်မာအသင်းဟာ ချေပဂိုးရဖို့ ဆက်တိုက်ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် မလေးရှားဂိုးသမားနဲ့ နောက်ခံလူတွေ ဖျက်ထုတ်ကာကွယ်နေလို့ ဂိုးရဖို့ ခက်ခဲနေခဲ့တာပါ။မြန်မာအသင်းဟာ အဝေးကန်ချက်တွေနဲ့သာ မလေးရှားဘက်ကို ခြိမ်းခြောက်နေခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲချိန်မိနစ် ၉၀ မှာ မြန်မာအသင်း ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပါတယ်။
ဒီပင်နယ်တီကို ဝင်းနိုင်ထွန်း ကန်သွင်းခဲ့ပေမယ့် မလေးရှားဂိုးသမား ကာကွယ်သွားခဲ့တာဖြစ်ပါတယ်။
အဲ့ဒါကြောင့် ပွဲအပြီးမှာ မလေးရှားအသင်းက မြန်မာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1582
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၂
ယူနိုက်တက်အသင်းဟာ ထိပ်ဆုံးပြန်ရောက်ဖို့ ဝေးကွာနေဆဲလို့ နည်းပြ အဲရစ်တန်ဟတ်က ယုံကြည်နေပြီး အဆင့်အတန်းမြင့်မားစွာ နေထိုင်ရမယ်လို့ သတိပေးလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ဒါဟာ ခက်ခဲတဲ့ ပရောဂျက်တခုဖြစ်လာမယ်ဆိုတာကို ကျနော်သိပါတယ်။ ယူနိုက်တက် အသင်းဟာ သူတို့မျှော်လင့်ထားသလိုမျိုး အခြေအနေမရောက်သေးပါဘူး။ အခု ကျနော်တို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ထင်ပါတယ်။ဒါပေမယ့် ကျနော်တို့ ရောက်ဖို့လိုအပ်နေတဲ့ နေရာနဲ့တော့ ဝေးကွာနေပါတယ်” လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ နည်းပြ အဲရစ်တန်ဟတ်စတင်ကိုင်တွယ်တဲ့ ရာသီအစ ၂ ပွဲမှာ ရှုံးပွဲကြုံတွေ့ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ အကောင်းဆုံးပုံစံ ပြန်လည်ရရှိလာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဖူလ်ဟမ်အသင်းကို နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ အနိုင်ရပြီး အဆင့် ၄ နေရာက စပါးအသင်းနဲ့ ၃ မှတ်အကွာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတာပါ။
အဲရစ်တန်ဟတ်က “ကျနော်အမြဲပြောပါတယ်။ကျေနပ်မှုက ခင်ဗျားတို့ကို ပျင်းစေပါတယ်။ခင်ဗျားတို့အနေနဲ့ ကိုယ့်ကိုကိုယ်နဲ့ အသင်းကို အရမ်းကျေနပ်လွန်းတယ်ဆိုရင် အဆင့်တန်းမြင့်တဲ့စံနှုန်းတွေကို ထိန်းထားနိုင်မှာ မဟုတ်ပါဘူး။အဲဒါကို ထိန်းပြီး စံနမူနာကောင်းပြဖို့က ကျနော့်အပေါ်မှာ မူတည်ပါတယ်။အဆင့်တန်းမြင့်မြင့်နဲ့ အမြဲနေထိုင်နေရမှာပါ” လို့ပြောခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဘန်လေအသင်းနဲ့ ကာရာဘောင်းဖလားပွဲစဉ် ကစားအပြီးမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဒီဇင်ဘာလ ၂၇ ရက်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 1315
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁
ရော်နယ်ဒိုဟာ အခုနှစ် မကုန်ခင်မှာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းနဲ့ လက်မှတ်ရေးထိုးမှာ ဖြစ်တယ်လို့ စပိန်သတင်းစာ မာကာက ဖော်ပြလိုက်ပါတယ်။
ယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ရော်နယ်ဒိုဟာ အယ်လ်နာဆာ အသင်းမှာ တနှစ်လုပ်ခ ပေါင် ၁၇၅ သန်း ရရှိမယ်လို့ သိရပါတယ်။
လက်ရှိ ဒူဘိုင်းမှာ ရောက်ရှိနေတဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် ကတည်းက အယ်လ်နာဆာ အသင်းနဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် ပြိုင်ပွဲအပေါ် အာရုံစိုက်နေတာကြောင့် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
မာကာက ဆော်ဒီကလပ်ဟာ အခုနှစ် မကုန်ခင်မှာ ရော်နယ်ဒိုကို စာချုပ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဖော်ပြထားတာပါ။

ရော်နယ်ဒိုကို တွေ့ရစဉ်
အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒိုကို အနည်းဆုံး ၂၀၂၅ အထိ စာချုပ်ချုပ်မှာဖြစ်ပြီး စာချုပ်သက်တမ်းကို ထပ်ပြီး တိုးနိုင်တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ ချုပ်ဆိုမယ့် စာချုပ်မှာ ကြော်ငြာ သဘောတူညီချက်တွေ ပါဝင်ပြီး ရော်နယ်ဒိုနဲ့သူ့ရဲ့ မိသားစုဟာ သဘောတူညီမှုရတဲ့ အချိန်အထိ ဒူဘိုင်းမှာ စောင့်ဆိုင်းနေတာလို့ သိရပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီက ဆော်ဒီကလပ်ကို ပြောင်းရွှေဖို့ ငြင်းဆန်ခဲ့ပေမယ့် ဥရောပထိပ်သီး အသင်း တွေရဲ့ စိတ်ဝင်စားမှုကို မရတာကြောင့် ဒီအပြောင်းအရွှေ့ကို ပြုလုပ်ဖို့ အသင့်ရှိနေတာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ ဆော်ဒီနိုင်ငံရဲ့ အအောင်မြင်ဆုံး ကလပ်အသင်းတွေထဲက တသင်းဖြစ်ပြီး ထိပ်တန်း လိဂ်မှာ ချန်ပီယံဆုကို ၉ ကြိမ် ရရှိထားကာ နောက်ဆုံး ရယူနိုင်ခဲ့တာက ၂၀၁၉ က ဖြစ်တာပါ။
ပြီးခဲ့တဲ့ ၂၀၂၀ နဲ့ ၂၀၂၁ မှာ အမှတ်ပေးလိဂ်ကို မရခဲ့ပေမယ့် ဆော်ဒီစူပါဖလားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းကို ရိုးမား၊ မာဆေးလ်နဲ့ လိုင်ယွန်အသင်း နည်းပြဟောင်း ရူဒီဂါစီယာက ကိုင်တွယ်နေတာ ဖြစ်ပြီး ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ကလပ်အတွက် အကြီးကျယ်ဆုံးအရာ ဖြစ်လာမှာပါ။
ဆော်ဒီ အားကစားဝန်ကြီးက ရော်နယ်ဒိုဟာ သူတို့ရဲ့ လိဂ်မှာ လာရောက်ကစားရမှာကို ကြိုက်နှစ်သက်တယ်လို့ အရင်က ပြောခဲ့ဖူးပါတယ်။
Source: Daily Mail
