CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃
လီဗာပူးလ်အသင်းဟာ ကိုလံဘီယာ လက်ရွေးစင် လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူဖို့ ဂျာမန်ဘွန်ဒက်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တရားဝင်ချဉ်းကပ်မှုကို ပယ်ချခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ လူးဝစ်ဒီယက်ဇ်ကို ရောင်းချဖို့ ရည်ရွယ်ထားခြင်း မရှိသလို ဆွေးနွေးမှုမှာလည်း ပါဝင် နိုင်မှာ မဟုတ်ဘူးဆိုပြီး ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာကို အကြောင်းပြန်ခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ လူးဝစ်ဒီယက်ဇ်အတွက် ဘိုင်ယန်မြူးနစ်အသင်းမတိုင်မီ ဘာစီလိုနာအသင်းရဲ့ ချဉ်းကပ် မှုကို ခံခဲ့ရပေမယ့် ပယ်ချထားတာ ဖြစ်ပါတယ်။
လူးဝစ်ဒီယက်ဇ်ဟာ အသင်းရဲ့ အဓိက ကစားသမားဖြစ်တာကြောင့် လီဗာပူးလ်အသင်းဟာ သူ့ကို ဘယ်လို ပြောင်းရွှေ့ကြေးနဲ့မှ မရောင်းချဖို့ ဆုံးဖြတ်ထားတာပါ။
လူးဝစ်ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပြီး အသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ပွဲပေါင်း ၅၀ မှာ ၁၇ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသေးတဲ့ လူးဝစ်ဒီယက်ဇ်ကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေပေမယ့် သဘောတူညီမှု မရရှိသေးတာပါ။
လူးဝစ်ဒီယက်ဇ်ကို တွေ့ရစဉ်
လူးဝစ်ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းမှာ အလွန်ပျော်ရွှင်နေတယ်လို့ ပြောထားပေမယ့် အပြောင်းအရွှေ့ တွေအတွက် လမ်းဖွင့်ထားတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ လာမယ့်ရာသီမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ အဓိက ကစားသမားတွေကို ဆက်ထိန်းသိမ်း မှာဖြစ်သလို လေဗာကူဆင်အသင်းက ဖလော်ရီယန်ဗစ်ဇ်၊ ဖရင်ပေါင်၊ ဘုန်းမောက်အသင်းက ကာကတ်ဇ်နဲ့ ဂိုးသမား ၂ ဦးကို အားဖြည့်ထားတာပါ။
ဒါအပြင် လီဗာပူးလ်အသင်းဟာ တိုက်စစ်မှူးသစ် တစ်ဦးနဲ့ ခံစစ် ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ဖို့လည်း ပြင်ဆင်နေပါတယ်။
လီဗာပူးလ်အသင်းဟာ လာမယ့် ရက်ပိုင်းအတွင်း ရာသီကြို လေ့ကျင့်မှုကို စတင်မှာဖြစ်ပြီး ဇူလိုင် ၁၃ ရက်မှာ ပရက်စတန်အသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မှာပါ။
လီဗာပူးလ်အသင်းဟာ အေဂျက်စ်အသင်းကို ကိုင်တွယ်ဖို့ ထွက်ခွာခဲ့တဲ့ လက်ထောက်နည်းပြဟောင်း ဟိုက်တင်ဂါရဲ့နေရာမှာ နယ်သာလန် ကစားသမားဟောင်း ဗန်ဘရွန်ခရော့စ်ကို လက်ထောက် နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်းလည်း အတည်ပြုထားပါတယ်။
Source: BBC