CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၂၈

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အသင်းရဲ့တိုးတက်မှုကို ပြသဖို့အတွက် ဘက်တစ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲမှာ အနိုင်ယူပြီး ချန်ပီယံဆုဖလား ရချင်တယ်လို့ ပြောခဲ့ပါတယ်။ 

 မာရက်စ်ကာက “ကွန်းဖရန့်လိဂ်ဟာ ကျနော်တို့ စတင်ယှဉ်ပြိုင်တဲ့ ပထမနေ့ကတည်းက အရေးကြီးခဲ့ပါတယ်။ ကျနော်တို့ဟာ အနိုင်ရတဲ့ စိတ်ဓါတ်ပိုင်းကို တည်ဆောက်နေတာကြောင့် အနိုင်ရခဲ့ရင် ဒါကကောင်းမွန်တဲ့အရာလို့ ထင်ပါတယ်။ ပွဲတိုင်းဟာ ကျနော်တို့ရဲ့ တိုးတက်မှုတွေကို ပြသဖို့အခွင့်အရေးနဲ့ ချန်ပီယံဆုတွေကို ရယူချင်ပါ တယ်။ ကျနော်တို့ဟာ အရေးပါတဲ့ အသင်းဖြစ်တယ်ဆိုတာကို အတည်ပြုချင်တယ်ဆိုရင် ပွဲကိုအနိုင်ယူပြီး ချန်ပီယံဆုရယူချင်တဲ့ ဆန္ဒပြသဖို့လိုတယ်”လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၄ နေရာနဲ့ ရာသီအဆုံးသတ်ကာ ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့သလို ကွန်းဖရန့်လိဂ်ဖလား ရယူပြီး ရာသီအဆုံးသတ်နိုင်မယ့် အခွင့်အရေးကိုလည်း ပိုင်ဆိုင်နေတာ ဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းအနေနဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့ရင် UEFA က ကျင်းပတဲ့ ပြိုင်ပွဲတွေ အားလုံးမှာ အနိုင်ရတဲ့ ပထမဆုံး ဥရောပကလပ် အသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်မှာပါ။ 

ချယ်လ်ဆီးအသင်းကို တွေ့ရစဉ်

အဲဒါကြောင့် ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အသင်းသမိုင်း မှတ်တမ်း ရေးထိုးဖို့နဲ့ သူတို့ရဲ့တိုးတက် မှုကို ပြသဖို့ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲမှာ အနိုင်ယူချင်နေတာဖြစ်ပါတယ်။

ဘက်တစ်အသင်းနည်းပြ ပယ်လီဂရီနီကလည်း သူတို့ဟာ ပွဲအစကနေ အနိုင်ရလဒ် ရရှိအောင် ကြိုးစားသွားမယ် လို့ ပြောခဲ့တာပါ။ 

ဘက်တစ်အသင်း ခေါင်းဆောင် အစ္စကိုက ယုံကြည်မှုက နိုင်ပွဲအတွက် ပထမဆုံးခြေလှမ်းဖြစ်ပြီး ခက်ခဲတဲ့ ပွဲဖြစ်ပေမယ့် အသင်းကို ယုံကြည်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။

ဘက်တစ်အသင်းဟာ ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်မှု ရယူနိုင်ခြင်းမရှိတဲ့အတွက် ကွန်းဖရန့်လိဂ်ဖလားကို သူတို့ရဲ့ ပထမဆုံးဥရောပအောင်မြင်မှုအဖြစ် ရယူချင်နေတာပါ။ 

ချယ်လ်ဆီးနဲ့ ဘက်တစ်အသင်းရဲ့ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲကို မေလ ၂၉ ရက်မနက် ပိုလန်နိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

Source: CNA