- By CNI
- Category: အားကစား
- Hits: 1280
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉
လူကာကူဟာ အင်တာမီလန်ကို ပြောင်းဖို့အတွက် မီလန်မြို့ကိုအရောက်မှာပဲ အသင်းဟောင်းထံ ပြန်လာရတာ အလွန်ပျော်ရွှင်တယ်လို့ သတင်းထောက်တွေနဲ့တွေ့ဆုံစဉ် ပြောလိုက်ပါတယ်။
လူကာကူဟာ အသင်းဟောင်း အင်တာမီလန်အသင်းထံ တစ်ရာသီအငှားစာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့ တာပါ။ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ မီလန်မြို့ကိုရောက်ရှိလာပြီး သူ့ရဲ့ကားရှိရာနေရာဆီ လမ်းလျှောက်လာ ရင်းနဲ့ သတင်းထောက်တွေရဲ့မေးခွန်းကို အတိုချုံးဖြေသွားခဲ့တာဖြစ်ပါတယ်။လူကာကူဟာ အပြာရောင်နဲ့ အနက်ရောင် အင်တာမီလန်ပဝါကို ကိုင်ဆောင်ပြီး ဓါတ်ပုံအရိုက်ခံခဲ့တာပါ။ပြီးခဲ့တဲ့ တစ်ရာသီလုံး ချယ်လ်ဆီး အသင်းမှာ ရုန်းကန်ခဲ့ရတဲ့ လူကာကူဟာ အင်တာမီလန်အသင်းထံ ပြန်လာခဲ့ရာမှာ ပြုံးရွှင်နေခဲ့တာဖြစ်ပါတယ်။
အင်တာမီလန်အသင်းဟာ လူကာကူရဲ့လစာကို အပြည့်အဝပေးချေဖို့နဲ့ အငှားကြေး ယူရို ၈ သန်း ချယ်လ်ဆီး အသင်းကို ပေးချေဖို့ သဘောတူညီထားတာပါ။လူကာကူဟာ ချယ်လ်ဆီးအသင်းနည်းပြ တူချယ်လ်ရဲ့ အစီအစဉ် မှာ မပါဝင်တော့တာကြောင့် ကစားသမားနဲ့ သူ့ရဲ့ မန်နေဂျာတို့ဟာ လန်ဒန်ကလပ်ကနေ အငှားနဲ့ ထွက်ခွာဖို့ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ချယ်လ်ဆီးပိုင်ရှင်သစ် တောဒ့်ဘိုလီက လူကာကူကို အပြီးသတ် ရောင်းချဖို့ထက် အငှားချဖို့ ခွင့်ပြုခဲ့တာပါ။

အဲဒါကြောင့် ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အသင်းကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ လူကာကူကို ချယ်လ်ဆီးအသင်းဟာ တစ်ရာသီအကြာမှာပဲ ထွက်ခွာခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။လူကာကူဟာ ချယ်လ်ဆီးအသင်းကို ရောက်လာကတည်းက နည်းပြတူချယ်လ်ရဲ့နည်းစနစ်နဲ့ အံ့မဝင်တာကြောင့် လန်ဒန် ကလပ်မှာ မပျော်ရွှင်ဘဲ အင်တာမီလန်အသင်းထံ ပြန်လာချင်တဲ့ဆန္ဒကို အင်တာဗျူးမှာ ထုတ်ပြောခဲ့တာပါ။
အခုအချိန်မှာတော့ လူကာကူရဲ့ ဆန္ဒပြည့်ဝသွားခဲ့တာဖြစ်ပေမယ့် အပြီးသတ်ဝယ်ယူခွင့်မပါတာကြောင့် ကစားသမားဟာ ရာသီအကုန်မှာ ချယ်လ်ဆီးအသင်းထံ ပြန်လာရမှာဖြစ်ပါတယ်။လူကာကူဟာ အင်တာမီလန် အသင်းမှာ ကစားခဲ့တဲ့ နှစ်ရာသီအတွင်း ပြိုင်ပွဲစုံ ၉၆ ပွဲမှာ ၆၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့တာပါ။တိုက်စစ်မှူးဟောင်းဟာ အင်တာမီလန်အသင်းကို နှစ်ပေါင်း ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ် စီးရီးအေဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။
လူကာကူဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းအတွက် ၄၄ ပွဲပါဝင်ကစားခဲ့ပြီး ၁၅ ဂိုးသွင်းယူနိုင်ခဲ့ကာ ဖီဖာကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source:Metro
- By CNI
- Category: အားကစား
- Hits: 1792
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉
အခု နွေရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ရှိတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့ နေမာကို ချယ်လ်ဆီးအသင်းထံ ပြောင်းလာဖို့ ဘရာဇီးလ် လက်ရွေးစင် အသင်းဖော် သီယာဂိုဆေးလ်ဗားက ပြောလိုက်ပါတယ်။
သီယာဂိုဆေးလ်ဗားက “နေမာ ချယ်လ်ဆီးကို လာရမှာပါ။ တကယ်လို့ သူ ပီအက်စ်ဂျီက ထွက်ခွာခဲ့မယ်ဆိုရင် အဲ့ဒီကို လာရမှာပါ။ ဖြစ်လာခဲ့ရင်တော့ ဒါဟာ အကောင်းဆုံး မျှော်လင့်ချက် ဖြစ်လာနိုင်ပါတယ်။ နေမာရဲ့ စွမ်းဆောင်ရည်ကို ပြောဖို့တောင် မလိုပါဘူး။ သတင်းချည်းပဲ ဖြစ်မယ့်အစား တကယ်ဖြစ်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်ဘာမှ မသိပါဘူး” လို့ Globo နဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။
ပီအက်စ်ဂျီ အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ နေမာအတွက် ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုရရင် ရောင်းချသွားဖို့ စဉ်းစားနေပေမယ် နေမာကတော့ ပီအက်စ်ဂျီအသင်းမှာ သူ့ရဲ့ လုပ်ငန်းစဉ်တွေ မပြီးပြတ် သေးတာကြောင့် ထွက်ခွာဖို့ မစဉ်းစားထား သေးဘူးလို့ သိရပါတယ်။
လက်ရှိ အပြောင်းအရွှေ့ ဈေးကွက်မှာ နေမာကို ခေါ်ယူဖို့ တက်နိုင်တဲ့အသင်း အနည်းငယ်ထဲမှာ ချယ်လ်ဆီး အသင်းလည်း တစ်သင်းအနေနဲ့ ပါဝင်နေတဲ့အတွက်ကြောင့် သီယာဂိုဆေးလ်ဗားက နေမာကို ချယ်လ်ဆီးအသင်းထံ လာဖို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

နေမာနဲ့ သီယာဂိုဆေးလ်ဗား တို့ကို တွေ့ရစဉ် (Sports)
နေမာနဲ့ သီယာဂိုဆေးလ်ဗားတို့ဟာ ပီအက်စ်ဂျီအသင်းမှာလည်း အတူတွဲကစားခဲ့ပြီး ဘရာဇီးလ် လက်ရွေးစင် အသင်းမှာ လည်း အသင်းဖော်တွေအဖြစ် အခုအချိန်ထိ ရှိနေကြတာပါ။
ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု မရခဲ့တဲ့အတွက် နေမာဟာ အသင်းအားပေးသူ ပရိသတ်တွေရဲ့ အပြင်းအထန် ဝေဖန်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ နေမာဟာ ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ်က ထွက်ခဲ့ ရပြီးနောက် မကြာခဏ ဆိုသလို ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။
နေမာဟာ ၂၀၁၇ ခုနှစ်က ပီအက်စ်ဂျီအသင်းကို ဘာစီလိုနာ အသင်းကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိ လာခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၄၄ ပွဲ ပါဝင်ကစားထားကာ ဂိုး ၁၀၀ သွင်းယူထားပါတယ်။
ဒီနောက်မှာတော့ နေမာဟာ ပီအက်စ်ဂျီ အသင်းနဲ့အတူ လီဂူးဝမ်းဖလား ၄ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၀ ခု ရယူထား ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1457
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉
နာမည်ကြီး အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံဟာ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲ ပထမအဆင့်အဖြစ် ပြင်သစ်တင်းနစ် မယ် ဟာမိုနီတန်ကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
ဆရီနာဝီလျံဟာ ပြီးခဲ့တဲ့နှစ်က ဒဏ်ရာရရှိခဲ့တဲ့ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲကို ပြန်လည်ယှဉ်ပြိုင်ခဲ့ပြီး စိတ်အားထက်သန်မှု အပြည့်နဲ့ ကစားခဲ့ပေမယ့် ၅-၇၊ ၆-၁၊ ၆-၇ နဲ့ အရေးနိမ့်ခဲ့တာပါ။
ပွဲချိန် ၃ နာရီကျော် ကစားခဲ့ရတဲ့ ဒီပွဲမှာ အသက် ၄၀ အရွယ်ရှိ ဆရီနာဝီလျံဟာ အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်နိုင်ခဲ့တာဖြစ်ပါ တယ်။ ဟာမိုနီတန်ကို အရေးနိမ့်တဲ့ ပွဲအပြီးမှာ ဒီပွဲဟာ သူမရဲ့ နောက်ဆုံး ဝင်ဘယ်လ်ဒန်ပွဲစဉ်လားလို့ မေးခြင်းခံခဲ့ရပါတယ်။
ဆရီနာဝီလျံက “ဒါက ကျမ မဖြေနိုင်တဲ့ မေးခွန်းပါ။ ကျမ ဒါကို မသိပါဘူး။ ဘယ်သူသိနိုင်မှာလဲ၊ ကျမ ဘယ်အချိန် ပြန်လာနိုင် လဲဆိုတာ ဘယ်သူသိလဲ” လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။
ဆရီနာဝီလျံဟာ ပြီးခဲ့တဲ့နှစ်က ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲမှာလည်း ပထမအဆင့်မှာပဲ ဒဏ်ရာကြောင့် အရေးနိမ့် သွားခဲ့ ပါတယ်။ အမေရိကန် တင်းနစ်မယ်ဟာ ဒီပြိုင်ပွဲမတိုင်ခင် ကျင်းပခဲ့တဲ့ Eastbourne international နှစ်ယောက်တွဲ ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသေးတယ်။

ဟာမိုနီတန်ကို ရှုံးနိမ့်သွားတဲ့ အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံ (RTHK)
အဲ့ဒီနောက်မှာ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲရဲ့ အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာပါ။
ကမ္ဘာ့အဆင့် ၁၁၅ မှာ ရပ်တည်နေတဲ့ ပြင်သစ်တင်းနစ်မယ် ဟာမိုနီတန် ကတော့ သူ့ရဲ့ ပထမဆုံး ဝင်ဘယ်လ်ဒန် ပြိုင်ပွဲမှာ ဆရီနာဝီလျံကို အနိုင်ရခဲ့လို့ ပျော်ရွှင်ကြောင်း ပြောခဲ့ပါတယ်။
ဟာမိုနီတန် က “ကျမရဲ့ ပထမဆုံး ဝင်ဘယ်လ်ဒန်က အံသြဖို့ ကောင်းပါတယ်။ ကျမ ငယ်ငယ်လေးတုန်းက ဆရီနာကို တီဗီ မှာပဲ မြင်ဖူးတာပါ။ အဲ့ဒါကြောင့် ဒါဟာ အိမ်မက်ဆိုတာ ရှင်တို့သိပါတယ်။ သူမဟာ ဂန္တဝင် ကစားသမားပါ။ သူမနဲ့ ယှဉ်ပြိုင် ရတာကို ကြောက်မိပေမယ့် အနိုင်ရခဲ့လို့ အလွန်ပျော်ရွှင်ပါတယ်”လို့ ပြောပါတယ်။
ဆရီနာဝီလျံကို အနိုင်ရခဲ့တဲ့ ဟာမိုနီတန်ဟာ ဒုတိယအဆင့် ပွဲစဉ်အဖြစ် စပိန်တင်းနစ်မယ် တိုမိုနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဆရီနာဝီလျံဟာ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲမှာ ၇ ကြိမ် ဗိုလ်စွဲခဲ့တာဖြစ်ပြီး ဂရမ်းဆလမ်း ချန်ပီယံဆုကို ၂၃ ကြိမ် ရယူထား သူ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 2046
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉
၂၀၂၃ အာရှဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်ပြုလုပ်မယ့် အင်ဒိုနီရှားဘောလုံးအဖွဲ့ချုပ်ရဲ့အဆိုပြုချက်ကို အစိုးရက ထောက်ခံခဲ့တယ်လို့ သိရပါတယ်။
ဒီပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပဖို့ သတ်မှတ်ခြင်းခံထားရတဲ့ တရုတ်နိုင်ငံဟာ ကိုဗစ်ပျံ့နှံ့မှုတွေကြောင့် အိမ်ရှင် အဖြစ်ကနေ နှုတ်ထွက်သွားခဲ့တာပါ။ “အစိုးရက အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ကို အာရှဘောလုံးအဖွဲ့ချုပ်ထံ အဆိုပြုချက်တင်သွင်းဖို့ ခွင့်ပြုခဲ့တယ်” လို့ လူငယ်နဲ့အားကစားဝန်ကြီး ဇိုင်နူဒင်အမာလီက အင်္ဂါနေ့မှာ ပြုလုပ် ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ဒုတိယ ဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူးတို့ဟာ အာရှဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ လူငယ်နဲ့ အားကစားဝန်ကြီးက ပြောခဲ့တာပါ။
အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၂၃ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရထားတာဖြစ်ကာ ဒီ ပြိုင်ပွဲအပြီး ကျင်းပမယ့် အာရှဖလားပြိုင်ပွဲကိုပါ အိမ်ရှင်အဖြစ်ပြုလုပ်ချင်နေတာဖြစ်ပါတယ်။၂၀၂၃ ယူ-၂၀ ကမ္ဘာ့ ဖလားပြိုင်ပွဲကို မေလကနေ ဇွန်လအထိ ကျင်းပသွားမှာဖြစ်ပြီး အာရှဖလားပြိုင်ပွဲကတော့ ဇွန်လကနေ ဇူလိုင်လ အထိ ကျင်းပဖို့ သတ်မှတ်ထားတာပါ။

လူငယ်နဲ့ အားကစားဝန်ကြီးက “ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အာရှဖလားကို ဆက်လက်ကျင်းပဖို့ ကျနော်တို့ရဲ့ အခြေခံအဆောက်အဦတွေဟာ အဆင်သင့်ဖြစ်နေဆဲဖြစ်ပြီး လူသားအရင်းအမြစ်တွေကိုလည်း ဆက်လက်အသုံး ချနိုင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။အဲဒါကြောင့် ၂၀၂၃ အာရှဖလားကို အိမ်ရှင်အဖြစ် အကောင်အထည်ဖော်ဖို့ ကျနော်တို့အတွက် ခက်ခဲမှာမဟုတ်ဘူး”လို့ ရှင်းပြခဲ့ပါတယ်။
အင်ဒိုနီးရှားဟာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကွင်း ၆ ကွင်းကို အဓိကထားပြင်ဆင်ထားတာပါ။ဒါပေမယ့် လိုအပ်ချက်တွေရှိမယ်ဆိုရင် အစိုးရအနေနဲ့ နောက်ထပ်နေရာတွေ ပံ့ပိုးဖို့အသင့်ရှိနေတယ်လို့ ဝန်ကြီးက ပြောခဲ့ ပါတယ်။၂၀၂၃ အာရှဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့ အတွက် အင်ဒိုနီးရှားအပြင် တောင်ကိုရီးယား၊ ဂျပန်၊ သြစတြေးလျနဲ့ကာတာတို့ကလည်း ကြိုးစားနေကြတာပါ။အင်ဒိုနီးရှားဟာ ဒီပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပြုလုပ်ဖို့ တရားဝင်အဆိုပြုထားတယ်လို့ အချက်အလက်အရ သိရပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ်က ဒီပြိုင်ပွဲကို အိမ်ရှင်အဖြစ်ပြုလုပ်မယ့် နိုင်ငံတွေအနေနဲ့ ဇူလိုင်လ ၁၅ ရက် နောက်ဆုံး ထားပြီး လျှောက်ထားဖို့ ရက်သတ်မှတ်ကြောင်း ကြေညာချက်ထုတ်ခဲ့ပါတယ်။
Source:En.antaranews.com
- By CNI
- Category: အားကစား
- Hits: 1479
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈
သြစတြေးလျကစားသမား ဂရိုင်ဂျီယို့စ်က ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲမှာ ရုရှားကစားသမားတွေ မပါဝင်ခြင်းနှင့် ရှိမနေခြင်းတို့အပေါ် ထူးဆန်းပြီး စိတ်ပျက်မိတယ်လို့ ပြောလိုက်ပါတယ်။
“ရိုးရိုးသားသားနဲ့ ကျနော့်အမြင်ကို ပြောရမယ်ဆိုရင် ရုရုားကစားသမားတွေကို ပိတ်ပင်တာက ကောင်းတဲ့အကြံ မဟုတ်ဘူးလို့ ထင်ပါတယ်။မက်ဗီဒက်ဗ်ဆိုရင် လက်ရှိ ကျနော်တို့ရဲ့အားကစားမှာ အကောင်းဆုံးပါ။ ရုရှား ကစား သမားအချို့ကိုလည်း ခင်ဗျားတို့ကြည့်လိုက်ပါ။သူတို့ဟာ ကျနော်တို့ရဲ့ အားကစားကိုဆက်ပြီး တိုးတက်ကြီးပွား စေဖို့အတွက် အရေးကြီးတဲ့ လူငယ်ကစားသမားတွေဖြစ်ပါတယ်။ကျနော်က ပြိုင်ဘက်ကောင်းတွေနဲ့ ယှဉ်ပြိုင်ချင် တဲ့အတွက် သူတို့ဒီမှာမရှိလို့ စိတ်ပျက်မိပါတယ်။မက်ဗီဒက်ဗ်ကို ဒီမှာ မတွေ့ရတာ ကျနော့်အတွက် ထူးဆန်းပါ တယ်” လို့ မီဒီယာတွေနဲ့တွေ့ဆုံချိန် ပြောခဲ့တာပါ။
ဝင်ဘယ်ဒန်အိုးပန်းပြိုင်ပွဲ ပွဲစီစဉ်သူတွေဟာ ယူကရိန်းကို ရုရှားကျူးကျော်တဲ့လုပ်ရပ်ကြောင့် ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေကို ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ကို ကစားသမား အများအပြားက လည်း ဆန့်ကျင်ခဲ့ကြပေမယ့် ဝင်ဘယ်လ်ဒန်ကတော့ သူတို့ဆုံးဖြတ်ချက်ကိုမပြင်ဘဲ ဒီတိုင်းဆက်သွားခဲ့တာ ပါ။အဲဒါကြောင့်လည်း ATP နဲ့ WTA တို့က ဒီပြိုင်ပွဲရဲ့ အဆင့်သတ်မှတ်ချက်ရမှတ်တွေကို ဖယ်ရှားဖို့ ပြန်လည် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ရုရှားနဲ့ ဘယ်လာရုစ်ကစားသမားတွေကို ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲယှဉ်ပြိုင်ခွင့်ပိတ်ပင်ခဲ့ပေမယ့် ပြင်သစ်၊ အမေရိကန်အိုးပန်းနဲ့ အခြားပြိုင်ပွဲတွေကတော့ ကြားနေနိုင်ငံတွေအဖြစ် ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပေးထားခဲ့တာပါ။အခုနှစ်ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲကို ဇွန်လ ၂၇ ရက်က စတင်ကျင်းပနေခဲ့ပြီး ပထမအဆင့် ပွဲစဉ်အများအပြား ယှဉ်ပြိုင်ခဲ့ပြီးပြီလည်း ဖြစ်ပါတယ်။နာမည်ကြီးကစားသမားတွေဖြစ်တဲ့ ဂျိုကိုဗစ်နဲ့အန်ဒီမာရေး တို့လည်း နိုင်ပွဲတွေရယူနိုင်ခဲ့တာပါ။
ဂရိုင်ဂျီယို့စ်ဟာ ဒီပြိုင်ပွဲရဲ့ ပထမအဆင့်မှာ ဗြိတိန်နိုင်ငံသား ပေါလ်ဂျက်ဘ်နဲ့ ယှဉ်ပြိုင်ရမှာပါ။အသက် ၂၇ နှစ် အရွယ်ရှိ ဂရိုင်ဂျီယို့စ်ဟာ ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲမှာ အအောင်မြင်ဆုံးအဖြစ် ၂၀၁၄ က ကွာတားဖိုင်နယ် ရောက်ရှိခဲ့တာဖြစ်ပါတယ်။
Source:RT
- By CNI
- Category: အားကစား
- Hits: 1382
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈
ချယ်လ်ဆီးအသင်းဟာ အင်္ဂလန်ရှေ့တန်းကစားသမား စတာလင်ကို ခေါ်ယူဖို့အတွက် သူ့ရဲ့ကလပ်ဖြစ်တဲ့ မန်စီးတီးအသင်းထံ တရားဝင်ဆက်သွယ်လိုက်ပြီလို့ ဘီဘီစီသတင်းဌာနက ဖော်ပြထားပါတယ်။
လန်ဒန်ကလပ်ဟာ ပိုင်ရှင်သစ် တောဒ့်ဘိုလီလက်ထက် အဓိကအပြောင်းအရွှေ့အဖြစ် စတာလင်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေတာပါ။
ချယ်လ်ဆီးအသင်းဟာ စတာလင်အတွက် မန်စီးတီးအသင်းကို တရားဝင် ကမ်း လှမ်းမှု မပြုလုပ်ရသေးပေမယ့် မကြာခင်မှာပဲ ကမ်းလှမ်းမှုပြုလုပ်ဖို့ ရှိနေတာဖြစ်ပါတယ်။တိုက်စစ်မှူး လူကာကူ ဟာ အင်တာမီလန်အသင်းထံ အငှားနဲ့ပြောင်းရွှေ့မှာဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ရှာဖွေနေတာပါ။
အဲဒါကြောင့် စတာလင်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပြီး သူဟာ ပိုင်ရှင်သစ် တောဒ့်ဘိုလီလက်ထက် ချယ်လ်ဆီး အသင်းရဲ့ ပထမဆုံးကစားသမားခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။စတာလင်နဲ့ မန်စီးတီးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ တစ်ရာသီသာ ကျန်ရှိတော့တာဖြစ်ပြီး ကစားသမားအနေနဲ့ သူ့ရဲ့ရွေးချယ်မှုတွေကို ပြန်လည်သုံးသပ် ရမယ်ဆိုတာ နားလည်ထားတာပါ။မန်စီးတီးအသင်းဟာ အခုအပြောင်းအရွှေ့မှာ ဟာလန်းကိုခေါ်ယူပြီး တိုက်စစ် ပိုင်းကို အားဖြည့်ထားတဲ့အတွက် စတာလင်ဟာ နေရာရဖို့ ပြိုင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

စတာလင်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းရဲ့ အရေးပါတဲ့ပွဲစဉ်တွေဖြစ်တဲ့ ရီးရယ်လ်ကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်နဲ့ အက်စတွန်ဗီလာကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်တွေရဲ့ ပွဲထွက် လူ စာရင်းမှာ မပါဝင်ခဲ့တာပါ။အခုအပြောင်းအရွှေ့မှာ မန်စီးတီးတိုက်စစ်မှူး ဂျီးဆပ်စ်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့ မှာ ဖြစ်ပေမယ့် ရေးဗားပလိတ်ကို အငှားချထားတဲ့ တိုက်စစ်မှူး အယ်လ်ဗားရတ်ဇ်က အသင်းထံ ပြန်လည် ရောက်ရှိလာမှာဖြစ်ပါတယ်။အဲဒီအတွက် စတာလင်ဟာ ပုံမှန်နေရာရဖို့ မဖြစ်နိုင်တော့တာကြောင့် မန်စီးတီးကနေ ထွက်ရဖို့ ရှိနေတာပါ။
စတာလင်ဟာ ၂၀၁၅ က မန်စီးတီးအသင်းကို ပေါင် ၄၉ သန်းနဲ့ လီဗာပူးလ်ကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အ သင်းအတွက် ပြိုင်ပွဲစုံ ၃၃၉ ပွဲ ပါဝင်ကစားကာ ၁၃၁ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။အင်္ဂလန်ကစားသမားဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်အပါအဝင် ဆုဖလားပေါင်း ၁၀ ခု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 1593
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် ရာသီသစ်အတွက် ရာသီကြို လေ့ကျင့်မှု အစီအစဉ်တွေကို စတင်လိုက်ပြီ ဖြစ်ပါတယ်။
နည်းပြသစ် အဲရစ်တန်ဟတ်နဲ့အတူ နိုင်ငံတကာပွဲတွေ မကစားခဲ့ရတဲ့ ကစားသမားတွေဟာ အားလပ်ရက်အပြီးမှာ လာရောက် ပူးပေါင်းခဲ့ကြတာပါ။
ဒီဂီယာ၊ ဆန်ချို၊ ရက်ရှ်ဖို့ဒ်၊ လင်ဒီလော့ဖ်၊ ဖီးလ်ဂျုံးစ်၊ ဝမ်ဘစ်စကာ၊ လုပ်ခ်ရှော တို့နဲ့ အငှားသွားရောက် ကစားခဲ့ကြတဲ့ မာရှယ်၊ ဗန်ဒီဘိခ်၊ ဘရန်ဒန်ဝီလျံ၊ အာမတ်နဲ့ တွမ်ဇီဘီတို့လည်း လေ့ကျင့်မှုတွေ ပြုလုပ်နေကြပါတယ်။
ဒါ့အပြင် လူငယ်ကစားသမားတွေ ဖြစ်တဲ့ အီသန်လာ့တ်၊ ရှိုလာတိုင်ရာ၊ ဂါနာချိုနဲ့ အယ်လ်ဗာရို ဖာနန်ဒတ်စ်တို့လည်း အသင်းကြီးနဲ့အတူ ပူးပေါင်းခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရာသီက လူငယ်အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ ဂါနာချိုကတော့ အာဂျင်တီးနား ယူ-၂၀ နဲ့ ကစားထားလို့ အားလပ်ရက် ၃ ပတ်ရဖို့ ကျန်သေးပေမယ့် သူ့ရဲ့ ခြေစွမ်းတွေကို နည်းပြသစ်ကို ပြသဖို့ စောစီးစွာ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

လေ့ကျင့်ရေး လုပ်နေကြတဲ့ မန်ယူအသင်းသားများ (Manchester United)
ကစားသမားတွေဟာ အစုအဖွဲ့လိုက် လေ့ကျင့်မှု မပြုလုပ်ခင် အသင်းရဲ့ ဆေးအဖွဲ့ဝင်တွေနဲ့ တစ်ဦးချင်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာသီကြို ခြေစမ်းပွဲတွေကို ဇူလိုင် ၁၂ ရက်မှာ စတင် ယှဉ်ပြိုင် တော့မှာ ဖြစ်ပါတယ်။
ဒီပွဲကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက်ကြီး လီဗာပူးလ်အသင်းနဲ့ ဘန်ကောက်မှာ ကစားကြမှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ သြစတြေးလျမှာ မဲလ်ဘုန်းဗစ်ထရီ၊ ပဲလေစ့်၊ အက်စတွန်ဗီလာ၊ အော်စလိုမှာ အသလက်တီကို မက်ဒရစ်တို့နဲ့ ခြေစမ်းပွဲတွေ ဆက်လက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ရာသီကြို နောက်ဆုံး ခြေစမ်းပွဲအဖြစ် ဇူလိုင် ၃၁ ရက် အိုးထရက်ဖို့ဒ်မှာ ဗယ်လက်ကာနိုအသင်းနဲ့ ယှဉ်ပြိုင်မှာပါ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာသီကြို ခြေစမ်းပွဲမတိုင်ခင် ဘာစီလိုနာအသင်း ကွင်းလယ်လူ ဒီဂျောင်၊ အေဂျတ်စ် တောင်ပံကစားသမား အန်တိုနီနဲ့ ဘရန်ဖို့ဒ်အသင်း ကွင်းလယ်လူဟောင်း အဲရစ်ဆန်တို့ကို ခေါ်ယူနိုင်ဖို့ အရှိန်မြှင့် လုပ်ဆောင် နေပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာဆိုရင် လာမယ့်ရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် သြဂုတ်လ ၇ ရက်နေ့မှာ ဘရိုက်တန်အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ ရှိပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1527
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇
ချယ်လ်ဆီးအသင်းကို ပိုင်ရှင်သစ် တော့ဒ်ဘိုလီ လွှဲပြောင်းယူပြီးနောက် နည်းစနစ် ဒါရိုက်တာနဲ့ စွမ်းဆောင်ရည် ပိုင်းဆိုင်ရာ အကြံပေးဖြစ်တဲ့ ပီတာချက် ဟာ အသင်းက ထွက်ခွာတဲ့ နောက်ဆုံးဝန်ထမ်း အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။
ပီတာချက် ဟာ ချယ်လ်ဆီးအသင်းမှာ နှစ်ပေါင်းများစွာကြာ ကစားသမားအဖြစ် ဖြတ်သန်းခဲ့ပြီး အနားယူပြီးနောက်မှာ အသင်းထံ ပြန်လာခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့် အေဘရာမိုဗစ်ချ် ဆီကနေ တော့ဒ်ဘိုလီ အပြီးသတ် လွှဲပြောင်းယူပြီးနောက်မှာတော့ ပီတာချက် အသင်းက ထွက်ခွာဖို့ ဖြစ်လာခဲ့ပါတယ်။
ချယ်လ်ဆီးအသင်း ဂိုးသမားဟောင်းဟာ ဇွန်လ ၃၀ ရက်မှာပဲ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း ချယ်လ်ဆီးအသင်းကလည်း အတည်ပြုထားပါတယ်။

တော့ဒ်ဘိုလီကိုတွေ့ရစဉ်(Football London)
ပီတာချက်က “ချယ်လ်ဆီးမှာ ဒီအခန်းကဏ္ဍကို လွန်ခဲ့တဲ့ ၃ နှစ်လောက်က ထမ်းဆောင်ခွင့် ရခဲ့တာက ကြီးမားတဲ့ အခွင့်ထူး ပါပဲ။ ပိုင်ရှင်အသစ် ရောက်လာတာနဲ့အတူ အခုအချိန်ဟာ အသင်းက ထွက်ခွာဖို့ မှန်ကန်တဲ့ အချိန်လို့ ကျနော် ခံစားခဲ့ရပါ တယ်။ ကလပ်က ပိုင်ရှင်အသစ်နဲ့အတူ ကောင်းမွန်တဲ့ အအနေအထားမှာ ရှိတဲ့အတွက် ကျေနပ်မိပါတယ်။ ကွင်းအတွင်းမှာ ရော ကွင်းပြင်ပမှာပါ အောင်မြင်မှု ရမယ်ဆိုတာ ကျနော်ယုံကြည်ကြောင်း” ကလပ်ရဲ့ မီဒီယာကို ပြောခဲ့ပါတယ်။
ပိုင်ရှင်အသစ်ဖြစ်သူ တော့ဒ်ဘိုလီက ပီတာချက် ကို ဘုတ်အဖွဲ့မှာ ဆက်ထားဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားဟောင်းက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
တော့ဒ်ဘိုလီ က “ ပီတာက ချယ်လ်ဆီး မိသားစုရဲ့ အရေးပါတဲ့ အဖွဲ့ဝင်ပါ။ ထွက်ခွာချင်တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ နားလည်ပြီး အကြံပေးအဖြစ် အသင်းအတွက် သူလုပ်ဆောင်ပေးခဲ့တဲ့ အရာတွေ အားလုံးအတွက် ကျေးဇူးတင်ရှိပါတယ်။ ကျနော်တို့ဘက်က သူ့ကို အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးကြောင်း” ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းကို တော့ဒ်ဘိုလီ လွှဲပြောင်းရယူပြီးနောက် အသင်းဥက္ကဋ္ဌ ဘရုစ်ဘတ် လည်း ထွက်ခွာခဲ့သလို မကြာသေး ခင်က အပြောင်းအရွှေ့ အများအပြားရဲ့ နောက်ကွယ်မှာရှိခဲ့တဲ့ မာရီနာ လည်း ထွက်ခွာခဲ့ပါတယ်။
Source: Mirror
- By CNI
- Category: အားကစား
- Hits: 1317
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇
ဖီဖာဥက္ကဋ္ဌဟောင်း ဘလတ္တာက လက်ရှိဥက္ကဋ္ဌဖြစ်သူ အင်ဖန်တီနို ဟာ သူ့ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
ဘလတ္တာက “ ကျနော်ဒီကို ရောက်တဲ့အချိန်မှာ ဘာမှမရှိခဲ့ပါဘူး။ ကျနော်ထွက်ခွာသွားတဲ့ အချိန်မှာတော့ စီးပွားရေးအရ၊ လှုမှုရေးအရ၊ ယဉ်ကျေးမှု အရရော နိုင်ငံရေးအရပါ ခိုင်မာတဲ့ နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတာ မသိပေမယ့် အင်ဖန်တီနိုက ကျနော့်ကို အလိုမရှိပါဘူး။ သူက ကျနော့်ကို အမှု အတုအယောင်ကိုတောင် ဖန်တီးဖို့ ကြိုးစားခဲ့ တာပါ။ သူက ကျနော့်ကို ဖြိုခွဲချင်နေတာပါ။ ကျနော်လုပ်ခဲ့သမျှ အရာအားလုံးထက် သူလုပ်တာက ပိုကောင်းတယ်လို့ ထင်နေ လို့ပါ။ ရာဇဝတ်မှု ဗီဇရှိတဲ့ သူလို့ရော သူခိုးလို့ရော စွပ်စွဲခံခဲ့ရပါတယ်။ ဒါဟာ လုံးဝ အဓိပ္ပါယ်မဲ့ပါတယ်” လို့ RTS နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ဘလတ္တာဟာ လက်ရှိအချိန်မှာ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌဟောင်း ပလာတီနီနဲ့အတူ လိမ်လည်မှု၊ အလွဲသုံးစားလုပ်မှု၊ အကျင့် ပျက် ခြစားမှု စွဲချက်တွေနဲ့ တရားရင်ဆိုင် နေရပါတယ်။ အစိုးရရှေ့နေတွေက သူတို့ နှစ်ဦးကို ထောင်ဒဏ် လ ၂၀ ချမှတ်ဖို့ တောင်းဆိုထားပြီး ဇူလိုင်လအစပိုင်းမှာ စီရင်ချက်ချမယ်လို့ ခန့်မှန်းထားပါတယ်။

ဘလတ္တာနဲ့ ပလာတီနီ ကိုတွေ့ရစဉ်
ယူအီးအက်ဖ်အေ ဥက္ကဋ္ဌဟောင်း ပလာတီနီ ကတော့ စွဲချက်တွေ အားလုံးကို ဖီဆန်ခဲ့ပြီး နောက်ဆုံးအကြိမ် အထိ တိုက်ပွဲ ဝင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ပလာတီနီက “မတရားမှုတွေကို အကာအကွယ် ခံနေရပါတယ်။ ဘောလုံးပွဲတွေ ကစားတဲ့အချိန် ဒိုင်လူကြီးရဲ့ အဆုံးအဖြတ် ကြောင့် အရေးနိမ့်ခဲ့ရတဲ့ ပွဲတွေမှာ ကျနော်တို့ အနည်းငယ် အကာအကွယ်တွေ ခံရပါတယ်။ ဒါပေမယ့် မတရားမှုတွေက ခင်ဗျား ချစ်ရတဲ့သူတွေ၊ ခင်ဗျားရဲ့ မိသားစု၊ ခင်ဗျားရဲ့ ကလေးတွေနဲ့ ခင်ဗျားရဲ့ မြေးတွေကို နာကျင်စေရပါတယ်။ ဘာကြောင့် လဲဆိုရင် သူတို့က ဒီလိုတွေခံရဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ကျနော်တို့ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး အရှုံးပေးမှာ မဟုတ်ဘဲ သွားနေမှာ”လို့ RTS ကို ပြောခဲ့ပါတယ်။
ဘလတ္တာ ဟာ ဖီဖာဥက္ကဋ္ဌရာထူးကို ၁၉၉၈ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ တာဝန်ယူခဲ့သလို ပလာတီနီကတော့ ယူအီးအက်ဖ် အေ ဥက္ကဋ္ဌရာထူးကို ၂၀၀၇ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ တာဝန်ယူခဲ့ ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1449
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီဂျောင်ရဲ့အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် မက်ဂွဲယားကို လိုချင်နေတဲ့ ဘာစီလိုနာရဲ့ ကြိုးပမ်းမှုကို ပယ်ချလိုက်ပါတယ်။
ယူနိုက်တက်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဒီဂျောင်ကိုခေါ်ယူဖို့ ဘာစီလိုနာ အသင်းနဲ့ပြောင်းရွှေ့ကြေး ညှိနှိုင်းနေပြီး သဘောတူညီမှုရယူနိုင်ခဲ့ပြီလို့ သတင်းတွေမှာ ဖော်ပြထားတာပါ။ ဘာစီလိုနာအသင်းဟာ မက်ဂွဲယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဒီဂျောင်ရဲ့အပြောင်းအရွှေ့ အစိတ် အပိုင်းအဖြစ် မက်ဂွဲယားကိုပါထည့်သွင်းဖို့ တောင်းဆိုခဲ့တယ်လို့ The Sun သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ ဒါကို ငြင်းပယ်သွားခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီဂျောင်အတွက် သဘောတူညီမှုရရှိထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၆၉ သန်းကို ငွေသား ပေးချေသွားမှာဖြစ်ပြီး သူတို့ရဲ့ အသင်းခေါင်းဆောင်ကို ပေးသွားမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ယူနိုက်တက် အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ နောက်ခံလူတွေဖြစ်တဲ့ ဘိုင်လီ၊ဖီးလ်ဂျုံးစ်၊တွမ်ဇီဘီနဲ့ ဝမ်ဘစ်စကာ တို့ကို ထွက်ခွာခွင့်ပေးဖို့ ရှိနေပါတယ်။ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟတ်ဟာ မက်ဂွဲယားနဲ့အတူ အလုပ် လုပ်ချင်တာကြောင့် ကလပ်အသင်းက အင်္ဂလန်နောက်ခံလူကို ရောင်းချဖို့ ဆန္ဒမရှိတာလည်း ဖြစ်ပါတယ်။

မက်ဂွဲယားဟာ ၂၀၁၉ က လက်စတာကနေ ပေါင်သန်း ၈၀ နဲ့ ရောက်ရှိလာခဲ့ပြီး ၆ လအကြာမှာပဲ အသင်း ခေါင်းဆောင်ဖြစ်ခဲ့တာပါ။အသက် ၂၉ နှစ်အရွယ်ရှိ နောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီက ပြသခဲ့တဲ့ စွမ်းဆောင်ရည် တွေကြောင့် ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ပရိသတ်တွေက သူ့ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ဖို့တောင် တောင်းဆိုခဲ့ကြတာပါ။မက်ဂွဲယားအနေနဲ့ နည်းပြသစ်တန်ဟတ် လက်ထက်မှာ အသင်းခေါင်းဆောင်ရာထူး ဆက်လက်ရယူဖို့ မသေချာတော့တာလည်းဖြစ်ပါတယ်။
တန်ဟတ်ကတော့ အသင်းခေါင်းဆောင်ရာထူးနဲ့ပတ်သက်ပြီး ကစားသမားတွေကို ရွေးချယ်ခိုင်းဖို့ရှိနေပြီး ဂိုးသမား ဒီဂီယာက အသင်းခေါင်းဆောင်သစ်ဖြစ်လာနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။ မက်ဂွဲ ယားဟာ ကာလကြာရှည်လက်တွဲဖော် ဖန်ဟော်ကင်းစ်နဲ့ မင်္ဂလာပွဲဆင်နွှဲထားပြီး နည်းပြရဲ့အထူးခွင့်ပြုချက်နဲ့ ဟန်းနီးမွန်းထွက်ဖို့ ရှိနေကာ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေကို ပူးပေါင်းဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။
Source:Metro
