- By CNI
- Category: အားကစား
- Hits: 2003
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇
ယူနိုက်တက်ကြယ်ပွင့်ဟောင်း လင်ဂတ်ဟာ တောင်ကိုရီးယားကလပ် FC ဆိုးလ်အသင်း ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို ဂန်ဝမ်အသင်းနဲ့ ကစားခဲ့တဲ့ ကေလိဂ်ပွဲစဉ်မှာ သွင်းယူနိုင်ခဲ့ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းက ထွက်ခွာပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့တဲ့ လင်ဂတ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက FC ဆိုးလ်အသင်းထံ ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
လင်ဂတ်ဟာ FC ဆိုးလ် ကစားသမားဘဝ ပွဲဦးထွက်မှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရလို့ ဝေဖန်မှုတွေ ခံခဲ့ရပေ မယ့် ဂန်ဝန်အသင်းနဲ့ပွဲမှာ ဂိုးစတင် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
FC ဆိုးလ်အသင်းက ဂန်ဝန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲစဉ်မှာ လင်ဂတ်ဟာ ပွဲချိန် ၅၆ မိနစ်မှာရရှိတဲ့ ပင်နယ်တီကို ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့တာပါ။
အသက် ၃၁ နှစ်အရွယ်ရှိ လင်ဂတ်ဟာ ပြီးခဲ့တဲ့ မတ်က ဒူးခွဲစိတ်မှု ခံယူခဲ့ရတာကြောင့် မေလ တတိယပတ်အထိ အနားယူခဲ့ရတာ ဖြစ်ပါတယ်။

လင်ဂတ်ကို တွေ့ရစဉ်
လင်ဂတ်ဟာ ဒဏ်ရာကနေ သက်သာလာပြီးနောက် ပါဝင်ကစားခဲ့တဲ့ပွဲတွေမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ဆူဝန် အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကေလိဂ်ပွဲစဉ်မှာ ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိခဲ့ပါတယ်။
လင်ဂတ်ဟာ ဒီအပတ်ကစားမယ့် ဂျီယွန်းဘွတ်အသင်းနဲ့ ပွဲစဉ်မှာ FC ဆိုးလ်အသင်းအတွက် ခြေစွမ်းပြပြီး ဂိုးထပ်သွင်းနိုင်ဖို့ မျှော်လင့်နေတာပါ။
FC ဆိုးလ်အသင်းဟာ ဒီရာသီ ကေလိဂ်ပွဲစဉ် ၁၉ ပွဲ ကစားအပြီးမှာ ၂၄ မှတ်နဲ့ အဆင့် ၆ နေရာ ရပ်တည်နေတာ ဖြစ်ပြီး အာရှချန်ပီယံလိဂ်ပွဲစဉ်တွေ ယှဉ်ပြိုင်ခွင့်ရဖို့အတွက် လာမယ့်ပွဲတွေမှာ ရလဒ်ကောင်းရရှိအောင် လုပ်ဆောင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1552
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇
အင်္ဂလန်အသင်းရဲ့ အုပ်စုပွဲစဉ် ၃ ပွဲစလုံး မပါဝင်နိုင်ခဲ့တဲ့ ဘယ်နောက်ခံလူ လုပ်ခ်ရှောဟာ ဆလိုဗက်ကီးယား အသင်းနဲ့ ကစားမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲ ၁၆ သင်းအဆင့်ပွဲစဉ်မှာ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။
လုပ်ခ်ရှောဟာ တံကောက်ကြော ဒဏ်ရာကြောင့် ဖေဖော်ဝါရီလကတည်းက ယူနိုက်တက်အသင်းအတွက် ပါဝင် ကစားနိုင်ခြင်း မရှိခဲ့တာပါ။
ဒါပေမယ့် နည်းပြဆောက်ဂိတ်ဟာ လုပ်ခ်ရှောကို ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်း လူစာရင်းမှာ တစ်ဦးတည်းသော ဘယ်နောက်ခံလူ ကစားသမားအဖြစ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
လုပ်ခ်ရှောဟာ ပြိုင်ပွဲကျင်းပတဲ့ ဂျာမနီနိုင်ငံမှာ တစ်ဦးချင်းလေ့ကျင့်မှု အစီအစဉ်တွေသာ လုပ်ဆောင်ခဲ့ပေမယ့် အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဆလိုဗေးနီးယား အသင်းနဲ့ပွဲမတိုင်ခင် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပူးပေါင်း လာခဲ့တာပါ။
ယူနိုက်တက်အသင်း နောက်ခံလူဟာ ဆလိုဗေးနီးယား အသင်းနဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်းရဲ့ အရန်ကစားသမား အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ အုပ်စုပွဲစဉ် ၃ ပွဲစလုံးမှာ ဘယ်နောက်ခံ နေရာအတွက် ထရစ်ပီယာကို အသုံးပြုခဲ့တာဖြစ်ပြီး သူကလည်း ခြေသလုံးကြွက်သားပြဿနာနဲ့ ရင်ဆိုင်နေရတာပါ။

လုပ်ခ်ရှောကို တွေ့ရစဉ်
ဆလိုဗေးနီးယား အသင်းနဲ့ပွဲ မတိုင်ခင် သတင်းထောက်တွေက ဒီပွဲကို ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်ပြီလားလို့ မေးမြန်းခဲ့ချိန်မှာ လုပ်ခ်ရှောက လာမယ့်ပွဲကို ကစားမယ်လို့ ဖြေသွားခဲ့တာ ဖြစ်ပါတယ်။
အီတလီအသင်းနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းအတွက် ဂိုးသွင်းခဲ့တဲ့ လုပ်ခ်ရှောဟာ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်အသင်းအတွက် ၁၅ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တာပါ။
လုပ်ခ်ရှော ပြန်ကစားနိုင်မှာက နည်းပြဆောက်ဂိတ်အတွက် သတင်းကောင်းဖြစ်သလို အခြားတစ်ဖက်မှာလည်း သူဟာ လူစာရင်းရွေးချယ်ဖို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။
ပြီးခဲ့တဲ့ ဆလိုဗေးနီးယားအသင်းနဲ့ပွဲမှာ အင်္ဂလန်အသင်းအတွက် လူစားဝင်ကစားပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကိုဘီမိုင်နူး၊ ကိုးလ်ပယ်လ်မာနဲ့ ဂေါ်ဒွန်တို့ကို ပွဲထွက်လူစာရင်းအသုံးပြုဖို့ တောင်းဆိုမှုတွေ ရှိနေတာပါ။
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ အုပ်စုပွဲစဉ် ၃ ပွဲစလုံးမှာ ပွဲထွက်လူစာရင်းကို ၁ နေရာသာ ပြောင်းလဲအသုံးပြုခဲ့တာဖြစ်ပြီး အသင်းရဲ့စွမ်းဆောင်ရည်ဟာ ကောင်းမွန်မှုမရှိလို့ ပရိသတ်တွေရဲ့ လှောင်ပြောင်မှု တွေကို ခံနေရတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 2225
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇
ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းက ယူကရိန်းအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု နောက်ဆုံးပွဲစဉ်အပြီးမှာ ဒေါသထွက်နေတဲ့ ဘယ်လ်ဂျီယံ ပရိသတ်တွေအနေနဲ့ သူတို့ကို အားပေးဖို့ တိုက်တွန်း သွားခဲ့ပါတယ်။
ဒီဘရိုင်းက “ကျနော်တို့ဒီပွဲကို အနိုင်ရရှိဖို့ ကြိုးစားခဲ့ပါတယ်။ ကျနော်တို့ဟာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ သလို ဂိုးပြန်ပေးရနိုင်တယ်ဆိုတာလည်း သိတဲ့အတွက် စွန့်စားမှုတွေကို မလုပ်ခဲ့ပါဘူး။ ဂိုးသာပေးရရင် ယူရိုပြိုင်ပွဲ က ကျနော်တို့ ထွက်ခွာရမှာပါ။ ပရိသတ်တွေ ကျနော်တို့နဲ့အတူ ရှိနေဖို့လိုအပ်ပါတယ်။ ဒီပရိသတ်တွေကို ကျနော် တို့ လိုအပ်ပါတယ်။ ကျနော် ဒါပဲပြောစရာရှိပါတယ်”လို့ ပြောခဲ့တာပါ။
ဘယ်လ်ဂျီယံအသင်းဟာ ဒီပွဲရလဒ်ကြောင့် အုပ်စုတွင်း ဒုတိယနေရာ ရပ်တည်ကာ ၁၆ သင်းအဆင့်ကို တက်နိုင် ခဲ့ပြီး ယူကရိန်းအသင်းကတော့ ရမှတ် ၄ မှတ်ရယူပြီး ယူရိုပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ ပထမဆုံးအသင်း ဖြစ်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်း ခေါင်းဆောင် ဒီဘရိုင်းကိုတွေ့ရစဉ်
ဘယ်လ်ဂျီယံအသင်းဟာ ဒီပွဲစဉ်ရဲ့ ပွဲပြီးခါနီးမှာ အနိုင်ရယူဖို့ထက် သရေကျဖို့ကိုသာ ရွေးချယ်ခဲ့တာကြောင့် ပရိသတ်တွေဟာ ဒေါသထွက်ပြီး ကစားသမားတွေကို အော်ဟစ်မှုတွေ ပြုလုပ်ခဲ့တာပါ။
ဒီဘရိုင်းဟာ ပွဲအပြီးမှာ ပရိသတ်တွေထံ ချဉ်းကပ်ခဲ့ပေမယ့် အော်ဟစ်သံတွေ ပိုပြီးကျယ်လောင်လာတဲ့အတွက် အသင်းဖော်တွေကို ကွင်းထဲက ထွက်ခွာဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲစဉ်မှာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ ဒီဘရိုင်းက ပရိသတ်တွေ သူတို့ကို ဒေါသထွက်နေပေမယ့် လာမယ့်ပွဲတွေမှာ အားပေးမှုတွေ ပြုလုပ်ဖို့ ပြောခဲ့တာပါ။
ဘယ်လ်ဂျီယံအသင်းနည်းပြ တီဒက်စ်ကိုက ပရိသတ်တွေရဲ့ လှောင်ပြောင်အော်ဟစ်မှုတွေကြောင့် အံ့အားသင့် ခဲ့ရပေမယ့် သူတို့ဟာ အနိုင်ရဖို့ ကြိုးစားခဲ့တယ်လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ အုပ်စုတွင်း ဒုတိယသာရရှိခဲ့တာကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ ပြင်သစ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1145
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇
ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု နောက်ဆုံးပွဲစဉ်မှာ ပေါ်တူဂီအသင်းကို အနိုင်ရပြီး ၁၆ သင်းအဆင့်ကို ဂျော်ဂျီယာအသင်း တက်နိုင်ခဲ့ပြီးနောက် ကာဗီချာက ဂျော်ဂျီယာ လူမျိုးတွေရဲ့ဘဝမှာ အကောင်းဆုံးနေ့ကို ကြုံခဲ့ရပြီလို့ ပြောခဲ့ပါ တယ်။
ကာဗီချာက “ကျနော်ဟာ ရော်နယ်ဒိုရဲ့ ဂျာစီကိုရရှိခဲ့ပြီး ကျနော်တို့ နောက်တစ်ဆင့်ကို တက်နိုင်ခဲ့ပါတယ်။ ဒီနေ့က ဂျော်ဂျီယာလူမျိုးတွေရဲ့ဘဝမှာ အကောင်းဆုံးနေ့ပါပဲ။ ဘယ်သူကမှ ကျနော်တို့ လုပ်နိုင်မယ်ဆိုတာ ယုံကြည်မှာ မဟုတ်ပေမယ့် ကျနော်တို့သမိုင်းကို ဖန်တီးနိုင်ခဲ့ပါပြီ။ ပေါ်တူဂီအသင်းကို အနိုင်ရမယ်လို့လည်း ယုံကြည်ကြမှာ မဟုတ်ပေမယ့် အခွင့်အရေး ၁ ရာခိုင်နှုန်းရှိရင်တောင် ကျနော်တို့ ဒါကို ဖြစ်အောင်လုပ်နိုင်တယ် ဆိုတာကို ပြသနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
ဂျော်ဂျီယာအသင်းဟာ ပေါ်တူဂီအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် အုပ်စုတွင်း ၃ ပွဲ ကစားအပြီးမှာ ၄ မှတ်ရရှိကာ အကောင်းဆုံးအုပ်စု တတိယနဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂျော်ဂျီယာအသင်းဟာ အဓိကပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ၁၆ သင်း အဆင့်ကို တက်နိုင်ခဲ့တာကြောင့် ဂျော်ဂျီယာအသင်း ပရိသတ်တွေဟာ အလွန်ပျော်ရွှင်နေခဲ့တာပါ။

ရော်နယ်ဒိုကိုတွေ့ရစဉ်
တောင်ပံကစားသမား ကာဗီချာဟာ ဒီပွဲမတိုင်ခင်မှာ သူ့ရဲ့ဟီးရိုးဖြစ်တဲ့ ရော်နယ်ဒိုနဲ့ တွေ့ဆုံခဲ့ပြီး ဒီလိုတွေ့ဆုံမှုက သူတို့ကို ယုံကြည်မှုရှိအောင် ကူညီပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ကာဗီချာက “ရော်နယ်ဒိုဟာ ကျနော့်ဆီကို လာပြီးစကားပြောမယ်လို့ မတွေးထားခဲ့မိပါဘူး။ သူဟာ ကြီးကျယ် ခမ်းနားတဲ့ ကစားသမားနဲ့ လူပုဂ္ဂိုလ်ပါ။ ကျနော်သူ့ကို အလွန်လေးစားပြီး သူဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ဦးပါ။ ပွဲမတိုင်ခင်မှာ သူစကားလာပြောတာက အံ့သြစရာကောင်းခဲ့ပြီး ဒါကလည်း ဒီပွဲမှာ ကျနော်တို့တစ်ခုခု လုပ်နိုင်မယ်ဆိုတာ ယုံကြည်အောင် ကူညီပေးခဲ့တယ်”လို့ ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ ဒီပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် ပွဲချိန် ၆၅ မိနစ်အထိ ပါဝင်ကစားသွားခဲ့ပြီး အခုအချိန်ထိ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ သွင်းဂိုးရရှိဖို့ ရုန်းကန်နေရပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲ ၁၆ သင်းအဆင့် ပွဲစဉ်တွေအဖြစ် ဂျော်ဂျီယာအသင်းက စပိန်အသင်း၊ ပေါ်တူဂီအသင်းက ဆလိုဗေးနီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 639
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆
ချီလီအသင်းကို အနိုင်ရရှိခဲ့တဲ့ ကိုပါအမေရိကဖလား အုပ်စုဒုတိယပွဲစဉ်မှာ ညာဘက်ပေါင် ဒဏ်ရာပြဿနာကို ကုသမှုခံယူခဲ့ရတဲ့ အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီက သူ့ရဲ့ဒဏ်ရာ အခြေအနေမစိုးရိမ်ရဖို့ မျှော်လင့် တယ်လို့ ပြောခဲ့ပါတယ်။
မက်ဆီက “အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပေမယ့် ပွဲကိုပြီးဆုံးအောင်တော့ ကစားနိုင်ခဲ့ပါတယ်။ ဒဏ်ရာ အခြေအနေ မစိုးရိမ်ရဖို့ ကျနော်မျှော်လင့်ပါတယ်။ အခုအချိန်မှာ လွတ်လွတ်လပ်လပ် လှုပ်ရှားဖို့ ခက်ခဲ နေပြီး မနက်ဖြန်မှာ ဘယ်လိုခံစားရမလဲဆိုတာ ကြည့်ရမှာပါ။ ချီလီနဲ့ ကစားရတာဟာ အလွန်ခက်ခဲပါတယ်။ ဒါပေမယ့် ကျနော်တို့ ရည်မှန်းချက်က အောင်မြင်ခဲ့ပြီး ကွာတားဖိုင်နယ်ကို ရောက်ရှိသွားပါပြီ”လို့ ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းဟာ အဖွင့်ပွဲစဉ်မှာ ကနေဒါအသင်းကို အနိုင်ရထားတာကြောင့် ၂ ပွဲကစား ၂ ပွဲအနိုင်နဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းအတွင်းမှာ ကုသမှုခံယူခဲ့ရတာကြောင့် အာဂျင်တီးနားအသင်းအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရတာပါ။
ဒါပေမယ့် မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး ဒဏ်ရာ အခြေအနေ မစိုးရိမ်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

မက်ဆီကိုတွေ့ရစဉ်
အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက ဒီပွဲစဉ်ဟာ သူတို့အတွက် မလွယ်ကူခဲ့ပေမယ့် အနိုင်ရဖို့ ထိုက်တန် တယ်လို့ ပြောခဲ့တာပါ။
အာဂျင်တီးနားအသင်းဟာ ချီလီအသင်းနဲ့ပွဲမှာ အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ လောတရိုမာတီနက်ဇ်ကို လူစားဝင် ကစားသမားအဖြစ်သာ အသုံးပြုခဲ့ပြီး အယ်လ်ဗားရက်ဇ်ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
နည်းပြ စကာလိုနီက သူတို့ ၂ ဦးစလုံးဟာ အတူတွဲ ကစားနိုင်ပေမယ့် ဟန်ချက်ညီဖို့ကို ရှာဖွေရမယ်လို့ ပြောခဲ့ ပါတယ်။
ဒီအုပ်စုတွင်းက နောက်ထပ် ပွဲစဉ်တစ်ပွဲမှာ ကနေဒါအသင်းက ပီရူးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ချီလီအသင်း အနေနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့အတွက် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ကနေဒါအသင်းကို အနိုင်ရယူဖို့ လိုအပ်နေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1228
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆
အာဆင်နယ်အသင်း ဂန္ထဝင်ကစားသမား အွန်နရီဟာ ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်(FAW)ရဲ့ ဝေးလ်စ်အသင်း နည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။
ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အသင်းကို ၃ နှစ်ခွဲကြာ ကိုင်တွယ်ခဲ့တဲ့ နည်းပြ ရော့ဘ်ပေ့ချ် ကို ရာထူးက ထုတ်ပယ်ခဲ့တာပါ။
ဝေးလ်စ်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ခြေစစ်ပွဲ မအောင်မြင်ခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာ ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် နည်းပြ ရော့ဘ်ပေ့ချ်ကို ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် FAW ဟာ ဝေးလ်စ်အသင်း နည်းပြရာထူးအတွက် သူတို့ရဲ့စာရင်းထဲ ပါဝင်သူတွေကို ချဉ်းကပ်မှု ပြုလုပ်ဖို့ စီစဉ်ထားတာပါ။
BBC က အွန်နရီဟာ ဝေးလ်စ်အသင်း နည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲ ပါဝင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
အွန်နရီဟာ လက်ရှိအချိန်မှာ အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ပြင်သစ် ယူ-၂၁ အသင်းကို ကိုင်တွယ်နေတာပါ။

ဝေးလ်စ်အသင်းကို တွေ့ရစဉ်
အွန်နရီဟာ နည်းပြလိုင်စင်ရရှိဖို့ လုပ်ဆောင်ခဲ့တုန်းက ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တွေရှိခဲ့တာ ဖြစ်ပါတယ်။
ဝေးလ်စ်တိုက်စစ်မှူးဟောင်း အန်းရှောက အွန်နရီက ဝေးလ်စ်ဘောလုံး အကြောင်းကို နားလည်တဲ့အတွက် အာဆင်နယ် ကစားသမားဟောင်းကို နည်းပြအဖြစ် ဝေးလ်စ်အသင်းက ခန့်အပ်မယ့် အလားအလာကို ထောက်ခံ တယ်လို့ ပြောခဲ့ပါတယ်။
FAW ရဲ့ တာဝန်ရှိသူအချို့ဟာ ၂၀၁၈ ခုနှစ်က ရိုင်ယန်ဂစ်ကို နည်းပြအဖြစ် ခန့်အပ်ခဲ့သလို ပုံစံမျိုးနဲ့ နာမည်ကြီး နည်းပြတစ်ဦးကို ခန့်အပ်ဖို့ အလိုရှိနေတာပါ။
FAW ဟာ ဘဏ္ဍာရေး ကန့်သတ်မှုတွေ ရှိနေတာကြောင့် အွန်နရီသာ နည်းပြရာထူးကို လက်ခံမယ်ဆိုရင် သူ လက်ရှိ လုပ်နေတဲ့ မီဒီယာနဲ့ စပွန်ဆာကိစ္စရပ်တွေကို ဆက်ပြီးလုပ်ကိုင်ခွင့်ပေးဖို့ ရှိနေပါတယ်။
အွန်နရီဟာ ပြင်သစ် ယူ-၂၁ အသင်းကို မကိုင်တွယ်ခင်က ဘယ်လ်ဂျီယံအသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သလို မိုနာကိုအသင်းနဲ့ မွန်ထရီရယ်လ်အသင်းတို့ကို နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့တာပါ။
ဝေးလ်စ်အသင်းဟာ စက်တင်ဘာမှာ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် တူရကီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ ဒီမတိုင်ခင် နည်းပြသစ် ခန့်အပ်နိုင်ဖို့ ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်က လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 891
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်က ပိုလန်အသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘတ်ပီဟာ သူ့ရဲ့မျက်နှာဖုံးကြောင့် သက်ရောက်မှုတွေရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒက်ချမ့်စ်က “ဘတ်ပီဟာ အကောင်းဆုံးလုပ်နိုင်ခဲ့ပေမယ့် သူ့မျက်နှာဖုံးနဲ့သူ အသားကျဖို့လိုပါတယ်။ ချွေးတွေထွက်တဲ့အချိန်မှာ မျက်လုံးကို သုတ်ပေးဖို့လိုအပ်ပေမယ့် သူဟာ အမြဲတမ်းကစားဖို့ စိတ်ဆန္ဒပြင်းပြနေတာကြောင့် ပွဲက သူ့ကိုကောင်းမွန်အောင် လုပ်ပေးပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။
ဘတ်ပီဟာ သြစတြီးယားအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ နှာခေါင်းရိုးကျိုးခဲ့တာကြောင့် ကာကွယ်တဲ့အနေနဲ့ မျက်နှာဖုံးဝတ်ဆင်ပြီး ပိုလန်အသင်းနဲ့ပွဲစဉ်ကို ကစားခဲ့ရတာဖြစ်ပါတယ်။
ဘတ်ပီဟာ မျက်နှာဖုံး ဝတ်ဆင်ခဲ့ရတာကြောင့် အခက်အခဲအချို့ကို ကြုံတွေ့ခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ ပြင်သစ်အသင်းရဲ့ ပင်နယ်တီကို ကန်သွင်းပြီး သွင်းဂိုးရယူနိုင်ခဲ့တာပါ။
ဒီဂိုးဟာ ဘတ်ပီအတွက် ယူရိုပြိုင်ပွဲမှာ ပထမဆုံးသွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးဖြစ်ခဲ့တာပါ။

ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်ကိုတွေ့ရစဉ်
ဘတ်ပီဟာ ဒီဂိုးသွင်းယူအပြီးမှာ သူ့ရဲ့မျက်နှာဖုံးကို ဖယ်ကာ ပရိသတ်တွေအရှေ့မှာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ပိုလန်အသင်းအတွက် လီဝန်ဒေါစကီးကလည်း ပင်နယ်တီကနေ ချေပဂိုး ပြန်သွင်းခဲ့လို့ ၁ ဂိုးစီသရေနဲ့ ပွဲပြီးဆုံးခဲ့တာပါ။
အဲဒါကြောင့် ပြင်သစ်အသင်းဟာ အုပ်စုတွင်းမှာ သြစတြီးယားအသင်းရဲ့အနောက် ဒုတိယနေရာရပ်တည်ကာ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့ပါတယ်။
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်က ဒုတိယနေရာရတဲ့အတွက် စိတ်မပျက်ဘဲ သူတို့အတွက် ထိုက်တန်တယ်လို့ ပြောခဲ့တာပါ။
ပြင်သစ်အသင်းဟာ အုပ်စုဒုတိယ နေရာရခဲ့တာကြောင့် ၁၆ သင်းအဆင့်မှာ ရိုမေးနီးယား၊ဘယ်လ်ဂျီယံအသင်းတို့ပါဝင်တဲ့ အုပ်စု E က ဒုတိယရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source : Goal
- By CNI
- Category: အားကစား
- Hits: 1657
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆
ဆလိုဗေးနီးယားအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အင်္ဂလန်အသင်းဟာ ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေ ခံခဲ့ရပေမယ့် နည်းပြဆောက်ဂိတ်က ပရိသတ်တွေ အသင်းနဲ့အတူ ရှိနေဖို့ အရေးကြီးတယ်လို့ ပြောလိုက်ပါတယ်။
ဆောက်ဂိတ်က “ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ကျနော် နားလည်ပါတယ်။ ဒါကို ကျောခိုင်းပြီးသွားမှာ မဟုတ်ပေမယ့် ဒီနေရာမှာအရေးအကြီးဆုံးက ပရိသတ်တွေ အသင်းနဲ့အတူ ရှိနေဖို့ပါ။ ပရိသတ်အချို့ရဲ့တုန့်ပြန်မှုတွေဟာ လည်ပတ်ဖို့အတွက် ပုံမှန်မဟုတ်တဲ့ပတ်ဝန်းကျင် ကို ဖန်တီးနေပါတယ်။ နောက်တစ်ဆင့်တက်တဲ့ ဘယ်အသင်းကိုမှ ဒီလိုမျိုးလုပ်တာမျိုး ကျနော်မမြင်တွေ့ဖူးပါဘူး။ သူတို့ဟာ ကျနော့်အပေါ်မှာ ခံစားချက်ချင်း မတူညီနိုင်ပေမယ့် ကျနော့်အတွက်ကတော့ သူတို့သာ အတူတူရှိနေရင် ကျနော်တို့ အောင်မြင်မှုရယူနိုင်မှာပါ”လို့ ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ဆလိုဗေးနီးယားအသင်းနဲ့ပွဲစဉ်မှာ နောက်ထပ်ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး ဂိုးပေါက်တည့်မှု ၄ ကြိမ်သာရှိခဲ့ပေမယ့် ဒိန်းမတ်အသင်းက ဆားဘီးယားအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တာကြောင့် အုပ်စုတွင်းထိပ်ဆုံးနဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပရိသတ်တွေဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာရော ပွဲအပြီးမှာပါ အင်္ဂလန်အသင်းကို လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြတာပါ။
နည်းပြဆောက်ဂိတ်ဟာ ပွဲအပြီးမှာ အင်္ဂလန်အသင်းပရိသတ်တွေရှေ့လက်ခုပ်သွားတီးတဲ့အချိန်မှာ အချို့က အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုရှိခဲ့ပေမယ့် အချို့ကတော့ လှောင်ပြောင်ပြီး ဘီယာခွက်နဲ့ သူ့ရဲ့ဦးတည်ရာကို ပစ်ပေါက်ခဲ့ကြပါတယ်။

နည်းပြဆောက်ဂိတ်ကိုတွေ့ရစဉ်
ဆောက်ဂိတ်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီဇင်ဘာကျရင် ကုန်ဆုံးမှာဖြစ်လို့ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ဖို့ရှိနေတာပါ။
ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ၈ နှစ်ကြာကိုင်တွယ်ခဲ့ပြီးနောက် ပရိသတ်အချို့က သူဟာ နိုင်ငံအသင်းကို ဆက်ပြီးဦးဆောင်ဖို့ မှန်ကန်တဲ့သူလားဆိုပြီး မေးခွန်းထုတ်မှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။
ဆောက်ဂိတ်ကတော့ ပရိသတ်တွေဟာ သူ့အပေါ် ခံစားချက်ရှိနေပေမယ့် အင်္ဂလန်အသင်းကို ဆက်ပြီး အားပေးဖို့ တိုက်တွန်းခဲ့တာပါ။
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပေမယ့် သူတို့ဟာ ပြီးခဲ့တဲ့ပွဲတွေကထက် ပိုပြီးကောင်းအောင် ကစားနိုင်ခဲ့တယ်လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ အုပ်စုတွင်း ထိပ်ဆုံးနေရာရပ်တည်နိုင်ခဲ့တာကြောင့် ၁၆ သင်းအဆင့်မှာ အကောင်းဆုံးအုပ်စု တတိယအသင်း ၄ သင်းထဲက ၁ သင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 888
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅
ကိုပါအမေရိကဖလား အုပ်စုအဖွင့်ပွဲစဉ်မှာ ကော်စတာရီကာအသင်းနဲ့ ဂိုးမရှိ သရေကျပြီးနောက် ဘရာဇီးလ် အသင်းအပေါ် ဝေဖန်မှုပြုလုပ်တဲ့ သူတွေကို နေမာက သူ့ရဲ့ဆိုရှယ်မီဒီယာကနေ မက်ဆေ့ချ်ပေးပို့ သွားခဲ့ပါတယ်။
နေမာက “ကွင်းထဲမှာရှိတဲ့ အချိန်တိုင်း ကျနော်တို့ အကောင်းဆုံး လုပ်ဆောင်ချင်တယ်ဆိုတာ သိသာပါတယ်။ ဘောလုံးသမားဖြစ်ပြီဆိုရင် အချိန်တိုင်း အကဲဖြတ်ခြင်းကို ခံရပါတယ်။ ဘရာဇီးလ်သားတွေဟာ ဘရာဇီးလ် လက်ရွေးစင် ဖြစ်ချင်တာကြောင့် အားလုံးကြိုးစားခဲ့ကြပါတယ်။ ဒီပွဲမှာတော့ ကျနော်ဟာ ပရိသတ်တစ်ဦးအဖြစ် အတွေ့အကြုံတွေ ရခဲ့ပါတယ်။ ဒီပွဲပြီးသွားပြီဖြစ်တဲ့အတွက် လေ့ကျင့်ပြီး နောက်ပွဲကို ပိုကောင်းအောင်လုပ်ရမှာ ပါ။ ကျနော်ဟာ ဒီအစုအဖွဲ့ကို အလွန်ယုံကြည်ပြီး သူတို့ဟာ အားလုံးအတွက် အကောင်းဆုံး လုပ်ပေးမယ်ဆိုတာ သိပါတယ်”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။
ဘရာဇီးလ်အသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေထဲက တစ်သင်းဖြစ် ပေမယ့် ကော်စတာရီကာအသင်းနဲ့ ဂိုးမရှိ သရေကျသွားခဲ့တာ ဖြစ်ပါတယ်။
နေမာဟာ ဒဏ်ရာကြောင့် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ မပါဝင်နိုင်ခဲ့ပေမယ့် ပွဲကြည့်စင်ပေါ်ကနေ ဘရာဇီးလ် အသင်းကို အားပေးခဲ့ပြီး အားမလိုအားမရ ဖြစ်နေခဲ့တာပါ။
ဒါပေမယ့် နေမာဟာ ဘရာဇီးလ်အသင်းကို ယုံကြည်မှုအပြည့်နဲ့ အားပေးသွားမယ်လို့ ပြောခဲ့ပြီး နိုင်ငံအသင်း အပေါ် ဝေဖန်တဲ့သူတွေကို မက်ဆေ့ချ်ပေးပို့ခဲ့ပါတယ်။

နေမာကို တွေ့ရစဉ်
ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဗီနီစီးယက်စ်ဟာ နေမာ မပါဝင်နိုင်တဲ့ အချိန်မှာ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ခဲ့ခြင်း မရှိတာပါ။
အဲဒါကြောင့်လည်း ဘရာဇီးလ်အသင်း နည်းပြဟာ ဗီနီစီးယက်စ်ကို ပွဲချိန် ၇၁ မိနစ်မှာ အန်းဒရစ်နဲ့ လူစားလဲခဲ့တာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းဟာ ကော်စတာရီကာအသင်းနဲ့ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၇၄ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၁၉ ကြိမ် ရှိခဲ့ပေမယ့် ဂိုးပေါက်တည့်မှု ၃ ကြိမ်သာရှိခဲ့တာကြောင့် ဂိုးရဖို့ ခက်ခဲခဲ့တာပါ။
ဘရာဇီးလ်အသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇွန်လ ၂၉ ရက်မှာ ပါရာဂွေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်ပွဲရယူဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1172
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅
ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ ကွင်းလယ်လူ ကန်တီက သူ့ရဲ့ ကစားသမားဘဝကို ဥရောပမှာ အဆုံးသတ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
ကန်တီက “ကျနော့်ရဲ့ ဥရောပကစားသမားဘဝက မပြီးသေးပါဘူး။ ဆော်ဒီဟာ ဘောလုံးအသစ်၊ အတွေ့အကြုံ အသစ်ပါ။ ပြင်သစ်အသင်းနဲ့ ဒီခံစားချက်တွေကို ပြန်ရှာရတာဟာ အလွန်လှပပါတယ်။ ကျနော်ဟာ ပြီးခဲ့တဲ့ရာသီ က အယ်လ်အစ်တီဟတ်အသင်းမှာ ကောင်းမွန်စွာ ကစားနိုင်ခဲ့ပြီး ပြင်သစ်အသင်းနဲ့လည်း ကောင်းမွန်စွာ ပြင်ဆင် နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
ကန်တီဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် မနှစ်က နွေရာသီမှာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ ကန်တီဟာ အယ်လ်အစ်တီဟတ်အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင် ပြင်သစ်အသင်းရဲ့ လူစာရင်းမှာ အံ့အားသင့်ဖွယ် ပါဝင်လာခဲ့တာပါ။
ကန်တီဟာ ပြီးခဲ့တဲ့ သြစတြီးယား၊ နယ်သာလန်အသင်းတို့နဲ့ ပွဲတွေမှာ အကောင်းဆုံး ကစားသမားဆုတွေကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကန်တီကိုတွေ့ရစဉ်
ကန်တီဟာ သူ့ကို ကွင်းလယ် ကစားသမားအဖြစ် တိုးတက်အောင် ကူညီပေးခဲ့တဲ့ ချယ်လ်ဆီးအသင်းကို အသိအမှတ်ပြုခဲ့ပါတယ်။
၂၀၁၆ ခုနှစ်က လက်စတာအသင်းကနေ ထွက်ခွာခဲ့တဲ့ ကန်တီဟာ ချယ်လ်ဆီးအသင်းမှာ ၇ ရာသီကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်၊ FA ဖလား၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ဖလား အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့တာပါ။
အယ်လ်အစ်တီဟတ်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ ကန်တီဟာ ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ် ကလပ် အသင်းအတွက် ၄၆ ပွဲ ကစားခဲ့ပြီး ၄ ဂိုးသွင်းယူကာ ၆ ဂိုး ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Metro
