- By CNI
- Category: အားကစား
- Hits: 287
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁
ယူနိုက်တက်အသင်းဟာ ဘက်တစ်အသင်းထံ အငှားချထားတဲ့ တောင်ပံကစားသမား အန်တိုနီအတွက် ပြောင်းရွှေ့ကြေး သတ်မှတ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဘတ်တစ်အသင်းမှာ အငှားကစားရင်း ခြေစွမ်းပြသနေတဲ့ အန်တိုနီအတွက် ယူနိုက်တက်အသင်းဟာ ပြောင်းရွှေ့ ကြေး ပေါင်သန်း ၄၀ ကျော်နဲ့ ရောင်းချဖို့ ဆန္ဒရှိနေတယ်လို့ I paper က ဖော်ပြထားတာပါ။
ဘက်တစ်အသင်းအတွက် ၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှုတွေ ပြုလုပ်ထားတဲ့ အန်တိုနီကို ဘက်တစ်အသင်းက အငှား စာချုပ် သက်တမ်းတိုးချင်နေသလို အသလက်တီကိုနဲ့ စီးရီးအေ ကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင် စားနေတာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်က အေဂျက်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အန်တိုနီဟာ ယူနိုက်တက်အသင်း သမိုင်းမှာ အဆိုးရွားဆုံး ကစားသမား ခေါ်ယူသူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတာပါ။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
အန်တိုနီဟာ ဘက်တစ်အသင်းမှာ ပျော်ရွှင်နေပြီး သူ့ကိုယ်သူ ပြန်လည်ရှာဖွေနိုင်ခဲ့တယ်လို့ ပြောထားပါတယ်။
ဘက်တစ်အသင်းဟာ အန်တိုနီရဲ့ အပြောင်းအရွှေ့အတွက် ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ စီစဉ်နေတာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီအတွက် နည်းပြအာမိုရင်ကို ကစားသမားသစ်တွေ အားဖြည့်ပေးနိုင်ဖို့ အန်တိုနီ အပါအဝင် ကစားသမား ၁၀ ဦးကို ထွက်ခွာခွင့်ပေး၊ ရောင်းချတာတွေ ပြုလုပ်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အငှားချထားတဲ့ အန်တိုနီ၊ ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုတို့ကို အပြီးသတ် ရောင်းချသွားမှာဖြစ်ပြီး ကတ်စီမီရို၊ ဟော့ဂ်ျလန်းတို့ကိုလည်း ရောင်းချနိုင်ဖို့လုပ်ဆောင်နေတာပါ။
လင်ဒီလော့ဖ်၊ အဲရစ်ဆန်၊ အီဗန်စ်နဲ့ တွမ်ဟီတန်တို့ကတော့ ရာသီကုန်ရင် စာချုပ်ကုန်ဆုံးမှာဖြစ်လို့ ယူနိုက်တက် အသင်းကနေ ထွက်ခွာမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 331
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁
မေဂျာလိဂ်ကလပ် LAFC နဲ့ မက္ကဆီကိုအသင်း ကလပ်အမေရိကတို့ဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့် တစ်နေရာအတွက် ပလေးအော့ဖ် ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။
ဒီပွဲမှာအနိုင်ရတဲ့ အသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်နေရာကနေ ဖယ်ရှားခံခဲ့ရတဲ့ ကလပ်လီယွန် အသင်းရဲ့နေရာမှာ အစားထိုး ဝင်ခွင့်ရနိုင်တာပါ။
ကလပ်လီယွန်အသင်းဟာ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် နောက်ထပ် မက္ကဆီကိုကလပ် ပါချူကာအသင်းနဲ့ ပိုင်ရှင်တူညီနေပြီး ဖီဖာရဲ့စည်းမျဉ်းနဲ့ ကိုက်ညီမှုမရှိလို့ ဖယ်ရှားခံခဲ့ရတာဖြစ်ပါတယ်။
LAFC အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ကွန်ကာကပ်ဖ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကလပ်လီယွန်အသင်းကို အရေးနိမ့်ခဲ့ တာပါ။

ကလပ်အမေရိကအသင်းကိုတွေ့ရစဉ်
ကလပ်အမေရိကအသင်းဟာ ကလပ်လီယွန်အသင်းပြီးရင် ကွန်ကာကပ်ဖ်မှာ အဆင့်သတ်မှတ်ချက် အမြင့်ဆုံး အသင်းအဖြစ် ရှိနေပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်နေရာအတွက် LAFC နဲ့ ကလပ် အမေရိကအသင်းတို့ကို ပလေးအောဖ့် တစ်ပွဲကစားပြီး ဝင်ခွင့်ပေးဖို့ စဉ်းစားနေတာကို သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ အတည်ပြုထားတာပါ။
ကလပ်အမေရိကအသင်းကတော့ ဒီပွဲအတွက် ဖီဖာဟာ သူတို့ကို တရားဝင် အကြောင်းကြား ဆက်သွယ်မှု ပြုလုပ်ထား မရှိသေးဘူးလို့ ပြောထားပါတယ်။
ကလပ်လီယွန်အသင်းဟာ ဖီဖာက သူတို့ကို ပြိုင်ပွဲကနေ ဖယ်ရှားခဲ့တဲ့အပေါ် အားကစားခုံရုံးထံ အယူခံဝင်ထားပြီး ဧပြီ ၂၃ ရက်မှာ ဒီအယူခံကို ကြားနာဖို့ ရှိနေတာပါ။
ဒီအုပ်စု D မှာ ချယ်လ်ဆီး၊ ဖလာမင်ဂိုနဲ့ တူနစ်အသင်းတို့ ပါဝင်နေကြတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 502
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁
မန်စီးတီးအသင်းဟာ ဘုန်းမောက်အသင်းနဲ့ FA ဖလားပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ တိုက်စစ်မှူး ဟာလန်း ကို ဒီရာသီပွဲတွေမှာ ပြန်ပါဝင်ကစားနိုင်ဖို့နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်စေဖို့ မျှော်လင့်နေပါတယ်။
ဟာလန်းဟာ FA ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အကာအကွယ်ပါတဲ့ဖိနပ်ဝတ်ဆင်ပြီး အားကစားကွင်းကနေ ထွက်ခွာခဲ့ရတာပါ။
အသက် ၂၄ နှစ်အရွယ်ရှိ ဟာလန်းဟာ ဒဏ်ရာအခြေအနေကို နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ရမှာဖြစ်ပေမယ့် မန်စီးတီးအသင်းကတော့ ဒီရာသီပွဲတွေမှာ သူပါဝင် ကစားနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ တိုက်စစ်မှူးဟာလန်း ဘယ်ဘက်ခြေချင်းဝတ်မှာ ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုထားပြီး အထူးကုဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်သွားမယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။
ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း ၄၀ ပါဝင်ကစားထားပြီး သွင်းဂိုး ၃၀ သွင်းယူထားတဲ့ ဟာလန်းဟာ ဒဏ်ရာကြောင့် လက်စတာ၊ယူနိုက်တက်အသင်းတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒဏ်ရာကြောင့် ဟာလန်းမပါဝင်နိုင်တဲ့အချိန်တွေမှာ အိုမာမာမွတ်ရှ်ကို အဓိက တိုက်စစ်မှူးအဖြစ်အသုံးပြုသွားဖို့ရှိနေတာပါ။
မန်စီးတီးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်ကစားဖို့ ၉ ပွဲသာကျန်ရှိတော့တဲ့အချိန်မှာ အမှတ်ပေး ဇယား အဆင့် ၄ နေရာက ချယ်လ်ဆီးအသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၅ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။
မန်ချက်စတာကလပ်ဟာ ဒီရာသီမှာရယူနိုင်စရာဆုဖလားအဖြစ် FA ဖလားကျန်ရှိနေသေးပြီး ဆီမီးဖိုင်နယ်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
မန်စီးတီးအသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝိုင်ဒတ်၊အယ်လ်အိန်း၊ဂျူဗင်တပ်စ်အသင်းတို့နဲ့ တစ်အုပ်စု တည်းကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် ဝိုင်ဒတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 394
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁
တံကောက်ကြောဒဏ်ရာကြောင့် ပွဲကစားနိုင်ဖို့ ကာလရှည်ကြာ စောင့်ဆိုင်းနေရတဲ့ ဆာကာဟာ အာဆင်နယ် အသင်းအတွက် ပါဝင်ဖို့အဆင်သင့် ဖြစ်နေပြီလို့ နည်းပြအာတီတာက ပြောခဲ့ပါတယ်။
အာတီတာက “ဆာကာအတွက် သတိထားစရာတွေ အားလုံးပြီးသွားပြီဖြစ်လို့ သူ့ကိုမြက်ခင်းပြင်ပေါ်မှာ အသုံးပြု ရမယ့် အချိန်ရောက်ပါပြီ။ သူကလည်း ပါဝင်ကစားချင်နေတာကြောင့် တွန်းအားပေးနေပါတယ်။ ဆာကာဟာ ကျနော်တို့မှာရှိနေတဲ့ ကြီးမားတဲ့ လက်နက်တစ်ခုပါ။ အသင်းအပေါ်သူ့ရဲ့ သက်ရောက်မှုတွေ၊ သူ့ရဲ့အခန်းကဏ္ဍနဲ့ ပံ့ပိုးပေးမှုတွေက ဘယ်လောက်အထိ အရေးပါလဲဆိုတာ ကျနော်တို့သိပါတယ်”လို့ ပြောခဲ့တာပါ။
ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ ပါဝင်ကစားထားပြီး ဂိုးပါဝင်ပတ်သက်မှု ၂၃ ဂိုး ပြုလုပ် ထားတဲ့ ဆာကာဟာ တံကောက်ကြော ဒဏ်ရာကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကတည်းက အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၁၂ မှတ် အကွာအဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။

ဆာကာကို တွေ့ရစဉ်
ဒါပေမယ့် အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကို ရောက်ရှိနေပြီး လက်ရှိချန်ပီယံ ရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အဲဒါကြောင့် ဆာကာအသင်းအတွက် ပြန်ပါဝင်နိုင်မှာက ရာသီရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းအတွက် အားကောင်းမှုကို ဖြစ်စေတယ်လို့ နည်းပြအာတီတာက ပြောခဲ့ပါတယ်။
ဆာကာ ပြန်ပါဝင်နိုင်မှာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်မှာ အီတလီအသင်းအတွက် ပါဝင်ကစားရင်း ဒဏ်ရာရရှိခဲ့တဲ့ နောက်ခံလူ ကာလာဖီအိုရီဟာ ရက်သတ္တပတ် အနည်းငယ်ကြာ အနားယူရဦးမှာပါ။
အာဆင်နယ်အသင်းဟာ ဧပြီ ၂ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဖူလ်ဟမ်အသင်း အိမ်ကွင်းမှာ ကစားခဲ့တုန်းက ၁ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 443
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၃၁
အာဆင်နယ်အသင်း အပါအဝင် ပရီးမီးယားလိဂ် ထိပ်သီးတွေရဲ့ စိတ်ဝင်စားမှုကိုခံနေရတဲ့ ဘရာဇီးလ်ကြယ်ပွင့် ကွန်ညာက နွေရာသီမှာ ဝုလ်ဗ်စ်အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။
ကွန်ညာက “ကျနော် ကမ်းလှမ်းမှုတွေ အများကြီးရရှိခဲ့ပါတယ်။ အချို့အရာတွေကို ထိန်းချုပ်လို့ မရပေမယ့် ရာသီအလယ်၊ ခက်ခဲတဲ့ အခြေအနေမှာ တန်းဆင်းဇုန် အနားမှာရှိတဲ့ ကလပ်ကိုထားပြီး ကျနော် မထွက်ခွာ နိုင်ပါဘူး။ အခုအချိန်မှာ ကျနော်တို့လိုချင်တဲ့ ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့ကို ပြီးမြောက်နိုင်ဖို့နီးစပ်နေပါပြီ။ ကျနော်ဟာ နောက်တဆင့်သွားဖို့ လိုတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ။ ဆုဖလားတွေ၊ ကြီးမားတဲ့ အရာတွေအတွက် ကျနော် တိုက်ပွဲဝင်ချင်ပါတယ်။ ကျနော့်မှာ အလားအလာရှိတယ်”လို့ The Guardian ကို ပြောခဲ့တာပါ။
ကွန်ညာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက အာဆင်နယ်အသင်းရဲ့ ချိတ်ဆက်မှုတွေ ခံခဲ့ရပေမယ့် ဝုလ်ဗ်စ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
ဒီစာချုပ်ထဲမှာ ပေါင် ၆၂ သန်းနဲ့ ထွက်ခွာခွင့်ပေးမယ့် အချက်ပါဝင်နေတာကြောင့် အာဆင်နယ်၊ လီဗာပူးလ်၊ ယူနိုက်တက်၊ ချယ်လ်ဆီး၊ နော်တင်ဟမ်ဖောရက်စ်အသင်းတို့က ဒီပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူချင်နေတာပါ။
ကွန်ညာ ကိုယ်တိုင်ကလည်း သူဟာ နွေရာသီမှာ ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။

ကွန်ညာကို တွေ့ရစဉ်
ဝုလ်ဗ်စ်အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီက တန်းဆင်းဇုန်ထဲ ကျရောက်နေပေမယ့် အခုအမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ရပ်တည်နေကာ အဆင့် ၁၈ နေရာက အစ်စဝှစ်ခ်ျအသင်းကို ရမှတ် ၉ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာပါ။
ကွန်ညာဟာ ဒီရာသီမှာ ဝုလ်ဗ်စ်အသင်းအတွက် ၂၆ ပွဲ ကစားထားထားမှာ လိဂ်သွင်းဂိုး ၁၃ ဂိုးအထိ သွင်းယူထား ပါတယ်။
ဝုလ်ဗ်စ်အသင်းဟာ ကြားရက်ထဲမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ကွန်ညာဟာ ပွဲပယ်ကြောင့် ဒီပွဲကို လွဲချော်မှာဖြစ်ပါတယ်။
Source: Goal
ပုံ - ကွန်ညာကို တွေ့ရစဉ်
- By CNI
- Category: အားကစား
- Hits: 511
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၃၁
ဥရောပထိပ်သီး ကလပ်တွေရဲ့ ပစ်မှတ်အဖြစ်ရှိနေတဲ့ လိုက်ပ်ဇစ်အသင်းကြယ်ပွင့် ဆက်စ်ကိုဟာ ဘိုင်ယန်မြူးနစ် အသင်းမှာ ဟာရီကိန်းရဲ့ အရန်အဖြစ် မရှိချင်တာကြောင့် ပရီးမီးယားလိဂ်ထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။
ဆက်စ်ကိုဟာ ဆဲလ်ဘတ်အသင်းမှာ ကစားချိန်ကတည်းက ဥရောပရဲ့ အလားအလာ အရှိဆုံး လူငယ်တိုက်စစ် ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာပါ။
ဆက်စ်ကိုဟာ လိုက်ပ်ဇစ်အသင်းထံ ပြောင်းရွှေ့ပြီးနောက်မှာ ပိုမို အထင်ကြီးဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည် တွေကို ပြသနိုင်ခဲ့ပြီး ဂျာမန်ကလပ်အတွက် ပြိုင်ပွဲစုံ ၇၉ ပွဲ ပါဝင်ကစားထားတာမှာ ၃၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဆက်စ်ကို,ကို ခေါ်ယူဖို့ ယူနိုက်တက်၊ အာဆင်နယ်၊ အေစီမီလန်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ အပါအဝင် ဥရောပထိပ်သီး အချို့က သူ့ရဲ့အခြေအနေကို စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။

ဂျာမန်သတင်း Bild က ဆက်စ်ကိုဟာ သူ့ကို ပုံမှန်ပွဲထွက်ခွင့် ပေးနိုင်မယ့် အသင်းကို ရှာဖွေနေတယ်လို့ ဖော်ပြထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဆက်စ်ကို,ကို ဟာရီကိန်းရဲ့ အရန်အဖြစ် ခေါ်ယူချင်နေပေမယ့် သူကတော့ အရန်ခုံပေါ်မှာထိုင်ဖို့ စိတ်မဝင်စားတာပါ။
ဆက်စ်ကိုနဲ့ လိုက်ပ်ဇစ်အသင်းတို့ရဲ့ လက်ရှိစာချုပ်ထဲမှာ ယူရိုသန်း ၇၀ နဲ့ ထွက်ခွာခွင့်ပြုမယ့် အချက် ပါဝင်နေ ပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်အရ ယူရိုသန်း ၈၀ အထိ တိုးသွားနိုင်ပါတယ်။
လိုက်ပ်ဇစ်အသင်းဟာ ဆက်စ်ကိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ ဝန်းကျင်နဲ့ ညှိနှိုင်းမှုပြုလုပ်ဖို့ ဆန္ဒရှိ နေတယ်လို့လည်း သိရပါတယ်။
ဆက်စ်ကိုဟာ ဥရောပထိပ်တန်း ကလပ်တွေကို ဆွဲဆောင်နိုင်တဲ့ တစ်ဦးတည်းသော တိုက်စစ်မှူးတော့ မဟုတ်ပါဘူး။
ဆက်စ်ကိုဟာ လက်ရှိအချိန်မှာတော့ လိုက်ပ်ဇစ်အသင်းအတွက် ရာသီကုန်အထိ အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ အာရုံစိုက်နေပြီး နွေရာသီမှ အနာဂတ်ကို ဆုံးဖြတ်ဖို့ရှိနေတာပါ။
လိုက်ပ်ဇစ်အသင်းဟာ ဧပြီ ၂ ရက်မှာ ပိုကယ်လ်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် စတုဂတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 372
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၃၁
မန်စီးတီးအသင်းက ဘုန်းမောက်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ တိုက်စစ်မှူး ဟာလန်းဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ပွဲချိန်မိနစ် ၆၀ မှာ လူစားလဲခံခဲ့ရပါတယ်။
ဟာလန်းဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၅၆ မိနစ်မှာ ဘုန်းမောက်အသင်း ကစားသမား လူးဝစ်ကွတ်နဲ့ ထိခိုက်မိခဲ့ပြီးနောက် ဆေးကုသမှုခံယူကာ ပြန်ကစားခဲ့တာပါ။
ဒါပေမယ့် ဟာလန်းဟာ နာကျင်နေတဲ့အတွက် ကွင်းထဲလဲကျသွားခဲ့ပြီးနောက် လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။
ဟာလန်းဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ ပင်နယ်တီ လွဲချော်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ မန်စီးတီးအသင်းအတွက် အဖိုးတန် ချေပဂိုးကို သွင်းယူနိုင်ခဲ့တာပါ။
ဟာလန်းဟာ ဒီပွဲအပြီးမှာ ချိုင်းထောက်၊ အကာအကွယ်ပါတဲ့ ဖိနပ်ဝတ်ဆင်ကာ ကွင်းထဲကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းကို တွေ့ရစဉ်
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ပွဲအပြီး မီဒီယာတွေ့ဆုံမှုမှာ ဟာလန်းရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး သူ့မှာ နောက်ဆုံးရ အချက်အလက်တွေ မရှိဘူးလို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီပွဲမှာ ဟာလန်းရဲ့နေရာ လူစားလဲ ဝင်ရောက်လာခဲ့တဲ့ အိုမာမာမွတ်ရှ်ရဲ့ သွင်းဂိုးနဲ့ ဘုန်းမောက်အသင်းကို အနိုင်ရပြီး FA ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို ၇ ရာသီ ဆက်တိုက် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဆီမီးဖိုင်နယ်အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေတဲ့ မန်စီးတီးအသင်းအတွက် FA ဖလားဟာ သူတို့အတွက် တစ်ခုတည်းသော ဆုဖလား မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၅ နေရာ ရပ်တည်နေတာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် လက်ကျန် ၉ ပွဲစလုံးမှာ ရလဒ်ကောင်း ရယူနိုင်ဖို့ မျှော်လင့်နေ တာပါ။
မန်စီးတီးအသင်းဟာ လာမယ့် ကြားရက်ထဲမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 623
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၃၁
အက်စတွန်ဗီလာအသင်းက ပရက်စတန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ၂ ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က အက်စတွန်ဗီလာအသင်းအတွက် ပထမဆုံးဂိုးတွေ သွင်းယူနိုင်တဲ့ ခံစားချက်က ကြီးမားတယ်လို့ ပြောခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်က “ဒီခံစားချက်က ကြီးမားပါတယ်။ ကျနော် ဒီကိုရောက်ရှိလာကတည်းက တဖြေးဖြေးချင်း ကြံ့ခိုင်မှုပိုင်း ပိုကောင်းလာသလို ဘောလုံးကစားတာလည်း ပိုပြီးကောင်းလာတယ်လို့ ခံစားရပါတယ်။ ရှေ့တန်းကစားသမား တွေအတွက် အမြဲတမ်း ဂိုးသွင်းယူနိုင်တာက ကောင်းပါတယ်။ ဒါကြောင့် ဒီလိုမျိုးဆက်ပြီး လုပ်နိုင်ဖို့မျှော်လင့် တယ်”လို့ ပြောခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းမှာ နည်းပြအာမိုရင်နဲ့ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီက အက်စတွန်ဗီလာအသင်းထံ ရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
ရက်ရှ်ဖို့ဒ်ဟာ အက်စတွန်ဗီလာအသင်းမှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ်မှာ နည်းပြတူချယ်လ်က သူ့ကို အင်္ဂလန်အသင်း လူစာရင်းထဲ ရွေးချယ်ပြီး ပွဲထွက်လူစာရင်းထဲ အသုံးပြုခဲ့တာပါ။
ရက်ရှ်ဖို့ဒ်က သူဟာ တဆင့်ပြီးတဆင့် သွားနေပြီး ဘောလုံးကစားရင်း ပျော်ရွှင်နေတာကြောင့် အခုအချိန်မှာ အားလုံးအဆင်ပြေတယ်လို့ ပြောခဲ့ပါတယ်။
ဒါအပြင် ရက်ရှ်ဖို့ဒ်က အက်စတွန်ဗီလာအသင်းဟာ ပြိုင်ပွဲတိုင်းမှာ အနိုင်ရချင်တာကြောင့် အနိုင်ရဖို့ကြိုးစား သွားမယ်လို့လည်း ပြောခဲ့တာပါ။
အက်စတွန်ဗီလာအသင်းဟာ FA ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၄ နေရာက ချယ်လ်ဆီးအသင်းနဲ့ ၄ မှတ် ကွာဟနေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 440
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈
အာဂျင်တီးနားအသင်းဖော် တချို့ဟာ အန်ဇိုဖာနန်ဒက်ဇ်ကို ချယ်လ်ဆီး အသင်းကနေ ထွက်ခွာပြီး အသလက်တီကိုအသင်းထံ ပြောင်းရွှေ့ဖို့ တိုက်တွန်းမှုတွေ ရှိနေပေမယ့် သူကတော့ ဒီအပြောင်းအရွှေ့ကို ငြင်းပယ်ခဲ့ပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးအသင်းကို ၂၀၂၃ ခုနှစ်က ဘင်ဖီကာအသင်းကနေ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ ကြေး ပေါင် ၁၀၆.၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ၂၀၃၁ ခုနှစ်အထိ ကာလရှည် စာချုပ်ချုပ်ဆိုထားတာပါ။
အန်ဇိုဖာနန်ဒက်ဇ်ဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနေ တာကြောင့် အသလက်တီကိုနဲ့ ရီးရယ်လ်အသင်းတို့က သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
အသလက်တီကိုအသင်းမှာ ကစားနေတဲ့ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ အာဂျင်တီးနား အသင်းဖော်တွေဖြစ်တဲ့ ဒီပေါလ်၊ မိုလီနာ၊ အယ်လ်ဗားရက်ဇ်၊ ကော်ရီယာနဲ့ ဆီမြွန်နီတို့ဟာ သူ့ကို စပိန်ကလပ်ထံ ပြောင်းရွှေ့လာဖို့ တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့ကြတာပါ။

အန်ဇိုဖာနန်ဒက်ဇ်ကို တွေ့ရစဉ်
ဒါပေမယ့် အန်ဇိုဖာနန်ဒက်ဇ်ဟာ လက်ရှိအချိန်မှာ ချယ်လ်ဆီး အသင်းကနေ ထွက်ခွာဖို့ ရည်ရွယ်ထားခြင်း မရှိတာ ကြောင့် အသလက်တီကိုအသင်းထံ ပြောင်းရွှေ့ဖို့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်ဟာ အနာဂတ်မှာတော့ စပိန်ထံပြောင်းရွှေ့ဖို့ အပါအဝင် သူ့ရဲ့ရွေးချယ်မှုတွေကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။
အာဂျင်တီးနား ကွင်းလယ်လူဟာ ဒီရာသီ ချယ်လ်ဆီးအသင်းရဲ့ ပွဲအများအပြားကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရပြီး ပြိုင်ပွဲစုံ ၃၅ ပွဲ ပါဝင်ကစားထားတာမှာ ၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်ထားတာပါ။
ချယ်လ်ဆီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် စပါးအသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 565
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈
ဂျာအိုဖီးလစ်ရဲ့အေးဂျင့် ဂျော့ချ်မန်ဒက်စ်ဟာ သူ့ရဲ့ကစားသမားအတွက် အသင်းသစ်ရှာဖွေဖို့ ဆွေးနွေးမှု တွေစတင်နေတာကြောင့် ပေါ်တူဂီကြယ်ပွင့်ဟာ နွေရာသီမှာ ဂါလာတာစာရေးအသင်းထံ ပြောင်းရွှေ့ဖွယ် ရှိနေတာဖြစ်ပါတယ်။
ဂျာအိုဖီးလစ်ဟာ ပြီးခဲ့တဲ့နွေရာသီက ချယ်လ်ဆီးအသင်းထံ ဒုတိယအကြိမ်မြောက်ပြောင်းရွှေ့ပြီးနောက် ခက်ခဲတဲ့ရာသီနဲ့ ရင်ဆိုင်နေရတာပါ။ ဂျာအိုဖီးလစ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီက အေစီမီလန်အသင်းထံ အငှားနဲ့ မပြောင်းရွှေ့ခင် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း ၂၀ ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီ ကစားသမားဟာ အီတလီမှာလည်း ရုန်းကန်နေရတာကြောင့် အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်က သူ့ရဲ့ ကစားသမားကို ဂါလာတာစာရေးအသင်းထံ ပြောင်းရွှေ့နိုင်အောင် ကြိုးပမ်းနေတယ်လို့ တူရကီသတင်းတွေမှာ ဖော်ပြထားတာပါ။
ဂျာအိုဖီးလစ်ကလည်း ဂါလာတာစာရေးအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ဂါလာတာစာရေးအသင်းရဲ့တိုက်စစ်မှူးတွေဖြစ်တဲ့ အိုဆင်ဟမ်၊အိုင်ကာဒီနဲ့ မိုရာတာတို့ဟာ ကလပ်ကနေ ထွက်ခွာနိုင်တဲ့အတွက် တူရကီကလပ်ဟာ ဂျာအိုဖီးလစ်နဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နိုင်တာပါ။ ဂါလာတာစာရေးအသင်းဟာ ဂျာအိုဖီးလစ်အတွက် ချယ်လ်ဆီးအသင်းကို အပြီးသတ် ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ် ဒါမှမဟုတ် အခြားကမ်းလှမ်းမှုတွေ ပြုလုပ်လာဖို့ ရှိနေတာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ဂျာအိုဖီးလစ်ဟာ ချယ်လ်ဆီးအသင်းအတွက် ၂ ကြိမ်ကစားခဲ့တဲ့အချိန်အတွင်း ပွဲပေါင်း ၄၀ ပါဝင်ကစားပြီး ၁၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ထားတာပါ။ ဂါလာတာစာရေးအသင်းဟာ ဂျာအိုဖီးလစ်ရဲ့အပြောင်းအရွှေ့မတိုင်ခင် လက်ရှိအချိန်မှာ တူရကီစူပါလိဂ်ဖလားကို ရယူနိုင်ဖို့ အာရုံစိုက် နေပါတယ်။
ဂါလာတာစာရေးအသင်းဟာ ဒီရာသီတူရကီစူပါလိဂ်ပြိုင်ပွဲမှာ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုကိုင်တွယ်နေတဲ့ ဖီနာဘာချီအသင်းထက် ၁ ပွဲပိုကစားထားပြီး ရမှတ် ၉ မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည် နေတာဖြစ်ပါတယ်။
Source:Goal
