- By CNI
- Category: အားကစား
- Hits: 573
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၃
အီတလီအသင်းကို အနိုင်ရခဲ့တဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်အာဖရိက အသင်းအတွက် နာကျင် အချိန်ပိုမှာ အဖိုးတန် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ဂတ်လာနာဟာ ဒီပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ အချိန်အတွင်း မိသားစုဝင် ၃ ဦးကို ဆုံးရှုံးခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ဂတ်လာနာက “ကျမတို့ဟာ ဝေဖန်မှုတွေ အများကြီး ခံခဲ့ရပေမယ့် ဒါက ဘောလုံးပါ။ လွန်ခဲ့တဲ့ ၃ ပတ်က ကျမ မိသားစုဝင် ၃ ဦးကို ဆုံးရှုံးခဲ့ရပါတယ်။ ကျမ အိမ်ကိုပြန်ခွင့်ရခဲ့ပေမယ့် အသင်းဖော်တွေနဲ့အတူ ဆက်ရှိဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်”လို့ မီဒီယာတွေကို ပြောခဲ့တာပါ။
အီတလီအသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲဟာ တောင်အာဖရိက အသင်းအတွက် အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပထမဆုံး နိုင်ပွဲရတဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့်လည်း တောင်အာဖရိကအသင်းဟာ ပထမဆုံး အကြိမ် ရှုံးထွက်အဆင့် ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့တာပါ။
ဂတ်လာနာ အသင်းသားတွေနဲ့အတူ အောင်ပွဲခံနေကြစဉ်
ဒီပွဲအပြီးမှာ ဂတ်လာနာက ပြိုင်ပွဲယှဉ်ပြိုင် နေချိန်အတွင်း မိသားစုဝင် ၃ ဦးကို ဆုံးရှုံးခဲ့ရတယ်လို့ ဝမ်းနည်း ကြေကွဲဖွယ်ရာ သတင်းကို ပြောခဲ့တာ ဖြစ်ပါတယ်။
သူမကို အသင်းက အိမ်ပြန်ခွင့် ပေးခဲ့ပေမယ့် အသင်းဖော်တွေနဲ့အတူ ဆက်နေဖို့ကိုသာ ရွေးချယ်ခဲ့တာပါ။
တောင်အာဖရိကအသင်းဟာ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု G မှာ ဆွီဒင်အသင်းရဲ့နောက် ရမှတ် ၄ မှတ်နဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တောင်အာဖရိက အသင်းနည်းပြကတော့ ပွဲအပြီးမှာ သူ့ရဲ့ ကစား သမားတွေဟာ သူရဲကောင်းတွေလို တိုက်ပွဲဝင်ခဲ့ကြတယ်လို့ ချီးကျူးခဲ့ပါတယ်။
တောင်အာဖရိက အသင်းဟာ ၁၆ သင်းအဆင့်မှာ နယ်သာလန်အသင်းနဲ့ သြဂုတ် ၆ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: The Sun

- By CNI
- Category: အားကစား
- Hits: 806
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃
ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ဆော်ဒီပြောင်းရွှေ့ခဲ့တဲ့ ကစားသမားတွေဟာ အားကစား အကြောင်းပြချက်မရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။
လာပေါ်တာက “ကစားသမားတစ်ဦးဟာ လေးစားမှုနဲ့ ဆော်ဒီကို သွားရောက်တဲ့အချိန်မှာ အခြေခံသဘောအရ အားကစားအကြောင်းပြချက်မရှိပါဘူး။ ဦးစားပေးရမယ့် အခြားအကြောင်းပြချက်တွေရှိတယ်ဆိုတာ ခင်ဗျား တို့လည်း သိပါတယ်။ ဘောလုံးက ဦးစားပေးဖြစ်ရမှာဖြစ်သလို၊ အားကစားအကြောင်းပြချက်တွေကလည်း ဦးစားပေးဖြစ်နေရမှာပါ”လို့ CNN ကို ပြောခဲ့တာပါ။
ယူနိုက်တက်ကစားသမားဟောင်း ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့က ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ ပြီးနောက် အခုအပြောင်းအရွှေ့မှာ နာမည်ကြီးကစားသမားအများအပြားဟာ ပင်လယ်ကွေ့ပြည်နယ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ဆော်ဒီနိုင်ငံဟာ သူတို့ရဲ့လိဂ်ကို ကမ္ဘာ့ထိပ်တန်းလိဂ်ထဲ ဝင်ရောက်နိုင်ဖို့အတွက် နာမည်ကြီးကစားသမားတွေကို ငွေကြေးအများအပြား သုံးစွဲပြီး ခေါ်ယူနေတာပါ။ဒါပေမယ့် ဘာစီလိုနာအသင်းဥက္ကဋ္ဌက ကစားသမားတွေဟာ မှားယွင်းတဲ့ အကြောင်းပြချက်တွေနဲ့ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့လာခဲ့တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းဟာ မကြာသေးခင်က ဘတ်ပီကို ခေါ်ယူနိုင်ဖို့ ပီအက်စ်ဂျီအသင်းထံ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၅၉ သန်းနဲ့ပြုလုပ်ခဲ့တာပါ။
ဆော်ဒီလိဂ်ဟာ အခုအပြောင်းအရွှေ့မှာ ဘန်ဇီမာ၊ ကန်တီ၊ ဖာမီနို၊ မာနေး၊ မာရတ်ဇ်၊ ဟန်ဒါဆန်၊ ဖာဘင်ဟို အစရှိတဲ့ ဥရောပရဲ့ထိပ်တန်းကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အယ်လ်နာဆာအသင်း ခေါင်းဆောင် ရော်နယ်ဒိုက ဆော်ဒီလိဂ်ဟာ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ကမ္ဘာ့ထိပ်တန်းလိဂ် ၅ လိဂ်ထဲကို ဝင်ရောက်နိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ပြောထားတာပါ။
အဲဒါကြောင့်လည်း ဆော်ဒီလိဂ်အသင်းတွေဟာ နာမည်ကြီးကစားသမားတွေကို ခေါ်ယူနေပြီး ပရိသတ်တွေရဲ့ စိတ်ဝင်တစားစောင့်ကြည့်ခြင်းလည်း ခံနေရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဆော်ဒီထိပ်တန်းကလပ် အသင်းတွေဟာ အာရပ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေပြီး ရော်နယ်ဒို၊ဘန်ဇီမာနဲ့ ရူဘင်နာ ဗတ်စ်တို့ဟာ သွင်းဂိုးတွေသွင်းယူကာ အသင်းနိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးထားတာဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 695
CNI Sport News
၂၀၂၃ ခုနှစ်၊ဩဂုတ် ၃
အာဆင်နယ်အသင်းတိုက်စစ်မှူး ဂျီးဆပ်စ်ဟာ ဒူးခွဲစိတ်မှုကြောင့် အသင်းရဲ့ရာသီအစပွဲစဉ်တွေကို ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ နည်းပြ အာတီတာက ပြောခဲ့ပါတယ်။
အာတီတာက “ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သူရဲ့ဒူးဟာ အဆင်ပြေမှုမရှိသလို ခံစားခဲ့ရတဲ့ အတွက် ဒါကို ကြည့်ပြီး ကျနော်တို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။
ကြီးမားတဲ့အရာမဟုတ်ပေမယ့် ရက်သတ္တပတ် အနည်းငယ်တော့ သူအနားယူရမယ်လို့ ထင်ပါတယ်။ သူ့ဆီကနေ အကောင်းဆုံးပုံစံကို ကျနော်တို့ ပြန်ရနေတဲ့ အချိန်မှာ အခုလိုဖြစ်ခဲ့တာက ကြီးမားတဲ့ ထိုးနှက်ချက်ပါပဲ။ အခုအချိန်မှာတော့ ကျနော်တို့ သူ့ကို ဆုံးရှုံးခဲ့ရပြီ”လို့ ပြောခဲ့တာပါ။
ဘရာဇီးလ်လက်ရွေးစင်ကစားသမားဟာ အာဆင်နယ်အသင်းက မိုနာကိုအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ အီးမရိတ်စ်ဖလားပွဲမှာ အသင်းအတွက် မပါဝင်နိုင်ခဲ့ပါဘူး။ အာဆင်နယ်အသင်းဟာ လာမယ့် မန်စီးတီးအသင်းနဲ့ ကွန်မြူနတီဒိုင်း၊ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ပရီးမီးယားလိအဖွင့်ပွဲစဉ်တွေမှာ အဓိက တိုက်စစ်မှူး မပါဝင်ဘဲ ကစားရတော့မှာပါ။
အသက် ၂၆ နှစ်အရွယ်ရှိ ဂျီးဆပ်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အတွက် ပါဝင်ကစားရင်း ရရှိခဲ့တဲ့ ဒဏ်ရာကို ဖြေရှင်းဖို့ ဒူးခွဲစိတ်မှုခံယူခဲ့ရသေးတာပါ။
အဲဒါကြောင့် ဂျီးဆပ်စ်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယား လိဂ် ၁၂ ပွဲကို မပါဝင်နိုင်ခဲ့ဘဲ မတ်လအစကမှ အာဆင်နယ်အသင်းအတွက် ပြန်လည်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဂျီးဆပ်စ်ရဲ့ ဒူးပြဿနာဟာ နောက်ဆုံးအကြိမ်ပြုလုပ်ခဲ့တဲ့ ဒူးခွဲစိတ်မှုနဲ့ ဆက်စပ်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နွေရာသီက မန်စီးတီးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဂျီးဆပ်စ် ဟာ အာဆင်နယ်အသင်းအတွက် ပွဲဦးထွက်ရာသီမှာ ၃၃ ပွဲပါဝင်ကစားခဲ့ပြီး ၁၁ ဂိုးသွင်းယူကာ ၈ ဂိုးဖန်တီး နိုင်ခဲ့တာပါ။
ဂျီးဆပ်စ်အနားယူရမှာဖြစ်လို့ အာဆင်နယ်အသင်းရဲ့ ရာသီအစပွဲစဉ်တွေမှာ တိုက်စစ်ကို အန်ကိတ်တီယာက ဦးဆောင်လာဖွယ်ရှိနေပါတယ်။ အန်ကိတ်တီယာဟာ ဂျီးဆပ်စ် ဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ ပြီးခဲ့တဲ့ရာသီက ပွဲတွေမှာ ခြေစွမ်းပြသကာ ၉ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 588
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂
ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ချင်နေတဲ့ ဒမ်ဘီလီကို စိတ်ပျက်မိတယ်လို့ ပြောလိုက်ပါတယ်။
ဇာဗီက “ဒမ်ဘီလီက သူထွက်ခွာချင်တယ်ဆိုပြီး ကျနော်တို့ကို ပြောထားပါတယ်။ ကျနော်အနည်းငယ် စိတ်ပျက် မိပါတယ်။ သူ့မှာ ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှု ရှိနေတဲ့အတွက် ကျနော်တို့ ဘာမှလုပ်လို့မရပါဘူး။ သူ့ရရှိ ထားတဲ့ ကမ်းလှမ်းမှုနဲ့ ကျနော်တို့ ယှဉ်လို့မရပါဘူး။ ဒါက ဈေးကွက်ဖြစ်ပြီး ဘာစီလိုနာမှာ မနေချင်တဲ့ ဘောလုံးသမားတွေကို ကျနော်တို့ ထွက်ခွာခွင့်ပေးရပါမယ်”လို့ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ သြဂုတ် ၂ ရက်က အေစီမီလန်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ အသင်း က ထွက်ခွာချင်နေတဲ့ ဒမ်ဘီလီကို အသုံးပြုခဲ့ခြင်း မရှိပါဘူး။
ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ဒမ်ဘီလီဟာ လာမယ့်ရက် အနည်းငယ်အတွင်းမှာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့မှာဖြစ်ပြီး အသင်းဘက်က ဘာမှလုပ်ဆောင်နိုင်ခြင်းမရှိဘူးလို့ ဝန်ခံခဲ့ပါတယ်။
ဒမ်ဘီလီကိုတွေ့ရစဉ်
ပီအက်စ်ဂျီအသင်းဟာ ဒမ်ဘီလီကို သြဂုတ် ၁ ရက်မှာ သက်တမ်းကုန်ဆုံးမယ့် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၅၀ ပေးချေဖို့ လုပ်ဆောင်နေခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ပြင်သစ်လက်ရွေးစင် ကစားသမားအတွက် ယူရိုသန်း ၁၀၀ လိုချင်နေတာကြောင့် ဒါဟာ စပိန်ကလပ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒမ်ဘီလီဟာ ဇာဗီ လက်ထက်မှာ ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြသနေပြီး မနှစ်ကရာသီ လာလီဂါဆုဖလား ရယူနိုင်ခဲ့တာမှာ အရေးပါတဲ့ ကစားသမားအဖြစ် ပါဝင်ခဲ့တာပါ။
အသက် ၂၆ နှစ်အရွယ်ရှိ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းကို ၂၀၁၇ ခုနှစ်က ဒေါ့မွန်အသင်းကနေ ရောက်ရှိလာခဲ့ တာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၁၈၅ ပွဲ ပါဝင်ကစားကာ သွင်းဂိုး ၄၀ သွင်းယူနိုင်ခဲ့ပါတယ်။
ပြင်သစ်ကစားသမားဟာ ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါဖလား ၃ ကြိမ်၊ ကိုပါဒယ်ရေးဖလား ၂ ကြိမ်ရရှိခဲ့ ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 670
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂
ဝါရင့်ဂိုးသမားကြီး ဘူဖွန်ဟာ စီးရီးဘီကလပ် ပါးမားအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချူပ်ကို ဖျက်သိမ်းပြီး ၂၈ နှစ်ကြာ ဘောလုံးသမားဘဝကနေ အနားယူဖွယ်ရှိတယ်လို့ သိရပါတယ်။
အသက် ၄၅ နှစ်အရွယ်ရှိ ဘူဖွန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကစားသွားဖို့ ရည်ရွယ်ထားသလို ပါးမား အသင်းနဲ့လည်း စာချုပ်ကုန်ဆုံးမယ့် ၂၀၂၄ ခုနှစ်အထိ ဆက်ကစားဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် အနည်းငယ်က ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် သူ့ရဲ့ အနာဂတ်ကို ပြန်လည်စဉ်းစားဖို့ လုပ်ဆောင်ခဲ့ရတာ ဖြစ်ပါ တယ်။
Sky Sports က ဘူဖွန်ရဲ့အေးဂျင့်ဖြစ်သူဟာ ကစားသမားနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းဖို့အတွက် လာမယ့်ရက်အနည်းငယ်အတွင်းမှာ ပါးမားအသင်းနဲ့ တွေ့ဆုံမယ်လို့ ဖော်ပြထားတာပါ။ ဘူဖွန်ဟာ စီးရီး ဘီ ကလပ်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးရင် အီတလီလက်ရွေးစင်အသင်းရဲ့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တာဝန်ကို တာဝန်ယူရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။
ဘူဖွန်ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ စတင်ခဲ့တဲ့ ပါးမားအသင်းထံ ၂၀၂၁ ခုနှစ်က ပြန်လည် ရောက်ရှိ လာခဲ့တာပါ။ သူဟာ ပါးမားအသင်းကို စီးရီးအေပြိုင်ပွဲဆီ ပြန်လည်ပို့ဆောင်ပေးချင်တဲ့ မျှော်လင့်ချက်နဲ့ ပြန်လာ ခဲ့ပေမယ့် နောက်ဆုံး နှစ်ရာသီအတွင်းမှာ အသင်းဟာ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။
ဘူဖွန်ဟာ ပါးမားကစားသမားဘ၀ ဒုတိယသက်တမ်းမှာ ပြိုင်ပွဲစုံ ၄၅ ပွဲပါဝင်ကစားခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရတာပါ။ အီတလီဂိုးသမားဟောင်းဟာ ပြီးခဲ့တဲ့ရာသီက တံကောက်ကြောနဲ့ ခြေ သလုံးဒဏ်ရာတွေကြောင့် ၁၉ ပွဲသာပါဝင်ကစားခဲ့ရပြီး အနားယူနေခဲ့ရတာဖြစ်ပါတယ်။
ဘူဖွန်ဟာ ကစားသမားဘဝတစ်လျှောက်မှာ ကလပ်အသင်းတွေနဲ့ စီးရီးအေချန်ပီယံဆု ၁၀ ကြိမ်၊ ကိုပါ အီတာ လီယာနဲ့ စူပါကိုပါအီတာလီယာဖလား ၆ ကြိမ်စီ၊ လီဂူးဝမ်းဖလား ၁ ကြိမ်ရယူခဲ့ပါတယ်။
ဘူဖွန်ဟာ အီတလီလက်ရွေးစင်အသင်းနဲ့ ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး စီးရီးအေပြိုင်ပွဲမှာ ၆၅၇ ပွဲပါဝင်ကစားခဲ့ကာ ပွဲအရေအတွက် အများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတာဖြစ်ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 918
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်း တောင်ပံကစားသမား မာနေးကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ အပြောင်းအရွှေ့ကို တရားဝင် ကြေညာသွားခဲ့ပါတယ်။
အယ်လ်နာဆာအသင်းမှာ ရော်နယ်ဒိုနဲ့အတူ တွဲဖက်ကစားရတော့မယ့် မာနေးဟာ ဆော်ဒီကလပ်နဲ့ ၄ နှစ် စာချူပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၆၅၀,၀၀၀ ရရှိမယ်လို့ သိရပါတယ်။
အယ်လ်နာဆာအသင်းဟာ ရာသီသစ်မှာ ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် ဘရိုဇိုဗစ်၊ ဖိုဖာနာနဲ့ တဲလက်စ်တို့ကိုလည်း အခုနွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူအားဖြည့် ထားတာပါ။
အသက် ၃၁ နှစ်အရွယ်ရှိ မာနေးဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့ကမှ လီဗာပူးလ်အသင်းကနေ ဘိုင်ယန် မြူးနစ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပေမယ့် တစ်ရာသီအကြာမှာပဲ ဂျာမန်ကလပ်ကနေ ပြန်လည် ထွက်ခွာ ခဲ့တာ ဖြစ်ပါတယ်။
မာနေးနဲ့ အယ်လ်နာဆာအသင်း စာချုပ်ချုပ်ဆိုနေစဉ်
မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရသလို အသင်းဖော် ဆာနေးကို ထိုးကြိတ်ခဲ့ တာတွေကြောင့် ဂျာမန်ကလပ်ကနေ ထွက်ခွာဖို့ ဖြစ်လာခဲ့တာပါ။
မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ဆက်ပြီးရှိချင်နေပေမယ့် အသင်းရဲ့ အစီအစဉ်မှာ မပါဝင်တော့ဘူးလို့ အကြောင်းကြားခြင်း ခံခဲ့ရတဲ့အတွက် အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မာနေးက “ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာရတာက ကျနော့်ကို နာကျင်စေပါတယ်။ မတူညီတဲ့ အဆုံးသတ်ကို လိုချင်ခဲ့ပြီး အသင်းကို ဒီရာသီမှာ ကူညီနိုင်မယ်ဆိုတာ ကျနော်သိပါတယ်။ ဒီရာသီမှာ လူတိုင်းကို သက်သေပြချင်ခဲ့ ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ အသင်းနဲ့ ပရိသတ်တွေရဲ့ အနာဂတ်အတွက် အကောင်းဆုံးဖြစ်ပါစေလို့ ဆန္ဒပြု ကြောင်း” Sky Sports Germany ကို ပြောခဲ့တာပါ။
မာနေးဟာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ပွဲပေါင်း ၃၈ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၂ ဂိုးသွင်းယူကာ ဘွန်ဒစ်လီဂါနဲ့ စူပါဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 879
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁
ရုရှားနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်းဟာ လာမယ့် ချန်ပီယံလိဂ်ပွဲ စဉ်တွေကို ဟမ်းဘတ်ကွင်းမှာ ကစားဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
ရှက်တာဒိုးနက် အသင်းဟာ ရုရှားရဲ့ ကျူးကျော်မှုတွေကြောင့် အိမ်ကွင်းမှာ ပွဲကစားနိုင်ခြင်း မရှိသေးတဲ့အတွက် ဟမ်းဘတ်အသင်း အိမ်ကွင်းမှာ ပွဲကစားဖို့ စီစဉ်ခဲ့တာပါ။
ဟမ်းဘတ်အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲတွေကို အိမ်ကွင်းမှာ နောက်ဆုံး ကျင်းပခဲ့တာက ၂၀၀၆ ခုနှစ်က ဖြစ်ပါ တယ်။
ရှက်တာဒိုးနက် အသင်းဟာ ၂၀၂၃-၂၄ ရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့် အိမ်ကွင်းပွဲစဉ် ၃ ပွဲစလုံးကို ဟမ်းဘတ် အသင်း အိမ်ကွင်းမှာ ကစားဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ Bild သတင်းမှာ ဖော်ပြထားတာပါ။
ယူကရိန်းကလပ်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်တွေကို ဝါဆောမှာ ကစားခဲ့တာ ဖြစ်ပါတယ်။
ရှက်တာဒိုးနက် အသင်းကို တွေ့ရစဉ်
ရှက်တာဒိုးနက်အသင်းဟာ ပြည်တွင်းလိဂ် ပွဲစဉ်တွေကို ကွင်းတွေပြောင်းလဲပြီး ကစားနေရတာဖြစ်ပြီး လက်ရှိ အချိန်မှာတော့ အိမ်ကွင်းပွဲစဉ်တွေကို NSC Olimpiyskyi မှာ ယှဉ်ပြိုင်နေရတာပါ။
ရှက်တာဒိုးနက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ခက်ခဲတဲ့ အခြေအနေတွေမှာ ရှိခဲ့ပေမယ့် အသင်းဟာ ယူကရိန်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။
အဲဒါကြောင့် ရှက်တာဒိုးနက် အသင်းဟာ ရာသီသစ် ချန်ပီယံလိဂ် ပြိုင်ပွဲကို အုပ်စုအဆင့်ကနေ ယှဉ်ပြိုင်ခွင့် ရရှိခဲ့ တာပါ။
ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်အတွက် မဲခွဲမှုတွေကို သြဂုတ် ၃၁ ရက်မှ ပြုလုပ်မှာဖြစ်ပြီး ယူကရိန်းချန်ပီယံ အသင်းဟာ ဆဲလ်ဘတ်၊ အေစီမီလန်၊ လာဇီယို အသင်းတွေနဲ့အတူ မဲအိုး ၃ မှာ ကျရောက်နေခဲ့တာ ဖြစ်ပါတယ်။
ရှက်တာဒိုးနက် အသင်းဟာ ရာသီသစ် ယူကရိန်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၁ ပွဲ ကစားထားပြီး အနိုင်ရရှိ ထားတယ်လို့ သိရပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 696
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁
ယူနိုက်တက်အသင်းဟာ သြဂုတ် ၁၄ ရက်မှာကစားမယ့် ဝုလ်ဗ်စ်အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် မတိုင်ခင် တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ မုဒိမ်းမှု အပါအဝင် စွဲချက်တွေကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ကတည်းက ယူနိုက်တက်အသင်း အတွက် ပါဝင်ကစားခွင့် မရခဲ့ပါဘူး။
ဒါပေမယ့် ဖေဖော်ဝါရီ ၂ ရက်မှာတော့ သူ့အပေါ် စွဲချက်တင်ထားတဲ့ အမှုတွေအားလုံးကို ရုပ်သိမ်းခဲ့ပေမယ့် ယူနိုက်တက်အသင်းဟာ အသင်းအတွင်းပိုင်းမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အတွက် ဂရင်းဝုဒ်ကို အသင်းထံ ပြန်လာခွင့် မပေးခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ ဘောလုံးပြန်ကစားခွင့် ရချင်နေတာကြောင့် တစ်ဦးထဲ လေ့ကျင့်မှုတွေ ပြုလုပ်ပြီး ကြံ့ခိုင်မှုကောင်းမွန်အောင် လုပ်ဆောင်နေတာပါ။
ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စီးရီးအေကလပ် အသင်းတွေအပြင် အသင်းတချို့က ချိတ်ဆက်မှုတွေ ရှိနေပေမယ့် ယူနိုက်တက်အသင်းရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။ နည်းပြ အဲရစ်တန်ဟတ်က ဂရင်းဝုဒ်ကို အခွင့်အရေး ပေးချင်နေတာကြောင့် အပြီးသတ် ရောင်းချတာထက် အငှားနဲ့ ထွက်ခွာခွင့်သာ ပေးချင်နေတာပါ။
ဂရင်းဝုဒ်ကို တွေ့ရစဉ်
ဒါပေမယ့် ဂရင်းဝုဒ်ရဲ့ အနာဂတ်ကို အသင်းမှာရှိတဲ့ တာဝန်ရှိသူတွေကသာ ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ နည်းပြ က အမေရိကန် ရာသီကြိုခရီးစဉ်မှာ ပြောခဲ့ပါတယ်။
အခုအချိန်မှာ ဂရင်းဝုဒ်နဲ့ ပတ်သက်တဲ့ အသင်းရဲ့ လုပ်ငန်းစဉ်တွေဟာ ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် ဝုလ်ဗ်စ် အသင်းနဲ့ ပွဲမတိုင်ခင်မှာ ယူနိုက်တက်အသင်းဘက်က ကြေညာချက် ထုတ်ပြန်သွားဖို့ ရှိနေတာပါ။
ယူနိုက်တက်အသင်းကို အသက် ၆ နှစ်အရွယ်ကတည်းက ရောက်ရှိလာခဲ့တဲ့ ဂရင်းဝုဒ်ဟာ အသင်းအတွက် ပွဲပေါင်း ၁၂၉ ပွဲ ပါဝင်ကစားထားပြီး ၃၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိ ဂရင်းဝုဒ်နဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 641
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁
ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာအသင်း တောင်ပံကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိသွားခဲ့တယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီနဲ့ ဒမ်ဘီလီတို့ဟာ ပြီးခဲ့တဲ့လတွေထဲက ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြင်သစ်ကလပ်ဟာ အခု အပတ် အစောပိုင်းက ကစားသမားနဲ့ စပိန်ကလပ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၅၀ ကို အသက်သွင်းဖို့ လုပ်ဆောင်ခဲ့တာပါ။
ဒမ်ဘီလီနဲ့ ဘာစီလိုနာအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေးဟာ သြဂုတ် ၁ ရက်မှာ ယူရိုသန်း ၁၀၀ အထိ မြှင့်တက်သွားမှာဖြစ်လို့ ပီအက်စ်ဂျီအသင်းဟာ အပြောင်းအရွှေ့ကို အမြန်ဆုံး အပြီးသတ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ဒမ်ဘီလီဟာ ပီအက်စ်ဂျီအသင်းရဲ့ အဆိုပြုချက်ကို လက်ခံခဲ့ပြီး ၅ နှစ် စာချုပ်ချုပ်ဆိုဖို့အတွက် နှုတ်နဲ့ သဘောတူ ညီမှု ရရှိထားပါတယ်။
ပြင်သစ်ကလပ်ဟာ ဒမ်ဘီလီကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းထံ တရားဝင် စာပေးပို့ထားပြီး ဒီအပတ်ထဲမှာ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်မယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ဒမ်ဘီလီကို တွေ့ရစဉ်
ဒမ်ဘီလီနဲ့ ဘာစီလိုနာအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ စာချုပ်ကုန်ဆုံးမှာပါ။
ပီအက်စ်ဂျီအသင်းဟာ အဓိက ကစားသမားတွေဖြစ်တဲ့ မက်ဆီကို ဆုံးရှုံးခဲ့သလို ဘတ်ပီကလည်း ထွက်ခွာသွား ဖွယ် ရှိတာကြောင့် တိုက်စစ် ကစားသမားနေရာအတွက် အားဖြည့်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ပြင်သစ်ကလပ်ဟာ အခုအပြောင်းအရွှေ့မှာ အဆန်စီယို၊ လီကန်အင်တို့ပြီးနောက် တတိယမြောက် တိုက်စစ် ကစားသမား ခေါ်ယူမှုအဖြစ် ဒမ်ဘီလီကို ခေါ်ယူဖို့ လုပ်ဆောင်နေခဲ့တာပါ။
အသက် ၂၆ နှစ်အရွယ်ရှိ ပြင်သစ်ကစားသမားဟာ ၂၀၁၇ ခုနှစ်က ဒေါ့မွန်ကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒဏ်ရာ တွေကြောင့် ရုန်းကန်ခဲ့ရပေမယ့် မနှစ်ကရာသီမှာတော့ ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းက ရီးရယ်လ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ၁ ဂိုးသွင်းယူခဲ့ပြီး ဒီပွဲဟာ သူ့အတွက် စပိန်ကလပ် ကစားသမားဘဝ နောက်ဆုံးပွဲ ဖြစ်လာနိုင်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 705
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁
တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ် အသင်းကို ကိုင်တွယ်ဖို့ မရောက်ခင် ပြီးခဲ့တဲ့နှစ် နွေရာသီက ယူနိုက်တက်ကနေ ထွက်ခွာဖို့ စဉ်းစားခဲ့တယ်လို့ ပြောလိုက်ပါတယ်။
ရက်ရှ်ဖို့ဒ်က “အဲရစ်တန်ဟတ် မရောက်လာခင်က အသင်းက ထွက်ခွာဖို့ အနည်းငယ် စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် ဒါက ဘောလုံးမှာ ဖြစ်ပျက်တတ်တဲ့ အရာတွေပါပဲ။ အရာအားလုံးက အကြောင်းပြချက်တွေနဲ့ ဖြစ်ပျက်ခဲ့ပြီး ကျနော့်အတွက် မှန်ကန်တဲ့အချိန်မှာ နည်းပြက အသင်းကို ရောက်ရှိလာခဲ့ပါတယ်။ နည်းပြဟာ အသင်းကို ရောက်ရှိလာခဲ့တဲ့ အချိန်ကတည်းက အလွန်ရည်မှန်းချက် ကြီးမားပါတယ်”လို့ ပြောခဲ့တာပါ။
အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟာ ဇူလိုင်လ အစောပိုင်းကမှ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းနဲ့ ယူနိုက်တက် အသင်းမှာ ၂၀၂၈ ခုနှစ်အထိရှိမယ့် စာချုပ်သစ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ ကစားသမားဟာ အဲရစ်တန်ဟတ် လက်ထက်မှာ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး ပုံစံ မရရှိခင် ငယ်ဘဝကလပ်ကနေ ထွက်ခွာဖို့ စဉ်းစားခဲ့တာပါ။
ရက်ရှ်ဖို့ဒ်နဲ့ နည်းပြ အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်
အဲဒီအချိန်တုန်းက ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားပြီး ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံဂိုး ၃၀ သွင်းယူခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ်မှာ တတိယ၊ ကာရာဘောင်းဖလား ချန်ပီယံဆုနဲ့ FA ဖလားဗိုလ်လုပွဲ ရောက်ရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့တာပါ။
ယူနိုက်တက်အသင်း နည်းပြ အဲရစ်တန်ဟတ်က ရက်ရှ်ဖို့ဒ် အနေနဲ့ မှန်ကန်တဲ့ စိတ်သဘောထား ဆက်ပြီးရှိ နေမယ်ဆိုရင် အခုလာမယ့် ရာသီမှာ ဂိုး ၃၀ ထပ် ပြီးသွင်းယူနိုင်မယ်လို့ ပြောခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်က “ဒါက အာရုံစူးစိုက်မှုပါပဲ။ ပွဲတိုင်းမှာ အခွင့်အရေး မရနိုင်ပေမယ့် အခွင့်အရေး ရပြီဆိုရင်လည်း ဒါကို ကောင်းမွန်စွာ အသုံးချနိုင်ရပါမယ်။ ကျနော်သာ ဒါကို ဆက်ပြီးအာရုံစိုက် နေမယ်ဆိုရင် မနှစ်က ပြုလုပ်ခဲ့တာ ထက် ဂိုးပိုပြီးသွင်းယူနိုင်မှာပါ။ နည်းပြက ကျနော့်ကို ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာမှာပါ တိုးတက်စေချင်နေပါ တယ်။ ကျနော် ဒီထက်ပိုပြီး ဂိုးသွင်းနိုင်ဖို့ မျှော်လင့်ထားသလို မနှစ်ကထက် ပိုပြီးကောင်းမွန်အောင် လုပ်သွားပါ မယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဒေါ့မွန်အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် လန်းစ်၊ ဘီလ်ဘာအိုတို့နဲ့ ခြေစမ်းပွဲတွေ ဆက်လက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: Daily Mail