CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၃
ပါကစ္စတန်နိုင်ငံအတွင်းက အကြမ်းဖက်အဖွဲ့များကို ချေမှုန်းနေသည့် Adampur စစ်စခန်းကို အိန္ဒိယဝန်ကြီးချုပ် မိုဒီက မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက သွားရောက်ခဲ့သည်။
အဆိုပါ စစ်စခန်းတွင် အကြမ်းဖက်အဖွဲ့များကို တိုက်ခိုက် နှိမ်နင်းနေသော လေကြောင်းစစ်သည် ရဲဘော်များဖြင့် တွေ့ဆုံခဲ့သလို သတ္တိရှိသူများအဖြစ်လည်း ချီးကျူးခဲ့သည်။
ဝန်ကြီးချုပ်မိုဒီက “ ဒီမနက် စောစောမှာ ကျနော် AFS Adampur ကိုသွားခဲ့ပြီး သတ္တိရှိတဲ့ လေကြောင်း စစ်သည် တော်တွေကို တွေ့ဆုံခဲ့ပါတယ်။ သတ္တိရှိသူတွေနဲ့ အတူရှိရတာ အရမ်းထူးခြားတဲ့ အတွေ့အကြုံပါပဲ၊ ဆုံးဖြတ်ချက် နဲ့ မကြောက်မရွံ့မှုကို ပြသနေတာပါ။ ကျွန်ုပ်တို့နိုင်ငံအတွက် လုပ်ဆောင်ပေးသမျှအတွက် ထာဝရကျေးဇူးတင်နေ ပါသည်”ဟု သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားခဲ့သည်။
အိန္ဒိယနိုင်ငံဘက်ခြမ်းက ကက်ရှ်မီးယားပြည်နယ်၊ ပါဟာဂမ်ဒေသတွင် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂ ရက်က အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ခရီးသွား ၂၆ ဦး သေဆုံးခဲ့သည်။
အဆိုပါ အကြမ်းဖက်တိုက်ခိုက်သူများသည် ပါကစ္စတန်ဘက်မှ ထောက်ပံ့ပေးထားသော အကြမ်းဖက်အဖွဲ့အစည်း များဖြစ်ကြောင်း အိန္ဒိယဘက်က စွပ်စွဲ၍ ဆင်ဒူစစ်ဆင်ရေး(Operation Sindoor)ကို မေလ ၇ ရက်စတင်ကာ ပါကစ္စတန်ဘက်ရှိ နေရာ ၉ နေရာကို အိန္ဒိယက တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမား ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောသည်။