CNI International News
အစ္စလာမ်မာဘက်၊ မေလ ၉
မေလ ၇ ရက်က ပါကစ္စတန်ကို တိုက်ခိုက်ခဲ့သည့် အိန္ဒိယ၏ ဆင်ဒူစစ်ဆင်ရေးအတွင်း ပါကစ္စတန်သည် တရုတ်နိုင်ငံလုပ် J-10C တိုက်လေယာဉ်များကို အသုံးပြုပြီး အိန္ဒိယလေယာဉ်များအား တိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန်က ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ကက်ရှ်မီးယားဒေသနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်း ပါကစ္စတန် စစ်တပ် သည် အိန္ဒိယလေယာဉ် ၅ စင်းကို ပစ်ချခဲ့ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက် ရှရစ်ဖ် (Shehbaz Sharif) က ပြောကြားခဲ့သည်။
လေယာဉ်များ ပစ်ချခံခဲ့ရသည်ဆိုသည့် အကြောင်းအရာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးခြင်း မရှိသေးပေ။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အစ်ဟက် ဒါး (Ishaq Dar) ကလည်း ပါကစ္စတန်လေတပ်၏ J-10C တိုက်လေယာဉ်များသည် အိန္ဒိယ၏ Rafale တိုက်လေယာဉ် ၃ စင်း အပါအဝင် အိန္ဒိယလေယာဉ် ၅ စင်းကို ပစ်ချခဲ့ကြောင်း လွှတ်တော်တွင် ပြောကြားခဲ့သည်။
အိန္ဒိယက ပါကစ္စတန်အတွင်းက ၉ နေရာကို တိုက်ခိုက်ခဲ့တဲ့ ဆင်ဒူစစ်ဆင်ရေးကို ရှင်းပြနေစဉ်
“ကျနော်တို့ တိုက်လေယာဉ်တွေဟာ အိန္ဒိယလေတပ်ရဲ့ ပြင်သစ်နိုင်ငံလုပ် Rafale တိုက်လေယာဉ် ၃ စင်းကို ပစ်ချခဲ့ပါတယ်။ ကျနော်တို့ဘက်က J-10C တိုက်လေယာဉ်တွေ အသုံးပြုခဲ့တာပါ။ ကျနော်တို့ သုံးခဲ့တဲ့ လေယာဉ် အားလုံးဟာ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်”ဟု ဒါးက ပြောကြားခဲ့သည်။
ထိုသတင်းသာ အတည်ပြုခဲ့မည်ဆိုပါက တိုက်ပွဲအတွင်း လေယာဉ်ချင်းယှဉ်ပြီး ပစ်ချနိုင်စွမ်းရှိသည့် တရုတ် တိုက်လေယာဉ်၏ စွမ်းဆောင်ရည်သည် ထင်ရှားလာလိမ့်မည်ဖြစ်သည်။
ထို့ပြင် တိုက်ပွဲအတွင်း Rafale တိုက်လေယာဉ်များ ပစ်ချခံရသည့် ပထမဆုံးဖြစ်စဉ်လည်း ဖြစ်လာမည်ဖြစ်သည်။
လက်ရှိအချိန်အထိ အိန္ဒိယနှင့် ပါကစ္စတန်ကြား လေကြောင်းတိုက်ပွဲ အခြေအနေကို တိကျပြတ်သားစွာ မသိရ သေးပေ။
ပါကစ္စတန်ဘက်မှ အိန္ဒိယလေယာဉ် ၅ စင်းကို ပစ်ချခဲ့သည်ဟု ပြောကြားခဲ့သော်လည်း အိန္ဒိယအရာရှိများကမူ လေယာဉ် ၂ စင်း ပျက်ကျခဲ့သည့် ပြောကြားခဲ့ကာ ပျက်ကျရသော အကြောင်းရင်းကို အသေးစိတ် ထုတ်ပြန်ခဲ့ ခြင်းမရှိပေ။
Source: South China Morning Post