CNI News
၂၀၂၅ ခုနှစ်၊ မေလ ၆
အာရက္ခတပ်တော်(AA)၏ နိုင်ငံရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ဦးဦးလှစောသည် ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့ ည ၁၁ နာရီကျော်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း မိတ်ဆွေများထံမှ သိရသည်။
ဦးဦးလှစောသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ့တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့ရန်ကြိုးပမ်း သည်ဟု ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်၌ AA သို့ ဝင်ရောက်ကာ နိုင်ငံရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။
AA ၏ နိုင်ငံရေးမှူး တာဝန်ကို ဦးဦးလှစော မထမ်းဆောင်ခင်က သူသည် ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ဦးဦးလှစောသည် နိုင်ငံရေးသမားအနေဖြင့် ဖြတ်သန်းစဉ်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ ရခိုင်တိုင်းရင်းသား များ တိုးတက်ရေးပါတီ (RNDP)၊ ရခိုင်အမျိုးသားပါတီ (ANP)တို့မှာ ပါဝင်ခဲ့သည်။
၂၀၂၂ ခုနှစ်က AA ၏ နိုင်ငံရေးမှူးအဖြစ် တာဝန်မထမ်းဆောင်ခင်က ANP ပါတီမှာ မူဝါဒရေးရာဦးဆောင်ကော်မ တီဝင် အဖြစ်တာဝန်ယူခဲ့သူ ဖြစ်သည်။