CNI International News
ပြုံယမ်း၊ မေလ ၅
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် တင့်ကားထုတ်လုပ်သည့် စက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ကိုရီးယားပုံစံ တင့်ကားများ၏ နည်းပညာတိုးတက်မှုကို အမွှမ်းတင်ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
စစ်တပ်ကို အဆင့်မြှင့်တင်ရန်နှင့် အာဏာရပါတီ၏ ဒုတိယအကြိမ်မြောက် ကျည်ကာတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်အား အကောင်အထည်ဖော်ရာတွင် နည်းပညာမြင့် တင့်ကားများနှင့် ကျည်ကာကားများ ထုတ်လုပ်မှု သည် အဓိကကျနေကြောင်း ကင်မ်က ပြောကြားခဲ့သည်။
နျူကလီးယားနှင့် ဒုံးကျည်များ အပါအဝင် မြောက်ကိုရီးယား၏ သမားရိုးကျ လက်နက်ကိုင်တပ်ဖွဲ့များကို အဆင့် မြှင့်တင်မွမ်းမံရန် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေချိန်တွင် ကင်မ်၏ တင့်ကားစက်ရုံခရီးစဉ် ပေါ်ပေါက်လာခဲ့ ခြင်းဖြစ်သည်။
ကင်မ်ဂျုံအန် တင့်ကားစက်ရုံကို သွားကြည့်စဉ်
မကြာသေးမီက မြောက်ကိုရီးယား ခေါင်းဆောင်သည် ရေတပ်ဖျက်သင်္ဘော အသစ်တစ်စင်း ထုတ်ဖော်ပြသပွဲ၊ ဒရုန်းအသစ်များနှင့် လက်နက်စမ်းသပ်မှုများကို လေ့လာကြည့်ရှုခဲ့သည်။
မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားအား လက်နက်ခဲယမ်းများ၊ ဒုံးကျည်များနှင့် စစ်သားများ စေလွှတ်ပြီး ကူညီခဲ့ကာ အပြန်အလှန်အားဖြင့် ရုရှားထံမှ နည်းပညာနှင့် စစ်ရေးအကူအညီများ လက်ခံရရှိ နေသည်ဟု ယူဆရကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။
Source: ရိုက်တာ