CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂
တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် လားရှိုးမြို့ကနေ ကိုးကန့်တပ်ဖွဲ့(MNDAA) ဆုတ်ခွာပြီး မြန်မာ့တပ်မတော်မှ ပြန်လည်ဝင်ရောက်လာသည့် အချိန်အတွင်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံအလံများ ထောင်ထားသော လားရှိုးမြို့ တော်သစ်ဖန်တီးရေးကောင်စီဆိုသော စာနှင့်ပုံများ ထွက်ပေါ်လာခဲ့သည်။
ကိုးကန့်တပ်ဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃ ရက်က လားရှိုးမြို့ အပါအဝင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ-လားရှိုး)ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လားရှိုးမြို့ကို အုပ်ချုပ်ရေးယန္တရားများ ထူထောင်ခဲ့သည်။
ထို့နောက် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း၏ ကြားဝင်စေ့စပ်မှုဖြင့် ကိုးကန့်တပ်ဖွဲ့သည် ဧပြီ ၂၁ ရက်နေ့ နောက်ဆုံးထား၍ လားရှိုးမြို့ကနေ ဆုတ်ပေးခဲ့ရပြီး မြန်မာ့တပ်မတော်က ဧပြီ ၂၁ ရက်နှင့် ၂၂ ရက်နေ့များ အတွင်း စစ်ကား အစီးရေ ၁၀၀ ကျော်ဖြင့် ဝင်ရောက်လာခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂ ရက်က လားရှိုးမြို့ထဲ ပြန်ဝင်လာတဲ့ တပ်မတော် စစ်ကားတွေကိုတွေ့ရစဉ်
အဆိုပါ အခြေအနေများအတွင်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံအလံများထောင်ထားပြီး လားရှိုးမြို့တော်သစ် ဖန်တီး ရေးကောင်စီဆိုသော စာတန်းနှင့် ရုံးအဖွဲ့တစ်ခုဖြင့် လည်ပတ်နေသောပုံများ ဧပြီ ၂၂ ရက်တွင် ထွက်ပေါ်လာခဲ့ သည်။
သို့သော် ယနေ့အချိန်ထိ တရုတ်၊ မြန်မာ့တပ်မတော်၊ ကိုးကန့်တပ်ဖွဲ့တို့ သုံးပွင့်ဆိုင်ကြား မည်သည့် သဘောတူညီ ချက်များ ရရှိထားသည်ကို ပြည်သူလူထုက မသိရသေးပေ။