CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂
မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နိုင်ရေးအတွက် ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားခြင်းကို ထပ်မံ သက်တမ်းတိုးလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ ထုတ်ပြန်ခဲ့သည်။
မြန်မာ့တပ်မတော်သည် အပစ်ရပ်စဲခြင်းကို ဧပြီ ၃၀ ရက်နေ့အထိ သက်တမ်းတိုးလိုက်ခြင်း ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့် ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမို လျှင်မြန်စွာ ဖော်ဆောင်နိုင်ရန်၊ ရေရှည်တည်တံ့ပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရန်နှင့် တည် ငြိမ်အေးချမး်မှုကို ရှေးရှုလျက် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃ ရက်မှ ၃၀ ရက်အထိ ယာယီပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထပ်မံ တိုးမြှင့်ကြောင်း ထုတ်ပြန်ခဲ့သည်။
ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့် ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အခြား လက်နက်ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်း ကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ တပ်စခန်းများအား ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်း များကို မပြုရန်နှင့် ထိုကဲ့သို့ ဆောင်ရွက်လာပါက တပ်မတော်အနေ ဖြင့် ပြည်သူလူထုကို ကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူတုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။