CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၉

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စစ်ဘိရှော့နှင့် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ နေပြည်တော်မှာ  ၂၀၂၅ ခုနှစ်၊ ဧပြီ ၉ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံစဉ် ငလျင်ဘေးသင့် ပြည်သူများကို ကူညီပံ့ပိုးပေးနိုင်ရေးနှင့် တုန့်ပြန် ဆောင်ရွက်ရေး ကြိုးပမ်း ဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ အပေါ် ဆွေးနွေးခဲ့ကြသည်။