CNI News
 ၂၀၂၅ ခုနှစ်၊ ဧပြီ ၈

မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဧပြီ ၈ ရက်အထိ ၃၆၄၅ ဦးသေဆုံးပြီး ၅၀၁၇ ဦး ထိခိုက်ဒဏ်ရာရရှိ ကာ ၁၄၈ ဦးပျောက်ဆုံးလျက်ရှိကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၅ ခုနှစ်၊ ဧပြီ ၈ ရက် ည ၈ နာရီဝန်းကျင်မှာ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်ခဲ့ရာ ထိခိုက်သေဆုံးသူ သူများရှိသလို နေအိမ်များ၊ ဟိုတယ်များ၊ ဘာသာရေးအဆောက်အအုံများ၊ လမ်းတံတားများ ပြိုကျပျက်စီးဆုံးရှုံးမှု များ ရှိခဲ့သည်။

အမေရိကန် ကူညီကယ်ဆယ်ရေးအဖွဲ့ကိုတွေ့ရစဉ်

ထို့နောက် နိုင်ငံပေါင်း ၂၀ က ကူညီကယ်ဆယ်ရေး ဝန်ထမ်း ၁၇၃၈ ဦးက ကူညီကယ်ဆယ်ရေးလုပ်နေကြသလို ကူညီကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၁၃၀၄ တန်ကျော် ထောက်ပံ့ပေးထားသည်။

မြန်မာငလျင်ဘေး ကူညီကယ်ဆယ်ရေးအတွက် နိုင်ငံပေါင်း ၂၀ က လေယာဉ် ၉၈ ခေါက်၊ ကား ၆ စင်း၊ သင်္ဘော ၅ စင်းတို့ဖြင့် ကူညီကယ်ရေးဝန်ထမ်းများနှင့် ပစ္စည်းများ သယ်ယူထောက်ပံ့ပေးထားသည်။