CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၇
မြန်မာနိုင်ငံတွင် ငလျင်ဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေးနှင့် ကူညီကယ်ဆယ်ရေးအတွက် ဥရောပသမဂ္ဂ(EU)က ယူရို ၁၀ သန်း ထပ်မံ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဤရန်ပုံငွေသည် မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်အတွက် ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စုစုပေါင်း ယူရို ၁၃ သန်း အထိ ရောက်ရှိခဲ့ပြီဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလျာထားချက် ယူရို ၄၆ သန်း၏ တစိတ်တဒေသ ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့နောက် ဥရောပနိုင်ငံသား ကျွမ်းကျင်ပညာရှင် ၁၂ ဦး ပါဝင်သည့်အဖွဲ့နှင့် EU မှ ဆက်သွယ်ရေးအရာရှိနှစ်ဦးတို့သည် လူသားချင်းစာနာထောက်ထားမှု မိတ်ဖက်အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်မှုများ မြှင့်တင်ရန် လက်ရှိမြေပြင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။
EU သည် ပထမဆုံး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းအဖြစ် ကိုပင်ဟေဂင်မှ ရန်ကုန်သို့ အီးယူပိုင်အရေးကြီးသောပစ္စည်း ၈၀ တန်ကို သယ်ဆောင်လာခဲ့ပြီး ယခုအခါ UNICEF မှ မြေပြင်ပေါ်တွင် ဖြန့်ဖြူးပေးနေကြောင်း ဧပြီ ၇ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။