CNI International News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ 

အကြမ်းဖက်အဖွဲ့ ARSA ခေါင်းဆောင် အာတာအူလာ အပါအဝင် ၉ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက မတ်လ ၁၇ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းဌာနဖြစ်သည့် bdnews24.com ဝက်ဆိုက်ဒ်မှ ဖော်ပြခဲ့သည်။

ဖမ်းဆီးခံရသူများမှာ ARSA ခေါင်းဆောင် အာတာအူလာ၊ မိုဟာမက် အက်စ်မတ်တူလာ၊ ဟာဆန်၊ ဆလင်မူလာ၊ မော့စတတ် အာမက် တို့ပါဝင်ကြသည်။

အာတူအူလာသည် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်ရှိ မူဆလင် ဒုက္ခသည်စခန်းများသို့ သွားရောက်စဉ် ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ 

ပုံစာ- ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးလိုက်သည့် ARSA ခေါင်းဆောင်ကိုတွေ့ရစဉ်

ARSA သည် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင် ဒေသများရှိ ရဲစခန်း ၃၀ ကို တပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းသလို ဒေသတွင်း ဟိန္ဒူဘာသာဝင်များနှင့် တခြားသော လူမျိုးများကိုလည်း သတ် ဖြတ်ခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ခဲ့ရသည်။