CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၁၉

အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဘရာဇီးလ်ကလပ်ရဲ့ ကြီးမားတဲ့ ကမ်းလှမ်းမှုကို လက်ခံ ရရှိထားတယ်လို့ စပိန်သတင်းစာ မာကာက ဖော်ပြထားပါတယ်။ 

အသက် ၄၀ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းကို ရောက်ရှိလာ ကတည်းက ခြေစွမ်းပြသွင်းဂိုးတွေ သွင်းယူနေပြီး လက်ရှိအချိန်ထိ အသင်းအတွက် ပြိုင်ပွဲစုံ ၁၀၉ ပွဲကစား ထားတာမှာ ၉၇ ဂိုး သွင်းယူထားတာပါ။

ဒါပေမယ့် အယ်လ်နာဆာအသင်းဟာ ဒီရာသီကို ဆုဖလားလက်မဲ့နဲ့ ရာသီအဆုံးသတ်ခဲ့ရပြီး လာမယ့်ရာသီ အာရှဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်လည်း ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းရဲ့ အခြေအနေတွေကို စိတ်ပျက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ 

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေကိုလည်း ရပ်တန့်ထားတာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုကို တွေ့ရစဉ်

ဒီအချိန်မှာ ရော်နယ်ဒိုဟာ ဘရာဇီးလ်ကလပ်ရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့တာကြောင့် ရာသီကုန်မှာ အယ်လ်နာဆာ အသင်းကနေ ထွက်ခွာဖွယ် ရှိနေတာပါ။ 

စပိန်သတင်းစာမာကာက ရော်နယ်ဒိုကို ကမ်းလှမ်းခဲ့တဲ့အသင်းကို အတိအကျ မသိပေမယ့် သူ့ဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရနိုင်မယ့် အခွင့်အရေး ရှိနေတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။ 

နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဘရာဇီးလ် ကလပ်အသင်းတွေဖြစ်တဲ့ ပါလ်မီးရပ်စ်၊ ဖလူမင်နက်စ်၊ ဖလာမင်ဂိုနဲ့ ဘိုတာဖိုဂိုတို့ ယှဉ်ပြိုင်ခွင့် ရရှိထားတာပါ။ 

ရော်နယ်ဒိုနဲ့ အယ်လ်နာဆာအသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ဆုံးမှာဖြစ်လို့ သူဟာမကြာခင်မှာ အနာဂတ်ကို ဆုံးဖြတ်ချက်ချဖွယ် ရှိနေပါတယ်။ 

အယ်လ်နာဆာအသင်းဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွေအဖြစ် အယ်လ်ခါလီ၊ အယ်လ်ဖာ တက် အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Metro