CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၄
ဆန်းဒါးလန်းအသင်းဟာ ချန်ပီယံရှစ်ပလေးအော့ဖ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကိုဗင်ထရီအသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ်ကို တန်းတက်ဖို့အတွက် ယှဉ်ပြိုင်ရမယ့် ပလေးအော့ဖ် ဗိုလ်လုပွဲကို တက်သွားခဲ့ပြီဖြစ်ပါတယ်။
ဆန်းဒါးလန်းအသင်းဟာ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ကိုဗင်ထရီအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့် ခဲ့တာပါ။
ဒါပေမယ့် ဆန်းဒါးလန်းအသင်းဟာ ပထမအကျော့ပွဲစဉ်က ကိုဗင်ထရီအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုးစီ သရေကျနေခဲ့လို့ အချိန်ပိုဆက်ပြီး ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။
အချိန်ပို နောက်ဆုံးမိနစ်မှာ ဘောလက်က ဆန်းဒါးလန်းအသင်းအတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူပြီး အသင်းကို ပလေးအော့ဖ် ဗိုလ်လုပွဲတက်စေခဲ့တာပါ။
ဆန်းဒါးလန်းအသင်းအတွက် အနိုင်ဂိုး သွင်းယူခဲ့တဲ့ ဘောလက်က ဘာတွေဖြစ်ခဲ့လဲဆိုတာကို သူမမှတ်မိတော့ဘဲ မယုံနိုင်စရာကောင်းတဲ့ ခံစားချက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကလည်း မယုံနိုင်လောက်အောင်ပါပဲလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
လမ်းပတ်ကိုတွေ့ရစဉ်
ကိုဗင်ထရီအသင်းကို ချန်ပီယံရှစ်ပလေးအော့ဖ် ဆီမီးဖိုင်နယ်အထိ ရောက်ရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ လမ်းပတ်က သူတို့ဟာ ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့ပေမယ့် ဗိုလ်လုပွဲတက်နိုင်ခဲ့တဲ့ ဆန်းဒါးလန်းအသင်းကို ဂုဏ်ပြုပေးခဲ့တာပါ။
ချယ်လ်ဆီးနဲ့ အဲဗာတန်အသင်း နည်းပြဟောင်း လမ်းပတ်ဟာ ကိုဗင်ထရီအသင်းကို စတင်ကိုင်တွယ်ချိန်က အသင်းဟာ အမှတ်ပေးဇယားအဆင့် ၁၇ နေရာမှာ ရပ်တည်နေပေမယ့် သူကိုင်တွယ်ပြီးနောက်မှာ အဆင့် ၅ နေရာနဲ့ ရာသီအဆုံးသတ်ကာ ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဆန်းဒါးလန်းအသင်းကတော့ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်ဖို့ မျှော်လင့်နေတာပါ။
ဆန်းဒါးလန်းအသင်းဟာ ချန်ပီယံရှစ် ပလေးအော့ဖ် ဗိုလ်လုပွဲအဖြစ် ရှက်ဖီးယူနိုက်တက်အသင်းနဲ့ မေလ ၂၄ ရက် ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: BBC