CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၃
ပိုလန်ဂိုးသမား ဆက်ဇနီက ဘာစီလိုနာအသင်းဟာ သူ့ကို ၂ နှစ် စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပေမယ့် မိသားစုနဲ့တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချမယ်လို့ ပြောခဲ့ပါတယ်။
ဆက်ဇနီက “ဘာစီလိုနာအသင်းရဲ့ ၂ နှစ် စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ကျနော်ရရှိထားပါတယ်။ ဒါပေမယ့် ကျနော်ဟာ မိသားစုနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်ချမှာပါ။ ဒါက ကျနော်တို့အတွက် အကောင်းဆုံးပါပဲ”လို့ ပြောခဲ့တာပါ။
ဆက်ဇနီဟာ ပြီးခဲ့တဲ့နွေရာသီက ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာပြီးနောက် ဘောလုံးကစားသမားဘဝကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ဂိုးသမားစတီဂန်ရဲ့ ဒဏ်ရာကြောင့် ဂိုးသမား အခက်အခဲဖြစ်မှုကို ဖြေရှင်းဖို့ အနားယူခဲ့တဲ့ ဆက်ဇနီကို ဆက်သွယ်မှုပြုလုပ်ခဲ့တာပါ။
အဲဒါကြောင့် ဆက်ဇနီဟာ အနားယူတဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပြီး ဘာစီလိုနာအသင်းထံ ရာသီကုန်အထိ စာချုပ်ချုပ်ကာ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
ဆက်ဇနီကို တွေ့ရစဉ်
ဆက်ဇနီဟာ ဘာစီလိုနာအသင်းအတွက် ၂၉ ပွဲ ပါဝင်ကစားထားပြီး ၁၃ ပွဲ ပေးဂိုးမပေးရအောင် လက်စွမ်းပြသကာ စပိန်စူပါဖလားနဲ့ ကိုပါဒယ်ရေးဖလားကို ရရှိထားတာပါ။
ဘာစီလိုနာအသင်းဟာ အဓိကဂိုးသမား စတီဂန် ဒဏ်ရာကနေ သက်သာပြီး ပွဲတွေ ပြန်ကစားနေပြီဖြစ်ပေမယ့် ဆက်ဇနီကို အသင်းမှာ ဆက်ထိန်းထားချင်တဲ့အတွက် စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဆက်ဇနီကတော့ မိသားစုနဲ့တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက် ချမယ်လို့ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ကြားရက်ထဲမှာ ကစားမယ့် အက်စ်ပန်ညို အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရရင် လာလီဂါ ချန်ပီယံ အဖြစ် အောင်ပွဲခံလို့ရပြီဖြစ်ပါတယ်။
Source: besoccer