CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၂
ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ဆန်ချိုကို ယူနိုက်တက် အသင်းကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ဆန်ချိုဟာ ချယ်လ်ဆီးအသင်းမှာ အငှားနဲ့ ကစားနေပြီး ရာသီကုန်ချိန်မှာ လန်ဒန်ကလပ်ဟာ သူ့ကို ပေါင်သန်း ၂၀ ကနေ ၂၅ သန်းကြားပေးပြီး အပြီးသတ် ဝယ်ယူခွင့်ရှိနေတာပါ။
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ယူနိုက်တက်အသင်းကို ပေါင် ၅ သန်းပေးပြီး ဆန်ချိုအတွက် သူတို့နှစ်ဦးရဲ့ သဘောတူညီမှုကို ဖျက်ဖို့စဉ်းစားနေတာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ ဆန်ချိုဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ၃၉ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုး သွင်းယူကာ ခြေစွမ်းပြသနေတာပါ။
The Sun က လေဗာကူဆင်အသင်းဟာ ဆန်ချိုကို နွေရာသီမှာ ဂျာမန်ဘောလုံးလောကထံကို ပြန်လည်ခေါ်ယူ ဖို့အတွက် စောင့်ကြည့်နေတယ်လို့ ဖော်ပြထားပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဆန်ချိုကို အပြီးသတ် မခေါ်ယူခဲ့ရင် ယူနိုက်တက်အသင်းဟာ သူ့ကို ပေါင်သန်း ၂၀ အောက်နဲ့ ရောင်းချဖို့ ဆန္ဒရှိနေတာပါ။
ဆန်ချိုကို တွေ့ရစဉ်
ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ ကစားခဲ့ချိန်က ၅၃ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆၇ ကြိမ် ပြုလုပ်ကာ ဂျာမနီမှာ သူ့ရဲ့ အကောင်းဆုံး ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
ဆန်ချိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ်အသင်း အချို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် သူ့ရဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၂၅၀,၀၀၀ ကိုပေးချေဖို့ အခက်တွေ့နိုင်တာပါ။
လေဗာကူဆင်အသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် နည်းပြဇာဘီအလွန်ဆိုရဲ့ နေရာမှာ အစားထိုး ဝင်ရောက်မယ့် နည်းပြအပေါ်မှာလည်း မူတည်မှုရှိနိုင်ပါတယ်။
လေဗာကူဆင်အသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ ယူနိုက်တက်အသင်း နည်းပြဟောင်း အဲရစ်တန်ဟတ်နဲ့ ကိုမို အသင်းနည်းပြ ဖာဘရီဂတ်စ်တို့ ရေပန်းစားနေတာပါ။
ဆန်ချိုဟာ အဲရစ်တန်ဟတ်နဲ့ ယူနိုက်တက်အသင်းမှာ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် ဒေါ့မွန်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး ဒီရာသီအစပိုင်းမှာ ချယ်လ်ဆီးအသင်းထံ ရာသီကုန်အထိ အငှားနဲ့ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
Source: Sportsmole