CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၀
ဥရောပကလပ် အများအပြားရဲ့ ပစ်မှတ်ဖြစ်နေတဲ့ လီဗာပူးလ်အသင်း တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ခေါ်ယူဖို့ နာပိုလီနဲ့ အသလက်တီကိုအသင်းတို့ စိတ်ဝင်စားနေပါတယ်။
ဒါဝင်နူနက်ဇ်ဟာ လီဗာပူးလ်အသင်းမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် နွေရာသီမှာ အသင်း ကနေ ထွက်ခွာရဖွယ်ရှိနေတာပါ။
ဒါဝင်နူနက်ဇ်ကို ခေါ်ယူဖို့ နာပိုလီနဲ့ အသလက်တီကိုအသင်းတို့ စိတ်ဝင်စားနေသလို ဆော်ဒီပရိုလိဂ်က သူ့ကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် နွေရာသီ အပြောင်းအရွှေ့က ဘင်ဖီကာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒါဝင်နူနက်ဇ်ဟာ လီဗာပူးလ် အသင်းအတွက် ပြိုင်ပွဲစုံ ၁၄၀ ပွဲ ပါဝင်ကစားထားပေမယ့် သွင်းဂိုး ၄၀ သာသွင်းယူနိုင်ခဲ့တာပါ။
ဒါဝင်နူနက်ဇ်ဟာ ဒီရာသီမှာဆိုရင် လီဗာပူးလ်အသင်းအတွက် ၄၄ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။
ဥရုဂွေးတိုက်စစ်မှူးဟာ နည်းပြအာနီဆလော့ လက်အောက်မှာ လီဗာပူးလ်အသင်းအတွက် ပွဲထွက် လူစာရင်း ပါဝင်ခွင့် နည်းပါးလာခဲ့ပြီး အသင်း ပရီးမီးယားလိဂ်ဖလား ရရှိအောင် ကူညီနိုင်မှုနည်းပါးခဲ့တာပါ။
ဒါဝင်နူနက်ဇ်ကို တွေ့ရစဉ်
အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ ဒါဝင်နူနက်ဇ်ကို အရှုံးခံရောင်းပြီး တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ နယူးကာဆယ်အသင်း တိုက်စစ်မှူး အစ်ဆက်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ် ထားတာပါ။
နယူးကာဆယ်အသင်းဟာ အစ်ဆက်အတွက် ပြောင်းရွှေ့ကြေး အများအပြား သတ်မှတ်ထားတာကြောင့် ဒါဝင်နူနက်ဇ် အပါအဝင် ကစားသမားအချို့ကို ရောင်းချပြီး ပြောင်းရွှေ့ကြေး ရှာဖွေဖို့ရှိနေပါတယ်။
လီဗာပူးလ်အသင်းဟာ ရာသီကုန်မှာ ထွက်ခွာမယ့် ညာနောက်ခံလူ အာနိုးလ်ရဲ့နေရာမှာ အစားထိုးဖို့ ရှာဖွေနေပြီး လေဗာကူဆင်အသင်းကစားသမား ဖရင်ပေါင်ကို ပစ်မှတ်ထားနေတာပါ။
ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးလ်အသင်းဟာ ဒီရာသီလိဂ် လက်ကျန် ပွဲစဉ်တွေအဖြစ် အာဆင်နယ်၊ ဘရိုက်တန်၊ ပဲလေ့စ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal