CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၈
အာဂျင်တီးနားကြယ်ပွင့် ဂါနာချိုဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ထင်ကြေးသတင်းတွေ ထွက်ပေါ်နေပေမယ့် သူဟာ ယူနိုက်တက်အသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောခဲ့ပါတယ်။
ဂါနာချိုက “ကျနော်ဟာ အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ရှိနေပြီး ဒီမှာရှိနေရတာကို ပျော်ရွှင်နေပါတယ်။ ကျနော်ဟာ နေ့တိုင်းအလုပ်ကို ကြိုးစားလုပ်ဆောင်ပြီး ကျနော် ကစားချင်တဲ့ အကြောင်းကို နည်းပြကို ပြသပါ တယ်။ ဒါက ကျနော် လုပ်ဖို့လိုအပ်တဲ့ တစ်ခုတည်းသော အရာဖြစ်တယ်”လို့ ပြောခဲ့တာပါ။
အသက် ၂၀ နှစ်အရွယ်ရှိ ဂါနာချိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလက ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့အတွက် နာပိုလီအသင်းထံက ကမ်းလှမ်းမှုတွေရခဲ့သလို ချယ်လ်ဆီးအသင်းရဲ့ စိတ်ဝင်စားမှုတွေကို လည်း ခံခဲ့ရတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ အသင်းရဲ့လူစာရင်းကို ကြီးကြီးမားမား ပြုပြင်ပြောင်းလဲနိုင်ဖို့ အတွက် ဂါနာချိုကို ရောင်းချနိုင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။
ဂါနာချိုကို တွေ့ရစဉ်
ဂါနာချိုဟာ နည်းပြအာမိုရင် ရောက်ရှိလာပြီးနောက် မန်ချက်စတာဒါဘီပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်နဲ့အတူ ယူနိုက်တက် အသင်း လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် ဂါနာချိုဟာ နောက်ပိုင်းမှာ ယူနိုက်တက်အသင်းအတွက် ပြန်ပါဝင်ကစားခွင့်ရခဲ့ပြီး အကောင်းဆုံး ကြိုးစား အားထုတ်မှုတွေကြောင့် နည်းပြအာမိုရင်ရဲ့ စနစ်မှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခွင့်ရခဲ့တာပါ။
ဂါနာချိုဟာ ယူနိုက်တက်အသင်းမှာ ပျော်ရွှင်နေသလို နည်းပြအာမိုရင်ကလည်း သူ့ကိုအသင်းမှာ ဆက်ထိန်း ထားစေချင်တဲ့အကြောင်း ပြောထားပါတယ်။
ဂါနာချိုဟာ ယူနိုက်တက်အသင်းအတွက် စတင်ပွဲဦးထွက်ခွင့်ရခဲ့တဲ့ ၂၀၂၁-၂၂ ရာသီကတည်းကနေ အခုအချိန်ထိ ပွဲပေါင်း ၁၄၀ ကျော် ပါဝင်ကစားထားပြီး ၂၆ ဂိုးသွင်းယူကာ ကာရာဘောင်းဖလားနဲ့ FA ဖလားချန်ပီယံဆုတို့ကို ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
Source: ESPN