CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၇

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုရဲ့ အကြီးဆုံးသားဖြစ်သူ ရော်နယ်ဒိုဂျူနီယာဟာ ခရိုအေးရှားနိုင်ငံမှာ ကျင်းပမယ့် ပြိုင်ပွဲအတွက် ပေါ်တူဂီ ယူ-၁၅ အသင်း လူစာရင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ 

အသက် ၁၄ နှစ်အရွယ်ရှိ ရော်နယ်ဒိုဂျူနီယာဟာ ဖခင်ဖြစ်သူ ကစားနေတဲ့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာ အသင်းရဲ့ လူငယ်အသင်းမှာ ပါဝင်ကစားပြီး ခြေစွမ်းပြသနေတာပါ။ 

အဲဒါကြောင့် ပေါ်တူဂီ ယူ-၁၅ အသင်းနည်းပြ ဆန်းတို့စ်က ဂျူနီယာကို ကစားသမား ၂၂ ဦးစာရင်းထဲမှာ ရွေးချယ်ခဲ့ တာ ဖြစ်ပါတယ်။ 

အသက် ၄၀ နှစ်အရွယ်ရှိ ရော်နယ်ဒိုက သားဖြစ်သူ ပေါ်တူဂီ ယူ-၁၅ အသင်းမှာ ရွေးချယ်ခံရတာကြောင့် အလွန် ဂုဏ်ယူတယ်လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ 

ဂျူနီယာကို တွေ့ရစဉ်

ရော်နယ်ဒိုဟာ လွန်ခဲ့တဲ့ ၂၄ နှစ်ကျော်က ပေါ်တူဂီ ယူ-၁၅ အသင်းမှာ ရွေးချယ်ခံခဲ့ရပြီး အခုအချိန်မှာ သူ့ရဲ့သား ဖြစ်သူဟာ ဖခင်ရဲ့ခြေရာကို လိုက်နင်းနိုင်ဖို့ ရွေးချယ်ခံခဲ့ရတာပါ။

ရော်နယ်ဒိုက သူဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကနေ အနားမယူမီမှာ သားဖြစ်သူနဲ့ အတူတွဲ ကစားချင် တယ်လို့ ဝန်ခံထားပါတယ်။ 

မေလ ၁၃ ရက်ကနေ ၁၈ ရက်အထိ ခရိုအေးရှားနိုင်ငံမှာ ကျင်းပမယ့် ယူ-၁၅ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းဟာ ဂျပန်၊ ဂရိ၊ အင်္ဂလန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။

ဂျူနီယာဟာ ဖခင်ဖြစ်သူ ကစားခဲ့တဲ့ ရီးရယ်လ်၊ ဂျူဗင်တပ်စ်၊ ယူနိုက်တက်နဲ့ အယ်လ်နာဆာအသင်းတွေမှာ ပါဝင်ကစားပြီး သူ့ရဲ့လူငယ်ကစားသမားဘဝကို ဖြတ်သန်းနေတာပါ။ 

ဂျူနီယာဟာ ပေါ်တူဂီ ယူ-၁၅ အသင်းမှာ ရွေးချယ်ခံထားရပေမယ့် သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ အမေရိကန် ဒါမှမဟုတ် စပိန်အသင်းတွေမှာလည်း ကစားဖို့ ရွေးချယ်ခွင့်ရှိပါတယ်။ 

အဲဒါကြောင့် ဂျူနီယာအနေနဲ့ သူ့ရဲ့လက်ရွေးစင် ကစားသမားဘဝမှာ ဘယ်နိုင်ငံကို ကိုယ်စားပြုပြီးကစားဖို့ ရွေးချယ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

Source: BBC