CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့ထက် ဝုလ်ဗ်စ်အသင်းကြယ်ပွင့် ကွန်ညာကို ခေါ်ယူဖို့ ပိုပြီးနီးစပ်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
လာမယ့် နွေရာသီမှာ ဝုလ်ဗ်စ်အသင်းကနေ ထွက်ခွာဖို့ မျှော်လင့်နေတဲ့ ကွန်ညာကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ သူ့ရဲ့စာချုပ်ထဲမှာပါဝင်တဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၂.၅ သန်းပေးရင် ခေါ်ယူလို့ရရှိမှာပါ။
ဘရာဇီးလ်ကစားသမားဟာ ပြီးခဲ့တဲ့ဇန်နဝါရီက ဝုလ်ဗ်စ်အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် စာချုပ်သက်တမ်းတိုးပြီး ထင်ကြေးတွေကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။
ကွန်ညာဟာ ဝုလ်ဗ်စ်အသင်းနဲ့ စာချုပ်သက်တမ်း တိုးခဲ့ပေမယ့် နွေရာသီမှာ ထွက်ခွာနိုင်တဲ့ အရိပ်အမြွက်ကို မကြာခဏ ပြောနေခဲ့တာပါ။
ယူနိုက်တက်၊ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့ အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ ကွန်ညာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြတာ ဖြစ်ပါတယ်။
ကွန်ညာကို တွေ့ရစဉ်
ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ကွန်ညာကို ခေါ်ယူနိုင်မယ့် ပြိုင်ပွဲမှာ ဦးဆောင်နေတယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ ကွန်ညာရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှု ပြုလုပ်နေပြီး အခြားအသင်းတွေထက် လက်ဦးမှုရယူကာ အပြောင်းအရွှေ့ကို အမြန်ဆုံး အပြီးသတ်ချင်နေတာပါ။
ကွန်ညာဟာ ဒီရာသီမှာ ဝုလ်ဗ်စ်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်ပြီးရှိနေနိုင်အောင် ကူညီပေးခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရလဒ်တွေ ဆိုးနေပြီး အသင်းရဲ့တိုက်စစ်ပိုင်းက သွင်းဂိုးတွေရရှိနိုင်ဖို့ ရုန်းကန်နေရတာကြောင့် နွေရာသီမှာ တိုက်စစ်မှူးသစ် တစ်ဦးခေါ်ယူဖို့ အခုကတည်းက စီစဉ်နေတာပါ။
ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေတဲ့ ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Metro