CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁
လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၃ အဖြစ် ကစားခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်းကို ၁ ဂိုး-ဂိုး မရှိနဲ့ အရေးနိမ့်ပြီး ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းပြန်ဆင်းသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံအဖြစ်နဲ့ ချန်ပီယံရှစ်ပြိုင်ပွဲကနေ ပရီးမီးယားလိဂ်ထံ တန်းပြန်တက်လာခဲ့တဲ့ လက်စတာ အသင်းဟာ ရလဒ်ဆိုးတွေကြောင့် တစ်ရာသီအကြာမှာ တန်းပြန်ဆင်းခဲ့တာပါ။
လက်စတာအသင်းဟာ ၃ နှစ်အတွင်း ဒုတိယအကြိမ်မြောက် ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းဆင်းခဲ့တာဖြစ်ပါတယ်။
လက်စတာအသင်းဟာ ဒီရာသီ အစပိုင်းမှာကတည်းက ရလဒ်ဆိုးတွေကြောင့် နည်းပြစတိဗ်ကူးပါးကို ထုတ်ပယ် ပြီး နစ္စတယ်ရွိုင်းကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
နစ္စတယ်ရွိုင်း လက်ထက်မှာလည်း လက်စတာအသင်းဟာ ရလဒ်တွေ ကောင်းမွန်လာခြင်းမရှိဘဲ အိမ်ကွင်း ၉ ပွဲ ဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးမှုနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းဆင်းခဲ့တာပါ။
လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၃ ပွဲ ကစားအပြီးမှာ ရမှတ် ၁၈ မှတ်သာရရှိကာ ဆောက်သမ်တန် အသင်းနဲ့အတူ တန်းဆင်းလက်မှတ်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။
အမှတ်ပေးဇယားအဆင့် ၁၈ နေရာမှာ ရပ်တည်နေတဲ့ အစ်စဝှစ်ချ်အသင်းလည်း ပရီးမီးယားလိဂ်ကနေ တန်းဆင်း ဖို့ နီးစပ်နေတာပါ။
လက်စတာအသင်းကို အနိုင်ရခဲ့တဲ့ လီဗာပူးလ်အသင်းကတော့ လာမယ့်ပွဲစဉ်မှာ အနိုင်ရလဒ်ရယူနိုင်ခဲ့ရင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကိုင်မြှောက်နိုင်တော့မှာဖြစ်ပါတယ်။
Source: ESPN